Monday, December 28, 2009

UNICEF: Tsunami 5: Myanmar battles repeat disasters

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, December 27, 2009

New Year Countdown

New Year Countdown

တဆယ်..ကိုး

တကယ်ဆိုးတဲ့

ရှစ်..ခွန်

စစ်နွံထဲက

ခြောက်..ငါး

အကြောက်တရားတွေကို



လေး..သုံး

အဝေးဆုံးသို့ 



နှစ်..တစ်

နှစ်သစ်မှာ လွှင့်ပစ်ကြပါစို့ ။

(ကောင်းကင်ကို)
http://kaungkinko.myanmarbloggers.org/

အပြည့်အစုံသတင်းဖတ်ရန်....

စတားလုံး ရဲ့..မှိုင်းလုံးမိနေသူ..ဘယ်သူတုန်း..

ဒီအကောင်...ကိုမဆဲကြပါနဲ့  ။ ဆဲလဲနားလည်ရှာမှာမဟုတ်ဘူး ။ အရုးကို...လိင်အဖျော်အဖြေကောင်းတဲ့ ပြည့်တန်ဆာမ က ( စ ..ခ ) ကောင်းကောင်းကြွေးထားတာမိနေရှာတယ် ..( လဲ့လဲ့နွယ်သိန်းကို ရန်ကုန်လာရင် ဗိုလ်ချုပ်တွေနဲ့  ပလူးလွန်းလို့ ..စတားလုံး လို့ ကျနော်တို့ ကနံမည်ပေးထားပါတယ် ..။ စတား ( STARS )-တွေနဲ့ တလုံးလုံးနေတာမို့ လို့  )


ပြသနာအရင်းခံက......ဒေါ်အောင်ဆန်းစုကြည်က...သူ့ အကိုလူရိုးကြိး ကို ဒီပြည့်တန်ဆာမ..လဲ့လဲ့နွယ်သိန်း ( နစ်လင်ကွာမ..ယောက်ကျားပေါင်းများစွာနဲ့ ...တွဲခဲ့တဲ့ဇရှိတာကြောင့် )...စကပ်ကထဲက...မကျေနပ်လို့  သဘောမတူလို့  ကန့် ကွက်နေခဲ့ရာက စတာပါ ။ ပိုဆိုးတာက လဲ့လဲ့နွယ်သိန်းဟာ စမူဆာ-အောင်ကြိးရဲ့ ပါတီ က..ဥိးနန်းနွယ် ( မ.ဆ.လ ဟောင်းပါ ) ရဲ့ သမိးဖြစ်နေတော့....တစ်ဘက်အပြန်အလှန် နိင်ငံရေး အစာမကျေနိုင်ကြသူတွေဖြစ်နေတာ က အရင်းခံပါ ။

ကျနော်တင်ထားတဲ့ဝက်ဆိုဒ် (http://billy-mackezie.freehoastia.com/ ) ထဲမှာကျနော် ရေးထားတာရှိပါတယ် ... ၉၀-ခုနစ်ရွေးကောက်ပွဲ အပြိးမှာ....ခင်ညွန့် ကို NLD ကိုအာဏာမပေးရအောင်.....အခြေခံဥပဒေမရှိဘဲ အာဏာလွဲလို့ မရဘူး....အခြေခံဥပဒေ အရင်ဆွဲရမယ်လို့ ..အကြံသွားပေးသူ နိင်ငံရေးသမားကြိး နစ်ဥိးရှိတယ် လို့ ကျနော်ရေးထားပြီး...သက်သေမခိုင်မာလို့ နံမည်မဖေါ်ပြတာ....တဥိးက...ဒီဥိးနန်းနွယ် ပါ ။ ( ကျနော်တို့ ကသူ့ ကို နံမည်ပြောင်းပေးထားပါတယ် ..( နန်းနွယ် ကနေ နံနွယ် ) နောက်တဥိးကတော့ တခြားပါတီ တခုရဲ့  နာယကကြိးပါ ။

