
NEJ /ဧပြီလ(၃) ရက်၊ ၂၀၀၉
နအဖနှင့် ငြိမ်းချမ်းရေးရယူထားသည့် ကရင်ခွဲထွက်အဖွဲ့များအပါအ၀င် ငြိမ်းချမ်းရေးအဖွဲ့များအားလုံး နအဖ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် လက်နက်များ ဖြုတ်သိမ်းမည်မဟုတ်ဘဲ နယ်ခြားစောင့်တပ်များအဖြစ် ပြန်လည်ဖွဲ့စည်းပေးမည်ဟု နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က ပြောသည်။
စောဌေးမောင်ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁၈) ရက်က နေပြည်တော်၌ တွေ့ဆုံရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က စောဌေးမောင်နှင့် အဖွဲ့ဝင်များကို ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က “ဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီးပြောရရင် တပ်မတော်ကနေပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးရင် ငြိမ်းချမ်းရေးတပ်တွေ ဘာပြဿနာမှ မရှိဘူး။ နယ်ခြားစောင့်တပ်အဖြစ်နဲ့ ငါတို့ အကုန်ပြန်ဖွဲ့ပေးမယ်” ဟု ပြောသည်။
ဆွေးနွေးပွဲတွင် စောဌေးမောင်အဖွဲ့အပါအ၀င် နအဖနှင့် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့အစည်းများကိုလည်း စရဖ အရာရှိချုပ်က သွယ်ဝိုက်သောနည်းဖြင့် ခြိမ်းခြောက်ပြောဆိုခဲ့ရာတွင် “နောက်တခုကွာ မင်းတို့ကို ငါဖွင့်ပြောလိုက် မယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ပတ်သက်ပြီး မင်းတို့သေနတ်တွေကို အတင်းမသိမ်းဘူး၊ အဓမ္မမခိုင်းဘူး၊ မင်းတို့ သေနတ်ထက်ကောင်းတဲ့ သေနတ်တွေ ငါတို့မှာ အများကြီးပဲ သိတယ်မဟုတ်လား။ ဖထီးတို့ သေနတ်ကလေး ဘာရှိလို့လဲ ငါတို့မှာ အများကြီးပေးလို့ရတယ်” ဟု ပြောသည်။
ကေအန်ယူမှ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီးမြ၏သားငယ် စောနေစိုးမြလည်း ၎င်းဆွေးနွေးတွင်ပါဝင်ခဲ့ရာ ဗိုလ်ချုပ်ကြီးရဲမြင့်က “မင်းဒီကနေပြန်ရင် ဒီကအခြေအနေတွေကို ပြောပြပါ။ ကျန်တဲ့အဖွဲ့တွေ လာမယ်ဆိုရင်လည်း အခုချိန်ထိ လမ်းဖွင့်ထားတယ်။ မင်းတို့အားလုံး လာနေကြည့်ပါ၊ မကြိုက်ရင်ပြန်သွား၊ ငါလည်း ပြောစရာ စကားလုံးက မရှိတော့ဘူး” ဟု ပြောသည်။
ထိုတွေ့ဆုံပွဲအပြီးတွင် စောနေစိုးမြသည် ကေအန်ယူနယ်မြေသို့ ပြန်လာပြီး ကေအန်ယူအဖွဲ့မှ နုတ်ထွက်စာတင်ကာ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အခြေစိုက်ရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ကျေးရွာ သို့ သွားရောက်ပြီး ၎င်းအဖွဲ့၏ အဖွဲ့ဝင်တဦးအဖြစ် ကူးပြောင်းသွားခဲ့သည်။ ၎င်းနှင့်အတူ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်သဲခီးနှင့် ဗိုလ်မဟာဆွေတို့လည်း လိုက်ပါသွားခဲ့ကြသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် ပြောကြားသည့် ငြိမ်းချမ်းရေးအဖွဲ့များကို ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပေးမည်ကို တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က ပထမဆုံး ထောက်ခံအားပေးကြောင်းကို လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။
ကျန်ရှိသည့် အဖွဲ့များ၏ အခြေအနေနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးအဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကို အားလုံးသဘောတူ လက်ခံမည့်ကိစ္စမှာ မဖြစ်နိုင်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် အဖြူအမည်း ကွဲပြားမည်ဖြစ်၍ ငြိမ်းချမ်းရေးအဖွဲ့အားလုံး နအဖ၏အစီအမံကို လိုက်နာမှုရှိမရှိဆိုသည်ကို စောင့်ကြည့်ရမည်ဟု ကရင်အမျိုးသားအစည်းအရုံးအဖွဲ့၏ အဆင့်မြင့်ခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
Friday, April 3, 2009
ကေအန်ယူ ခွဲထွက်အဖွဲ့အားလုံး၂၀၁၀ ရွေးကောက်ပွဲအပြီး လက်နက်မဖြုတ်ဘဲ နယ်ခြားစောင့်တပ်ဖွဲ့ပေးမည်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
April
(446)
- NLD ပြည်နယ်နှင့်တိုင်းအစည်းအဝေး သဘာပတိမိန့်ခွန်း၊ ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်း...
