ဖမ်းတုန်းက ကောင်းပြီကောင်းရက် နဲ့  ဖမ်းပြီး အဆုံးကျ ရှောချ ဖင်ဆီဗူးတုန်အောင် ကြောက်ပြီးပြန်လွှတ်ပေးတယ်။ တော်တော်လည်း အဖြစ်ရှိတဲ့ နအဖ...ဟိုအကောင်တွေ က ကျီးကန်းတွေလို နောက်တခါ ပြန်လာဦးမှာဘဲ..
သူ့ အဖေတရုတ်ကြီးကတော့ ဘိန်းမှုနဲ့  ဗြိတိန်နိုင်ငံသား..တောင်းပန်တာတောင်မရဖူး သေဒဏ်တဲ့။။
နအဖ ကတော့ နိုင်ငံခြားသား လာစော်ကားလည်း ခြေဖက်ထိုင်ကန်တော့ တာဘဲ..ကျုပ်အမေပါ ယူသာသွားပါဗျို့  အချိုးလေးနဲ့ .
ဒါနဲ့ များ နိုင်ငံတော်ကြီးကို အသက်ပေးကာကွယ်မတဲ့ အဟက် အဟက်....
ဖမ်းထားတဲ့ နိုင်ငံခြား ငါးဖမ်းသင်္ဘောသား ၁၀၀ ကျော် ပြန်လွှတ် 28 December 2009
မြန်မာ့ရေပိုင်နက်ထဲမှာ တရားမ၀င် ငါးဖမ်းမှုနဲ့ နိုဝင်ဘာလလယ်က ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံခြားသား ငါးဖမ်းသမား ၁၂၈ ဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုနဲ့ တရားစွဲထားရာက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ထိုင်ဝမ်က ၄ ဦးကတော့ အရင်ကတည်းက ဒဏ်ကြေး ပေးဆောင်ခဲ့ရပေမဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား ငါးဖမ်းသမားတွေကိုတော့ ဒဏ်ကြေးငွေ ပေးဆောင်စရာ မလိုဘဲ လွှတ်ပေးခဲ့တယ်လို့ ရန်ကုန်မှာရှိတဲ့ သက်ဆိုင်ရာ သံရုံးတာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
နိုဝင်ဘာလလယ်တုန်းက မြန်မာ့ရေပိုင်နက်ထဲမှာ တရားမ၀င် ငါးဖမ်းနေတဲ့ ငါးဖမ်းစက်လှေ ၁၀ စင်းကို ဖမ်းဆီးခဲ့တဲ့ အထဲမှာ အင်ဒိုနီးရှားက ငါးဖမ်းသမား ၁၀၀ ကျော်အပြင် ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံသား ငါးဖမ်းသမားတွေပါ ပါဝင်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံသား ငါးဖမ်းသမား အားလုံးပေါင်း ၁၁၁ ယောက်ကိုတော့ သောကြာနေ့မှာ မြန်မာအာဏာပိုင်တွေက ပြန်ပြီး လွှတ်ပေးခဲ့တယ်လို့ အင်ဒိုနီးရှားသံရုံးက တတိယအတွင်းဝန် မစ်စ် ဒိုင်ယက်စဖီ ခပ်လစ်စ်တာက ပြောပါတယ်။
“အားလုံးပေါင်း ငါးဖမ်းသမား ၁၁၁ ဦးကို ပြန်လွှတ်ပေးခဲ့တာပါ။ ၁၀၂ ယောက်ကတော့ ရန်ကုန် အင်းစိန် အကျဉ်းထောင်ကပါ။ ကျန် ၉ ယောက်ကတော့ ဘိတ်မှာ ဖမ်းထားတာပါ။ အခု အားလုံးကို ပြန်ပြီး လွှတ်ပေးလိုက်လို့ ဘိတ်မှာဖမ်းထားတဲ့ သူတွေကိုလည်း ကျမတို့ရုံးက သွားပြီး ခေါ်နေပါပြီ။ သူတို့အားလုံးကို ပြန်ပို့နိုင်ဖို့အတွက် လေယာဉ်ပျံလက်မှတ်ရဖို့ ကြိုးစားနေပါတယ်။” လို့ ပြောသွားပါတယ်။
အခုလောလောဆယ် အင်းစိန်ထောင်ထဲမှာ အကျဉ်းကျနေတဲ့ အင်ဒိုနီးရှား အကျဉ်းသားတွေကို တခြားမှာ ထားစရာနေရာ မရှိတဲ့အတွက် အင်ဒိုနီးရှားသံရုံးက သွားမခေါ်နိုင်သေးဘဲ လေယာဉ်ပျံလက်မှတ်ရမှ သွားခေါ်မယ်လို့လည်း ပြောပါတယ်။ အရင်တုန်းက ဒီလူတွေ အားလုံးအတွက် ဒဏ်ကြေးငွေ ပေးရမယ်လို့ ပြောခဲ့ပေမဲ့ အခုတော့ ဒဏ်ကြေးပေးစရာ မလိုဘဲ လွှတ်ပေးခဲ့တာလို့လည်း ပြောပါတယ်။
အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ ဖိလစ်ပိုင်နိုင်ငံသား ငါးဖမ်းသမား ၁၄ ဦးကိုလည်း သောကြာနေ့မတိုင်ခင် ၂ ရက်အလိုကတည်းက ပြန်ပြီးလွှတ်ပေးဖို့ နှုတ်နဲ့ အကြောင်းကြားခဲ့တာမို့ သောကြာနေ့မှာ ဖိလစ်ပိုင်သံရုံးက သွားရောက်ခေါ်ဆောင်ပြီး ဒီ ၁၄ ဦးကို လေယာဉ်ပျံနဲ့ ဖိလစ်ပိုင်နိုင်ငံကို ပြန်ပို့ပေးခဲ့တယ်လို့ ဖိလစ်ပိုင်သံရုံး ပြောခွင့်ရ မစ္စတာ ချတ် ဟာစင်တိုက ပြောပါတယ်။
“သူတို့က အခု ဖိလစ်ပိုင်နိုင်ငံမှာ ရောက်နေပါပြီ။ သူတို့ကို ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့မှာ ပြန်ပြီး ပို့ပေးလိုက်ပါပြီ။ ၂၃ ရက်နေ့မှာ ပြန်ပြီးလွှတ်ပေးဖို့ နှုတ်နဲ့ အကြောင်းကြားခဲ့တာမို့ ၂၅ ရက်နေ့အရောက် ပြန်ပို့နိုင်ဖို့ စီစဉ်နိုင်တာပါ။” လို့ ပြောသွားပါတယ်။ ဒါ့အပြင် ပြစ်ဒဏ်ငွေ လုံးဝမဆောင်ဘဲ လွှတ်လိုက်တာလို့လည်း ပြောပါတယ်။
ထိုင်ဝမ် နိုင်ငံခြားရေးရုံးက ပြန်ကြားရေးတာဝန်ခံ ဂျွန်းအူးကတော့ ထိုင်ဝမ်နိုင်ငံသား ၄ ဦး ပြန်ပြီး လွှတ်ပေးတာကို အတည်ပြု ပြောကြားခဲ့ပါတယ်။