ဒီလောက်ဆို..ကျောင်းတော်က နိင်ငံရေး..ရန်စ သိလောက်ပါပြီ ။

အောင်ဆန်းဥိးဟာ...သူအနေနဲ့  ဒီအိမ်အမွေပိုင်ဆိုင်မှုမှာ လက်ရှိနိုင်ငံတော်ရဲ့  တည်ဆဲဥပဒေအရ သူမှာတောင်းဆိုပိုင်ခွင့်တောင်မရှိဘူးဆိုတာ သူကောင်းကောင်းသိပါတယ် ။ န အ ဖ အယုတ်တမာကောင်ကြိးတွေလဲကောင်းကောင်းသိပါတယ် ။ သူ့ ရှေ့ နေ ဟန်တိုး ( နံတိုး --လူနံကြိး..သူကိုယ်နံ့ ကတော်တော်ကို ဆိုးဆိုးဝါးဝါး နံတာပါ )..လဲကောင်းကောင်းသိပါတယ် ။ ရှေ့ နေခ ရလို့ ရယ်.. အောင်တိုး ( တရားသူကြိးချုပ်..ဟောင်ခိုး ...ချထားပေးလို့  ) လိုက်ပေးနေတာပါ ။

လဲ့လဲ့နွယ်သိန်း အဖေ နံနွယ် က ဒီအမှုအ့ကွက်ဆင်တိုင်း န အ ဖ နဲ့ ပလူးရပြိး ကန်ထရိုက်တွေ ရနေတာ ကမြတ်..အကြိုက်ဆိုက်နေတာပါ ။ ဒါကြောင့် န အ ဖ ကလဲ...အာဇာနည်နေ့  မှာ အောင်ဆန်းဥိး၏ ယောက်ခမ နံနွယ်ကို လွမ်းသူ့ ပန်းခွေ အချခိုင်းပြိး..ဒေါ်အောင်အောင်ဆန်းစုကြည် အသဲကို..မထိတထိ အပ်နဲ့ွဆွပေးနေတာပါ ။

ဒီအမှုကို ရှေ့ နေ နံတိုးက လိုက်ပေးတယ် ။ နံနွယ် က နံတိုး နဲ့  ပုလင်းထောင်ဆွေးနွေးတယ် ။ ( နံ နစ် နံ ) နံတိုးကလဲ ( အတွင်းစိတ်တော့မသိ ပင်ရင်းစိတ်ကတော့ သာပေါင်းညာစား .....ဆရာစံလမ်း..နဲ့ တက္ကသိုလ်ရိပ်သာလမ်း ဒေါင့်မှာနေပါတယ် ) ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ နဲ့ တွေ့ ရင်...မကောင်းဝေဖန်တယ် ။ နိင်ငံရေးသမားတွေနဲ့ တွေ့ ရင်..အကောင်းဝေဖန်ပါတယ် ။

တဆက်ထဲ ကိုယ်ရည်းသွေး နေတာမဟုတ်ပါ ။ ကျနော် ဟာ သာမာန်နိင်ငံရေးလုပ်သူပါ ။ ဒါပေမဲ့ ကျနော့် မိသားစု ပိုင်အိမ်ခြံမြေ ( မုံရွာမြို့  ) ရှိခြံမြေကို..န.အ.ဖ. မှ ၂၀၀၈ ခုနစ်အကုန်က...ကျနော့်နံမည်ပါနေသဖြင့် ပြည်သူပိုင်သိမ်းမည်အထိ အကျပ်ကိုင်လာပါသဖြင့် မိသားစုတွေ စိတ်ဒုက္ခ ရောက်ရပါသေးသည် ။ ( မိခင်လဲ အသက်ထင်ရှားရှိနေပါသေးလျှက် ) ( တကယ်တော့ ကျနော့် နင့် ညီဖြစ်သူ ( ဒေါက်တာ ဂျိုးဇက်..).တို့ နိင်ငံရေးအမှုဖြင့်ထောင်ကျနေစဉ်ကထည်းက ကျနော်တို့ နစ်ဥိးကို..ထောင်ထဲမှာရှိစဉ်းကထည်းက..အိမ်အမွေ ပိုင်ဆိုင်မှု စွန့် လွတ်ပါကြောင်း လက်မှတ်ထိုးပြိး လျှောက်ထားပြိးသားဖြစ်ပါသည် ။ ( အောင်ဆန်းဥိးကျမှ ..ပိုင်ဆိုင်ခွင့်ပေးနေတာ...ရီစရာကြိး )

