Showing posts with label ကြေညာချက်. Show all posts
Showing posts with label ကြေညာချက်. Show all posts

Thursday, November 19, 2009

မဃတ+၈၈+ဗကသ မှ ပူးပေါင်း ထုတ်ပြန် ကြေငြာချက်

မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီး၊
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ၊
ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်။

ရှေ့မြန်မာ ပြည်သူ လူထု အကျိုးအတွက် ရှေ့ရှု ဆောင်ရွက်ကြရန် တိုက်တွန်းချက်။

စာအမှတ် - ၇/၂၀၀၉ (မဃတ+၈၈+ဗကသ)။
ရက်စွဲ - ၁၉/၁၁/၂၀၀၉။

(၁) ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ဒေါ်အောင်ဆန်းစုကြည် ပေးစာနှင့် NLD ၏ ထုတ်ပြန်ချက်များ အရ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် အမျိုးသား ရင်ကြားစေ့ရေး အတွက် နိုင်ငံရေး စိတ်ဆန္ဒ ပြင်းပြစွာ ရှိရုံမျှမက အမျိုးသား အကျိုးစီးပွားကို ရှေ့ရှုပြီး နိုင်ငံတော် အတွက် အကျိုးရှိစေမည့် လုပ်ငန်းများ အတွက် နအဖနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်လိုကြောင်း။ ထိုသို့ ဆောင်ရွက်နိုင်ရေး အတွက် ဒေါ်အောင် ဆန်းစုကြည်နှင့် NLD CEC များတွေ့ဆုံခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် တွေ့ဆုံ ညှိနှိုင်းခွင့် ရရေး တောင်းဆိုချက်များသည် အလွန်တရာ သဘာဝကျပြီး အဓိပ္ပါယ် အပြည့်အ၀ ရှိသော၊ အပြုသဘော ဆောင်သော တောင်းဆိုချက်များ အဖြစ် ကျွန်ုပ်တို့မှ ရှုမြင်ပါသည်။

(၂) အမေရိကန် သမ္မတ ဘားရက် အိုဘားမား ကလည်း အာရှ ခရီးစဉ်တွင် “ကျနော် တို့ဟာ ညီညွတ်သော၊ ငြိမ်းချမ်းသော၊ ချမ်းသာ ကြွယ်ဝသော၊ ဒီမိုကရေစီ ထွန်းကားသော မြန်မာနိုင်ငံ ဖြစ်လာရေးကို ထောက်ပံ့ အားပေးပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဒီ လမ်းကြောင်းကို ဦးတည် လာခဲ့ရင် အမေရိကန်ပြည်ထောင်စုနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ထွန်းလာနိုင်ပါတယ်။”ဟု ပြောခဲ့သည့် စကားများ အရ အနောက် နိုင်ငံများ၏ နအဖ စစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုများ ပပျောက် သွားစေရေး အတွက် လုပ်ဆောင် နိုင်သည့်၊ လုပ်ဆောင် ရမည့် အဓိက တာဝန်ရှိ သူမှာ နအဖ စစ်အစိုးရ ကိုယ်တိုင်ပင် ဖြစ်ကြောင်း သိသာ ထင်ရှား လှသည်။

(၃) လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမတ အိုဘားမားတို့က မြန်မာလူထုနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း တခုလုံးကို ကိုယ်စား ပြုပြီး ယခုကဲ့သို့ အပြု သဘော ဆောင်သော ချဉ်းကပ်မှုများဖြင့် လက်တွဲ ညှိနှိုင်း ဖြေရှင်းရေး၊ ပြုပြင် ပြောင်းလဲရေး အတွက် တိုက်တွန်း ပန်ကြားချက်များ အပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် အမြှော်အမြင်ရှိရှိ သဘောထား ကြီးကြီးထားပြီး တိုင်းပြည်နှင့် လူထု အကျိုး ကို ရှေ့ရှုကာ အချိန် မနှောင်းမီ အကောင်းဘက်သို့ ဦးတည်သည့် ပြုပြင် ပြောင်းလဲမှု များကို ဆွေးနွေး ညှိနှိုင်း ဖော်ဆောင် သင့်ပြီ ဖြစ်ကြောင်း၊ ဤကဲ့သို့ ဆောင်ရွက်ခြင်းသည် တိုင်းပြည်နှင့် လူထု အကျိုးအတွက် သာမက တပ်မတော်၏ ဂုဏ်သိက္ခာ အတွက်ပါ အကျိုးရှိစေ သဖြင့် အခွင့်အခါ ကောင်းကို မိမိ ရရ ဆုပ်ကိုင် သင့်ကြောင်း ကျွန်ုပ်တို့မှ ထပ်ဆင့် တိုက်တွန်း တောင်းဆို လိုက်သည်။