“ထိုင်ဝမ်နိုင်ငံသား ၄ ဦး ဒီနေ့ ပြန်ရောက်မယ်ဆိုတာ အတည်ပြုပြီး ပြောချင်ပါတယ်။ သင်္ဘောကပ္ပတိန် ၃ ဦးနဲ့ သင်္ဘောသား ၁ ဦးပါ။ သူတို့ဟာ ထိုင်ဝမ်က တိုင်ပေကို ဒီည ပြန်ရောက်မှာပါ။ သူတို့ကို ပြန်ပြီး လွှတ်ပေးလိုက်ပါပြီ။” လို့ ပြောသွားတာ ဖြစ်ပါတယ်။
ထိုင်ဝမ်နိုင်ငံသားတွေ လွတ်မြောက်ဖို့ အတွက်တော့ အရင်ကတည်းက ဒဏ်ကြေးငွေ ပေးဆောင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ သူတို့ လွတ်မြောက်နိုင်ရေးအတွက် လုပ်ရိုးလုပ်စဉ်အတိုင်း အဆင့်ဆင့် လုပ်နိုင်ဖို့အတွက် တလကျော်ကြာအောင် အတော်ကြိုးပမ်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူတယောက် အတွက်တော့ တရုတ်နိုင်ငံ သံရုံးက သူလွတ်မြောက်နိုင်ဖို့အတွက် လုပ်ဆောင်ခဲ့ပါတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် နောင်မှာ ဒီလို နယ်မြေကျူးကျော်ပြီး ငါးဖမ်းမှုတွေ ကြုံတွေ့ခဲ့ရင်လည်း ပူးတွဲပြီး ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဒီမှာဗျ..တရုတ်ကြီး ကြမ်းပြတာ.. အဲလိုလုပ်ပြပါလား နအဖ တကယ်ဘဲ...နိုင်ငံခြားသားတွေ သောက်ဂရုမစိုက်ဖူးဆိုရင်..
အခုတော့ မြန်မာ့ပင်လယ်ပြင်ကငါးတွေ .သူများခိုးတာနဲ့ ကုန်ပါပြီရော
ဗြိတိန်နိုင်ငံသားကို သေဒဏ်ပေး ကွပ်မျက်
29 December 2009
မေတ္တာရပ်ခံမှုတွေ အကြိမ်ကြိမ်လုပ်နေတဲ့ ကြားက ဗြိတိန်နိုင်ငံသားတဦးကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ သေဒဏ် စီရင်လိုက်တာနဲ့ ပတ်သက်ပြီး လန်ဒန်မှာရှိတဲ့ တရုတ် သံအမတ်ကြီးကို ဗြိတိန်အစိုးရက ဆင့်ခေါ်ခဲ့ပါတယ်။ ဗြိတိန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ဖုယင်း (Fu Ying) ကို ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီကနေ့ပဲ ဆင့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
သူ့ကို သေဒဏ် မစီရင်ဖို့ ဗြိတိန်အစိုးရနဲ့ သူ့ရဲ့ မိသားစုဝင်တွေက မေတ္တာရပ်ခံ ခဲ့ကြပေမဲ့လည်း တရုတ်အစိုးရ ကတော့ သေဒဏ် စီရင်လိုက်တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပါတယ်။ သေဒဏ် အပေးခံခဲ့ရတဲ့သူဟာ စိတ်မနှံ့သူတဦးဖြစ်ပြီး ပြစ်မှုကျူးလွန်မှုထဲမှာ အကွက်ဆင်ခံခဲ့ရတာလို့ ဆိုပါတယ်။
ဒီနေ့ ထုတ်ပြန်တဲ့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာန ကြေညာချက်ထဲမှာ အသက် ၅၃ နှစ်အရွယ် ဗြိတိန်နိုင်ငံ သား အက်ခ်မေးလ် ရှိတ်ခ် (Akmal Shaikh) ကို သေဒဏ်မပေးဖို့ ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က မေတ္တာရပ်ခံခဲ့ပေမဲ့လည်း အခုလို သေဒဏ်စီရင်လိုက်တဲ့အတွက် သူ စိတ်ပျက်မိတဲ့ အကြောင်း ထည့်သွင်း ရေးသားထားပါတယ်။
အခု သေဒဏ်စီရင်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသားဟာ တရုတ်နိုင်ငံအတွင်းမှာ နှစ်ပေါင်း ၅၀ ကာလအတွင်း ဥရောပ နိုင်ငံသားတွေထဲက ပထမဦးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ သူ့ကို ၂၀၀၇ ခုနှစ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဘိန်းဖြူ ဂရမ် ၄,၀၀၀ ကျော် တရုတ်ပြည်ထဲကို ယူလာတယ်လို့ တရုတ်အစိုးရဘက်က ပြောပါတယ်။
သေဒဏ်ကင်းလွတ်ခွင့်ပေးဖို့ မေတ္တာရပ်ခံထားတာကို တရုတ်အစိုးရက ငြင်းပယ်ခဲ့တဲ့အတွက်လည်း အထူးပဲ စိတ်ထိခိုက်ရတယ်လို့ သူ့ရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။ သေဒဏ်ပေးခံခဲ့ရတဲ့ အက်ခ်မေးလ် ရှိတ်ခ်ဟာ စိတ်ကစဥ့်ကလျားဖြစ်တဲ့ ရောဂါကို ခံစားနေရသူ ဖြစ်တယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။
ဗြိတိန်ဘက်က တရုတ်ကို ဝေဖန်တာတွေနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျန်ယုက အခုသေဒဏ်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဗြိတိန် နှစ်နိုင်ငံကြား ဆက်ဆံရေးကို မထိခိုက်အောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ ဥပဒေကို လေးစားဖို့လည်း ပြောဆိုပါတယ်။
Tuesday, December 29, 2009
နိုင်ငံခြားသားကျ ဖင်တုန်အောင်ကြောက်တာ နအဖ
အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် နှစ်သစ်ကူးပြုလုပ်မည့် အစီအစဉ်
မသေမချင်း..အမှုထပ်တတ်မယ်..နင်အကောင်ကြီးတယ် နှစ်ခါလျှောက်..
