မထသ ဥက္ကဠ ဦးမိုးသီးခေါ် ဦးစံသွင်မှာ သက္ကန်းညီနောင်တပ်မ ဌာနချူပ်နေရာတွင် ဂိတ်ဖွင့်ကာ ၁၂ ဘီး၊ ၁၀ ဘီး၊၆ ဘီး၊ မှန်လုံကြီး၊ မှန်လုံသေး၊ ဟိုင်းလတ် ကားများကို မထသကြေး၊ ကျောက်ကြေး၊ကညနကြေး၊ အသက်အာမခံကြေးဆိုပြီး ကောက်ခံ ပါတယ်။ ဦးမိုးသီးကောက်ခံပုံမှာ ကားလေးတစ်စီး ၂၀၀၀ိ/ ကျပ် မှ ကားကြီး ၂၅၀၀၀ိ/ကျပ် အပြင် ညနေ ရောက်မှသွားရသော ဆယ်ဘီး ကား များမှာ ကိုလည်း တင်ထားသည့် ကုန်ပစ္စည်းကိုလိုက်၍ ၆ သောင်း မှ ၁ သိန်းအထိကောက်ခံနေပါသည်..
ကားသမားများ မှာ ဘယ်သူကိုမှလည်းမတိုင်ရဲ..တိုင်ရင်လည်း DKBA တပ်သားများ၏ ၀ိုင်းဝန်းထိုးခြင်းကို ခံရပါသည်…
ကားမောင်းသည့်ပိုက်ဆံမှာလည်း သူတို့ဝိုင်းညှစ်သည်နှင့် ကိုယ့်အတွက်ပင်မကျန်တော့ပါသည်….ဦးမိုးသီးသည် မြ၀တီမှ ဘားအံသို့သွားသော ကားတိုင်းကို အဲဒီလို ခြိမ်းခြောက် အလှုငွေတောင်းခံနေခြင်းမှာ အလွန်ကို မိုက်ရိုင်းကြောင်းကို အထိုးခံရသော ကားသမားတစ်ဦးမှပေးပို့လိုက်ပါသည်….ပြည်သူတွေသိအောင်ဖော်ပြပေးစေလိုပါသည်…………
Monday, November 30, 2009
မထသ ဥက္ကဠ ဆက်ကြေးအတောင်းကြမ်း၍ ကားသမားများသည်းညူနေ
Sunday, November 22, 2009
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အထူးကု ဆေးခန်းမှ မိန်းကလေးငယ်တစ်ဦး၏ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်

''မမှားသော ရှေ့နေ၊ မသေသော ဆေးသမား'' ဆိုသော်လည်း အတွေ့အကြုံ ရင့်ကျက်သော ဆရာဝန် တစ်ယောက်၏ အသက်အရွယ် အရ၊ စောင့်ထိန်းအပ်သော ဆရာဝန် ကျင့်ဝတ်အရ၊ ရရှိထားသော ဆေးလက်မှတ်၊ ဒေါက်တာဘွဲ့အရ လူနာအား ခွဲစိတ်စဉ် မိမိ ထင်မြင် ယူ ဆသော ရောဂါ မဟုတ်ပါက အချိန်မီ ပြန်လည် ကုသပေးခဲ့လျှင် ၄င်းလူနာသည် လူ့ဘဝသက်တမ်းစေ့ နေနိုင် မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ငွေမျက်နှာ ကြောင့်သော်လည်းကောင်း၊ မိမိ ရရှိထားသော ဆရာဝန်ဂုဏ်သိက္ခာဘွဲ့ ကျဆင်း မည်စိုးသောကြောင့် လည်းကောင်း၊ လူနာ အား မလိုလားအပ်ဘဲ ဗိုက်ခွဲ၊ ဗိုက်ထဲကနေ ရောဂါပြစရာအကြောင်း တစ်ခုခုရှာပြီးဖြတ် တောက်၊ လှီးဖြတ်ပစ်လိုက် ပါက အနာတခြား၊ ဆေးတခြား ဖြစ်နိုင်ပေသည်။ ထိုကဲ့သို့ ဆရာဝန်၏ ဆုံးဖြတ်ချက်မှားမှုကြောင့် လူ့အသက်တစ်ချောင်း မဆုံးရှုံးသင့် ဘဲဆုံး ရှုံးခဲ့ရသည့် ကြေကွဲရင်နင့် ဖွယ်ဖြစ်ရပ်ဆိုး တစ်ခု ရန်ကုန်မြို့ရှိ နာမည်ကြီး ပုဂ္ဂလိက အထူးကုဆေးခန်းတွင် အောက်တိုဘာ (၂၅)ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရ သည်။
နာမည်ကြီးအထူးကုဆေးခန်းရှိ နာမည် ကြီးအထူးကုဆရာဝန်၏ ဆုံးဖြတ်ချက်မှားမှု တွင် ဓားစာခံဖြစ်သွားရရှာ သည့် ခိုင်ရွှန်း လဲ့ရည်သည် သူငယ်ချင်း အပေါင်းအသင်း များ၊ မိဘဆွေမျိုးများနှင့် ဆရာ၊ ဆရာမ များ၏ ချစ်ခင်မြတ်နိုးမှုကို အပြည့်အဝ ရရှိ ထားပြီး နှစ်စဉ်ကျောင်း၌ ထူးချွန်တံဆိပ် တက်ယူရ သူဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆)ရပ်ကွက်၊ ဇဋိလ(၁)လမ်း၊ အမှတ် (၉၈၂)တွင် နေထိုင်သူ ဖြစ်ပြီး၊ ကမာရွတ်မြို့နယ်၊ အ.ထ.က(၂) တွင် နဝမတန်းပညာသင်ကြားလျက်ရှိကာ ဗြိတိသျှ သံရုံးတွင် အင်္ဂလိပ်စာ ပညာ သင်ကြားလျက်ရှိပြီး (B.C) S.4.1 အဆင့်ရောက်ရှိနေပေပြီ။ ခိုင်ရွှန်း လဲ့ရည်သည် အသက်(၁၅)နှစ်အရွယ်ရှိပြီး အောက် တိုဘာ(၂၆)ရက်နေ့တွင် မြို့နယ် အဆင့်အင်္ဂလိပ်စာဖြေဆိုမည့်ဆဲဆဲ အောက်တို ဘာ(၂၅) ရက်၊ နံနက်(၉းဝဝ)နာရီတွင် ရန်ကုန်မြို့ရှိ နာမည်ကြီး ပုဂ္ဂလိကအထူးကု ဆေးရုံ၌ နေမကောင်း၍ ဆရာဝန်အားပြသခဲ့ရာ ဆရာဝန်ကြီးမှ အူအတက်ရောင်ရောဂါဟုဆို ကာ ဗိုက်ခွဲခဲ့ပြီး အောက်တိုဘာ (၂၇)ရက်၊ နံနက်(၆း၂ဝ) တွင် ၄င်းဆေးရုံ၌ သေဆုံးသွားကြောင်း ခိုင်ရွှန်းလဲ့ရည်၏ ဦးလေးတော်စပ်သူ ဦးစိုးလင်းက လျှပ်တစ်ပြက် သတင်းဂျာနယ်သို့ ပြောပြခဲ့သည်။ ခိုင်ရွှန်းလဲ့ရည်၏အုပ်ထိန်းသူမိခင်ဒေါ်ချိုချိုမြင့်က '' သမီးက အောက်တို ဘာ(၂၁)ရက် နေ့လောက် ကတည်းကဖျားနေတာ။ ကိုယ်ပူက တက်လိုက်၊ ကျလိုက်နဲ့ မသက်သာဘူး။ အောက်တိုဘာ(၂၅)ရက်နေ့ နံနက် (၉းဝဝ) နာရီမှာ ရန်ကုန်မြို့ရှိ နာမည်ကြီးပုဂ္ဂလိကအထူးကုဆေးခန်းအရေးပေါ် လူနာဌာနကိုရောက် တယ်။ (၉း၃ဝ)မှာ ဆရာ ဝန်ကြီး ရောက်လာပြီး သမီးရဲ့ဗိုက်ကိုလက်နှင့်စမ်းတယ်။ လက်ဖဝါးတွေကို ကြည့်တယ်။ မျက်လုံးကိုကြည့်တယ်။ ပါးစပ်ဟခိုင်းတယ်။ ကျွန်မကတော့ သမီးအတွက် စိုးရိမ်နေတာကလွဲပြီး ဆရာဝန်ကသမီးရဲ့ လက်တွေ၊ မျက်လုံးတွေက ဖွေးနေတာပဲလို့ ပြောတော့ ကျွန်မ လည်း ဟုတ်တယ်။ ဖွေးနေတယ်လို့ ပြောခဲ့တယ်။ သမီးကို Pressure တိုင်းတော့ အပေါ်သွေး (၉ဝ)၊ အောက်သွေး (၆ဝ)ပဲရှိတယ်။ အဲ့ဒီအချိန်မှာ ဆရာဝန်ရဲ့စစ်ဆေးချက်က ပြီးသွားပြီလို့ ကျွန်မထင်တာပဲ။ ဆရာဝန်ကြီးက အနီးစပ်ဆုံး အူအတက်ရောင်ရောဂါပဲ၊ ခွဲမလား လို့မေးတယ်။ ကျွန်မတို့က ဘာမှနား မလည်တော့ ဆရာဝန်ကြီးခွဲသင့်ရင်ခွဲပါ။ ဆရာဝန်ကြီး သဘောပါလို့ ပြောလိုက်တော့ တာဝန်ခံ (ြဥ) ကိုခွဲစိတ်ခန်း ဝင်မယ့်အကြောင်း ပြောပြီးထွက်သွားတယ်။ ကျွန်မက သွေးပေါင် ၉ဝ/၆ဝ ဆိုရင်ခွဲလို့ ရရဲ့လားလို့မေးတော့ (MO)က ဆရာ ဝန် ကြီးလုပ်တတ်တယ်။ ဘာမှမပူနဲ့အစ်မလို့ ပြောတယ်။မခွဲခင် နံနက်(၁ဝ)နာရီမှာ E.C.G ဆွဲပြီး၊ T.V ဓာတ်မှန်မရိုက်၊ သွေးမစစ်ဘဲ သမီးလေးကို ခွဲစိတ်ခန်းထဲချက်ချင်းပို့လိုက်တယ်။ နေ့လယ်(၁၁း၃ဝ)နာရီ ဝန်းကျင်မှာ ခွဲစိတ်ခန်းထဲကထွက်လာပြီး အူအတက်သေးသေး လေးနဲ့ သမီးဝမ်းဗိုက်ထဲက စက်နှင့်စုပ်ထုတ်ထားတဲ့ သွေးနဲနဲပါ၊ ဝါကြင်ကြင်ဂျယ်လီတွေကို ကျွန်မတို့ကိုပြတယ်။ ကျွန်မလည်း အူအ တက် ရောင် ရောဂါနဲ့ ဗိုက်ခွဲထားဖူးတော့ ငါ့သမီး လေးတော့မှားပြီးအခွဲခံရပြီလို့ ထင်လိုက်မိတယ်။ ဂျယ်လီလို အရည်တွေကို ဘာလို့စုပ် ထုတ် တာလဲဆိုတာတော့ မသိရဘူး။ ကျွန်မတို့အထင်မှားခွဲမိလို့ ရောဂါတစ်ခုခုပြဖို့ပဲလို့ ထင်တယ်။ သမီးလေး သတိရလာ တော့ အရမ်း နာကျင်နေတယ်။ ခွဲစိတ်ခန်းဝင်နေတဲ့အချိန်မှာ ထုံဆေး ပြယ်သွားတော့ နာတယ်..နာတယ်..ဆိုပြီး သမီးရဲ့အော်သံကိုလည်း အကျယ်ကြီး ကြားရတယ်။ နောက်တော့ သမီးကို အိပ် ဆေးထိုးလိုက်တယ်။ အဲဒီ ခွဲစိတ်ခန်းထဲက အကြောင်းတွေကို သမီးပြောပြခဲ့တာ။ ကျွန်မ သမီးလေးကို အရမ်းသနားတာပဲ။ ခွဲစိတ်ပြီး သီးသန့်ကိုယ်ပိုင်အခန်း မရသေးခင်၊ ပိုးသတ် ခန်းမှာ ညနေ (၃းဝဝ)နာရီထိ နေရ တယ်။ အဲဒီ အချိန် ဆေးရုံရဲ့အခန်းနံရံကို လျှပ်စစ်မော်တာနဲ့အပေါက်ဖောက်တယ်။ တူတွေနဲ့ထုတယ်။ အသံတွေက ဆူညံနေတာပဲ။ ဒါကတော့ ဆေးခန်းရဲ့ ဝန်ဆောင်မှုညံ့ဖျင်းတဲ့အကြောင်းပါ။ ကျွန်မတို့ပြောတာ ပြောလို့မရဘူး။ ကျွန်မအပြင်းအထန်ကန့်ကွက်မှ ဝရိန်မဆော်တော့ဘဲ ရပ်သွားတယ်။ ကျွန်မသမီးလေးအတွက် အခန်းရတော့ (၅)ထပ်မှာရှိ တဲ့ အခန်းကို ပြောင်းလိုက်တယ်။ သမီးလေး က မသက်သာဘူး၊ အရမ်းနာတယ်ပြောတော့ MO ကို သွားပြောတယ်။ ဒီလိုပဲ သက်သာသွား မှာပါဆိုပြီး ကျွန်မတို့ကို ပြောလွှတ်တယ်။ ဂလူးကို့(စ်) တစ်ပုလင်း သွင်းရင် သွေး ပေါင်ချိန်က (၁ဝ)ကျ ကျသွားတယ်။ ကျွန်မ တို့ သတိထားမိတော့ ညနေ (၅းဝဝ) နာရီ၊ (၆းဝဝ) နာရီလောက်မှာ ဒေါက်တာရယ် ဒီ အတိုင်းထားလို့ဖြစ်ပါ့မလား၊ လာကြည့် ပေးပါဦးလို့ သွားပြောတယ်။ အဲဒီ့အချိန် မှာ သမီးကို သွေးဖောက်စစ်တယ်။ သွေး ပေါင်ချိန်တိုင်းတော့ (၇ဝ/ ၅ဝ)ဖြစ်နေပြီ။ ည(၁ဝးဝဝ)နာရီလောက်မှာ သွေးရှာခိုင်း တော့ သွေးရှာပေးတယ်။ နံနက်(၂းဝဝ) နာရီလောက်မှာ သွေးတစ်ပုလင်း စသွင်း ဖြစ်တယ်။ မနက်မိုးလင်းပြီးမှ သွေးကုန် သွားတယ်။ ခွဲပြီးနောက်နေ့ထိ ဆရာဝန် ကြီးက မလာသေးတာနဲ့ သွားခေါ်ခိုင်း တယ်။ မလာဘူး။ ခွဲပြီးနောက်နေ့ အောက်တိုဘာ(၂၆)ရက်၊ နေ့လယ် (၁၂းဝဝ)နာရီ မှာတစ်ကြိမ်သာ လာကြည့် သွားတယ်။ နောက်ထပ်ဆရာဝန် နှလုံးပါရဂူ လာပြီး စောင့်ရှောက်ကုသပေးတယ်။ အောက်တို ဘာ(၂၇)ရက်၊ နံနက်(၅း၃ဝ) နာရီခွဲမှာ နှလုံးပါရဂူဆရာဝန်ကို သွားပင့်တော့ ဆရာဝန်ကြီးက စေတနာပါပါနဲ့ သမီးလေးကို ကြိုး စားပြီး ကုသပေးရှာပါ တယ်။ ပထမ ခွဲစိတ်ပေးတဲ့ ဆရာဝန်ကြီးကတော့ ကျွန်မ သမီးလေးကိုခွဲတဲ့အချိန်နဲ့ နောက်နေ့တစ်ခါသာလာကြည့်သွား တယ်။ ကျွန်မသမီးလေးက အောက် တိုဘာ(၂၇)ရက်၊ နံနက်(၆း၂ဝ)မှာ ကွယ်လွန်သွားတယ်။ တာချီလိတ်ကို ခရီးသွားနေတဲ့သမီးရဲ့အဖေက အချိန် မီပြန်လာတယ်။ ဒါပေမယ့် နံနက် (၉း၃ဝ)နာရီမှ ရောက်လာတော့ သမီး ရဲ့အသက်ကိုမမီတော့ဘူး။ ကျွန်မ ယောက်ျားက သူ့သမီးကြီးကို အရမ်း ချစ်တာ၊သမီးလေးကို သွေး(၂) ပုလင်း၊ သွေးရည်ကြည်(၁)ပုလင်း သွင်းခဲ့ရတယ်။ MO တွေရဲ့ပြော ချက်အရ သမီးလေးကသွေးလွန်တုပ် ကွေးဖြစ်နေတာ။ ဒါကြောင့်မို့ သွေး ကြောမွှားလေးတွေကနေ သွေးယို စိမ့်ပြီး သွေးသွင်းလည်း အကျိုး မရှိဘူးလို့ ပြောပြကြတယ်။ ကျောက် ကပ်ပျက်စီးသွားတယ်၊ အသည်းကြီး သွားတယ်၊ နှလုံးလည်းထိတယ်လို့ လည်းပြောတယ်။ သွေးလွန် တုပ်ကွေးကိုမစစ်ဘဲ ဆရာဝန်ကြီးကမှားခွဲမိတာလားလို့မေး တော့ ဘာမှမပြောကြဘူး။ ဆေးရုံမှာ(၂)ရက် သမီးလေးကုသခဲ့တဲ့ ဆေးစရိတ်ကုန်ကျငွေက (၁၁)သိန်းကျော် ရှင်းခဲ့ရတယ် ''ဟု ပြောပြခဲ့သည်။ ၄င်းအထူးကုဆေးရုံ၏ အစုရှယ်ယာ ပါဝင်သူတစ်ဦးသည် ခိုင်ရွှန်းလဲ့ရည်၏ ဖခင်နှင့်မိတ်ဆွေဖြစ်ပြီး ခိုင်ရွှန်းလဲ့ရည်၏ နာရေးပြီးဆုံးသည့်နောက်နေ့တွင် အိမ်သို့ ရောက်ရှိလာကြောင်း မိခင် ဒေါ်ချိုချိုမြင့်က