(၄) ကျွန်ုပ်တို့အနေဖြင့် ရွှေဂုံတိုင် ကြေညာ စာတမ်းအား ကျိုးကြောင်း ဆီလျှော် လက်တွေ့ ကျသော၊ နိုင်ငံရေး ဂုဏ်သိက္ခာ ရှိသော လူထု ရှေ့ဆောင် လမ်းစဉ် အဖြစ် အလေးအနက် ခံယူ သဘောထားကာ ထို ရွှေဂုံတိုင် ကြေညာ စာတမ်း သက်ဝင် လှုပ်ရှား နိုင်ရေး အတွက် ဒီမိုကရေစီ အင်အားစုများ အားလုံးနှင့်အတူ လက်တွဲ၍ ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်သည်။ ထို့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လည်း ၁၉၉၀ ရွေးကောက် ပွဲတွင် ပြည်သူ လူထု တရပ်လုံးက ဒီမိုကရေစီရေး ဦးဆောင် ပါတီ အဖြစ် ရွေးချယ် တင်မြှောက် လိုက်သည့် မဲဆန္ဒရှင် ပြည်သူများ၏ မျှော်လင့်ချက်နှင့် ယုံကြည် ကိုးစားမှုများ အပေါ် မျက်ကွယ် မပြုဘဲ ရွှေဂုံတိုင် ကြေညာ စာတမ်းအား အခိုင်အမာ ကိုင်စွဲပြီး ပြည်သူနှင့် အတူ လက်တွဲ၊ ပြည်သူ့ရှေ့မှ မားမားမတ်မတ် ရပ်တည် လှုပ်ရှား သွားစေ လိုကြောင်း တိုက်တွန်း ပန်ကြား အပ်ပါသည်။

မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ တပ်ပေါင်းစု အဖွဲ့ကြီး၊
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ၊
ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်။

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, November 15, 2009

နယူးယောက်က ပထမအကြိမ် နိဗ္ဗာန်ဈေးပွဲတော်

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ် ( နယူးယောက်)
ပထမအကြိမ် နိဗ္ဗာန်ဈေးပွဲတော်

သာသနာ့ဥသျှောင်ပထမအကြိမ် နိဗ္ဗာန်ဈေးပွဲတော်ကို နယူးယောက်မြို့တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်၊ရပ်နီးရပ်ဝေးက တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ အဖွဲ့အစည်းအသီးသီးက ဒကာဒကာများ၊ သာသနာ တော်ကို ချစ်မြတ်နိုးပြီးကြသော ဓမ္မမိတ်ဆွေများစုပေါင်းပြီး ကုသိုလ်ပြုလုပ်ကြသည့် နိုဝင်ဘာ(၂၉)နေ့မှာ အားလုံးသော ဒကာဒကာမများ၊မျက်နှာလဲစုံ၊လက်ခြင်းလဲစုံ အူစုံအသည်းစုံ မြန်မာအစားစာတွေ စုံလင်စွာ တ၀ကြီးသုံးဆောင်ရင်း သူချင်းတွေ အချင်းချင်းလဲ ပြန်လည်စုံ အသစ်တွေလည်း ခင်မင်စရာကြုံနိုင်တာမို့ ဗုံသံတွေနားစင်ပြီး ကြည်ကရူနိုင်ပါတယ်၊၊