ဒေါ်အောင်ဆန်းစုကြည် သူ့ဖာသာသူ အိမ်ထဲနေတာတောင် အမှူပေါင်းစုံတပ်မှ ဗျာ..ကိုညီညီအောင်ကို မမိမချင်း အမျိုးမျိုး အမှူထပ်တတ်တာ..ဘာမှမဆန်းဖူး...
မြန်မာပြည်တရားရုံးနဲ့  တရားရေးဝန်ထမ်းတွေ ဒီလောက်မတရားတာ..သေတောင်လျှာ မီးလောင်မှာမဟုတ်ဖူး..
လိမ်လွန်းလို့  အထူးသဖြင့် အောင်တိုးဆိုတဲ့ အိုနာ ကျိုးကန်းကြီးပေါ့ဗျာ
ကိုညီညီအောင်ကို ပုဒ်မ ထပ်တိုးပြန်
အေးလဲ့
မင်္ဂလာဒုံ လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် အမေရိကန် နိုင်ငံသား ခံယူထားသူ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်ကို ပုဒ်မတခု ထပ်တိုး စွဲဆိုလိုက်ကြောင်း ၎င်း၏ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
ယနေ့ပြုလုပ်သည့် ကိုညီညီအောင်အတွက် အင်းစိန်ထောင်တွင်း တရားရုံး ရုံးချိန်းကို အမေရိကန်သံရုံးမှ တာဝန်ရှိသူများနှင့် အကျိုးဆောင် ရှေ့နေ ၂ ဦး တို့ ၁၅ မိနစ်ကြာ တက်ရောက် ကြားနာခွင့် ရခဲ့ကြောင်း သိရသည်။ နောက်တကြိမ် တရားရုံးချိန်းကို လာမည့် ဇန်နဝါရီလ ၁ ရက်၊ သောကြာ နေ့သို့ ပြန်လည် ချိန်းဆိုလိုက်သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ကိုညီညီအောင်ကို ယခု ထပ်မံစွဲဆိုသည့် အမှုသည် ရဲအရေးမပိုင်သော အမှု ဖြစ်သည့်အတွက် ဗိုလ်တထောင်မြို့နယ် မှတ်ပုံတင်ရုံးက မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၃) ဖြင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားသည်ဟု ၎င်းကဆိုသည်။
ရှေ့နေ ဦးကြည်ဝင်းကလည်း “အရင်က စွဲဆိုထားပြီး ဖြစ်တဲ့ အမှု နှစ်မှုကို စွဲချက် တင်သင့်၊ မတင်သင့် လျှောက်လဲချက် စာနဲ့ ရေးတင်ရတယ်” ဟု ပြောသည်။
ကိုညီညီအောင်နှင့်ပတ်သက်၍ ရှေ့နေ ဦးဉာဏ်ဝင်းက “သူ့ကို ကြည့်ရတာ ကျန်းမာရေးက အရင်တပတ်ကထက်စာရင် အများကြီး ကောင်းပါတယ်၊ သူ့အမှုအကြောင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ စကားပြောဖြစ်ပါတယ်” ဟု ဆိုသည်။
စစ်အစိုးရက ကိုညီညီညီအောင်ကို နိုင်ငံသား မှတ်ပုံတင် အတုပြုလုပ်သုံးစွဲမှုဆိုင်ရာ ပုဒ်မဖြစ်သော စာရွက်စာတမ်း လိမ်လည် အတုပြုလုပ်သည့်ပုဒ်မ (၄၂၀)၊ စာရွက်စာတမ်း အတုကို အသုံးပြုသည့် ပုဒ်မ (၄၆၈) နှင့် နိုင်ငံခြားငွေ စည်းကမ်းသတ်မှတ်ချက် ဖောက်ဖျက်မှုဆိုင်ရာ နိုင်ငံခြားငွေ တရားမဝင်လက်ဝယ် ထားရှိသည့် ပုဒ်မ (၂၄/၁) တို့ဖြင့် တရားစွဲဆိုထားခဲ့သည်။
ယမန်နေ့က ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးမှ ဒု ကောင်စစ်ဝန်အပါအဝင် တာဝန်ရှိသူတို့ ထောင်ဝင်စာတွေ့ခွင့်ရကြောင်း ကိုညီညီအောင်၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောသည်။
သို့သော် အမေရိကန်သံရုံးမှ တာဝန်ရှိသူတဦးကမူ ယမန်နေ့က ထောင်ဝင်စာတွေ့ခွင့်ရခြင်းနှင့် ပတ်သက်ပြီး တစုံတရာမှ ပြောဆိုခြင်း မရှိပေ။
ဒီဇင်ဘာ ၁၈ ရက်နေ့က အမေရိကန်သံရုံးမှ တာဝန်ရှိသူများနှင့် ကိုညီညီအောင်တို့ ခေတ္တခဏတွေ့ဆုံခဲ့ရာ ၎င်း၏ အစာအငတ်ခံဆန္ဒပြမှု ပြီးဆုံးပြီဖြစ်ကြာင်းကို အတည်ပြုပြောဆိုခဲ့သည်ဟု သိရသည်။
ကိုညီညီအောင်သည် ဒီဇင်ဘာလ အစောပိုင်းတွင် အကျဉ်းထောင်ဝန်ထမ်းများက အကျဉ်းသားများအပေါ် ဆက်ဆံရေး မတရားမှုကို မကျေနပ်သည့်အတွက် အစာငတ်ခံဆန္ဒပြခဲ့ကြောင်း၊ ထို့ကဲ့သို့ ဆန္ဒပြခဲ့သောကြောင့် အာဏာပိုင်များက စစ်ခွေးတိုက် ထဲသို့ ပြောင်းရွှေ့ တိုက်ပိတ်လိုက်ကြောင်း ဒေါ်ခင်ခင်ဆွေက ပြောသည်။ ထိုအတောအတွင်း သူ၏ ကျန်းမာရေးမကောင်းဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။