ဆက်လက်ပြောပြခဲ့သည်။ '' ကျွန်မတို့က အဖြစ်အပျက်အားလုံးကို ပြောပြလိုက်တယ်။ သူက သိပြီးသားဖြစ်နေတယ်။ အဲဒီ့ဆေးရုံမှာ သမီးနဲ့ပတ်သက်ပြီး နိုဝင်ဘာ(၂)ရက်နေ့မှာ အစည်းအဝေး(၂) ခါ ထိုင်တယ်ဆိုတဲ့ အကြောင်း ကျွန်တော်တို့ ဆရာဝန်ကြီး ဆုံးဖြတ်ချက်မှားတာပါဆိုတဲ့အကြောင်း သမီးကသွေးဖြူဥအားနည်းနေသည်ကို မစစ်ဘဲခွဲလိုက်သည့် အတွက်ကြောင့် အခုလိုဖြစ်ရကြောင်း တောင်းပန် သွားတယ်။ ဆရာ ဝန်ကြီးက အခု တရုတ်ပြည်သွားနေလို့ ပြန်လာရင် ကျွန်မတို့အိမ်ကိုခေါ်လာပြီး တောင်းပန်ခိုင်းမယ်လို့ပြောတော့ ကျွန်မယောက်ျားက မခံစားနိုင်ဘူး၊ ခေါ်မလာပါနဲ့''လို့ပဲ ပြောလိုက်တယ်။ သွေးလွန်တုပ်ကွေးဖြစ်နေသောကလေးကို မှားယွင်းစွာခွဲစိတ်ပြီး သိလျှင်သိချင်း အရေးပေါ်ကုသမပေးခဲ့ဘဲ၊ အထူးကြပ်မတ်ဆောင်သို့ ချက်ချင်းမပို့ဘဲ သာမန်လူနာတစ်ဦး ကဲ့သို့ ပစ်ထားခဲ့ခြင်းနှင့် ဆရာဝန်၏ကျင့်ဝတ်နှင့်မညီမှုတို့ကြောင့် မခိုင်ရွှန်းလဲ့ရည်၏ မိခင်သည် များစွာစိတ်ထိခိုက်ရပြီး ကြားလူတစ်ဦး၏ စိတ်မကောင်းပါဘူးဟု တောင်းပန် ပြောစကားနှင့်ဖြေဖျောက်လို့မရနိုင်ကြောင်း၊ မခိုင်ရွှန်းလဲ့ရည်အား စာသင်ပေးနေသော ဆရာမများက ထူးချွန်ထက်မြက်ပြီး စာအလွန်တော်သည့်ကလေးငယ်တစ်ဦး မသေသင့် ဘဲ သေဆုံးသွားခဲ့သည့်အတွက် လွန်စွာနှမြောမိကြောင်း၊ မခိုင်ရွှန်းလဲ့ရည်သည် ဘာသာစုံ ဂုဏ်ထူးနှင့်အောင်မြင်မည့်ကလေးတစ်ဦး ဖြစ်သောကြောင့် ဆရာမများအားထားရသည့် တပည့်တစ်ဦးလည်းဖြစ်ကြောင်း၊ ခိုင်ရွှန်းလဲ့ရည်အားရည်စူးပြီး ရန်ကုန်၊ နာရေးကူညီမှု အသင်းသို့ ငွေငါးသိန်းကျပ်၊ ရပ်ကွက်နာရေးကူညီမှုအသင်းကို တစ်သိန်းကျပ်၊ ရပ်ကွက်လမ်းပြုပြင်တဲ့နေရာမှာ တစ်သိန်းကျပ် လှူဒါန်းခဲ့ကြောင်း မိခင်ဖြစ်သူဒေါ်ချိုချိုမြင့်က လျှပ် တစ်ပြက်သတင်းဂျာနယ်သို့ ပြောပြခဲ့သည်။ အထက်ပါ ကြေကွဲရင်နင့်ဖွယ်ဖြစ်ရပ်မျိုး နှင့်ပတ်သက်၍ အခြားလူနာများဤကဲ့သို့ အဖြစ်ဆိုးနှင့်ထပ်မံမကြုံတွေ့စေရန် အထူးကုဆေးခန်းရှိ ဆရာဝန်များ အတွေ့အကြုံ ရှိသော်လည်း ဆေးပညာကို အဆက်မပြက်လေ့လာပြီး သတိရှိရှိနှင့်စေတနာထားကာ လူနာများအား ကြည့်ရှုစောင့်ရှောက်ကုသ ပေးသင့်ကြောင်း အပြုသဘောဆောင်၍ ကာယကံရှင်ဆွေမျိုးအသိုင်းအဝိုင်းက လျှပ်တစ်ပြက်သို့ထပ်မံပြောကြားခဲ့သည်။
http://snapshot-news.com/ss/index.php?option=com_content&view=article&id=2532:2009-11-20-16-19-52&catid=194:vol2-no60&Itemid=120
ရွှေနန္ဒ shwenanda
http://shwenanda.blogspot.com/
Sunday, September 27, 2009
၂ နှစ်ပြည့် ရွှေဝါရောင် တော်လှန်ရေး အထက် ဗမာပြည် ကျောင်းသား သမဂ္ဂ မှ လှုပ်ရှားမှု
ကျွန်တော်တို့ အထက် ဗမာပြည် ကျောင်းသား သမဂ္ဂ မှ ယနေ့ (၂၇.၉.၂၀၀၉) နေ့တွင် မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနား၊ ကလေး၊ လာရှိုး၊ ပင်လုံ နှင့် ရွှေဘို မြို့များတွင် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပါ ၄” x ၆” အရွယ်အစားရှိ ပို့စကဒ် အစောင်ရေ (၁၀၀၀) ကျော်အား ဖြန့်ဝေသည့် လှုပ်ရှားမှုအား ပြုလုပ်ခဲ့ ကြောင်း သတင်းပေးပို့အပ်ပါသည်။
ထိုလှုပ်ရှားမှု ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်မှာ ဘုရား သားတော် အရှင်သူမြတ်များ သွေမြေ ကျခဲ့သော ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကို ဦးညွတ် အလေးပြုသည့် အနေဖြင့် လည်းကောင်း ၊ သံဃာတော်များ ဦးဆောင်ပြီး ပြုလုပ်မည့် တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီး မှတဆင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို ထောက်ခံသော အားဖြင့် လည်းကောင်း ပြုလုပ် ရခြင်း ဖြစ်ပါသည်။
ထို့အပြင် တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီးမှ တဆင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးတွင် ကျွန်တော်တို့ အထက် ဗမာပြည် ကျောင်းသား သမဂ္ဂမှ သံဃာတော် အရှင်မြတ်များ နှင့် အတူ လက်တွဲပြီး အောင်ပွဲရသည် အထိ စစ် အစိုးရအား တိုက်ပွဲဝင် သွားမည် ဖြစ်ပါသည်။
အသေးစိတ် အချက်အလက် များကို သိရှိလိုပါက အွန်လိုင်းမှ တဆင့် အထက် ဗမာပြည် ကျောင်းသား သမဂ္ဂ အီးမေးလ် ubst.burma@gmail.com သို့ မေးမြန်း နိုင်ပါသည်။
လေးစားစွာဖြင့်
သန်းနိုင်
တွဲဖက် အထွေထွေ အတွင်းရေးမှူး
အထက် ဗမာပြည် ကျောင်းသား သမဂ္ဂ
Tuesday, August 11, 2009
Monday, July 20, 2009
Friday, July 10, 2009
ကရင် ပြည် သတင်းဗျာ (ကရင်ပြည်သူ..သားများဘေးမသီရန်မခပါစေနှင့် )
KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန်ပြင်ဆင်နေပြီKaowaoဇူလိုင် ၁၀၊၂၀၀၉။
စံခလပူရီ(ဇူလိုင်-၁၀)။ ။ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်မဟာ ၇ ဌာနချုပ်ကို လွန်ခဲ့သည့်ဇွန်လ ၂၁ ရက်နေ့တွင် ဒီကေဘီအေနှင့် စစ်အစိုးရပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး KNLA တပ် မဟာ ၆ ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်ရန်
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ စစ်အစိုးရအရာရှိများနှင့် ဒီကေဘီအေ အဆင့်မြင့်ကိုယ်စားလှယ်တို့ ယမန်နေ့က ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ဒီကေဘီအေနှင့် နီးစပ်သူတစ်ဦးက အသိပေးပြောကြားခဲ့သည်။
ယခုစစ်ဆင်ရေးတွင် စစ်အစိုးရတပ်မှ စကခ ၁၂၊ နည်းဗျူဟာ ၁ ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်ရှိန် ဦးစီးပြီး ၄င်းတို့ ဗျူဟာရုံးတပ်ဖွဲ့အချို့ KNU တပ်မဟာ ၆ ဧရိယာဖြစ်သည့် ဘုရားသုံးဆူနယ်စပ်မြို့အနီး ၁၀ မိုင်ခန့်အကွာ ချောင်းဆုံရွာ၌ အခြေပြုလျှက်ရှိသည်ဟု နယ်စပ်စစ်ရေးသတင်း စောင့်ကြည့်လေ့လာသူများက အတည်ပြု ပြောကြားပါသည်။
ဆန်းစစ်လေ့လာမှုများအရ ယင်းစကခ ၁၂၊ နဗဟ ၁ လက်အောက်ခံတပ်များမှာ ဘုရားသုံးဆူ- သံဖြူဇရပ် မော်တော်ကားလမ်းတစ်လျှောက် အနန်းကွင်း- ဘုရားသုံးဆူအပိုင်းတွင် ခမရ ၃၅၆၊ ၃၅၇ တို့လှုပ်ရှားလျှက်ရှိပြီး ခမရ ၃၅၉ မှာ ထိုင်းနယ်စပ် ကျိုက်ဒုံဒေသတွင် အခြေပြုနေသည်။
အရံတပ်များအဖြစ် ခမရ ၂၈၂၊ ၂၈၃၊ ၂၈၄၊ ၅၄၆၊ ၅၄၇ တပ်ရင်းများကို အသင့်ပြင်ဆင်ထားပြီး ယခုလကုန်ပိုင်း ခန့်တွင် တိုက်ပွဲကြီးများစတင်ဖြစ်ပွားလာနိုင်သည်ဟု စောင့်ကြည့်လေ့လာသူများက ပြောဆိုနေကြသည်။
ဤစစ်ဆင်ရေးကို ဒီကေဘီအေမှ ဗျူဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (ခေါ်) စောလားပွယ်ဦးစီးသော အထူး တပ်ရင်းတစ်ရင်းအပါအဝင် လက်အောက်ခံဒီကေဘီအေတပ်ရင်း ၉၀၁၊ ၉၀၆၊ ၉၀၇ တို့ပါဝင်လာမည် ဟု KNU ဖက်မှ သတင်းရရှိထားသည်ဟု သိရသည်။
လောလောဆယ်တွင် ဘုရားသုံးဆူဒေသတစ်ဝိုက် လှုပ်ရှားနေသော ဒီကေဘီအေတပ်ဖွဲ့ဝင်များမှာ တိုက်ခိုက်
ရေးတပ်ဖွဲ့မဟုတ်ပဲ စစ်ပွားရေးလုပ်ဆောင်ရန်နှင့် ဂိတ်ကြေးများကောက်ခံရန်သာ ထားရှိထားသောတပ်ဖွဲ့များ
ဖြစ်သည်။ ၄င်းတပ်ဖွဲ့ဝင်များကို ဦးစီးကွပ်ကဲနေသူမှာ ဒီကေဘီအေ စီးပွားရေး/ ဆက်ဆံရေးတာဝန်ခံ (ဘုရား သုံးဆူ ဒေသ) ဗိုလ်မှူးစိုးမိုးဖြစ်သည်ဟုသိရပြီး ယမန်နေ့ရတခတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့ သည်ဟု စောင့်ကြည့်လေ့လာသူများက ပြောကြားသည်။
စစ်အစိုးရနယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲသွားမည့် အစီအစဉ်ကို ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင်များ
က လက်ခံခဲ့သော်လည်း ယင်းကိစ္စနှင့်အတူ ကရင်လူမျိုးအချင်းချင်းသတ်ဖြတ်နေရသည့် လုပ်ရပ်တို့ကို ဒီကေဘီအေတပ်ဖွဲ့ဝင်အတွင်း လက်မခံသူများရှိနေပြီး ၄င်းတို့၏လှုပ်ရှားမှုများကို ပြင်ပသတင်းဌာနသို့ တိတ်တ ဆိတ်ပေးပို့နေမှုများလည်း ရှိနေသည်။
ဤစစ်ဆင်ရေးမှာ ယမန်နေ့ဖေါ်ပြခဲ့သော KPF မှတပ်ရင်းမှူးတစ်ဦးနှင့်တပ်ဖွဲ့ဝင်အချို့ KNU ထံ လက်နက်ချဘက် ပြောင်းသွားသည်နှင့်မသက်ဆိုင်ပဲ စစ်အစိုးရတို့ကြိုတင်ရေးဆွဲထားသည့် အစီအမံဖြစ်သည်ကို ယခင်လစစ် သတင်းများ ဖေါ်ပြချက်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။
မကြာမီ တိုက်ပွဲများဖြစ်ပေါ်လာမည့် အခြေအနေများ ရှိနေသောကြောင့် ထိုင်းတို့ကလည်း အနီးကပ်စောင့်ကြည့် နေသည်ဟု သိရသည်။
Rest of your post
Tuesday, June 23, 2009
စစ်အာဏာရှင် ကျည်သင့်သေဆုံးသွားတဲ့ နီဒါ (အီရန်လက်ရှိ ဆန္ဒပြပွဲမှ)
နီဒါ ဆိုတဲ့  ၂၆ နှစ်သမီးအရွယ် ကျောင်းသူဟာ လွန်ခဲ့တဲ့ ၂၀ ဇွန်လ ၂၀၀၉ ရက်နေ့ မှာ ထီရန် ဆိုတဲ့ မြို့ မှာ အဖေ ဖြစ်သူနဲ့  မဲလိမ်ခဲ့ တဲ့ စစ်အစိုးရ ကိုဆန္ဒပြနေရင်း စစ်အစိုးရ သေနတ်သမားတဦးမှ ရင်ညွန့် တည့်တည့်သို့ ပစ်ခံခဲ့ရပြီး ကျဆုံးသွားခဲ့တဲ့ ကျောင်းသူလေးပါ၊ လောလောဆယ်မှာ နီဒါ ဟာ အီရန်နိုင်ငံရဲ့ (တက္ကသိုလ်ကျောင်းသားဖုန်းမော်ကဲ့သို့ ) ထင်းရှားတဲ့ တော်လှန်ရေး အမှတ်အသားတခုအဖြစ်နဲ့  အီရန်နိုင်ငံသားတွေ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။နီဒါ အပစ်ခံရတဲ့ နေ့ က ဗီဒီယို ကိုလည်း ဆန္ဒပြနေသူတဦးမှ လက်ကိုင်ဖုန်းဖြင့် ဗီဒီယိုမှတ်တမ်း တင်ခဲ့ပြီ အင်တာနက်မှာဖေါ်ပြခဲ့တဲ့အတွက် တကမ္ဘာလုံးက အကြည့်အများဆုံး ဗီဒီယိုအဖြစ် ယူကျူ့ (ဘ်)(Youtube Video) အင်တာနက် စာမျက်နှာမှာတင်မက စီအန်အန်(CNN) သတင်းဌာနကြီးများတွင်ဖေါ်ပြခဲ့ ပြီး ကြည့်ရှုသူ သန်းပေါင်းများစွာရှိခဲ့ ပါတယ်။ စစ်အာဏာရှင်တွေက လောလေဆယ်သတ်ဖြတ်ခဲ့တာ တရားဝင်စာရင်းအရ ၁၀ ဦးကျော်ခဲ့ပြီဖြစ်သော်လည်း အယောက် ၅၀ ပို ကျော်နိုင်တယ်လို့  ဆန္ဒပြသူတွေ က ထုတ်ဖေါ်ပြောဆိုနေကြပါတယ်၊ဘာဖြစ်လို့ လဲဆိုတော့ ဆန္ဒပြသူများ ဟာ အိမ်သို့ ပြန်မလာဘဲ ပျောက်ဆုံးနေကြတယ်လို့  မိဘ ဆွေမျိုးများ က ဆိုပါတယ်။အီရန်နိုင်ငံ ဒီမိုကရေစီစနစ် ထွန်းကားနိုင်ပါစေ (ဒေါင်းTM)