ရိုးရာမပျက် ဒိုးပတ်သံတွေနှင့် ဒို့ဗမာအငြိမ့်အဖွဲ့က တင်ဆက်မူတွေလည်းပါတယ်၊ ၀ါသနာလဲပါ ကံကြမ္မာကို ဆန်းစစ်ရင် ကံစမ်းမဲလေး လည်း စမ်းလို့ရပါတယ်၊ကဲ အားလုံးသောသူတော်စင် ဒကာဒကာမအပေါင်းတို့ ကုသိုလ်အရေးသည် ကိုယ့် အရေးမို့ တွေးကြည့်ပါ၊ သီလအရေးလဲ ကိုယ့်အရေးပဲ၊ ဘာဝနာအရေးလဲ ကိုယ့်အရေးပဲ၊ ဒါန၊သီလကိုပွားသထက်ပွား၊ များသထက်များအောင် အခွင့်ကြုံတိုင်း ပါဝင်နိုင်ရန် နိဗ္ဗာန်ကို အကျိုးမျှော်၍ ဖိတ်ကြားအပ်ပါသည်၊၊

သာသနာ့မောဠိအပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ပီနန်ဆရာတော်ဘုရားကြီးလည်း နယူးယောက်တွင် ရောက်ရှိနေသည်မို့ သာသနာ့ဥသျှောင်ကျောင်းသို့ လာရောက်ဖူးမျှော်နိုင်ပါသည်၊၊

ü နေရာ PS-12 7200,Woodside Ave, Woodside NY 11373

ü အချိန် နံနက် (၁၀)နာရီ ညနေ (၃)နာရီ

ü နေ့ နိုင်ဝင်ဘာ ( ၂၉ )ရက် တနင်္ဂနွေနေ့ ၂၀၀၉-ခုနှစ်

ဆက်သွယ်ရန် သာသနာ့ဥသျှောင်ကျောင်း ၇၁၈ ၄၂၆ ၃၉၅၉ ကိုစိုးပိုင် ၆၄၆ ၆၉၆ ၆၀၉၄

ဦးကျော်ဝင်း ၆၄၆ ၇၁၂ ၀၉၈၃ ကိုယဉ်ထွေးဆွေ ၉၁၇ ၆၀၃ ၅၆၀၀ မောင်မိုးထွေး ၉၁၇ ၆၁၇ ၇၅၉၇

နိဗ္ဗာန်ဈေးမှ ရရှိလာသော အလှူငွေများကို လာမည့် ဒီဇင်ဘာ (၄)ရက် သာသနာ့ဥသျှောင် နှစ်ပတ်လည် သံဃာ့အစည်း အဝေးသို့ ကြွရောက်လာသော အပြည်ပြည်ဆိုင်ရာက သံဃာတော်များအား လှူဒါန်းသွားပါမည်၊၊

မေတ္တာဖြင့်
အရှင်စန္ဒောဘာသာစာရ
ashincandobhasacara@gmail.com

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, October 10, 2009

၂၀၁၀ နှင့် စပ်လျင်းသည့် သဘောထားထုတ်ပြန်ချက်

Joint Statement on 2010 Election Boycott_10Oct09

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, October 7, 2009

Than Shwe had been expelled from Buddhism

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီး
All Burma Monks Alliance
www.burmesesangha.com

5 October, 2009 Monks in monasteries inside and outside Burma are now doing the Pattanikujjana, turning their bowls upside down and refusing to accept offerings from members of the military or the government or their families. U Than Shwe had a responsibility as a Buddhist to apologize, but he did not, so therefore he has been expelled from Buddhism and must be thought of as a Mecchadihtti a bad and ignorant person who has no idea about religion. Our Venerable Monks....