ညီမောင်မှာ.....ယခု ချောင်းဥိးမြို့ တွင်နေထိုင်ပါသည် ။ တိုက်နစ်လုံး ပိုင်ဆိုင်ပြိး..ကားနင့် ဆိုင်ကယ်တွေ ပိုင်ဆိုင်သော်လဲ....၅-သိန်းသာသွင်းရသည့် ...ဆင့်ပွားတယ်လီဖုံး..ယခုချိန်အထိ တတ်ဆင်ခွင့်မရရှာပါ ။ သူ့ သမိးနစ်ယောက်နံမည်ဖြင့်ပင်လျှောက်လို့ မရပါ ။

လောလောဆယ်တော့ ဒီလိုအမှုဆင်တိုင်း လဲ့လဲ့နွယ်သိန်း..အဖေ နံနွယ် အမြတ်ထွက်လေဆိုတော့.....နံနွယ်အတွက်...၉၀-ခုနစ်ရွေးကောက်ပွဲမှာ..သောက်သောက်လဲ စောက်ရှက်ကွဲခဲ့ရတာတွေကို ဂလဲ့စားလဲချေရာလဲရောက်တယ် စိးပွားရေးအမြတ်လဲ ရသေးတယ်ဆိုတော့...တချက်ခုတ်..၃-ချက်မက ပြတ်နေတာလေ ။ ( ၉၀-ခုနစ်ရေးကောက်ပွဲမှာ...ဥိးအောင်ကြိး ဟာ ရွှေဘိုမြို့ ( ကျနော်ချက်မြုတ်ဇာတိ ) ..မှာဝင်ပြိုင်တာ....မဲပေးနိင်သူ..၆-သောင်းကျော်ရှိတာမှာ....၃၀၀၀-လောက်ဘဲရပြိး.....မဲရေတွက်တာ..မပြိးသေးခင်..နံနက်မိုးမလင်းခင်ကထဲက..သောက်ရှက်ကွဲပြိး..မျက်ရေကျပြိးပြေးခဲ့ရတာပါ ။ ဒီအာ၈ါတတွေ အတွက် လက်စားချေနေတာလဲ ပါပါတယ် ။

( ၉၂-လောက်တုံးက..ယခု ပုလဲ ကွန်ဒို နေရာမှာ အောင်ကြိးနဲ့  နံနွယ်တို့ အတွက် ဟော်တယ်ဆောက်လုပ်ခွင့် ကန်ထရိုက်ချပေးလို့ ...ဟော်တယ်ကြေငြာ ဆိုင်းဘုတ်ကြိးနစ်ခု ပြူးနေအောင်ထောင်ထားတာမှတ်မိလောက်ကြပါဥိးမည် ) ။ မလေးရှားကုမ္မဏီ တခုနဲ့ နံနွယ်တို့ ကိုချပေးထားတာပါ ။ န. အ..ဖ. က ၉၀-ရွေးကောက်ပွဲ အပြိး..၁-၉၀ အမိန့်  ထုတ်ဘို့ အကြံပေးခဲ့တဲ့အတွက် ကျေးဇူးတုံ့ ပြန်တာပါ ။ နောက်တော့ မလေးကုမ္မဏီ ကအင်ကြိးဖြစ်နေလို့ အောင်ကြိးတို့ အင်ထိပြိး... ကွဲ သွားပါတယ် ။

ဒီလောက်ဆို အောင်ဆန်းဥိး တို့ က...မြန်မာ့.ဒီမိုကရေစီအရေး ကို အပိုင် သတ်ခဲ့တဲ့မိသားစုထဲရောက်နေတာ မြင်လောက်ကြပါပြီ ။ မြန်မာ့ဒီမိုကရေစီရဲ့....ရန်သူ နံပတ်တစ် မိသားစုဆိုတာ သိလောက်ပါပြီ ။