Rest of your post
Thursday, June 18, 2009
မသေခင်ကတည်းက ပုတ်နေတဲ့ မသာ က ယတြာ နဲ့  ရန်ကုန်သားတွေကို ရက်စက်နေပါရော့ 
007 - တအိမ်ကို ကျွန်းသုံးပင် မစိုက်မနေရတဲ့ ကိုယ်မစိုက်နိုင်ရင်လူငှားပြီးစိုက်ရမယ်တဲ့
ABC - ယတြာ ချေပြန်ပြီထင်တယ်
007 - သေချာတာပေါ့
007 - ကြက်ဆူပြီးတော့ နောက်တခုတဲ့
ABC -သေပြည်တော်မှာလား
007 - ရန်ကုန်မှာ စိုက်ရမှာတဲ့
Saturday, June 13, 2009
ဂျိုကုတ်ထောင် သို့  ဂိုချုပ်ထောင်ထောင် ရဲ့ ပလောင်းပလဲ စကား
ဂိုချုပ်ထောင် မြန်မာပြည်ခရီးစဉ် စင်ကာပူ အတိုက်အခံ ဝေဖန်
မြန်မာစစ်အစိုးရက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးအရေးယူဖို့ ကြိုးစားနေတဲ့အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းတခုလုံးက မြန်မာစစ်အစိုးရကို ၀ိုင်းဝန်း ဝေဖန်နေချိန်မှာ စင်ကာပူ နိုင်ငံရဲ့ ၀ါရင့် ထိပ်တန်းဝန်ကြီးတဦးဖြစ်တဲ့ ဂိုချုပ်ထောင် ဟာ ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံကို လေးရက်ကြာခရီး သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ်အဆုံး စင်ကာပူ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက အပြစ်ပေးအရေးယူဖို့ ကြိုးစားနေတာနဲ့ပတ်သက်လို့ စိတ်ပျက်မိတဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ အခုလို ပြောဆိုမှုတွေနဲ့အတူ မြန်မာနိုင်ငံကို သူ သွားရောက်ခဲ့တာတွေ ပတ်သက်လို့ ဝေဖန် သုံးသပ်ချက်အမြင်တွေလည်း အမျိုးမျိုး ရှိနေပါတယ်။ မခင်ဖြူထွေးက တင်ပြထားပါတယ်။
သူ့ရဲ့ လေးရက်ကြာ ခရီးစဉ်အဆုံး စင်ကာပူသတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ မစ္စတာ ဂိုချုပ်ထောင်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်မှုတွေနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရကို ဝေဖန်ပြောဆိုခဲ့သလို အတိုက်အခံပါတီ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး ဆက်ပြီး ဖမ်းဆီးထိန်းသိမ်းထားမယ်ဆိုရင် မြန်မာစစ်အစိုးရကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကို တရားဝင်မှုမရှိဘူးလို့ အများက ဝေဖန်ကြမှာဖြစ်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ အခုလို ဝေဖန်ပြောဆိုမှုနဲ့ပတ်သက်လို့ အကောင်းမြင်သူတွေရှိသလို မယုံကြည်သူတွေလည်း ရှိပါတယ်။ စင်ကာပူ အတိုက်အခံ ဒီမိုကရက်ပါတီခေါင်းဆောင် ဒေါက်တာ ချီ စွန်း ဂျွမ် (Chee Soon Juan) ကတော့ - မစ္စတာ ဂိုချုပ်ထောင်ဟာ အများကြားကောင်းအောင် ဟန်ဆောင်ပန်ဆောင် လျှောက်ပြောနေတာ ဖြစ်တယ်၊ သူကိုယ်တိုင် ၀န်ကြီးချုပ်ဖြစ်စဉ် ကာလတုန်းကတောင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို စင်ကာပူနိုင်ငံမှာ အားပေးခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးရကို ဝေဖန်ပြောဆိုတာ၊ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တောင်းဆိုတာတွေက သူတော်ကောင်းယောင်ဆောင်ပြီး လျှောက်ပြောနေတာပါ။ တကယ်တော့ ဂိုချုပ်ထောင် ကိုယ်တိုင်က သူ့နိုင်ငံထဲမှာ ဒီမိုကရေစီစနစ်ကို ဖိနှိပ်နေတဲ့ အစိုးရထဲက သူ တယောက်ပါ။ စင်ကာပူရွေးကောက်ပွဲတွေ ဆိုရင် အတုအယောင်တွေပါ။ သတင်းမီဒီယာတွေ အားလုံးကို အစိုးရက အလုံးစုံ ချုပ်ကိုင်ထားသလို ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးကို ၀န်ကြီးချုပ်ရုံးကပဲ ကိုင်တွယ်တာပါ။ ကိုယ်တိုင်က ဒီမိုကရေစီ နည်းကျမှု မရှိဘဲ မြန်မာနိုင်ငံကိုသွားပြီးတော့ မြန်မာစစ်အစိုးရကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပါလို့ သွားပြောတာက သူတော်ကောင်းယောင်ဆောင်ပြီး လျှောက်ပြောနေတာမဟုတ်ရင် ဘာများဖြစ်ဦးမှာလဲဗျာ။ နောက်တချက်ကြည့်ရင်လည်း စင်ကာပူအစိုးရက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး ရှိနေတဲ့နိုင်ငံတခုပါ။ တကယ်တမ်း မြန်မာစစ်အစိုးရကို ဝေဖန်ရှုတ်ချလိုတာ မှန်ရင်၊ ဒီမိုကရေစီကို အားပေးတာမှန်ရင် မြန်မာစစ်အစိုးရနဲ့ အခုရှိနေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ရပ်ပစ်ရမှာပေါ့။ တကယ်တမ်း မြန်မာစစ်အစိုးရကို သက်ဆိုးရှည်နေစေတာက ဒါတွေပဲလေ။”