The SPDC never apologized even though there was a Pattanikujjana in 1990 to warn them and they sent many old and experienced monks to prison, even highly respected and educated Tipitaka monks. The monks inside and outside Burma successfully organized a second Pattanikujjana in September, 2007 after the army beat many monks with bamboo sticks. Not only did they fail to apologize but they also attacked more than 60 monasteries like bandits in the night, shot and killed monks, and forcefully brought 240 monks to prison for torture. Because the army has still refused to apologize until today, on October 3, 2009, Pavarana day -- the day for elder and junior monks apologizing to and forgiving each other monks inside and outside Burma successfully organized a third Pattanikujjana.

If top SPDC leader U Than Shwe were a true Buddhist he would follow the monks' demands and apologize for what he did wrong. But he has yet to do so. Instead, the soldiers have continued to raid monasteries, arresting, imprisoning, torturing and killing monks. This is why U Than Shwe and his wife Daw Kyaing Kyaing and his whole family are now expelled from the Buddhist community. We must now regard him as a Mecchadihtti who is destroying the religion. We would especially like to request to the soldiers who have entered the Tatmadaw army willing to sacrifice your lives to protect our country...

U Than Shwe is abusing for his own power the army that was founded by General Aung San for the independence of Burma. All people can now see that the military is destroying our country and religion, so the military has gotten a bad name and made people hate the Tatmadaw. That is why Mecchadihtti Than Shwe cannot be accepted as leader of the Tatmadaw and should be expelled by the soldiers from the army. We would like to especially request to the people of Burma....

Since a Pattanikujjana boycott has been formally called according to the monks and regulations laid down by the Buddha, all monks need to obey this Pattanikujjana. If they do not obey, the people should not give offerings such as food, shelter, robes and medicine to these disobedient monks. If any monks break this rule and receive donations from the SPDC or do the SPDC's bidding, people should write down their names and family names as well as the names and address of their monasteries and send them to the following email address: evillists@gmail.com.

They should also send in the names of army officers, village and town leaders, and USDA and Swan Err Shin thugs who follow Than Shwe's orders to jail, beat or repress monks. The monks who are in prison are sacrificing their lives for peace and for their people, so all monks and people have a responsibility to secure their freedom. This is why we would like to motivate all monks and all people to gather at the pagodas and Buddha images in your towns and villages and recite three Sarana, five precepts, and the Metta Sutta and sit in meditation for their merit, remembering the good things they have done in their lives and sharing those good things and sending love and a prayer for the release of all imprisoned monks.

All Burma Monks Alliance

အပြည့်အစုံသတင်းဖတ်ရန်....

Monday, September 28, 2009

အင်န်အယ်ဒီပါတီ ၂၁ နှစ်ပြည့် ကြေငြာချက်ထုတ်ပြန်

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, September 13, 2009

၈၈ မျိုးဆက်ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ် ထုတ်ပြန်ကြေငြာချက်။...။

ရွှေဝါရောင်တော်လှန်ရေး ၂နှစ်ပြည့်ထောက်ခံ ကြေငြာချက်။(မြန်မာ)

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, September 2, 2009

GW မှ ထုတ်ပြန် ကြေငြာချက်


GW မှ ထုတ်ပြန် ကြေငြာချက် -

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, August 25, 2009

သံဃာတပ်ပေါင်းစု ပဲခူတိုင်း (ဝေါမြို့နယ်) ဖွဲ့စည်းပုံ။

သံဃာတပ်ပေါင်းစု ပဲခူတိုင်း (ဝေါမြို့နယ်) ဖွဲ့စည်းပုံ။

အပြည့်အစုံသတင်းဖတ်ရန်....

သံဃာတပ်ပေါင်းစု ဧရာဝတီတိုင်း (ဖွဲ့စည်းပုံ)။..။

သံဃာတပ်ပေါင်းစု ဧရာဝတီတိုင်း (ဖွဲ့စည်းပုံ)

အပြည့်အစုံသတင်းဖတ်ရန်....

