နေပြည်တော်မှ တိုးတိုးတိတ်တိတ် မင်္ဂလာပွဲ
Thursday, 05 February 2009 19:02 အေးလဲ့
“စိန်စီသောည” ကဲ့သို့သော အရှက်ကွဲစေမည့် ဗွီစီဒီတချပ် ထပ်မံ ပေါ်ပေါက်ခြင်း မရှိစေရန် နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများက မင်္ဂလာ ဧည့်ခံပွဲကြီး တခုကို သိုသိုသိပ်သိပ် ပြုလုပ်ခဲ့ ကြသည်။
ဧည့်ခံပွဲသည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဒေါ်ခင်ခင်ဝင်းတို့၏ သမီး မယဉ်သူဇာသိန်း နှင့် ဗိုလ်ကြီး ဟန်ဝင်းအောင် တို့၏ လက်ထပ် မင်္ဂလာပွဲဖြစ်ပြီး စနေနေ့ (ဇန်န၀ါရီလ ၃၁ရက်နေ့) က မြို့တော်သစ် နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ အစိုးရ ဧည့်ဂေဟာ တခုတွင် ပြုလုပ်ခဲ့သော အဆိုပါ ဧည့်ခံပွဲကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစု အပါအ၀င် စစ်ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။ လက်ဝတ်ရတနာ ပစ္စည်း၊ ဇိမ်ခံကား၊ အိမ်ခြံမြေ စသည့် လက်ဆောင်ပစ္စည်း အများအပြား ရရှိခဲ့သည်ဟု သိရသည်။
ဝန်ကြီးချုပ်၏ သမီးဖြစ်သူ မင်္ဂလာဆောင်ပွဲကို ကြီးကျယ် ခမ်းနားစွာ ကျင်းပခြင်း မပြုရန် တားမြစ်ခံခဲ့ရဖွယ်ရှိသည်ဟု ၎င်းမင်္ဂလာပွဲ တက်ရောက်သူတဦးက သုံးသပ်သည်။ “မင်္ဂလာဆောင်က သိပ် အကျယ်မချဲ့ဘူး၊ မီဒီယာကို သတင်းပေါက်သွားမှာ စိုးရိမ်ကြပုံရတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။
ထိုသို့ သိုသိုသိပ်သိပ် ပြုလုပ်ခဲ့ခြင်းမှာ ၂၀၀၆ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ သမီးဖြစ်သူ မသန္တာရွှေ မင်္ဂလာဆောင်ကဲ့သို့ နောက်ဆက်တွဲ အရှက်ကွဲမှုများ ထွက်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်မည်ဟု နေပြည်တော်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များက ဆိုသည်။
မသန္တာရွှေ၏ ခမ်းနား ထည်ဝါလှသော မင်္ဂလာဧည့်ခံပွဲ မှတ်တမ်းမှာ You Tube ရုပ်မြင်သံကြား အင်တာနက် စာမျက်နှာမှ စတင် ပျံ့နှံ့ခဲ့သည်။
“စိန်စီသောည” ဟု အမည်ပေးထားသည့် အဆိုပါ မှတ်တမ်း ရုပ်ရှင်ထဲတွင် သတို့သမီး မသန္တာရွှေက စိန်ရတနာ ပစ္စည်းများ ကိုယ်လုံးညွတ်မျှ ၀တ်ဆင်ထားသည်။
အဆိုပါ မင်္ဂလာဧည့်ခံပွဲကို အင်တာနက်မှတဆင့် ကြည့်ရှုခဲ့ရသည့် စင်ကာပူဝန်ကြီးချုပ်ဟောင်းလီကွမ်ယုက “(ဗိုလ်ချုပ်မှူးကြီး)သမီးကလည်းဗျာ ခရစ်စမတ်သစ်ပင် ကျနေတာပဲ”ဟု အင်တာဗျူးတခုတွင် မှတ်ချက်ချခဲ့သည်။