စင်ကာပူ အတိုက်အခံ ဒီမိုကရက်ပါတီခေါင်းဆောင် ဒေါက်တာ ချီ စွန်း ဂျွမ် ပြောခဲ့တာပါ။
စင်ကာပူနိုင်ငံဟာ ထိုင်း နဲ့ ဗြိတိန်နိုင်ငံတို့ပြီးရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တတိယ အများဆုံးရှိတဲ့ နိုင်ငံ ဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး နိုင်ငံခြား ကုန်သွယ်မိတ်နိုင်ငံလည်း ဖြစ်ပါတယ်။
မစ္စတာ ဂိုချုပ်ထောင်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ စင်ကာပူနိုင်ငံရဲ့ အကျိုးအတွက် ဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးကို အမှန်တကယ် လိုလားတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ဦးအောင်သူငြိမ်းကတော့ အခုလို သုံးသပ်ပါတယ်။
“ဂိုချုပ်ထောင် အခု သွားတဲ့ခရီးစဉ်က ကျနော် ထင်တာကတော့ အာဆီယံအဖွဲ့ကို ကိုယ်စားပြုပြီး သွားတဲ့သဘောမျိုးလို့ ကျနော် ယူဆ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိ အာဆီယံ အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်တဲ့ ဆူရင်း ပစ်ဆူဝမ် က ထိုင်းနိုင်ငံက ဒီမိုကရက် ပါတီ အဖွဲ့ဝင် ဖြစ်နေသလို တဘက်ကလည်း ထိုင်းနိုင်ငံနဲ့ အခု မြန်မာပြည်နဲ့ ကြားထဲမှာ သံတမန်ရေးအရ နည်းနည်းလေး ကတောက်ကဆလေး ဖြစ်နေတာတွေ ရှိတဲ့အခါကျတော့ သူ့ကိုယ်စား စင်ကာပူက ၀ါရင့် ၀န်ကြီး အခု ဂိုချုပ်ထောင် သွားတယ်လို့ ကျနော် ယူဆပါတယ်။ ကျနော့်အမြင်ကတော့ စင်ကာပူနိုင်ငံက ပြောရမယ်ဆိုရင် တော်တော်ကို လက်တွေ့ကျကျ သုံးသပ်ပြီးတော့ လုပ်တတ်တဲ့နိုင်ငံမျိုးပါ။ သူ့ အကျိုးစီးပွားအတွက် အရင်ကလည်း မြန်မာပြည်က အစိုးရ အဆက်ဆက်နဲ့ ပေါင်းခဲ့တာရှိသလို တဖက်မှာလည်း သူက ဒီအစိုးရတွေကို စီးပွားရေးတံခါးဖွင့်ဖို့ အပါအ၀င် တခြား နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကိစ္စတွေကိုလည်း အကြံပေးခဲ့တာ အကြိမ်ကြိမ် ရှိပါတယ်။ အဲတော့ စင်ကာပူနိုင်ငံက နောက်တခုက သံတမန်ရေးနဲ့ ကမ္ဘာ့အခင်းအကျင်းမှာလည်း အတော့်ကို နှံ့စပ်ကျွမ်းကျင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဆိုတော့ အခု မြန်မာပြည်ကို သွားတဲ့ကိစ္စမှာလည်း ကျနော် ယူဆတာကတော့ တဘက်က အာဆီယံရဲ့ အကျိုးစီးပွား၊ သူတို့ရဲ့ အကျိုးစီးပွား ပါသလို တဘက်ကလည်း ကျနော် ထင်တာကတော့ စေတနာကောင်းနဲ့ မြန်မာပြည်ကို ပြုပြင်ပြောင်းလဲဖို့အတွက် တိုက်တွန်းတာလို့တော့ ကျနော် ယူဆပါတယ်။”
မြန်မာ့အရေး သုံးသပ်သူ ဦးအောင်သူငြိမ်း ပြောခဲ့တာပါ။
Rest of your post
အမြီးမြှောက်လိုက်..........အီးပေါက်လိုက်နဲ့ မြန်မာ့ဂုဏ်ဆောင် မတရားသူကြီးများ
မလေးရှား၊ ပါကစ္စတန် စတဲ့နိုင်ငံတွေက တရားသူကြီးတွေဟာ သက်ဆိုင်ရာအဆိုးရတွေက မတရားသြဇာပေးအမိန့် ချခိုင်းတာတွေကို အလုပ်ပြုတ်ခံ၊ မိသားစုအသက်အန္တရာယ်တွေအခြိမ်းခြောက်ခံပြီးအမှန်တရားအတွက် ဘ၀တွေရင်းပြီးရင်ဆိုင်ခဲ့ကြတယ်။ အဲဒီနိုင်ငံတွေရဲ့ တရားစီရင်ရေးတွေမှာ မတရားသူတွေ မကြီးစိုးနိုင်ပဲ နောက်ဆုံးမှာ လူထုကလမ်းပေါ်ထွက်လာပြီး အဲဒိအဆိုးရတွေကိုဖြုတ်ချခဲ့ကြတယ်။
ကျွန်တော်တို့ နိုင်ငံရဲ့ အရှက်မရှိတဲ့အောက်တန်းစား မတရားသူကြီးတွေကတော့ဗျာ.... ဘယ်အခြေအနေပဲရောက်ရောက် ငွေနဲ့ အာဏာသာရမယ်ဆိုရင် မတရားတာနောက်မှ အခုထိတော့ အမြီးမြှောက်လိုက်....အီးပေါက်လိုက်ပဲ။
ဒေါ်စုအမှု သက်သေ နှစ်ဦးအတွက် ရုံးချိန်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
| မဇ္ဈိမသတင်းဌာန |
| ကြာသပတေးနေ့၊ ဇွန်လ 11 2009 21:27 - မြန်မာစံတော်ချိန် |
| နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ငြင်းပယ်ခံထားရသည့် သက်သေ ၂ ဦးအတွက် ဆက်လက်လျှောက်လဲချက်ပေးရန် ဗဟိုတရားရုံးက ယခုလ ၁၇ ရက်နေ့သို့ ရုံးချိန်းရက်ပေးအပြီး နာရီပိုင်းအတွင်း ရက်အကန့်အသတ်မရှိ ရက်ရွှေ့လိုက်ပြန်သည်။ ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် သက်သေ ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်တွင် ပြင်ဆင်ခွင့် လျှောက်ထားရာ ဗဟိုတရားရုံးက လျှောက်လဲချက်ပေးရန် ယနေ့ နေ့လယ်ပိုင်းက ယခုလ ၁၇ ရက်နေ့သို့ ချိန်းဆိုခဲ့သော်လည်း ညနေပိုင်းတွင် အကန့်အသတ်မရှိ ရက်ရွှေ့ကြောင်း အကြောင်းကြားခြင်း ဖြစ်သည်။ |
Rest of your post