ဗိုလ်ချုပ်ရဲ့  ဇူလိုင်- ၁၃ ရက်- နောက်ဆုံးမိန့် ခွန်းမှာပြောခဲ့တဲ့..... ( .ပြီးခဲ့တဲ့အစိုးရထဲမှာ လတ်စားတဲ့သူတွေရှိတယ် ( ကိုယ်ကျိုးရှာတဲ့သူ..တကိုယ်ကောင်းသမားတွေ ) ယခု ဒီ လတ်စားတဲ့သူတွေကို အာဏာပြန်ရအောင် လုပ်နေတဲ့သူတွေဟာ သဘောရိုးနဲ့ လုပ်သည်ဖြစ်.....မရိုးမသားလုပ်သည်ဖြစ်စေ...တိုင်းပြည်ရဲ့ ရန်သူ နံပါတ်တစ်ဖြစ်တယ် .....ဒီလူတွေကို မဲထဲ့ခဲ့ရင်..ခင်ဗျားတို့ ကိုယ်လည်ပင်းကို ကိုယ်ပြန်ကြိုးကွင်းစွပ်တာဘ

ဲဖြစ်တယ် ။ လို့ မိန့် ကြားခဲ့ပါတယ် ။

ဒီတော့ စစ်ဗိုလ်ချုပ်တွေ..အာဏာ သက်ဆိုးရှည်အောင်လုပ်ခဲ့တဲ့ နံနွယ်နဲ့ မိသားစုဟာ .( .အောင်ဆန်းဥိး အပါအ၀င်. )...တိုင်းပြည်ရဲ့ ရန်သူ နံပါတ်တစ်ဆိုတာ ထင်ရှားလောက်ပါပြီ ။

ေးဒ်ါအောင်ဆန်းစုကြည် ကို စိတ်ဒုက္ခ ပေးရုံမဟုတ်ပါဘူး ။ ပြည်သူတရပ်လုံးကို စစ်ဖိနပ်အောက်က ရုံးမထွက်နိင်အောင် အကောက်ကြံခဲ့လူတွေပါ ။