“စိန်စီသောည” တွင် ခမ်းနားလှသော ဧည့်ခံပွဲ၊ အဖိုးတန် ဝတ်စားဆင်ယင်မှုများ၊ ရှန်ပိန်အရက်များ အလျှံအပယ်တို့ဖြင့် ညစာစားပွဲ တည်ခင်းပုံကို ပြည်သူများ ဆင်းရဲ ကြပ်တည်းပြီး စားစရာ မရှိ ဖြစ်နေသည့် အခြေအနေများနှင့် ဖြတ်ညှပ်ကပ်ပြီး နှိုင်းယှဉ် ဖော်ပြထားသည်။ အဆိုပါ မှတ်တမ်းအား မည်သူက စတင် ဖြန့်ချိခဲ့သည်ကို မသိရပါ။
ထို မှတ်တမ်းစီဒီကြောင့် စစ်အစိုးရ ခေါင်းဆောင်ပိုင်း မိသားစုတစု၏ နေထိုင်မှု ဘဝတစိတ် တပိုင်းကို မြန်မာနှင့် ကမ္ဘာက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သည်။
ယင်း “စိန်စီသောည” မင်္ဂလာဧည့်ခံပွဲ မှတ်တမ်းစီဒီမှာ လူအများ အကြား ရေပန်းစား ပျံ့နှံခဲ့သဖြင့် ၎င်းအခွေ လက်ဝယ် တွေ့ရှိသူများကို ဖမ်းဆီး ထောင်ချခဲ့သည်ဟု သိရသည်။
မင်္ဂလာဧည့်ခံပွဲ ကြော်ငြာကို စစ်အစိုးရ၏ မြန်မာ့အလင်း နှင့် ကြေးမုံသတင်းစာ တို့တွင် ထည့်သွင်းခြင်း မပြုခဲ့ပေ။ ယခင်က စစ်ခေါင်းဆောင်နှင့် ပတ်သက်သည့် မင်္ဂလာဧည့်ခံပွဲများကို သတင်းစာများတွင် ခမ်းခမ်းနားနား ကြော်ငြာလေ့ရှိခဲ့သည်။
စီးပွားရေး လုပ်ငန်းရှင်တို့က အခွင့်အရေးများ၊ လုပ်ငန်း လုပ်ပိုင်ခွင့်များ ရရှိရန် စစ်ခေါင်းဆောင်တို့၏ ဧည့်ခံပွဲ အခမ်းအနားများတွင် တန်ဖိုးကြီးလက်ဆောင်များ၊ ငွေကြေးများ ပေးအပ်ခြင်းဖြင့် ချည်းကပ်လေ့ရှိသည်ဟု သိရသည်။
ဗိုလ်ချုပ်မှူးကြီး၏ သမီးဖြစ်သူ မင်္ဂလာဆောင်တွင် ဇိမ်ခံကား၊ လက်ဝတ်ရတနာ စသဖြင့် စုစုပေါင်း ဒေါ်လာသန်း ၅၀ ခန့် တန်ဖိုးရှိသော လက်ဖွဲ့ပစ္စည်းများ ရရှိခဲ့သည်ဟု ဆိုသည်။
၁၉၉၀ ပြည့်လွန် အစောပိုင်း နှစ်များအတွင်းက ဗိုလ်ချုပ်တင်ဦး၏သားနှင့် မြို့တော်ဝန်ဟောင်း ဦးကိုလေး၏ သမီးဖြစ်သူတို့ ပြုလုပ်ခဲ့သည့် မင်္ဂလာ ဧည့်ခံပွဲတွင်လည်း စီးပွားရေး လုပ်ပိုင်ခွင့်များ ရရှိရေးအတွက် လုပ်ငန်းရှင်တို့က အကြီးအကျယ် လက်ဖွဲ့ခဲ့ကြသည်ဟု သိရသည်။
Thursday, February 5, 2009
နေပြည်တော်မှ တိုးတိုးတိတ်တိတ် မင်္ဂလာပွဲ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
February
(379)
- အမိမြေ
- ဟီးဟီး နိုင်တော့ကော..တကယ်အာဏာ ပေးမလား အရင်မေးပြီး...
- “ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်...
- Myanmar's refugees struggle for asylum - 28 Feb 2009
- တရုပ်လုပ်သေနတ်နဲ့ အပါးဝတဲ့ နအဖတပ်မတော်
- ကြည့် သာယုံ..ဘယ်သူက..အကောင်..ဘယ်သူကအချောင်
- သူ့ သား ကိုယ့်သား ဘယ်သွားသွားမှမလုံခြုံတဲ့ နိုင်ငံ
- တော်လှန်ရေးမှာ..လိုအပ်တဲ့ အရာ
- အလင်းရနံ့ ဂျာနယ် ဖေဖော်ဝါရီ ၂၀၀၉
- ဘန်ကီမွန်း၊ အင်အယ်လ်ဒီ၊ ဆန်ရှင်နှင့် မြေခွေးမြီးပြ...