"ညနေ ၄ နာရီမှာ ဗဟိုတရားရုံးက ပြန်ပြင်တယ်။ ကျနော့်ရဲ့ ရှေ့နေရုံးခန်းကို လာပြီးတော့ ဗဟိုတရားရုံးချုပ် ရှေ့နေ လက်ထောက် ညွှန်ကြားရေးမှူးတဦးက ၁၇ ရက်နေ့ ရက်ချိန်းကို ပယ်ဖျက်တယ်၊ နောက်ထပ်ရက်ချိန်းကို နောက်ထပ် အကြောင်းကြားပါမယ်လို့ ကျနော့်ဆီကို ပြောတယ်။ ကျနော်တော့ မရှိဘူး၊ သူလာပြောတဲ့ အချိန်မှာ။ ကျနော်လည်း ဒီညမှပဲ သိရတယ်။ နောက်ဆက်တွဲက အဲဒါပါပဲ'' ဟု ဒေါ်စုအမှုတွင် အကျိုးဆောင်ပေးသည့် ရှေ့နေ ၄ ဦးအနက် တဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
ခရိုင်တရားရုံးတွင် တရားခံပြ သက်သေ ၄ ဦး အမည်စာရင်း တင်သွင်းခဲ့ရာ တဦးတည်းသာ လက်ခံသဖြင့် တိုင်းရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားရာ နောက်ထပ်တဦး ခွင့်ပြုခဲ့သော်လည်း ကျန်ရှိသည့် ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်သို့ ယနေ့နံနက်ပိုင်းက လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
အင်းစိန်ထောင်တွင်းမှ မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်စု၏ ရှေ့နေများက သက်သေ ၄ ဦးပါ အမည်စာရင်းကို စတင်၍ တင်သွင်းခဲ့သည်။
ယခုအချိန်အထိ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မို့မို့တို့ကို သက်သေအဖြစ် လက်ခံထားပြီး၊ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့ကို တိုင်းတရားရုံး အဆင့်က ဆက်လက်၍ ငြင်းပယ်ခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/3157-2009-06-11-15-10-26.html
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
December
(180)
- မြက်ရိတ်နေရင်တောင် ခက်ဦးမယ်
- အလွမ်းများနဲ့ ဧရာဝတီဇတ်ကား ဂျပန်လူမျိုးများပါ စိတ်...
- ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုတဲ့ ယုန်...
- ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမကြီး(၇၉)လပြည့် ဝမ်းနည်...
- နတ်ပြည်ပေါ်မှဒုက္ခများ....စင်္ကာပူက အကြောင်း
- ဆရာစံတဲ့ဟေ့...ဒို့ များရဲ့ အာဇာနည်
- ကြီးလေချာလေ.. ကြီးလေ မိုက်လေတဲ့ ခိုးစားတတ်တဲ့ ကျီး...
- ကောင်မလေးတွေသာ ချွတ်တာမဟုတ်ဖူး..သူတို့ လည်း ကျွတ်က...
- ဘု ရင် ရူး ကြီး သန်း ရွှေ
- လေးစားထိုက်ပါသည်။ ရွက်ပုန်းသီး အာဇာနည် စစ်သည်များ
- သဘာဝ ဘေးအန္တရာယ် ရန်ပုံငွေ ရှာဖွေပွဲ
- နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲနီးလေ နအဖက လှည့်ဖြားကစားေ...
- သူတို့ ကျ တယ်ဟုတ်နေပါလား...
- ရဲက အန်အယ်ဒီတို့၏ ကိုယ်ရေးရာဇဝင်တောင်း
- အန်အယ်ဒီက CEC စုံညီ အစည်းအဝေး ကျင်းပလို
- နိုင်ငံခြားသားကျ ဖင်တုန်အောင်ကြောက်တာ နအဖ
- အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် န...
- The Voice Weekly JournalNo.8, Vol 6, December 28, ...
- မသေမချင်း..အမှုထပ်တတ်မယ်..နင်အကောင်ကြီးတယ် နှစ်ခါေ...
- ရွှေထက်ရှားတဲ့ ဆရာဝန်
- ညောင်မြစ်တူးမိလို့  ပေါ်ရတဲ့ ပုတ်သင်ညိုဥ (ဘယ်သူများ...
- သားဦး...စောက်ရူး
- လင်္ကာတမန်မဂ္ဂဇင်း မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ
- ပြည်သူ့ သဘောထားအမှန်
- ကျနော် လူကြမ်းမင်းသား
- New perspective of Myanmar ( plastic Problem)
- People & Power - Myanmar: Beneath the surface
- နတ်ကိုးကွယ်မှုနဲ့  မြန်မာပြည်
- တိုးတက်နေသော မြန်မာပြည်ကြီး..
- UNICEF: Tsunami 5: Myanmar battles repeat disasters
- New Year Countdown
- စတားလုံး ရဲ့..မှိုင်းလုံးမိနေသူ..ဘယ်သူတုန်း..
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျ...
- အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
- ရာဇ၀င် မတွင်ခဲ့တဲ့သား
- သတင်းမှောင်ချထားမှု
- အာဇာနည် ဘလော့ခ်မှ ပြည်တွင်းရှိ ညီအစ်ကို များအတွက် ...
- အရှက်မရှိပါတဲ့.. မြန်မာစစ်အစိုးရ
- နေအိမ်ပြင်ဆင်နေမှု ရပ်ဆိုင်းခံရသည့် အပေါ်လူထုခေါင်းေ...
- မြန်မာတို့ရဲ့ ရွေမြန်မာ (ကောင်းလိုက်တဲ့ အစိုးရ အလွ...
- ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း
- ဇီးစေ့နဲ့  ပေါက်ခံရတောင် မြင့်မိုရ်တောင်က မပြိုနို...
- ၀တို့  ဘိန်းတိုးချဲ့  စိုက်နေရသော အကြောင်းရင်း..
- ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမ...
- အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထပ်မံတိုးချဲ့မည်
- သုခဆေးခန်းက တိုက်ရိုက်သွေးလှူမည်
- ဗုဒ္ဓေါဝါဒကျောင်းဖွင့်ပွဲနှင့် ကျောင်းရေစက်ချပွဲ ဖိ...
- နာဇီ ဆရာဝန်တွေလိုဘဲ လက်စွမ်းထက်သော မြန်မာ အထူးကုဆရ...
- AAPP(Burma) ၏ သတင်းထုတ်ပြန်ချက်
- တိုင်းတပါးသား..မတရားတာ ငုံခံနေကြရတာကြာပေါ့
- ဖြူမလား မဲမလား..ဗိုလ်ချုပ်မှူးကြီး သန်းရွှေ..