အင်းစိန်ထောင် ဝန်ထမ်းတဦးက ဒေါ်ခင်ခင်ဆွေအား တပတ်လျှင် တကြိမ် ထောင်ဝင်စာ တွေ့ခွင့် ပေးနေရာမှ နှစ်ပတ်လျှင် တကြိမ်သာ ပေးတွေ့တော့မည် ဖြစ်ကြောင်း ဖုန်းဆက်အကြောင်းကြားသည် ဟု ပြောသည်။ အလားတူ အမေရိကန်သံရုံးမှ တာဝန်ရှိသူများကိုလည်း နှစ်ပတ်လျှင် တကြိမ်သာ ထောင်ဝင်စာ တွေ့ခွင့်ပေးသည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်ခဲ့စဉ် မင်္ဂလာဒုံလေဆိပ်၌ ကိုညီညီအောင်ကို ဖမ်းဆီးခဲ့သည်။ သူ အဖမ်းခံရပြီး ၃ ပတ်အကြာ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ ထိုပေါက်ကွဲမှုများအတွက် တာဝန်ရှိသည်ဟုလည်း အစိုးရ သတင်းစာထဲတွင် စွပ်စွဲထားသည်။
ကိုညီညီအောင်သည် ၂၀၀၅ မှ ၂၀၀၉ အတွင်း လူမှုရေးဗီဇာ (Social Visa) ဖြင့် မြန်မာနိုင်ငံသို့ (၈) ကြိမ် ပြန်ခဲ့ကြောင်း သတင်းစာတွင် ရေးထားသည်။
ကိုညီညီအောင်၏ မိခင်အပါအဝင် မိသားစုဝင် ၅ ဦးသည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၃ ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ သိရသည်။
ရွှေထက်ရှားတဲ့ ဆရာဝန်
ဟို ဖုတ်ဝင်နေတဲ့အဖိုးကြီးကျ..စစ်ဆရာဝန်က..ဘယ်သွားသွား ဘေးက ဆေးအိပ်ဆွဲ လိုက်နေရတယ်..သေမှာများ ကြောက်လွန်းလို့ .. မသေမှာ ကျနေတာဘဲ..ဆေးကုကောင်းတဲ့ သမားတော် ဇီဝက တောင် သူ့ ဖာသာသူမကုနိုင် သေတဲ့ဥစ္စာ
တရားမရှိတဲ့အရာ ပြောပါတယ်...လူမဆန်တဲ့ အစိမ်းရောင်ဝတ်ခွေးတွေ.။ .ထောင်တစ်ထောင်တောင်..အနည်းဆုံးဆရာဝန်တယောက်မှမရှိ.. သေပြီပေါ့ဗျာ.တခုခု.ဖြစ်တာနဲ့ 
လူ့ အခွင့်အရေးဆိုသည်....ဘာလည်း...???
အကျဉ်းသား ၇ ထောင်အတွက် ဆရာဝန် ၁ ဦးသာရှိ
ဧရာဝတီ သတင်းမှ
မြန်မာနိုင်ငံတွင် အကျဉ်းသား ၇၀၀၀ လျှင် ဆရာဝန် ၁ ဦးနှုန်းသာ ခန့်အပ်ထားကြောင်း အကျဉ်းဦးစီး ဌာန၏ စာရင်းများအရ သိရသည်။
အကျဉ်းသား ၂ သိန်းခွဲခန့်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ဆေးဘက်ဆိုင်ရာ ၀န်ထမ်း ၇၅ ဦးသာ ခန့်ထား သောကြောင့် အကျဉ်းသားများ၏ ကျန်းမာရေးမှာ စိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိနေသည်ဟု ရန်ကုန်မြို့မှ အထွေထွေ ရောဂါကု ဆရာဝန်တဦးက သုံးသပ်သည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၄၂ ခုနှင့် ရဲဘက် အလုပ်စခန်း ၁၀၉ ခုတွင် အကျဉ်းသားနှင့် အချူပ်သား အရေ အတွက် ၂၄၈၆၆၄ ဦး ရှိသော်လည်း အဆိုပါ အကျဉ်းသားများနှင့် အချုပ်သားများကို ကျန်းမာရေး ပြုစု စောင့်ရှောက်မှု ပေးရန် အကျဉ်းဦးစီး ဌာနတွင် ဆရာဝန် ၃၄ ဦး၊ ကျန်းမာရေးမှူး ၁၉ ဦး၊ သူနာပြု ၂၂ ဦး စုစုပေါင်း ၇၅ ဦးရှိကြောင်း အကျဉ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ရန်ကုန် အင်းစိန်ထောင်တွင် နိုဝင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အကျဉ်းသား ကျန်းမာရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။
“လူဦးရေ နှစ်သိန်းခွဲ လောက်ကို ဆရာဝန် ၃၄ ဦးနဲ့ ပုံမှန် ဆေးကုသမှု ပေးဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ဆိုတာ မလွယ်ပါဘူး။ ဒီစာရင်း အရဆိုရင် နေထိုင်မကောင်းဖြစ်တဲ့ အကျဉ်းသားတိုင်း ဆေးကုသ ခံယူခွင့် မရနိုင်လောက်ဘူး” ဟု အထွေထွေ ရောဂါကု ဆရာဝန်က ပြောသည်။
အကျဉ်းဦးစီးဌာနမှ အရာရှိတဦးအဆိုအရ အကျဉ်းထောင်နှင့် ရဲဘက်အလုပ်စခန်းအများစုတွင် ဆေးကုသမှု ဆိုင်ရာ ကျွမ်းကျင်သည့် ဆရာဝန်၊ ကျန်းမာရေးမှူးနှင့် သူနာပြုများ မရှိဘဲ ဆေးကုသမှုပညာ အနည်းငယ်သာ တတ်ကျွမ်းသော ဆေးတပ်သားများသာ ထားရှိကြောင်း သိရှိရသည်။
“အလုပ်စခန်းတွေမှာတော့ ဆရာဝန်မရှိဘူး။ လူဦးရေများတဲ့ ထောင်တချို့မှာတော့ ဆရာဝန်တဦးစီ ရှိတယ်။ ရဲဘက် အလုပ်စခန်းနဲ့ ထောင်တွေမှာ အများဆုံးထားတာက ဆေးတပ်သားတွေပဲ” ဟု သူက ဆက်ပြောသည်။
