နတ်နဂါးများနှစ်စဉ်လာရောက်ဖူးမြော်သည်ဟု ဒေသခံများယုံကြည်။ ယခုပွဲတော်တွင်လည်း ကြုံတွေ့ခဲ့ဟုဆို
ရခိုင်ပြည်နယ်၏အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်သည့် ရသေ့တောင်မြို့ နယ် မုန်စံကျွန်းရှိ မြတ်ဗုဒ္ဓ၏ ပါဒခြေတော်ရာ ဗုဒ္ဓပူဇနိယပူဇော်ပွဲကို ၁၃၇၀ပြည့်နှစ် ပြာသိုလဆန်း ၁၄ရက်မှ လပြည့်နေ့အထိ (၂၀၀၉ခုနှစ် ဇန်န၀ါရီ ၉ရက်မှ ၁၀ရက်ထိ)ကျင်းပခဲ့ရာ ယခုပွဲတော်ရက်တွင်လည်း ယခင်နှစ်များကဲ့သို့ နတ်နဂါး များလာရောက်ပူဇော်သည့် ထူးခြားမှုကို ပွဲတော်လာသူများ ကြုံတွေ့ခဲ့ရသည်ဟု အလိုတော်ပြည့်ဆရာတော်၏ လက်ထောက် ဆရာတော် ဦးကုမာရက 24/7 သို့မိန့်ကြားသည်။
ရခိုင်ပြည်နယ်၏အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်သည့် ရသေ့တောင်မြို့ နယ် မုန်စံကျွန်းရှိ မြတ်ဗုဒ္ဓ၏ ပါဒခြေတော်ရာ ဗုဒ္ဓပူဇနိယပူဇော်ပွဲကို ၁၃၇၀ပြည့်နှစ် ပြာသိုလဆန်း ၁၄ရက်မှ လပြည့်နေ့အထိ (၂၀၀၉ခုနှစ် ဇန်န၀ါရီ ၉ရက်မှ ၁၀ရက်ထိ)ကျင်းပခဲ့ရာ ယခုပွဲတော်ရက်တွင်လည်း ယခင်နှစ်များကဲ့သို့ နတ်နဂါး များလာရောက်ပူဇော်သည့် ထူးခြားမှုကို ပွဲတော်လာသူများ ကြုံတွေ့ခဲ့ရသည်ဟု အလိုတော်ပြည့်ဆရာတော်၏ လက်ထောက် ဆရာတော် ဦးကုမာရက 24/7 သို့မိန့်ကြားသည်။
ပွဲတော်နောက်ဆုံးနေ့မနက်ပိုင်းပဲဖြစ်မယ်။ အသံတွေဆူညံသွားတယ်။ လှိုင်းလုံးရိုက်သံတွေကြားပြီး ပွဲတော်လာ သူတွေရဲ့ အသံတွေကထွက်လာတယ်။ နတ်နဂါးကြီးလာဖူးတယ်ဟေ့ဆိုပြီး အသံထွက်တော့ ဦးဇင်းက ငှကြ မက်နားပေါ် ရောက်နေတယ်။ ကင်မရာနဲ့ မှတ်တမ်းတင်ဖို့ အပြေးအလွှာသွားပေမယ့် မမှီတော့ဘူး။ မြင်လိုက်ရ တဲ့သူတွေ တော်တော်များများရှိတယ်။ ခေါင်းတို့ ကိုယ်လုံးတို့ကိုမြင်လိုက်ရတယ်။ အ၀ါရောင်တောက်နေတယ် ခဏပဲပေါ်ပြီး ပျောက်သွားတယ်လို့ပြောတယ်။ ဒေသခံတွေလည်း ပါဒခြေတော်ရာပူဇော်ပွဲရောက်ရင် နတ်နဂါး တွေလာဖူးကြတယ်ဆိုတာ ယုံကြည်ပြီးသာပါ။ ဒီအကြိမ်မှာလည်း အဲလိုပဲ ထူးထူးခြားခြားဖြစ်ခဲ့ပါတယ်ဟု´´မိန့်သည်။