- ဒီဇင်ဘာ ၂၂ ၂၀၀၉ သတင်းများ
- အမှန်တရားသည် သေဒဏ်နှင့် အမိ မြန်မာပြည်
- ဒါ အောင်ဆန်း သားကွ...
- လေယာဉ်စုတ်တွေ အသစ်ဈေးနဲ့ ရောင်းမယ်..
- ပြောပြန်ရင်လည်း စိန်ဝင်း လွန်ရာကျဦးမယ်..
- ၂၀၁၀ ရွေးကောက်ပွဲအား သုံးသပ်ချက်
- ၇၁-နှစ်မြောက်ဗိုလ်အောင်ကျော်နေ့ အခမ်းအနားဓာတ်ပုံမှ...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- ၇၁နှစ်မြောက်ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်နှင့် ၈၈မ...
- အင်တာနက် သီချင်းဆိုတိုင်း ကွန်ပြူတာနဲ့ ဖွင့်မကြည့်...
- ရန်ကုန်က အမြင်မတော်စရာ နိုင်ငံခြားသူ
- ဗဟိုတရားရုံးချုပ်ရဲ့အထက်..နအဖ ရှိနေသလား..???
- မြန်မာအမျိုးသမီး ၅၀ ကျော်ကို အဓ္ဓမပြုကျင့်ခဲ့သူများ...
- Credit Suisse to pay $536 mn to US for bursting sa...
- အစောင့် ယမ်းများ၏ ဥပဒေမဲ့ လူသတ်မှုကြောင့် စက်ရုံတွင...
- အလင်းပျိုးမယ့် လက်များ…
- သတိပေး လျှောက်ထားအပ်ပါသည်။
- အသိပညာနှင့်ပြည်သူ့ အင်အား
- နိင်ငံတော်ခေါင်းဆောင်သော သားသမီးများကို နှိုင်းယှဥ...
- ဖြူဖြူကျော်သိန်း တင်ဆက်ပေးထားတဲ့ လူကုန်ကူးမှုတိုက်ဖ...
- သံဃာ့တပ်ပေါင်းစု ၏ ၃၀ . ၁၂. ၂၀၀၉ အထွေထွေသပိတ်ဆင်နွှ...
- ပုဂ္ဂလိကဆေးရုံ လူနာငြင်းပယ်မှုများ ရှိလာ
- ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် အချိန်ပိုင်း/အချိန်...
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၄၈ နှ...
- ဗိုလိချုပ်ပြောတဲ့ ဖာနိုင်ငံကို တပ်မတော်မှ အကောင်အထ...
- ကွဲပြန်ပြီဟဲ့ ဗုံး
- နိင်ငံတော်ခေါင်းဆောင်၏ သားသမီးများကို နှိုင်းယှဉ်ြ...
- အမှန်ကို ၀န်မခံရဲတဲ့ စစ်သား
- ယခုနှစ် လျှပ်တပြက် နာမည်ကြီးသူ ဆယ်ဦးတွင် ယက်ထော ပ...
- ထိန်းသိမ်းခံ ညီညီအောင်ကိစ္စ ၀န်ကြီး ကလင်တန် ကြားဝင်...
- မြန်မာ့ အနာဂတ်မျိုးဆက် အန္တရာယ်ရှိနေ ဟု ITUC ပြော
- နအဖ ခွင့်ပြုချက်ဖြင့် NLD ခေါင်းဆောင် ၃ဦးကို ဒေါ်ဆ...
- MIAMI 2009 Recap
- Invitation Letter to Burma Conference in London
- တက္ကသိုလ်နန်း ( တေးရေး ။ ။ တက္ကသိုလ်ဘုန်းနိုင် )
- ၈၈၈၈ ပြည်သူ့သတင်းစဉ်၊ အတွဲ ၄၊ အမှတ် ၆၊ ဒီဇင်ဘာလ၊ ၂၀၀၉
- ကျမတော်တော်ညံ့ခဲ့ပါတယ် (ဟောပြောသူ- ဂျူး)
- မနက်ဖြန် အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးေ...
- FREE NYI NYI AUNG ( KYAW ZAW LWIN ) NOW!
- နအဖ၏ ဒို့တာဝန် အရေးသုံးပါး
- အာဇာနည် သူရဲကောင်း ကိုတင်မောင်ဦး
- သီပေါ စော်ဘွား စပ်ကြာဆိုင် နဲ့ စ၀်ဒေ၀ီ သြစတြီးယားသ...
- ဒါ..မြန်မာကွ..
- KNU နှင့် နအဖ တိုက်ပွဲသတင်း
- ပိဋကတ်ရွတ်ဆိုပွဲ (International Tipitaka Chatting)...
- Generation wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)...
- မေမေ မမြင်ဖူးရသေးတဲ့ သမီးငယ်လေးရဲ့ မျက်နှာလေး..
- မြောက်ကိုရီးယားနိုင်ငံမှ လက်နက် ၃၅ တန် ဘန်ကောက်လေဆ...
- နောက်ကြည့်မှန်
- မဟာသီရိသုဓမ္မဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၁ နှစ် ပြည့်...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- 2010 Calendar
- သံဃာ့အရေးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက်...
- မဆူပါနဲ့အဖေ..တားတား ရင်တုန်တတ်လို့ ပါ
- မလေးရှားနိုင်ငံ အလောစတားပြည်နယ်မှာရှိတဲ့ balantak ...
- နိုင်ငံခြားသားတောင် လေးစားခံရသော မြန်မာပြည်၏ မိခင...
- နိုင်ငံရေး အကျဉ်းသားတွေအရေး ဗြိတိန်လှုံ့ဆော်
- Silence and Fear
- နိုဗယ်ငြိမ်းချမ်းရေးဆုနှင့် ၁၉၉၁ ကျောင်းသား လှုပ်ရှ...
- ကံကို ယုံ ဆူးပုံကို တိုးကြ..ဗေဒင်ယုံ..ဆန်သာကုန်ပေါ့
- သခင် အားရ ကျွန်ပါးဝ..
- မလေးရှား ထိန်းသိမ်းရေး စခန်း အတွင်း သေဆုံးမှုများ ဆ...
- အသားနူ ပျားတုတ်ခံနေရသော နအဖ..အီးအီးတွင်းထဲတော့ ကျေ...
- စစ်သားလုပ်စားချင်သလား..သူတောင်းစားကတောင် သနားတယ်.....
- ကြေးဖလားနဲ့ ကြက်ချေးတုံးဗျ..
- မင်းတို့  အသက်တွေ ဖက်နဲ့ထုတ်ထားဖို့ သာပြင်။။
- အဆိပ်လည်း အစာ..
- တိုက်တွန်း နိုးဆော်လွှာ
- မြ၀တီမြို့ရှိ အာဇာနည်ကျောက်တိုင် ဖျက်မည်
- ဂျပန်နိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် လူ...
- သူကြောက်နေတာက ဒါ..
- ယုတ္တိရှိသည့်ရွေးကောက်ပွဲဖြစ်ရမည်ဟုဂျပန်ဝန်ကြီးချုပ...
- ဘိန်းချက်နေတဲ့အစိုးရ..ဘော်ချက်နေတဲ့ နအဖ..ဆန်မှုန် ...
- အောင်ကြည်ရေ..သူ့ ကိုငါကြောက်တယ် မင်းဘဲ ရှေ့ ထွက်မင...
- ပူးတွဲကျေညာချက် အမှတ် ၈ (၂၀၀၉)
- အရှောင်အတိမ်း..ဂျက်ဆီသိန်းစိန်..
- မောတော့ မောတာပေါ့..ပြောင်က လည်း ပြောင်နေပြီ..
-
▼
December
(180)