ဆေးတပ်သား ဆိုသည်မှာ ကျန်းမာရေးနှင့် ဆေးကုသမှုဆိုင်ရာ ပညာရပ်များကို စနစ်တကျ သင်ကြားခဲ့ခြင်း မရှိဘဲ လအနည်းငယ်မျှ ဆေးထိုး၊ ဆေးစပ်နည်းများသာ သင်ယူ ထားသူများဖြစ်ပြီး အကျဉ်းသားများကို လုံခြုံ စိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှု မပေးနိုင်ကြောင်း ရန်ကုန် အထွေထွေရောဂါကု ဆရာဝန်က ဆိုသည်။
စစ်အစိုးရ အကျဉ်းထောင်များတွင်နာမကျန်းဖြစ်နေသော အကျဉ်းသားများကို စနစ်တကျ ဆေး ကုသပေးနိုင် သော ကျန်းမာရေးဝန်ထမ်း မရှိသောကြောင့် အကျဉ်းသားအများစုသည် နေထိုင် မကောင်းဖြစ်လာလျှင် ဆေးမြီးတိုများကိုသာ အားကိုးရကြောင်း ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်မှုကြောင့် ထောင်ကျခဲ့ပြီး လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်မြောက် လာသော နိုင်ငံရေးအကျဉ်းသား တဦးက ရှင်းပြသည်။
“ထောင်ဝင်စာလာတွေ့တဲ့မိသားစုကို ဆေးမြီးတိုနဲ့ တိုင်းရင်းဆေးအထုပ်တွေ မှာရတယ်။ ထောင်ထဲမှာ ဖျားနာ လာရင် အချင်းချင်း ဆေးမြီးတိုလေးတွေနဲ့ ကုကြတယ်” ဟုသူကဆိုသည်။
အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေပြီး ငွေကြေးတတ်နိုင်သောအကျဉ်းသားများကအကျဉ်း ဦးစီး အရာရှိ များကို ငွေပေးကာ ကောင်းမွန်စွာ နေထိုင်နိုင်ကြောင်း၊ သို့ရာတွင် နိုင်ငံရေး အကျဉ်းသား များမှာ မူ ထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုများ ခံရလေ့ရှိပြီး တခြားအကျဉ်းသားများ နည်းတူ အခွင့်အရေးတန်းတူ မရ ကြောင်း၊ အထူးသဖြင့်နိုင်ငံရေး အကျဉ်းသားများ နေထိုင်မကောင်းဖြစ်လာလျှင် ဆေးကုသခွင့်ရရန် မလွယ် ကူကြောင်း သိရသည်။
“နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ဆေးကုသ ခွင့်ရဖို့ တော်တော်အရေးဆိုရတယ်” ဟု ၁၅ နှစ်ခန့် ထောင်ကျခဲ့ဖူးသူနိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ပြောသည်။
နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သော ကျန်းမာရေးကိစ္စအပါအ၀င် ကိစ္စများအားလုံးကို ထောင်အာ ဏာပိုင်များက ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ စစ်ဗိုလ်ချုပ်ကြီးများအထိ တင်ပြကာ ခွင့်ပြုမိန့် တောင်းခံရလေ့ ရှိသော ကြောင့် နိုင်ငံရေး အကျဉ်းသားများ နေထိုင်မကောင်းဖြစ်လာလျှင် ချက်ချင်း ဆေးကုသခွင့် မရနိုင်ခြင်းဖြစ် ကြောင်း အကျဉ်းဦးစီးဌာနမှ ကြားသိရသည်။
ယခုဒီဇင်ဘာလအတွင်း အင်းစိန်ထောင်တွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၌ ပါဝင်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ၃ လ ကျခံနေရသော အသက် ၃၈ နှစ်အရွယ် မတင်တင်ထွေး နှလုံး သွေးကြောပေါက်ရောဂါဖြင့် ကွယ် လွန်သွားသည်ဟု ကြားသိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၃ ဦးရှိကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ထောင်တွင်း၌ သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၄၃ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများ အရ သိရသည်။
စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ၂၀၀၆ ခုနှစ်က အကျဉ်းသားဦးရေ ၁၀၀၀ လျှင် သေဆုံးသူ ၆ ဦးရှိပြီး ယခု ၂၀၀၉ ခုနှစ်တွင် အကျဉ်းသား ၁၀၀၀ လျှင် သေဆုံးသူ ၃ ဦးအထိ ကျဆင်းခဲ့ကြောင်း သိရှိရသည်။
Monday, December 28, 2009
ညောင်မြစ်တူးမိလို့  ပေါ်ရတဲ့ ပုတ်သင်ညိုဥ (ဘယ်သူများလဲဟဲ့ လဲ့လဲ့နွယ်သိမ်း)

ဒေါ်လဲ့လဲ့နွယ်သိန်းနှင့်ပတ်သက်ပြီး သိသလောက် ပြောပြပါရစေ ...
