Monday, May 18, 2009

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံတောင်းဆိုပြီ

အင်္ဂါနေ့၊ မေလ 19 2009 11:50 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒုတိယနေ့ တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က တောင်းဆိုလိုက်သည်။
”ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံတော် အစိုးရကို အာဆီယံ ခေါင်းဆောင်များက တောင်းဆိုလိုက်ပါသည်” ဟု အာဆီယံ၏ ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။
”အာဆီယံ အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာ ကူးပြောင်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ ကူညီပံ့ပိုးမှုလုပ်ပေးဖို့ အဆင့်သင့်ဖြစ်နေကြောင်း ထိုင်းနိုင်ငံသည် အာဆီယံရဲ့ ဥက္ကဌအနေနဲ့ ထပ်လောင်းပြောလိုက်ရပါသည်၊” ဟုလည်းပါရှိသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/2985-2009-05-19-04-16-50.html

Summary

Rest of your post

No comments:

Post a Comment