ကျနော်ထက်ပိုသိသူတွေ ရှိပါမယ် ။

အားလုံးကိုလေးစားလျှက်နင့် ဘာကြောင့်အခုမှ အသိပေးရသလဲတော့ ရန်မမူကြပါနင့် ခင်ဗျာ ။

ဒေါက်တာလှိုင်မြင့်

ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်ကို အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုနဲ့.. ၂ဝဝ၁ ခုနှစ်မှာ စပြီးအမှုစွဲခဲ့တာခင်ဗျ..အဓိက ဦးတည်တာကတော့ အမှတ် ၅၄၊၅၆ တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်ကိုပါ...အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဖက်က အဓိကဦးဆောင်တဲ့ ရှေ့နေကြီးကတော့ ဆရာဦးထွန်းတင်ဖြစ်ပါတယ်..ဒါပေမယ့် ဆရာဦးထွန်းတင်ကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ရှေ့နေလိုင်စင်ရုပ်သိမ်းခံလိုက်ရတဲ့အတွက် ဆရာကြီးဟာ အမှုလိုက်ပါခွင့်မရတဲ့အတွက် တရားဝင်အမှုလိုက်ပါခွင့်ရနေတဲ့ ရှေ့နေကြီး ဦးကြည်ဝင်းက အဲဒီအမှုကို လိုက်ပေးနေတာပါ... တရားရုံးချုပ်မှာ ဗိာငျငသည ဆိုတဲ့ အယူခံမှုအတွက် ကနဦးလျှောက်လဲတဲ့အချိန်မှာ ကျနော်မှတ်မိတာက..ဦးကြည်ဝင်း အမှုအတွက် လျှောက်လဲဖတ်ကြားတဲ့အချိန်မှာ ဆရာဦးထွန်းတင်က ဘေးကနေရပ်ပြီးနားထောင်နေတာ မျက်စိထဲကမထွက်ပါဘူး... အဲဒီအမှုဟာဒီနေ့အချိန်အထိမပြီးမပြတ်သေးဘူးလို့လည်း ကျနော်သိရပါတယ်.. တရားရုံးချုပ်မှာ ၂ဝဝ၁ ခုနှစ်တရားစီရင်ရေးဥပဒေအရ ပြင်ဆင်မှု ဒါမှမဟုတ် အထူးအယူခံတင်တဲ့အဆင့်မှာဘဲရှိပါသေးတယ်.. တစ်နေရာမှာ ကိုမောင်ခြိမ့်ပြောထားသလို အမွေမှု..မြေမှုတို့လို တရားမအမှုအခင်းတွေဟာ တစ်ခါတစ်ရံ နှစ်ပေါင်း ဆယ်နဲ့ချီပြီးကြာတတ်တယ်ဆိုတာ အတော်များများသိကြမှာပါခင်ဗျာ...
အဲဒီအမွေမှုဟာ..ကျနော့်အထင် အဲဒီခေတ်က စစ်ထောက်လှမ်းရေးရဲ့ ပယောဂနဲ့ ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးတိုက်ကွက်တစ်ခုပါ....ဒါပေမယ့်..ဆရာဦးထွန်းတင်တို့ဖက်က အခိုင်အမာကိုင်စွဲထားတဲ့ မ.ဆ.လ ခေတ်ပြည်သူ့လွှတ်တော်ဥပဒေတစ်ခုဖြစ်တဲ့ ၁၉၈၇ Transfer of property Act အရ နိုင်ငံသားမဟုတ်သူတွေကို အခြေပစ္စည်းအဖြစ် သတ်မှတ်ထားတဲ့ မြေယာပိုင်ဆိုင်ခွင့်မပြုတဲ့အချက်အရ အဲဒီအမှုကို တရားရုံးချုပ်က မဆုံးဖြတ်ရဲဖြစ်နေရတာပါ.....ဘာဖြစ်လို့လည်းဆိုတော့ မြန်မာပြည်တစ်ဝှမ်း ( အထူးသဖြင့် ရန်ကုန်မှာ ) နိုင်ငံခြားသားပိုင်ဖြစ်တယ်ဆိုပြီး စည်ပင်၊ အိုးအိမ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာန ..တခြားဌာနတွေက အပိုင်သိမ်းထားတဲ့ မြေတွေ..တိုက်ခန်းတွေအများကြီးပါ.. တစ်ကယ်လို့များ တရားရုံးချုပ်က ဒီအမှုနဲ့ပတ်သက်ပြီး ဦးအောင်ဆန်းဦးဖက်ကို အသာပေးဆုံးဖြတ်ခဲ့ရင်.. တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အထောက်အထားပြုပြီး တရားစွဲမယ့် တရုတ်တွေ..ကုလားတွေက အထောက်အထားအပြည့်အစုံနဲ့စောင့်နေကြတယ်ခင်ဗျ....အဲဒါေ ကြာင့် တရားရုံးချုပ်က ပြန်ပြီးလွှဲလိုက်လို့ ရန်ကုန်တိုင်းတရားရုံးကို ပြန်ရောက်နေတဲ့ ဒီအမှုကြီးကို ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ်မှာပြန်ပြီး မတရားထိန်းသိမ်းခံရပြီးနောက်ပိုင်း အချိန်ဆွဲပြီး ဆိုင်းငံ့ထားခဲ့တာပါ...ဒါကလည်း နိုင်ငံရေးရည်ရွယ်ချက်အတွက် အသုံးချနိုင်ဘို့ တစ်ကွက်ချန်ထားတယ်လို့ထင်ပါတယ်...ထင်တဲ့အတိုင်းပါဘဲ. . ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ကို သဘောရိုးနဲ့ပြင်ဆင်ဖို့စီစဉ်နေတဲ့အချိန်မှာ ချိန်သားကိုက် ကန့်ကွက်လာတာခင်ဗျ..
ဦးအောင်ဆန်းဦးရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဦးစိုးဝင်းနိုင်ဆိုသူကတစ်ဆင့် ကန့်ကွက်တာပါတဲ့ ခင်ဗျာ...