ဒေါ်လဲ့လဲ့နွယ်သိန်းရဲ့ အဖေက မော်လမြိုင်မှ တရုတ်လူမျိုးပါ။ သူ.အမေကတော့ တနင်္သာရီကဘဲ မွန်အမျိုးသမီး။ သူဟာ မောင်နှစ်မ (၅) ယောက်အနက် အကြီးဆုံး မော်လမြိုင် မော်တလိမ်း ကျောင်းက ဆယ်တန်းအောင်ပြီး တက္ကသိုလ်မှာ Zoology နှင့် ဘွဲ.ရ ပါတယ်။
သူ.မိသားစုဟာ ရန်ကုန်ကို ပြောင်းလာပြီး ပြည်လမ်းမ လေဟာပြင်ဈေး (ဟောင်း) မှာ ဆေး ရောင်းပါတယ်။
သူ.နာမည်ရင်းက သိန်းလဲ့နွယ် လို.ခေါ်ပါတယ်။ သိန်းလဲ့နွယ်ရဲ့ အမေဟာ ယောက္ခမဖြစ်သူ တရုတ်မိသားစုရဲ့ အသိအမှတ်ပြုခြင်း မခံရလို. သိန်းလဲ့နွယ် ဘ၀မှာ ခံစားချက် ရှိခဲ့ပါတယ်။
သူ.ရဲ့ မြင့်မားခြင်တဲ့စိတ် လူထဲဝင်ခြင်တဲ့စိတ်နဲ့ ကြိုးစားခဲ့ပါတယ်။ အနောက်တိုင်းကို အထင်ကြီးတဲ့ သိန်းလဲ့နွယ်ဟာ တက္ကသိုလ်မှာ demonstrator လုပ်ရင်း သံရုံးပါတီတွေ တက်ရောက်ခဲ့ ကျက်စားခဲ့ပါတယ်။
(၁၉၆၆ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး ၁၉၇၀ ခုနှစ်မှာ ဘွဲ.ရပြီး ရန်ကုန် တက္ကသိုလ်မှာ သရုပ်ပြဆရာမ လုပ်ခဲ့ပါတယ်။ သုခမြိုင်မှာနေပြီး ညဘက် နိုင်ငံခြားသားတွေနဲ့ ပါတီသွားရင် ပြည်လမ်းက သူငယ်ချင်းအိမ်မှ တဆင့်သွားခဲ့ပါတယ်။ ဒီလို ပါတီတက် အရက်သောက်ရင်း ဂျာမန်အမျိုးသားတစ်ဦးနဲ့ living together ၃-၄ နှစ်နေခဲ့ပါတယ်)။
ပါတီဂျပိုး သိန်းလဲ့နွယ်ဟာ ဂျာမန် လူမျိုးတစ်ယောက်နှဲ့  ချစ်ကျွမ်းဝင်ပြီး နှစ်ပေါင်းအတန်ကြာ တွဲခဲ့ပြီး အတူနေခဲ့တော့မလောက် ရင်းနှီးခဲ့ ပါတယ်။
ဂျာမန်လေး ပြည်တော်ပြန်ချိန်မှာ လိုက်သွားဖို. ကြိုးစားခဲ့ပေမဲ့ ဖခင်ဖြစ်သူ အသဲအသန် ခွဲစိတ်ဆေးကုသခံနေခဲ့ရတာမို. လိုက်သွားခွင့်ကို မိခင်က မပေးလို. လိုက်မသွားရဘဲ ကျန်ခဲ့ပါတယ်။ ဖခင်နေကောင်းလာပြီးတော့မှ ရန်ကုန်မှာနေတဲ့ အမေရိကန် အသက်ကြီး အဖိုးကြီး တစ်ယောက် ၏ ဇနီးအဖြစ်ဖြင့် ယူအက်စ်ကို လိုက်ပါသွားခဲ့ပါတယ်။
ယူအက်စ်ရောက်ပြီး မကြာခင်မှာဘဲ အဖိုးကြီးကို ပစ်ခဲ့လို. အမေရိကန်အဖိုးကြီးဟာ ရန်ကုန်က သူ့အိမ်နီးခြင်း ဆရာဝန်မကြီးတစ်ဦးကို မျက်ရည်စက်လက်နဲ့  ပြောပြခဲ့တာ မြင်တွေ.ဘူးပါတယ်။
ဒေါ်သိန်းလဲ့နွယ်ဟာ ယူအက်စ်ရောက်ပြီးနောက် အမျိုးသား (အဖြူ) တစ်ဦးနှင့် ထပ်အိမ်ထောင်ထပ်ကျဘူးပြီး ကွဲသွားတယ်လို. သိရပါတယ် ( အတိအကျတော့ မသိပါ)။ နောက် တော့ အောင်ဆန်းဦးနဲ့ အိမ်ထောင်ကျပြီး ဒေါ်သိန်းလဲ့နွယ်ဟာ ယူအက်စ်ရောက်ပြီး ဒေါ်လဲ့လဲ့နွယ်သိန်းအဖြစ်ဖြင့်၎င်း ဗိုလ်ချုပ်အောင်ဆန်း ချွေးမအဖြစ်၎င်း အလွန်လှပစွာ ၀တ်စားဆင်ယင်၍ အာဇာနည်နေ့ အခမ်းအနားများတွင် ဦးအောင်ဆန်းဦးနှင့်အတူ သတင်းစာမျက်နှာဖုံးတွင် ပေါ်ထွက်လာပါတော့တယ်။
တစ်သက်လုံး အညတြဘ၀ဖြင့် နေခဲ့ရပြီး အလွန်မြင့်မားချင်သူ သိန်းလဲ့နွယ် (ခေါ်) ဒေါ်လဲ့လဲ့နွယ်သိန်း ဆုတောင်း ပြည့်ခဲ့သည့်အပြင် ၄င်း၏ မောင်နှမများ၏ စီးပွားရေးလုပ်ငန်းများကို နအဖဗိုလ်ချုပ်ကတော်များ၏ အကူအညီဖြင့် ထောက်ပံ့ခဲ့ ကူညီခဲ့သူ ဖြစ်ပါတယ်။ လဲ့လဲ့နွယ်သိန်းသည် သူ၏ မောင်နှစ်မများကို ကူညီရန် ၀န်မလေးခဲ့ပေမဲ့ ဦးအောင်ဆန်းဦးကတော့ တစ်ဦးတည်းသော နှစ်မဖြစ်သူ မုဆိုးမကို နေအိမ်မှာ မနေနိုင်အောင် ဒုက္ခပေးဘို. ပြင်ဆင်နေသည်မှာ ရင်နာစရာ ကောင်းပါသည်။
ဦးအောင်ဆန်းဦးရော ဒေါ်လဲ့လဲ့နွယ်သိန်းပါ ယူအက်စ် နိုင်ငံသား ခံယူထားကြပြီး ဖြစ်ပါသည်။
အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ အနေနဲ့  မိမိကိုယ်ကျိုးစီးပွားရေးအတွက် လုပ်နေရုံတင် မဟုတ်ဘဲ၊ နအဖအလိုကျတင်မဟုတ်ဘဲ ကိုယ်ကိုတိုင်ကပါ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ အနှောင့်အယှက်ပေးတာတွေ လုပ်နေရတာလည်းဆိုရင် အောင်ဆန်းဦးရဲ့  မိန်းမ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းကြောင့် အစပြုတယ် ဆိုရပါလိမ့်မယ်။
(ရေးသားဖေါ်ပြသူ - မောင်မောင်)။
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
December
(180)
- မြက်ရိတ်နေရင်တောင် ခက်ဦးမယ်
- အလွမ်းများနဲ့ ဧရာဝတီဇတ်ကား ဂျပန်လူမျိုးများပါ စိတ်...
- ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုတဲ့ ယုန်...
- ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမကြီး(၇၉)လပြည့် ဝမ်းနည်...
- နတ်ပြည်ပေါ်မှဒုက္ခများ....စင်္ကာပူက အကြောင်း
- ဆရာစံတဲ့ဟေ့...ဒို့ များရဲ့ အာဇာနည်
- ကြီးလေချာလေ.. ကြီးလေ မိုက်လေတဲ့ ခိုးစားတတ်တဲ့ ကျီး...
- ကောင်မလေးတွေသာ ချွတ်တာမဟုတ်ဖူး..သူတို့ လည်း ကျွတ်က...
- ဘု ရင် ရူး ကြီး သန်း ရွှေ
- လေးစားထိုက်ပါသည်။ ရွက်ပုန်းသီး အာဇာနည် စစ်သည်များ
- သဘာဝ ဘေးအန္တရာယ် ရန်ပုံငွေ ရှာဖွေပွဲ
- နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲနီးလေ နအဖက လှည့်ဖြားကစားေ...
- သူတို့ ကျ တယ်ဟုတ်နေပါလား...
- ရဲက အန်အယ်ဒီတို့၏ ကိုယ်ရေးရာဇဝင်တောင်း
- အန်အယ်ဒီက CEC စုံညီ အစည်းအဝေး ကျင်းပလို
- နိုင်ငံခြားသားကျ ဖင်တုန်အောင်ကြောက်တာ နအဖ
- အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် န...
- The Voice Weekly JournalNo.8, Vol 6, December 28, ...
- မသေမချင်း..အမှုထပ်တတ်မယ်..နင်အကောင်ကြီးတယ် နှစ်ခါေ...
- ရွှေထက်ရှားတဲ့ ဆရာဝန်
- ညောင်မြစ်တူးမိလို့  ပေါ်ရတဲ့ ပုတ်သင်ညိုဥ (ဘယ်သူများ...
- သားဦး...စောက်ရူး
- လင်္ကာတမန်မဂ္ဂဇင်း မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ
- ပြည်သူ့ သဘောထားအမှန်
- ကျနော် လူကြမ်းမင်းသား
- New perspective of Myanmar ( plastic Problem)
- People & Power - Myanmar: Beneath the surface
- နတ်ကိုးကွယ်မှုနဲ့  မြန်မာပြည်
- တိုးတက်နေသော မြန်မာပြည်ကြီး..
- UNICEF: Tsunami 5: Myanmar battles repeat disasters
- New Year Countdown
- စတားလုံး ရဲ့..မှိုင်းလုံးမိနေသူ..ဘယ်သူတုန်း..
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျ...
- အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
- ရာဇ၀င် မတွင်ခဲ့တဲ့သား
- သတင်းမှောင်ချထားမှု
- အာဇာနည် ဘလော့ခ်မှ ပြည်တွင်းရှိ ညီအစ်ကို များအတွက် ...
- အရှက်မရှိပါတဲ့.. မြန်မာစစ်အစိုးရ
- နေအိမ်ပြင်ဆင်နေမှု ရပ်ဆိုင်းခံရသည့် အပေါ်လူထုခေါင်းေ...
- မြန်မာတို့ရဲ့ ရွေမြန်မာ (ကောင်းလိုက်တဲ့ အစိုးရ အလွ...
- ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း
- ဇီးစေ့နဲ့  ပေါက်ခံရတောင် မြင့်မိုရ်တောင်က မပြိုနို...
- ၀တို့  ဘိန်းတိုးချဲ့  စိုက်နေရသော အကြောင်းရင်း..
- ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမ...
- အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထပ်မံတိုးချဲ့မည်
- သုခဆေးခန်းက တိုက်ရိုက်သွေးလှူမည်
- ဗုဒ္ဓေါဝါဒကျောင်းဖွင့်ပွဲနှင့် ကျောင်းရေစက်ချပွဲ ဖိ...
- နာဇီ ဆရာဝန်တွေလိုဘဲ လက်စွမ်းထက်သော မြန်မာ အထူးကုဆရ...
- AAPP(Burma) ၏ သတင်းထုတ်ပြန်ချက်
- တိုင်းတပါးသား..မတရားတာ ငုံခံနေကြရတာကြာပေါ့
- ဖြူမလား မဲမလား..ဗိုလ်ချုပ်မှူးကြီး သန်းရွှေ..
- ဒီဇင်ဘာ ၂၂ ၂၀၀၉ သတင်းများ
- အမှန်တရားသည် သေဒဏ်နှင့် အမိ မြန်မာပြည်
- ဒါ အောင်ဆန်း သားကွ...
- လေယာဉ်စုတ်တွေ အသစ်ဈေးနဲ့ ရောင်းမယ်..
- ပြောပြန်ရင်လည်း စိန်ဝင်း လွန်ရာကျဦးမယ်..
- ၂၀၁၀ ရွေးကောက်ပွဲအား သုံးသပ်ချက်
- ၇၁-နှစ်မြောက်ဗိုလ်အောင်ကျော်နေ့ အခမ်းအနားဓာတ်ပုံမှ...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- ၇၁နှစ်မြောက်ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်နှင့် ၈၈မ...
- အင်တာနက် သီချင်းဆိုတိုင်း ကွန်ပြူတာနဲ့ ဖွင့်မကြည့်...
- ရန်ကုန်က အမြင်မတော်စရာ နိုင်ငံခြားသူ
- ဗဟိုတရားရုံးချုပ်ရဲ့အထက်..နအဖ ရှိနေသလား..???
- မြန်မာအမျိုးသမီး ၅၀ ကျော်ကို အဓ္ဓမပြုကျင့်ခဲ့သူများ...
- Credit Suisse to pay $536 mn to US for bursting sa...