သာသနာ့ဥသျှောင် ရွှေဝါရောင် နှစ်ပတ်လည် ပြုလုပ်မည် ။..။

သာသနာ့ဥသျှောင် ရွှေဝါရောင် နှစ်ပတ်လည် ပြုလုပ်မည်

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, August 2, 2009

ဖိတ်ကြားလွှာ



NAGOYA (JAPAN) တွင် (အာဏာရှင်စနစ်ကိုတော်လှန်ကြ) ခေါင်းစဉ်ဖြင့်

(ဂျပန်နိုင်ငံ-နဂိုယာ)မြို့ ရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများမှ ဦးစီး၍

(၂၁) ကြိမ်မြောက်( ၈.၈.၈၈) လေးလုံး နှစ်ပါတ်လည် ချီတက်ဆန္နပြပွဲအား

(၉.၀၈.၂၀၀၉)နေ့/နေ့လည်(၁၂း၀၀)နာရီတွင် SAKAEပန်းခြံ မှ

အစီအစဉ်များ စတင်မည်ဖြစ်ပါ၍..ပူးပေါင်းပါဝင်ဆောင်ရွက်လိုသော

မည်သူမဆို..လက်တွဲပြီး တိုက်ပွဲဝင်ကြရန် ဖိတ်ကြားအပ်ပါသည် ခင်ဗျား...



ဆက်သွယ်ရန်

ဦးအောင်အေးဝင်း(၀၉၀-၅၁၀၆-၆၃၉၃)
ဦးရဲတင် (၀၈၀-၃၆၂၈-၉၉၇၉)
ဦးကျော်စိုး (၀၉၀-၄၂၉၈-၃၅၈၄)...
Reply

အပြည့်အစုံသတင်းဖတ်ရန်....

Monday, June 29, 2009

အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်

အကောင်းဆုံး မြေသြဇာ အဖွဲ့မှ အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်

အပြည့်အစုံသတင်းဖတ်ရန်....

Monday, June 22, 2009

နအဖ နှင့် ဒီကေဘီအေတို့၏ လျှို့ဝှက်ချက် ပေါက်ကြား။


အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, June 9, 2009

ဒုက္ခေ၇ာက်နေသူ ကရင်ပြည်သူများအတွက် အရေးပေါ်အကူညီလိုအပ်နေသည်

မျိုးချစ်ကရင်လူငယ်များနှင့် ခေါင်းဆောင်များအားလုံး

အထက်ပါ အကြောင်းအရာကိစ္စနှင့် ပတ်သက်ပြီး ယခုအချိန်တွင် DKBAနှင့် ဗမာစစ်တပ်တို့ပူးပေါင်းပြီး ကျနော်တို့ တပ်မဟာ(၇) နယ်မြေနှင့် ဌာနချုပ်အားလာရောက် ထိုးစစ်ဆင်နေပါသည်၊

၎င်း တို့ရည်ရွယ်ချက်မှာ တပ်မဟာ(၇) နယ်မြေအားလုံး ရှင်းလင်း ရန်နှင့် ကေအဲန်ယူ ဗဟိုဌာနချုပ်အား ရှင်းလင်းရန် အတွက်ဖြစ် ပါသည်။ ယခုအချိန်တွင် ကရင်ပြည်သူလူထု အမြောက်အများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြရသည်၊ ထို့ကြောင့် ယခုအ ချိန်တွင် ပြည်သူလူထုအား ကူညီစောက်ရှောက်ရန်နှင့် ကေအဲန် အယ်လ်အေတပ်သားများအား ထောက်ပံ့ရန်အတွက် အရေးကြီး လိုအပ်နေပါသည်။

ထောက်ပံ့ရန်အတွက် (အစားအစာ၊ မိုးကာ။ ဆေးဝါး၊ ခြင်ဆေး၊ ဆေးလိပ်)စသည့်အရေးပေါ် အကူညီများလို အပ်နေပါသည်၊ ထို့ကြောင့်မျိုးချစ် ကရင်လူငယ်များနှင့် ခေါင်း ဆောင်များ အကူအညီအား အရေးပေါ်လိုအပ်လျက် ရှိနေပါ သည်၊ ထို့ကြာင့် အမျိုးသားသမိုင်းပေးတာဝန်ကို ဝိုင်းဝန်းထမ်း ဆောင်ကြပါရန် မေတာရပ်ခံအပ်ပါသည်၊

