Friday, April 3, 2009

ဒီမိုကရေစီနှင့်အာဏာရှင်စနစ်

ဒီမိုကရေစီနှင့်အာဏာရှင်စနစ်

လူသားအားလုံးကိုပုဂ္ဂလိကတဦးချင်းစီအနေဖြင့်အပြန်အပြန်အလှန်ရိုသေလေးစားသင့်ပြီး
ပုဂ္ဂလိကတဦးချင်းစီ၏လွတ်လပ်မှုနှင့်တန်းတူညီမျှမှုတို့ ကိုအာမခံသော
ဒီမိုကရေစီ၏အခြေခံအယူအဆသည်မည်သည့်အရပ်ဒေသ၊
မည်သည့်အချိန်၊မည်သည့်တိုင်းပြည်တွင်ပဲရှိရှိကွဲပြားခြားနားမှုမရှိပဲအတူတူပင်ဖြစ်ပါသည်။
သို့သော်ဒီမိုကရေစီသည်ရှည်လျားသောသမိုင်းရေးဆိုင်ရာ
တိုးတက်မှုထုတ်ကုန်ပစ္စည်းတရပ်ကဲ့သို့ ဖြစ်ပြီး၊
ထိုအကောင်အထည်မဲ့၍အနုစိတ်ဆန်သောသရုပ်သကန်သည် ယနေ့ ထိ တိုင်အောင်ခေတ်ရေစီကြောင်းနှင့်အတူဖြစ်ပျက်ပြောင်းလည်းလာခဲ့ကာ
ယ္ခုမှစတင်၍လည်းစဉ်ဆက်မ ပြတ်တိုးတက်အောင်မြင်မှုနှင့်ဖွံ ဖြိုးတိုးတက်မှု
တို့ ကိုဆက်လက်သယ်ဆောင်သွားပေလိမ့်မည်ဖြစ်ပေသည်။
ထိုသို့ ဖြစ်ပေါ်လာခြင်းနှင့်အတူလက်ခံကျင့်သုံးလာသောအတိုင်းအတာပမာဏသည်လည်းပိုမို
ကျယ်ပြန့် လာနေသည်ကိုတွေ့ ရသည်။၎င်း၏အကျိုးရလဒ်အဖြစ်ယနေ့ 
မျက်မှောက်ကာလတွင်ဒီမိုကရေစီ၏အခန်းကဏ္ဍနှင့်ပတ်သက်၍ မျက်နှာစာ(၃)ခုခွဲကာလေ့လာဖို့  လိုအပ်လာသည်။ထိုစာမျက်နှာ (၃)ခုမှာ-

(၁)နိုင်ငံရေးလောကထဲမှဒီမိုကရေစီ
(၂)လူနေမှုဘဝထဲမှဒီမိုကရေစီ
(၃)စီပွားရေးလောကထဲမှဒီမိုကရေစီ
ဟူ၍ဖြစ်သည်။
ပထမအချက်နိုင်ငံရေးလောကထဲမှဒီမိုကရေစီသည်မျက်နှာစာ(၃)ခုတွင်အခြေခံအကျဆုံး သောပုံသဏ္ဌာန်ဖြစ်သည်ဟုဆိုရမည်။ထိုကြောင့်သမိုင်းကြောင်းအခြေခံများနှင့်ပတ်သက်၍ဝေဖန် ပိုင်းခြားသိနားလည်မှုများပိုမိုတိုးတက်ဖြစ်ပေါ်လာစေခဲ့ပြီးအစကဦးထဲကအခိုင်အမာအတိအလင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်ကိုတွေ့ ရသည်။