- ၀မ်းနည်းကြေကွဲခြင်း
- ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမ...
- တ၇ားမရှိတဲ့ ရှေ့ နေချုပ် ဇီဝိန်တော့ချုပ်တော့မယ်..
- ကိုညီညီထွေး ၏ အင်တာဗျူး
- ဧပြီ ၂၉ ၂၀၀၉ သတင်းများ
- မကောင်းဆိုးဝါးတွေကို ကမ္မဝါနဲ့ နှင်ရအောက်
- မင်း ကိုနိုင် မဲ့ မင်းကိုနိုင်
- NLD အစည်းအဝေး ၏ သဘာပတိ မိန့် ခွန်း
- အသက်ရှူတာခြင်းကွဲသေးတယ်..ရှက်ဖွယ်
- NLD LA သြစတေးသျှ ၏ သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉
- တရုတ်တွင် တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေ...
- ဟောင်ကောင်နှင့် ကနေဒါသုတေသနပညာရှင်တို့က H5N1 တုပ်ေ...
- ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ...
- အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း
- ၀က်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး
- နေပြည်တော်တွင် လေဆိပ်အသစ်တဲ့
- တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
- နာဂိုယာ(ဂျပန်)ဒီမိုကရေစီလှုပ်ရှားမှု
- နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြ...
- ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ
- ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ
- Postcard from Beijing ဆိုပြီး attachment file နဲ့ ...
- မြန်မာပြည်မှာခွေးတုတ်ကွေးဖြစ်နေတယ်
- NLD News
- ဧပြီ ၂၈ ၂၀၀၉ သတင်း
- ဧပြီ ၂ရ ရက် ၂၀၀၉ သတင်းများ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပထမနေ့ အစည်းအေ...
- အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်
- မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်
- ဝက်တုတ်ကွေူး ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘာ...
- စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ...
- ဗိုလ်တစ်ထောင်၂လောင်းပြိုင်လူသတ်မှု ဖမ်းမိပြီ။ ၅လော...
- မြန်မာစစ်တပ်(ဘုရားစူးမြန်မာပြည်သူ့ တပ်မဟုတ်ရပါ)ကေ...
- ကြပ်ပြေးကအဘအိုတို့  ရေ....သိပ်လည်းမကြောက်ကြပါနဲ့ဗျ...
- အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်
- စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်...
- ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် ထို...
- ၀က်တုပ်ကွေးကူးစက်မှု သတိပေးအဆင့် WHO တိုးမြှင့်
- နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်
- ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKB...
- DKBA ဧ၊် သက်သက်လွတ်စားရန်အမိန့်ကိုမကျေနပ်သည် ဗုဒ္ဓဘ...
- ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး
- ရူးချင်ယောင်ဆောင်မနေနဲ့ ....မာယာတွေပေါ်မှာ ချီးပန်း...
- KNUကို DKBAထိုင်းနယ်မြေအတွင်းမှဝင်တိုက်၊ ထိုင်းစစ...
- “NLD၊ KNU တို့ ကို အမျိုသားရေးအတွက် အကာအကွယ်ပေးကြပါ”
- Invitation letter of Nargis (1) Year Anniversary P...
