Tuesday, May 19, 2009

သေနတ်ကိုင် လုံခြုံရေးနှင့် လူအုပ်စု

မဇ္ဈိမ
အင်္ဂါနေ့၊ မေလ 19 2009 13:25 - မြန်မာစံတော်ချိန်
ဦးဝင်းတင် အရှေ့ဘက်တွင် ရပ်ထားခဲ့သော လက်နက်ကိုင် လုံခြုံရေးကားသည် နေရာရွှေ့သွားပြီ ဖြစ်သော်လည်း လူအုပ်စုများ ရှိရာဘက်သို့ ဦးတည်မောင်းလာလိုက်၊ လူအုပ်စုက အိနြေ္ဒမပျက် ဖယ်ရှားလိုက်နှင့် ဖြစ်နေသည်။

ယမန်နေ့က ရှင်းလင်းနေခဲ့သည့် လမ်းမပေါ် ယခုနေရာတွင် ယခု စစ်ကားတစီးထဲ သေနတ်ပြောင်းများ ချိန်ရွယ်ကာ ဟန်ရေးပြနေသဖြင့် လူငယ်အများစု ပါဝင်သော ၄၀၀ ကျော်ရှိမည့် လူအုပ်စုကြီးက မကျေမချမ်း ပြောဆိုမှုများလည်း ရှိနေသည်။

တိုက်ရိုက် မမြင်တွေ့ရ၊ မကြားရသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို လာရောက်နားစွင့်သူမှာ ယမန်နေ့ကထက် များလာပြီး လူငယ်အများစု ပါဝင်သည်ကို တွေ့ရသည်။
-----------------------------------

လက်နက်ကိုင် လုံခြုံရေးများ ဦးဝင်းတင်ရှိရာ ချဉ်းကပ်လာ
အင်္ဂါနေ့၊ မေလ 19 2009 12:35 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဦးဝင်းတင် ထိုင်နေရာ တည့်တည့်သို့ ယူနီဖောင်းဝတ် လက်နက်ကိုင် လုံခြုံရေးများ ကားတစီး အပြည့်ဖြင့် ရောက်ရှိလာရာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ယမန်နေ့က လက်ကိုင်စကားပြော ကိုင်သူ နှစ်ဦး၊ သုံးဦးသာ ထိုနေရာသို့ ရောက်ခဲ့ရာမှ အထူးတပ်ဖွဲ့ ဖြစ်ဟန်ရှိသည့် လုံထိန်းရဲ ၃ဝ ခန့်က ကားဖြင့် ရောက်လာပြီး ဦးဝင်းတင်ရှေ့ဘက် တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ရာ စိုးရိမ် ထိတ်လန့်လာသူ အချို့ ရှောင်တိမ်းကုန်သည်။

ဦးဝင်းတင်မှာ ထိုင်မြဲထိုင်လျှက်ရှိပြီး အခြေအနေမှာ လာရောက်ကြည့်ရှုသူ အချို့ စိုးရိမ်မှုများ အတိုင်းသား မြင်တွေ့နေရကြောင်း အခြေအနေကို အကဲခတ် စောင့်ကြည့်နေသူ တဦးက ပြောသည်။

No comments:

Post a Comment