လူသားအားလုံးသည်မွေးဖွားလာခြင်းနှင့်အတူလွတ်လပ်မှု၊တန်းတူညီမျှမှုဆိုသောအခြေခံအ ခွင့်အရေးများကိုပိုင်ဆိုင်ခွင့်ရှိသည်ဟုမူလအခြေခံအရင်းအမြစ်အဖြစ်တွေးခေါ်ယူဆလာခဲ့ကြပါသည်။
အထူးသဖြင့်လက်ရှိလောကကမ္ဘာကြီးစတင်သက်ဝင်လှုပ်ရှားလာခဲ့ပြီးနောက်ပိုင်းမှစ၍နိုင်ငံရေးဆိုင်ရာ ပြဿနာများကိုရှင်ရှင်းလင်းလင်းသိနားလည်မှုရှိခဲ့ခြင်း၊လူသားတို့ ၏
နိုင်ငံရေးလွတ်လပ်မှုနှင့်တန်းတူ ညီမျှမှုတို့ ကိုအပြည့်အဝရရှိလာစေရန်အတွက်အလုံးစုံသော
ကြိုးပမ်းအားထုတ်မှုများကို ပိုမိုလုပ်ဆောင်လာခဲ့သည်
ကိုတွေ့ ရလေသည်။
ကြိုးပမ်းအားထုတ်မှု၏ရလဒ်မှာ(၁၈)ရာစုအမေရိကန် ပြည်ထောင်စု လွတ်လပ်ရေး၊ ပြင်သစ်တော်လှန်ရေးကြီးတို့ ပေါ်ပေါက်လာခြင်းသည်လူ့ သမိုင်းကြောင်းအသစ်ကို ဖြစ်ပေါ်လာစေသည့်တိုးတက်ပြောင်းလည်းခြင်းများနှင့်ခေတ်သစ်ကူးပြောင်းရေးလှုပ်ရှားမှုများအ ကောင်အထည်ဖော်လုပ်ဆောင်လာကြသည်ကိုတွေ့ ရလေသည်။
စစ်မှန်သောဒီမိုကရေစီနိုင်ငံရေးဦး တည်ချက်များသည်
အများပြည်သူပြည်သားအားလုံး၏သာယာဝပြောရေးကိုတိုးတက်ကောင်းမွန်စေ ပြီး၊လူသားအားလုံးထံပျော်ရွှင်အေးချမ်းမှုကိုပေးစွမ်းနိုင်ရန်အတွက်တန်းတူညီမျှသောအခွင့်အလမ်းများ ၊စည်းကမ်းသတ်မှတ်ချက်များကိုချမှတ်ပြဌာန်းပေးခဲ့ခြင်းဖြစ်ပေသည်။
ဤသို့ သော“ပြည်သူတို့ အ တွက်ဖြစ်သောနိုင်ငံရေး”
သည်ပြည်သူတို့ ကိုယ်တိုင်နိုင်ငံရေးအခြေခံဦးတည်ချက်များကိုဆုံးဖြတ်သတ်မှတ်ကာ
တတ်နိုင်သရွေ့ များစွာသောလူပုဂ္ဂိုလ်တို့ သည် မိမိတို့ ၏ကိုယ်စားလှယ်များကိုရွေးချယ်ရာ
တွင်ကိုယ်တိုင်ကိုယ်ကျပါဝင်ဆင်နွဲခြင်းဖြင့်စတင်အကောင်
အထည်ဖော်လာနိုင်ပါလိမ့်မည်။
အကယ်ဤပြည်သူများအကြားအယူအဆကွဲလွဲသောပဋိပက္ခများပေါ်ပေါက်လာပါကအများစု ၏ဆန္ဒမဲဖြင့်အယူအဆအမျိုးမျိုးထဲမှမည်သည့်အရာကိုရွေးချယ်မည်ဆိုသည်ကိုဆုံးဖြတ်ရပေမည်။
ဤသို့ ပြုလုပ်ခြင်းကနိုင်ငံရေးဆိုင်ရာဒီမိုကရေစီ၏အခြေခံဦးတည်ချက်ဖြစ်ပြီး
ဒီမိုကရေစီနိုင်ငံရေးစည်းစ နစ်များကြောင့်ဖြစ်ပေါ်လာသောအယူအဆ
ပုံသဏ္ဌာန်အမျိုးမျိုးသည်ဤအခြေခံစဉ်းစားတွေးခေါ်မှုဦး တည်ချက်များကိုအကောင်အထည်ဖော်လုပ်ဆောင်သွားသောနည်းလမ်းများကွဲလွဲခြင်းအပေါ်မူတည်၍ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
နိုင်ငံရေးလောကထဲမှဒီမိုကရေစီနှင့်အတူဖွံ့ ဖြိုးတိုးတက်လာသည့်အရာကတော့ဒုတိယအချက် ဖြစ်သောလူနေမှုဘဝထဲမှဒီမိုကရေစီပင်ဖြစ်ပေသည်။
၎င်းသည်စီမံခန့် ခွဲနေသူများကြားတွင်မိမိတို့  ကိုယ်တိုင်နှင့်လူသားမျိုးနွယ်ကွဲပြားမှုအပေါ်မူတည်ကာ
အထူးအခွင့်အရေးများတည်ရှိနေသောကိစ္စကို ငြင်းပယ်လက်မခံသောအချက်ဖြစ်ကာအဓိပ္ပါယ်အမျိုးမျိုးဖြင့်
မြေရှင်ပဒေသရာဇ် စနစ်သုတ်သင်ဖယ်ရှား ရေးကိုတစိုက်မတ်မတ်တောင်းဆိုလာပါတော့သည်။
မင်းဆွေမင်းမျိုးများနှင့်မြေပိုင်ရှင်နယ်စားပယ်စားတို့ ၏ အိမ်တွင်မွေးဖွားလာသူများသည်
သာမန်လူများထက်သဘာဝအလျောက်မြင့်မားသောရာထူးအဆင့်
အတန်းသို့ ရောက်ရှိသွားပြီးလူသားမျိုးနွယ်နှင့်ယုံကြည်မှုသစ္စာ
တရားတို့ ၏ကွဲပြားခြားနားသည်ဆိုသောကိစ္စကိုအကြောင်းပြချက်ပေးကာခွဲခြားအကြောင်းပြ
ပြောဆိုရေးသားခြင်းများကိုပြုလုပ်လာကြတာမျိုးလည်းရှိပေသည်။
လူနေမှုဘဝစည်းစနစ်များသည်လူသားတို့ ၏လွတ်လပ်မှုနှင့်တန်းတူညီမျှမှုဆိုင်ရာ
အတွေးအခေါ်ခံယူချက်များနှင့်ပြောင်းပြန်ဖြစ်လေသည်။
လူနေမှုဘဝထဲကဒီမိုကရေစီသည် ထိုကဲ့သို့ သောအပေါ်ယံဂုဏ်ပကာသန
ခွဲခြားမှုကိုငြင်းချက်ထုတ်တာချည်းပဲမဟုတ်ပဲအထူးသီးသန့် 
့...ဆက်လက်ဖော်ပြပါမည်။

ဒီမိုကရေစီ(ရဲထွဋ်)အခန်း(၁၁)မှကောက်နုတ်တင်ပြသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်