- အစောင့် ယမ်းများ၏ ဥပဒေမဲ့ လူသတ်မှုကြောင့် စက်ရုံတွင...
- အလင်းပျိုးမယ့် လက်များ…
- သတိပေး လျှောက်ထားအပ်ပါသည်။
- အသိပညာနှင့်ပြည်သူ့ အင်အား
- နိင်ငံတော်ခေါင်းဆောင်သော သားသမီးများကို နှိုင်းယှဥ...
- ဖြူဖြူကျော်သိန်း တင်ဆက်ပေးထားတဲ့ လူကုန်ကူးမှုတိုက်ဖ...
- သံဃာ့တပ်ပေါင်းစု ၏ ၃၀ . ၁၂. ၂၀၀၉ အထွေထွေသပိတ်ဆင်နွှ...
- ပုဂ္ဂလိကဆေးရုံ လူနာငြင်းပယ်မှုများ ရှိလာ
- ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် အချိန်ပိုင်း/အချိန်...
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၄၈ နှ...
- ဗိုလိချုပ်ပြောတဲ့ ဖာနိုင်ငံကို တပ်မတော်မှ အကောင်အထ...
- ကွဲပြန်ပြီဟဲ့ ဗုံး
- နိင်ငံတော်ခေါင်းဆောင်၏ သားသမီးများကို နှိုင်းယှဉ်ြ...
- အမှန်ကို ၀န်မခံရဲတဲ့ စစ်သား
- ယခုနှစ် လျှပ်တပြက် နာမည်ကြီးသူ ဆယ်ဦးတွင် ယက်ထော ပ...
- ထိန်းသိမ်းခံ ညီညီအောင်ကိစ္စ ၀န်ကြီး ကလင်တန် ကြားဝင်...
- မြန်မာ့ အနာဂတ်မျိုးဆက် အန္တရာယ်ရှိနေ ဟု ITUC ပြော
- နအဖ ခွင့်ပြုချက်ဖြင့် NLD ခေါင်းဆောင် ၃ဦးကို ဒေါ်ဆ...
- MIAMI 2009 Recap
- Invitation Letter to Burma Conference in London
- တက္ကသိုလ်နန်း ( တေးရေး ။ ။ တက္ကသိုလ်ဘုန်းနိုင် )
- ၈၈၈၈ ပြည်သူ့သတင်းစဉ်၊ အတွဲ ၄၊ အမှတ် ၆၊ ဒီဇင်ဘာလ၊ ၂၀၀၉
- ကျမတော်တော်ညံ့ခဲ့ပါတယ် (ဟောပြောသူ- ဂျူး)
- မနက်ဖြန် အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးေ...
- FREE NYI NYI AUNG ( KYAW ZAW LWIN ) NOW!
- နအဖ၏ ဒို့တာဝန် အရေးသုံးပါး
- အာဇာနည် သူရဲကောင်း ကိုတင်မောင်ဦး
- သီပေါ စော်ဘွား စပ်ကြာဆိုင် နဲ့ စ၀်ဒေ၀ီ သြစတြီးယားသ...
- ဒါ..မြန်မာကွ..
- KNU နှင့် နအဖ တိုက်ပွဲသတင်း
- ပိဋကတ်ရွတ်ဆိုပွဲ (International Tipitaka Chatting)...
- Generation wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)...
- မေမေ မမြင်ဖူးရသေးတဲ့ သမီးငယ်လေးရဲ့ မျက်နှာလေး..
- မြောက်ကိုရီးယားနိုင်ငံမှ လက်နက် ၃၅ တန် ဘန်ကောက်လေဆ...
- နောက်ကြည့်မှန်
- မဟာသီရိသုဓမ္မဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၁ နှစ် ပြည့်...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- 2010 Calendar
- သံဃာ့အရေးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက်...
- မဆူပါနဲ့အဖေ..တားတား ရင်တုန်တတ်လို့ ပါ
- မလေးရှားနိုင်ငံ အလောစတားပြည်နယ်မှာရှိတဲ့ balantak ...
- နိုင်ငံခြားသားတောင် လေးစားခံရသော မြန်မာပြည်၏ မိခင...
- နိုင်ငံရေး အကျဉ်းသားတွေအရေး ဗြိတိန်လှုံ့ဆော်
- Silence and Fear
- နိုဗယ်ငြိမ်းချမ်းရေးဆုနှင့် ၁၉၉၁ ကျောင်းသား လှုပ်ရှ...
- ကံကို ယုံ ဆူးပုံကို တိုးကြ..ဗေဒင်ယုံ..ဆန်သာကုန်ပေါ့
- သခင် အားရ ကျွန်ပါးဝ..
- မလေးရှား ထိန်းသိမ်းရေး စခန်း အတွင်း သေဆုံးမှုများ ဆ...
- အသားနူ ပျားတုတ်ခံနေရသော နအဖ..အီးအီးတွင်းထဲတော့ ကျေ...
- စစ်သားလုပ်စားချင်သလား..သူတောင်းစားကတောင် သနားတယ်.....
- ကြေးဖလားနဲ့ ကြက်ချေးတုံးဗျ..
- မင်းတို့  အသက်တွေ ဖက်နဲ့ထုတ်ထားဖို့ သာပြင်။။
- အဆိပ်လည်း အစာ..
- တိုက်တွန်း နိုးဆော်လွှာ
- မြ၀တီမြို့ရှိ အာဇာနည်ကျောက်တိုင် ဖျက်မည်
- ဂျပန်နိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် လူ...
- သူကြောက်နေတာက ဒါ..
- ယုတ္တိရှိသည့်ရွေးကောက်ပွဲဖြစ်ရမည်ဟုဂျပန်ဝန်ကြီးချုပ...
- ဘိန်းချက်နေတဲ့အစိုးရ..ဘော်ချက်နေတဲ့ နအဖ..ဆန်မှုန် ...
- အောင်ကြည်ရေ..သူ့ ကိုငါကြောက်တယ် မင်းဘဲ ရှေ့ ထွက်မင...
- ပူးတွဲကျေညာချက် အမှတ် ၈ (၂၀၀၉)
- အရှောင်အတိမ်း..ဂျက်ဆီသိန်းစိန်..
- မောတော့ မောတာပေါ့..ပြောင်က လည်း ပြောင်နေပြီ..
-
▼
December
(180)