ခိုင်မာသောသွေးစည်းညီညွတ်ခြင်းမှအမျိုးသားရေးအောင်ပွဲသို့
အလုပ်အမှုဆောင်ကော်မတီ
ကရင်လူငယ်အစည်းအရုံး(ဗဟို)
KAREN YOUTH ORGANIZATION (Kaw Thoo Lei)
P. O. Box -105, Mae Sot, Tak 63110, Thailand. Email: kyohqktl@yahoo.com
Website: www.karenyouthktl.org

အပြည့်အစုံသတင်းဖတ်ရန်....

Monday, June 8, 2009

ပြည်ပရောက် နောင်တော်များ စေတနာရှင်များ ဗမာစစ်ဒဏ်ခံနေရသူ အပြစ်မဲ့ ပြည်သူများအား ကူညီကြပါ ဖေးမကြပါရန်။

ဇွန်လ ၈၊၂၀ဝ၉ ခုနှစ်
(တပ်မဟာ-၇)
နော်ဖော့ဂေ(ကေအိုင်စီ)
နအဖ တပ်မ(၂၂)လက်အောက်ခံတပ်ရင်း
တပ်ရင်း(၈၁)။တပ်ရင်း(၂၀၂)။တပ်ရင်း(၂၀၅) ပူးပေါင်း စစ်ကြောင်း(၄)ကြောင်း နှင့်
ဒီကေဘီအေ တပ်မဟာ(၉၉၉)အထူးတပ်ရင်း(ဆန်ပြုတ် ဦးစီး) တို့ သည် ကေအဲန်အယ်အေ တပ်ရင်း(၂၂)(၁၀၁)တည်ရှိရာ လယ်ပေါ်ဟဲ စခန်းသိုဏ္ဍတိုက်ခိုက်ရန် တာဝန်ယူရ၊

ခလဲ့ဒေးစခန်းထိုင် နှင့် တပ်မဟာ(၅၅၅) ဒီကေဘီအေ ဗဟိုလုံခြုံရေးတပ် မှ ကေအဲန်အယ်အေ တပ်ရင်း(၂၁) မဲတရိ သို့  တိုက်ရန် တာဝန်ယူရ၊

တပ်မ(၂၂)လက်အောက်ခံ တပ်ရင်း(၂၁၀)။ ရှမ်းရွာသစ် စခန်းထိုင် နှင့် ဒီကေဘီအေ(၅၅၅)တပ်မဟာ။ ဗဟိုလုံခြုံရေးတပ်မှ ကေအဲန်အယ်အေ တပ်ရင်း(၂၀၁) မိအေးပူသို့  တိုက်ရန် တာဝန်ယူရ၊


