Tuesday, May 19, 2009

အာဆီယံ၏ ဒေါ်စုလွှတ်ပေးရန် တောင်းဆိုမှုကြောင့် ယနေ့ ထောက်ခံသူများ ထောင်ရှေ့တွင် ပိုများလာ

တင်ကျော်ကျော်စိုး | အင်းစိန်ထောင်တွင်း တရားစွဲဆို ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ အဖွဲ့ကြီးက လွှတ်ပေးရန် တောင်းဆို မှုကြောင့် ပြည်သူများမှာ အားတက်လာပြီး ယနေ့ အင်းစိန်ထောင်ရှေ့တွင် ပိုမို စုမိလာ နိုင်ခဲ့သည်။

ယနေ့ထုတ် သတင်းစာများတွင် ဖေါ်ပြထားသည့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုမှု သတင်း
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်း ကိစ္စတိုင်းတွင် တုံဏှိဘာဝေ နေလေ့ ရှိသည့် အာဆီယံက ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုမှုကြောင့် ရန်ကုန်မြို့ ခံများမှာ အထူးအားတက်မိကြသည် ဟု သိရသည်။

အင်းစိန်ထောင်ရှေ့ရှိ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူ တစ်ဦးကမူ “ကျွန်တော် တို့က မနေ့က မရောက်ဘူး ဒီနေ့မနက် အဆီယံကပါ လွှတ်ပေးဖို့ တောင်းဆိုနေပြီ ပြောတာနဲ့ လာကြတာ ဒီကိုရောက်ဖို့ တစ်နာရီလောက် လမ်းလျှောက်လာ ရတယ်” ဟု Freedom News Group သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား သူ့ကို တရားစွဲဆို ထားသူများနှင့် ရုံးတင် စစ်ဆေးနေသည့် သတင်းကို ယမန်နေ့က မြန်မာ့အသံ နှင့် မြန်မာ့ ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ပြီး ယနေ့ ထုတ် သတင်းစာများတွင် ဖေါ်ပြထားသဖြင့် ပြည်သူများက ပို၍ ထောက်ခံမှုရှိ နိုင်ကြောင်း သတင်းသမား တစ်ဦးက ပြောသည်။

ယနေ့ မနက် အစောပိုင်း ကတည်းက အင်းစိန်ထောင် ရှေ့တွင် လုံခြုံရေးများ ပိုမိုတင်းကျပ်စွာ ချထားပြီး ဦးဝင်းတင် အနီးကပ် စောင့်ကြည့် နေသည် ဟုသိရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပြင်သစ်သမ္မတ ဆာကိုဇီ၏ ဇနီးဖြစ်သူကလည်း တောင်းဆို ထားသည်။

source by : Freedom News Group

No comments:

Post a Comment