ကျနော်သိသလောက်..ရန်ကုန်မြို့တော်စည်ပင်ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ..အင်ဂျင်နီယာဌာန ( အဆောက်အအုံ ) ရဲ့ ဝင်စာဌာနကနေဘဲကန့်ကွက် ကန့်ကွက်..မြို့တော်ဝန်ဆီကို တိုက်ရိုက်လိပ်မူပြီးတော့ဘဲ ကန့်ကွက်ကန့်ကွက်..အဲဒီအိမ်မြေနဲ့ပတ်သက်လို့ ဘယ်လိုအကျိုးခံစားခွင့်ရှိကြောင်းအထောက်အထား..တရားရုံးအမိန့်စာ သို့မဟုတ်အမှုစွဲဆိုထားတဲ့ အထောက်အထားတွေနဲ့အတူ ကန့်ကွက်တဲ့သူ..ကာယကံရှင်ရဲ့ နိုင်ငံသားကတ်မိတ္တူကိုပါ..ပူးတွဲပြီးတင်ပြရတာပါခင်ဗျာ...ဒါပေမယ့် မြို့တော်ဝန်ကြီးဆီကို အထုပ်ကြီးအထုပ်လေးတွေနဲ့ ကိုယ်တိုင်ဝင်တွေ့တာတို့.. အဘဆိုတဲ့ပုဂ္ဂိုလ်တွေကနေတစ်ဆင့် ခိုင်းတာတို့...စရဖ ဆိုလားဘာလား အဖွဲ့အစည်းတွေရဲ့ ကြီးကြပ်စီစဉ်မှုနဲ့လုပ်တာဆိုရင်တော့ မပြောတတ်ပါဘူးခင်ဗျ..ဥပဒေရဲ့အထက်မှာ ငါတို့ကလြွဲ့ပီး ဘယ်သူမှမရှိရဘူးဆိုတဲ့ တိုင်းပြည်မို့လား...။

juniorms
http://www.yeyintnge.com/2009/12/blog-post_27.html

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, December 26, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲ တတိယအကြိမ်(၆)လပတ်ညီလာခံ ဓာတ်ပုံမှတ်တမ်း....

အပြည့်အစုံသတင်းဖတ်ရန်....

အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ

အောင်ဝေး ဒီဇင်ဘာ ၂၆၊ ၂၀၀၉

ဗိုလ်ချုပ်၏ သားဦး
ဦးအောင်ဆန်းဦးခင်ဗျာ
ကျနော် ကဗျာဆရာ အောင်ဝေး
ရိုသေစွာ စာရေးလိုက်ပါတယ်။

သားဦး အရူး တဲ့
မြန်မာစကားမှာ ရှိပါသည်။

အစ်ကိုကြီးတော့ အဖအရာ
မြန်မာစကားမှာ လာပါသည်။

တို့ ဘုရား မယားဖက် ခပ်ပါပါ တဲ့
မြန်မာ့ဆိုရိုးစကားလည်း ရှိပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံတုန်းက
ကျနော်တို့ မျှော်ခဲ့တာ
နှမ မဟုတ်ပါ
အစ်ကိုကြီး ဦးအောင်ဆန်းဦးကိုပါ။

ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး
အမေရိကန် မရိမ်းတပ်တွေနဲ့ 
မြန်မာပြည်ကို ချီတက်လာပြီ …

ဒီသတင်း …
ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာပါ။

ဒါပေမဲ့
တကယ်ရောက်လာတာက
အစ်ကို မဟုတ်
နှမ အောင်ဆန်းစုကြည်။

ဗိုလ်ချုပ်ရဲ့သမီး
ဒေါ်အောင်ဆန်းစုကြည်။

တကယ် တိုက်ပွဲဝင်တာက
နှမ ဒေါ်အောင်ဆန်းစုကြည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် … တဲ့
နှမပုံရိပ်က အင်မတန်ကြီးပါရဲ့။