- ဟွန်း ဆင်းရဲရင်ဆင်းကြည့် ကြိုင်ကြိုင်တဲ့ လေးလောင်း...
- အလှူငွေ စာရင်း..!
- သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြေ...
- April 25 2009 သတင်းများ.
- Karen National Union Statement on 2010 Elections
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှထုတ်ဝေသော ဧပြီလထု...
- မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ
- ကြောက်စရာ ၀က်တုပ်ကွေးရောဂါ သတင်း နှင့် ကာကွယ်ရန်အခ...
- IC LIVE TOUR IN Japan အောင်မြင်စွာပြီစီးခြင်း
- North Korean Artist Sun Mu ၏ပုံရိပ်များ
- ဒို့ ကျောင်းသား
- GWကိုစောမောင် ကျန်းမာရေးမကောင်း
- ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ
- ရာဇဝတ်ကောင်
- ပြောခြင်တာပြော
- မိုးသီးရွာချမှုကြောင့် လက်ဖက်တောင်သူများ အခက်အခဲကြုံနေ
- မလေးရှားမှ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်၌ သေဆုံး
- ဂြိုဟ်တုစလောင်းများကို ပိတ်ပင်သင့်ကြောင်း မြန်မာသတ...
- ရှားရှားပါးပါး ၁၉၅၄ ခုနှစ်က ဟောလိဝုဒ်ရုပ်ရှင်ပိတ်...
- မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိ...
- ကိုမင်းကိုနိုင် ဆုရပြန်ပြီ
- နအဖ စစ်တပ် ယုတ်ကန်းမှု့များ
- ၂ဝ၁ဝ ကိုမေ့ပြီး ကုလားဆီ အာရုံပြောင်းအောင်လုပ်နေတာ
- I AM KILLER
- DJ 2010
- သေပြည်တော်မှာ သေရင်..လင်းတစာဘဲကြွေးရမယ်တဲ့
- ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ေ...
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၂)
- အချင်းချင်း ဖြောင်တာမို့ ..မင်းတို့ ပါးစပ်တွေ ပိတ်...
- မီးတော့ မပေးဖူး။ မီးစက်နဲ့  ၀ယ်လုပ်..အခွန်အတုတ်မှ...
- ဧပြီ ၂၂ ၂၀၀၉ သတင်းများ
- နယ်ချဲ့ ဆိုတာ.တိုင်းတပါးမှ မဟုတ်ဖူး
- ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင...
- လူသေလို့ မီးရှို့မရရင် သန်းရွှေ အိမ်ရှေ့မှာသွားပုံထား
- နောင်တ မရကြစေချင်ပါ
- သိကြားမင်း စီရင်ချက် ယမမင်း အခက်
- သူတို့ပြောတာအမှန်တွေ မယုံနဲ့ ငါလိမ်ပြောတာကြယုံ
- ထေရ၀ါဒဘုန်းကြီးကျောင်းသစ်ဖွင့်လှစ်ပွဲအခမ်းအနား
- ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း တစေ့တစောင်း
- လုပ်ချလိုက်ပြန်ပြီ..သာသနာညှိုးနွမ်းစေမှုတဲ့
- မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ
- ဘဘတို့ အတွက် ကြိတ်ဝိုင်း
- ဦးထိန်မောင် ကို ဘာသာပြန် ပေးတဲ့ ငတတ်ကြီး တိမသေ ဇာ...
- လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု စတင်စို့ 
- အတတ်ဆန်းတိုင်း ကောင်းတာမဟုတ်..
- စည်းကမ်းဆိုတာ စာရွက်ပေါ်တင်ဘဲ..ဘဘတို့ လည်း ကြည့်ခ...
- အိုးမည်း ပေနေတဲ့ ကြက်တစ်ကောင်
- မြန်မာတပြည်လုံး ထောင်ထဲမှာ..
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၁)
- အနှစ် ၂၀ ကြာ..တိုင်းပြည်လုယက်ထားသူကို မမြင်..ဘေးက ...
- အန်အယ်လ်ဒီ အထူးအစည်းအဝေး ကျင်းပမည်။
-
▼
April
(446)
No comments:
Post a Comment