• ဇွန်လ(၂)ရက်နေဏ္ဍတွင် ဝါးမီကလား(နိုဘောကျောတွင်)ရင်ဆိုင်တိုက်ပွဲဖြစ်။ ဆွဲမိုင်းထိ၊
ခလရ(၈၁)တပ်ရင်းနှင့် ကေအဲန်အယ်အေ တပ်ရင်း(၂၂)တပ်ခွဲ(၃) တို့ မှဖြစ်၊
• ဇွန်လ(၄)ရက်နေဏ္ဍတွင် ခလဲ့ဒေးနှင့် ခလဲ့ခိုအကြားမောဖိုးကလိုးတွင် ဒီကေဘီအေ ဗဟိုလုံခြုံရေးတပ်နှင့် ကေအဲန်အယ်အေ တပ်ရင်း(၂၁) ခွဲ(၁)တို့ နှင့် မဲတရိစခန်းသို့  တက်ရောက်အလာ တိုက်ပွဲဖြစ်၊
• ဇွန်လ(၄)ရက်နေ့တွင် မဲသဝေါကျေးရွာ ဖွေးဖိုးကုလားတွင် တိုက်ပွဲဖြစ်၊
• ဇွန်လ(၅)ရက်နေဏ္ဍတွင် ခလဲ့ဒေးမှနေ လက်နက်ကြီးများ လှမ်းပစ်၊
• ဇွန်လ(၅)ရက်နေ့  ညနေ (၄းဝ၀)နာရီးအချိန်တွင် လယ်ပေါ်ဟဲစခန်းသို့ ဒီကေဘီအေမှ လက်နက်ကြီး
များဖြင့် ပစ်ခတ်ရန်ရှိ၊
• ဇွန်လ (၅)ရက်နေ့  ညနေ(၄း၁၀)နာရီတွင် ကေအဲန်အယ်အေ တပ်ရင်း(၂၀၁)တပ်ခွဲ(၃)နော်တ သို့  နအဖမှ (၆၀)မမ ဖြင့် လှမ်းပစ်၊
• ဇွန်လ(၆)ရက်နေဏ္ဍ နေ့ လည် (၁၂း၃၀)နာရီတွင် လက်နက်ကြီး(၈၁ မမ)ဖြင့် အလုံး ၃၀ကျော်ခန့် လှမ်းပစ်ခတ် (တပ်ရင်း ၂၂။ ၁၀၁။ လယ့်ဘော်ဟဲနေရာများသို့ )
• ဇွန်လ(၆)ရက်နေဏ္ဍ ညနေ (၄း၂၀)မှ (၆းဝ၀)နာရီအထိ လယ့်ဘော်ဟဲဂွင် ထီးမိုကလိုးနေရာတွင် တိုက်ပွဲဖြစ်ပွား၊ ထိခိုက်မှုအတိအကျ မရရှိသေး၊
• ဇွန်လ(၆)ရက်နေဏ္ဍ ည (၈)နာရီဝန်းကျင်ခန့် တွင် ထီးမိုကလိုးအောက်နာ့း ဗုံးထပေါက်သံကြား၊
• ဇွန်လ (၆)ရက်နေဏ္ဍတွင် ထိုင်း အမှတ်(၃)တပ်မမှုး ထနွန်ဆာဆာဖိလာ့ယိုထဲင် အပါအဝင် တာ့ခ်ခရိုင် တာဝန်ရှိပုဂ္ဂိုလ်များနှင့် တပ်ဖက်ဆိုင်ရာ အရာရှိများက နိုဘိုးဘုန်းကြီးကျောင်းရှိ ဒုက္ခှသည်များအား လာရောက်ကြည့်ရှု

ရဲဘော်များ. လိုအပ်ချက်
မိုးကာ။ ဆေးလိပ်။ ကွမ်းသီး။ ခြင်ဆေးရည်။ ရိက္ခှာခြောက်(ဘလခြောင်ကျော်။ မာမား။ ငါးသေတ္တာ)

မျိုးချစ်ကရင်လူငယ်များနှင့် ခေါင်းဆောင်များအားလုံး

အထက်ပါ အကြောင်းအရာကိစ္စနှင့် ပတ်သက်ပြီး ယခုအချိန်တွင် DKBAနှင့် ဗမာစစ်တပ်တို့ပူးပေါင်းပြီး ကျနော်တို့ တပ်မဟာ(၇) နယ်မြေနှင့် ဌာနချုပ်အားလာရောက် ထိုးစစ်ဆင်နေပါသည်၊

၎င်း တို့ရည်ရွယ်ချက်မှာ တပ်မဟာ(၇) နယ်မြေအားလုံး ရှင်းလင်း ရန်နှင့် ကေအဲန်ယူ ဗဟိုဌာနချုပ်အား ရှင်းလင်းရန် အတွက်ဖြစ် ပါသည်။ ယခုအချိန်တွင် ကရင်ပြည်သူလူထု အမြောက်အများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြရသည်၊ ထို့ကြောင့် ယခုအ ချိန်တွင် ပြည်သူလူထုအား ကူညီစောက်ရှောက်ရန်နှင့် ကေအဲန် အယ်လ်အေတပ်သားများအား ထောက်ပံ့ရန်အတွက် အရေးကြီး လိုအပ်နေပါသည်။