အစ်ကိုကြီး ဦးအောင်ဆန်းဦးခင်ဗျာ …
အစ်ကိုကြီးမှာ
ဘာပုံရိပ်မှ မရှိလည်း
ကျနော်တို့က
ဗိုလ်ချုပ်ရဲ့သားမို့  ချစ်နေဆဲပါ။

ဒါပေမဲ့
အခု အစ်ကိုကြီးလုပ်နေတာတွေက
အဖအရာ မရောက်
နှမကို
(နအဖ အလိုကျ)
ချောက်ကျအောင် လုပ်သလိုဖြစ်နေပါပြီ။

ကန်တော့ပါရဲ့
မယားစကား နားယောင်
အစ်ကိုကြီးအမှားတထောင် ကျူးလွန်နေပြီ။

ဘာ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေရတာလဲ
အစ်ကိုကြီး။

ဒေါ်အောင်ဆန်းစုကြည်ဟာ
(အစ်ကိုကြီးနှမ)
ဒေါ်အောင်ဆန်းစုကြည်သက်သက် မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာဟာ
အဖိနှိပ်ခံမြန်မာပြည်သူတွေကို တိုက်ခိုက်တာပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်ပဲ။

အစ်ကိုကြီး
အစ်ကိုကြီးရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ
ရပ်တန်းကရပ်ပါ။

သားဦးအရူး
အောင်ဆန်းဦး … လို့တော့
ကျနော် မပြောရက်ပါဘူး။

အချုပ်နှောင်ခံနေရတဲ့ နှမကိုမှ
ဆက်ပြီးနှောင့်ယှက်နေမယ် ဆိုရင်
အစ်ကိုကြီးကို
(ချစ်လျက်နဲ့ )
ကျနော်တို့ စစ်ကြေညာရတော့မယ်။

အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ

ညီငယ်
မောင်အောင်ဝေး
ဒီဇင်ဘာ၂၅၊ ၂၀၀၉၊ မစ်ရှီဂန်
http://moemaka.com/index.php?option=com_content&task=view&id=5521&Itemid=1

အပြည့်အစုံသတင်းဖတ်ရန်....

ရာဇ၀င် မတွင်ခဲ့တဲ့သား

Aung San Oo

အပြည့်အစုံသတင်းဖတ်ရန်....

သတင်းမှောင်ချထားမှု

အမှန်တရားအတွက် မီဒီယာတွေဖေါ်ထုတ်ကြပါစို့

အာရှတော်ဝင်ဆေးခန်းမှာ သမားတော်ဆရာဝန်ကြီးနှင့် သွားဆရာဝန်အကြားသေဆုံးသွားခဲ့တဲ့ ဒေါ်ခင်ကြည် အကြောင်းလေးကို
အများသူငါသိအောင်တင်ပြပေးစေလိုပါတယ်။ ကူညီပေးစေလိုပါတယ်၊ ပြည်တွင်း ဂျာနယ်တွေကလည်း အမှန်တရားဖက်ကို တစ်ချက်တစ်ချက်မျက်ကွယ်ပြုသလိုဖြစ်နေတာလဲ ပါပါတယ်။

သေဆုံးသူ ဒေါ်ခင်ကြည် (အသက် ၆၈နှစ်) ဟာ အထက်တန်းပြဆရာမ (ငြိမ်း)ဖြစ်ပြီးအမှတ် ၂၁၊ ၁၃၄ လမ်း၊ မအူကုန်း၊ ရန်ကုန်မြို့မှာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ သူက ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ များရှိပြီး ရှင်ပါကူဆေးခန်းမှာ တက်ရောက်ကုသနေကျဖြစ်ပါတယ်။