- ၾကားၾကားသမ်ွ ေ၀ေနယ်...
- ဖေဖော်ဝါရီ ၂၆ ၂၀၀၉ သတင်း
- ကဲ လူမဆန်ချင်ဦးလေ..နောက်ဆုံးတော့...ဒီလိုဖြစ်မယ်..
- လှေစီးပြေး ရိုဟင်ဂျာ( သို့ ) ဘင်္ဂါလီ တွေ မြန်မာနိုင...
- စစ်အစိုးရကို နိုင်ငံတကာခုံရုံးတင်နိုင်ရန် နာဂစ်မုန...
- ရန်ကုန်သားတွေ ၂၄ နာရီလုံ့း  အမှောင်ထဲ မှာ နေရတော့မ...
- ဒီဇယ်ဆီ အံ့မခန်း ကျဆင်းပြန်၊ တစ်ဂါလန် ၁၅၀၀ ကျပ်ရောက်
- မျောနေပြီ..မျောနေပြီ
- နိဗ္ဗါန်ယဉ်မလိုတဲ့ အသုဘတွေ
- ရခိုင်.သတင်းစာ ဖေဖော်ဝါရီ ၂၀၀၉
- ၈၈၈၈ သတင်းစာစောင် မတ်လ..၂၀၀၉
- နာဂစ်အလွန် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူ...
- သူ့  ပထွေးပစ္စည်း ကျနေတာဘဲ ရောင်းစားနေကြတာ
- ကျောင်းသားဆိုတာ နိုင်ငံရေးသမိုင်းရဲ့သော့ချက်
- ဘာမှတ်လဲ မြန်မာကွ ဒီလိုနာမည်ကြီးတာ
- ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်
- Rohingyas in japan Demonstrating infront of Burma ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်း...
- တပ်တွင်းပုန်ကန်မှု
- ပြောင်းချင်တယ်ဆို လွယ်ပါတယ်...
- ပထွေးမြှောက်လို့  အပါးဝနေတဲ့ လူတွေ..
- သတ်ပစ်မလား..သင်းပစ်မလား..ဒုက္ခပါဘဲ
- နိုင်ဟံသာ (မွန်ပြည်သစ်ပါတီရဲ့ ထူးခြားထက်မြက်တဲ့ခေါ...
- လိမ်ပုံများကတော့ ဒီလိုကို သတင်းစာထဲထည့်ပြီးလိမ်တာ
- လှောင်ချိုင့်ထဲကလူ
- မီးမပေးဘဲ..မီတာခယူတာ..ရှက်ဖူးလား
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်
- UN Chief Urges the Regime to Release All Political...
- ရှင်သန်အောင် ကြိုးစားခြင်း
- စာပေဟောပြောပွဲ
- တရားအလှူ
- မဲဆောက်မြို့တွင် ဖမ်းဆီးမှု စတင် ၊ တရားမ၀င်သူ ၆၀၀ေ...
- DVBtelevisionသတင်း
- မြန်မာနိုင်ငံသားတဦးဝင်ငွေ ၂၀၀၈ ခုနှစ်မှာ တဦးကျပ်...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည...
- စိန်လိုချင်လို့ ..လူကို သတ်တဲ့ လူယုတ်တွေ..
- ကမ္ဘာ့အဆင့်မီ ပညာတတ်များရဲ့ မြန်မာပြည်က ကမ္ဘာ့အဆင့်မ...
- မုန်တိုင်းထဲက ရှိုက်သံများ.
- ကြံဖွတ် နဲ့ သူငယ်ချင်း မလုပ်ချင်..
- လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့...
- သံဃာဥသျှောင်၏ကျေညာချက် (၂။၂၅။၂၀၀၉)
-့ မပြောမရှိနဲ့ ..ကာလနာတိုက်နေတဲ့ စိန်တွေ..