ထောက်ပံ့ရန်အတွက် (အစားအစာ၊ မိုးကာ။ ဆေးဝါး၊ ခြင်ဆေး၊ ဆေးလိပ်)စသည့်အရေးပေါ် အကူညီများလို အပ်နေပါသည်၊ ထို့ကြောင့်မျိုးချစ် ကရင်လူငယ်များနှင့် ခေါင်း ဆောင်များ အကူအညီအား အရေးပေါ်လိုအပ်လျက် ရှိနေပါ သည်၊ ထို့ကြာင့် အမျိုးသားသမိုင်းပေးတာဝန်ကို ဝိုင်းဝန်းထမ်း ဆောင်ကြပါရန် မေတာရပ်ခံအပ်ပါသည်၊

ခိုင်မာသောသွေးစည်းညီညွတ်ခြင်းမှအမျိုးသားရေးအောင်ပွဲသို့
အလုပ်အမှုဆောင်ကော်မတီ
ကရင်လူငယ်အစည်းအရုံး(ဗဟို)
KAREN YOUTH ORGANIZATION (Kaw Thoo Lei)
P. O. Box -105, Mae Sot, Tak 63110, Thailand. Email: kyohqktl@yahoo.com
Website: www.karenyouthktl.org
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အမေစုမွေးနေ့ 

“ဇွန်လ ၁၉ ရက်နေ့

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့

နိုင်ငံတော်အားလပ်ရက်ဖြစ်သည်။

အလုပ်မသွား၊ ကျောင်းမသွားဘဲ သက်ဆိုင်ရာဘာသာရေး အဆောက်အဦများတွင်

မွေးနေ့ပွဲကို ကျင်းပပြီး သူမလွတ်မြောက်ရေးအတွက် ဆုတောင်းပေး”

အထက်ပါ လှုံ့ဆော်စာကို ပြည်တွင်းတွင် လှုပ်ရှားနေသော အဖွဲ့အစည်းတိုင်း၏ နာမည်ဖြင့် ကြေညာချက်တစောင် ထုတ်ပြန်၍ လှုံ့ဆော်လိုပါသည်။

ပထမအဆင့်အနေဖြင့် ၈၈ မျိုးဆက် ကျောင်းသားများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုတို့မှ ဤလှုံ့ဆော်မှုတွင် ဦးဆောင်ပါဝင်နိုင်ခြင်း ရှိမရှိ ညှိနှိုင်းပြီး

၎င်းတို့မှ သဘောတူညီပါက မိမိတို့နှင့် ဆက်စပ်ဆောင်ရွက်နေသော နာမည်ဖေါ် ထုတ်လိုသည့် ပြည်တွင်းအဖွဲ့အစည်းများ၏ အဖွဲ့အမည် များကို ထည့်သွင်းပေါင်းစပ်၍ ထုတ်ပြန်လှုံဆော်သွားရန်ဖြစ်သည်။အမေစု

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, May 6, 2009

မြန်မာ ရဟန်းတော်များ အဖွဲ့ချူပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့မှ ပူးတွဲပေးပို့သောစာ။

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, March 10, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဒု-ဥက္ကဌ သူရဦးတင်ဦး နှင့် အတွင်းရေးမှူး ဦးဝင်းတင် တို့ ၏ မွေးနေ့ အထိမ်းအမှတ် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ။

U Tin Oo and U Win Tin BD PA_12 March 2009

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, March 3, 2009

ရရင်ရ...မရရင် ချ မြန်မာနိုင်ငံလုံးဆိုင်ရာ ပူးပေါင်းတော်လှန်ရေးအင်အားစု ရဲ့ တိုက်ပွဲခေါ်သံ

Special Announcement (04 March 2009)



Summary

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, February 25, 2009

သံဃာဥသျှောင်၏ကျေညာချက် (၂။၂၅။၂၀၀၉)

Statement 25 Feb 2009

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်