နောက်ဆုံးတစ်ကြိမ်မှာတော့ ခြေ၊ လက် နှင့် ကိုယ်တွေပါရောင်လာလို့ကျောက်ကပ်ဆရာဝန်ဆီမှာ ပြသရန် refer လုပ်ပေးခဲ့ပါတယ်။
ကျောက်ကပ်အထူးကုဆရာဝန် ဒေါက်တာ ဒေါ်ခင်သီတာသွင်က အာရှတော်ဝင်ဆေးခန်းကိုတက်ခိုင်းပါတယ်။ လွှဲပြောင်းတက်ရောက်တဲ့နေ့ကတော့ (၇.၁၁.၂၀၉) ၇က်နေ့ဖြစ်ပါတယ်။ ထို့နောက် တစ်ရက်ခြား ကျောက်ကပ်ဆေးနေရပါတယ်။ စုစုပေါင်း(၅) ကြိမ်ဆေးပြီးသွားပါပြီ။

လူနာမှ လျှာ နှင့် သွားတွင် နာကျင်ကြောင်း ပြောသည့်အတွက် အာရှတော်ဝင်ဆေးခန်းကြီးမှာထိုင်သည့် ဒေါ်ကြူကြူဝင်းဆွေမှ လာကြည့်ပါတယ်။
လျှာမှာအနာတွေ့သောကြောင့် biopsy ယူမှရမည်၊ သွားများကိုလည်းစစ်ဆေးပေးမည်ဟုဆိုသောကြောင့် (၂၁.၁၁.၂၀၉) ရက်နေ့ နံနက်
(၇)နာရီတွင် operation theater သွင်းပြီး လျှာတွင် biopsy ယူတဲ့အပြင် သွား (၁၁)ချောင်းကို နှုတ်လိုက်ပါတယ်။ (၁၀)နာရီတွင် operation theater မှ ပြန်ထုတ်လာခဲ့ပါတယ်။

ထုတ်လာသည့်အချိန်မှစပြီး သတိပြန်လည်လာခြင်းမရှိပါ။ (၂)နာရီတွင် ICU ဌာနသို့ခေါ်ဆောင်သွားခဲ့ပါတယ်။ သတိပြန်ရလာခြင်းမရှိဘဲ (၂၂.၁၁.၂၀၀၉) ရက်နေ့တွင် နံနက် (၄း၅၀)မှာ သေဆုံးခဲ့ပါတယ်။

Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါဟုရေးသားဖော်ပြခဲ့ပါသည်။

လျှာ biopsy results မှာ ကင်ဆာမဟုတ်ကြောင်း ဓါတ်ခွဲခန်းမှအကြောင်းပြန်စာကို နောက်ပိုင်းတွင်းသိ၇ပါသည်။

စဉ်စားမိသည့်အချက်များမှာ -

(၁) အခြားရောဂါများရှိပြီး ကျောက်ကပ်ဆေးနေရတဲ့လူနာကို တစ်ကြိမ်တည်းသွား (၁၁)ချောင်းနှုတ်သင့်ပါသလား

(၂) Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါဆိုသည်မှာ ဘာကိုဆိုလိုတာလဲ

လက်ရှိကြုံတွေ့နေရသောပြသနာများ

(၁) True Journal မှအသေးစိတ်လာရောက်သတင်းယူမေးမြန်းသွားပါသည်။ ဂျာနယ်တွင်မပါသောကြောင့် မေးမြန်းစုံစမ်းရာ အာရှတော်ဝင်ဆေးခန်းမှ မထည့်ရန်ပိတ်ပင်ထားကြောင်း
(၂) 7 Days News Journal မှအသေးစိတ်လာရောက်သတင်းယူမေးမြန်းသွားပါသည်။ ဂျာနယ်တွင် မပါသောကြောင့် မေးမြန်းစုံစမ်းရာ အာရှတော်ဝင်ဆေးခန်းမှ မထည့်ရန် ပိတ်ပင်ထားကြောင်းတို့ကို သိရှိရပါသည်။
(၃) ယခုအခါ သေဆုံးသူကာယကံရှင် မိသားစုအား အာရှတော်ဝင်ဆေးရုံကြီးမှ ယခုအကြောင်းအား အပြင်သို့မပြောရန်၊ မဖော်ရန် အကြိမ်ကြိမ် ဖိအားပေးဆောင်ရွက်နေကြောင်းသိရှိရပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်