- အရပ်က လည်းခဲနဲပေါက်ချင်လှုပြီ။
- မြန်မာပြည် လူ့အခွင့်အရေးကို စိန်ခေါ်ခြင်း (မစ္စတာ ကွ...
- ခမရ ၂၃၄ ခွေးပါးဝနေတယ်
- ဘင်္ဂလာနယ်စပ် အနီးရှိ ကျေးရွာပေါင်း ၂၇ ရွာတွင် ပြည်သ...
- ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပအိုဝ်းလက်နက်ကိုင...
- ငွေ ၅၀၀ တန် အတု နှင့်ပတ်သက်၍
- မြန်မာလုပ်သား ၃၀၀ ခန့် အလုပ်ထုတ်ခံရ
- ငွေပေါတဲ့ သူတွေ အတွက် ကျမ်းမာရေးဝန်ဆောင်မှု
- ရေ တောင် ကုန်နေတဲ့ ရန်ကုန်
- “အန္တရာယ်ကို သတိပြုပါ” တဲ့ အောင်သောင်းကတော့ ပြောနေပြီ
- ကြပ်ပြေးအရှုပ်တော်ပုံ ဆောင်းပါးများ (၁၁ -၁၈)
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်PART 2
- Japan news agency awards jailed Burmese female rep...
- လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့မှ ...
- အမှားပြင်ဆင်ချက်..
- ဘယ်သွားသွား မလုံခြုံတဲ့ မြန်မာအမျိုးသမီးဘဝ
- Media Statement – for immediate release24 February...
- UDP ကို....မဲသွားမထည့်နဲ့ မွဲသွားမယ်..
- လူတိုင်းပြောနေကြပြီ..မတရားဖမ်းတဲ့ လူယုတ်မြန်မာစစ်အ...
- ဒုံရင်း..ဒုံရင်းဘဲ အထဲထဲမှာ..
- ဆိုက်ကားသမားတွေ ကိုဒသျှို လုပ်ခိုင်းနေခြင်း..
- အကုန်လွှတ်မလား...မလွှတ်ဖူးလား..(ရာဇသံ)
- Inside the Kachin Independendence Army
- ကောင်းရာသုဂတိလားပါစေ။ ဒေါက်တာလှိုင်နီ
- ဗေဒင်..နက္ခတ်...မင်းဆက်ပြတ်ချိန်..........
- ၀ ခေါင်းဆောင်တွေ မြန်မာစစ်တပ်ကို မူးယစ်ဆေးရောင်းရေ...
- မိမိတို့ ကိုယ်တိုင်ကြိုးစားယူရန်မှတပါးအခြားမရှိပြီ
- နယ်စပ်ဖြတ်ကျော် တောမီးအား တရုတ်မှ လူအင်အား ၂၅၀၀ ကေ...
- လက်ချင်းချည်ကာ ညီတဲ့ အာဆီယံ.. :)
- ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်မြန်မာနိုင်ငံရေးအကျဉ်းသာ...
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်
- Naypyidaw, the new capital of Myanmar(ミャンマー新首都ネピドー)
- ရန်တိုက်ပေးလို့မရတော့ အချင်းချင်း ချတော့မယ်
- ချင်းတို့ ၏အသံ
- ဟစ်ဟော့ ကိုမတိုက်ခင် နအဖကို အရင်တိုက်ပါ
- Black Device ကိုသတိထားပါ။
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် အမေရိကန်ပြည်ထော...
- နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ နိုင်ငံ...
- တရားမဝင်နည်းဖြင့်ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများေ...
- (၆၁) နှစ်မြောက် ချင်းအမျိုးသားနေ့ 
- လူ့ လူချင်းစာနာ ထောက်ထားပါ။
- NLD (LA( Japan Branch) INVITATION
- ခင်ဗျားတို့ သားသမီး၊မြေး ချင်းကိုယ်ချင်းမစာ အောက်တ...
- ပဒိုမန်းရှာကို ဘယ်သူသတ်သလဲ
- ဖေဖေါ်ဝါရီ လ ၂၁ရက် ၂၀၀၉ သတင်းများ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အထူးကြေငြာချက်အမှတ် ၃
- ဒုက္ခနဲ့ ဘ၀များ
- ဂုဏ်ယူပါတယ် မအိမ့်ခိုင်ဦး
-
▼
February
(379)
No comments:
Post a Comment