ထိုသို့ နတ်နဂါးဖူးမြော်သည်ဟုအသံများကြားပြီးချိန်တွင် အဆိုတော် ရတနာ (မေခလာ၏ညီမ) ကိုင်ဝင်ပူး ကြောင်း၊ ပါဒခြေတော်ရာ၏ ရှေ့တွင်ဖြစ်ပြီး ပူးယှက်ထားသော လက်နှစ်ဖက်မှာ တွန့်လိမ်လှုပ်ရှားနေပြီး ခန္ဓာကိုယ်မှာ ယိမ်းထိုးနေကြောင်း သူမကိုခြေတော်ရာပေါ်တွင် စကူကိုတင်ပြီး ခဲခြစ်ခိုင်းစေရာ ပုံသဏ္ဍန် ဖောင်းကြွပေါ်ပြီး မှိန်လျော့သွားကြောင်းသိရသည်။
ဒေသခံအများစုမှာ ထိုကဲ့သို့ပင်နှစ်တိုင်းပွဲတော်ရက်များအတွင်း ထူးခြားမှုများရှိသည်။ ဖြစ်ပေါ်တတ်သည်ဟု ယုံကြည်ထားခြင်းနှင့် ပတ်သက်ပြီး ``နှစ်တိုင်းပဲအဲလိုမျိုး နတ်နဂါးတွေ လာဖူးမြော်တာကို ကြုံတွေ့ရသလိုပဲ။ ကင်းမလက်မည်းတွေလာဖူးတာကိုလည်း တွေ့ရတယ်။ အဲလိုပဲ မြွေရဲ့ခေါင်းပေါ်မှာ ဖားကရောက်ပြီး လာဖူးမြော်တာကိုလည်း တွေ့ရတယ်၊ လူတွေကို ဘာမှအန္တရယ်မပြုဘူး´´ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးနှင့် တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်တွင် 24/7 နှင့်ဆုံတွေ့စဉ် ၄င်းကပြောသည်။
ပါဒခြေတော်ရာပွဲတော်တွင် ပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့် ကျောင်းတိုက်များ၏ အဓိပတိ အလိုတော်ပြည့်ဆရာတော် ဘဒ္ဒန္တအရိယ၀ံသ ဦးစီးဆောင်ရွက်ပြီး သံဝေဇနိယလေးဌာနဖွင့်ပွဲနှင့် ဗုဒ္ဓပါဒ(ခြေတော်ရာ)ဂန္ဓကုဋိကျောင်း တော်ပေါ်၌ တင်လှူပူဇော်မည့် ရွှေထီးတော် ငှက်မြတ်နားတော် စိန်ဖူးတော်များ တင်လှူပွဲကို ကျင်းပခဲ့ပြီး ပင့်ဖိတ်ထားသော ရခိုင်ပြည်နယ်အတွင်းရှိ ဆရာတော် သံဃာတော် ၁၀၈ပါးတို့အား အလှူရှင် ဦးသိန်းထွေးမိသားစု၊ ဦးတင်မောင်အေး၊ ဒေါ်အေးအေးမြင့် မိသားစုတို့က ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခဲ့ကြောင်းသိရသည်။ ပျော်ပွဲရွှင်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲများတွင် သရုပ်ဆောင် ရတနာခင်၊ ရှင်ဖုန်း၊ ရတနာ၊ ဆောင်းဦးလှိုင်၊ စည်သူလွင်နှင့် ရခိုင်အဆိုတော်များဖြစ်သည့် ခိုင်ကျော်လင်း၊ မြတ်ခိုင်ကျော်၊ အယ်ကိုလင်း၊ ရီလှိုင်းပြာတို့ ဖျော်ဖြေခဲ့ပြီး ပရိတ်သတ်တစ်သိန်းခွဲကျော်အားပေးခဲ့ကြောင်း သိရသည်။
မုန်စဲကျွန်းပါဒခြေတော်ရာ၏ ထူးဆန်းအံ့ဖွယ်များမှာ သမုဒ္ဒရာပင်လယ်မှလာသော လှိုင်းတ့ပိုးများသည် ပြင်းထန်သော လေမုန်တိုင်းကြောင့် ကြီးစွာသော လှိုင်းလုံးများ ရိုက်ခတ်ငြားသော်လည်းခြေတော်ပေါ်သို့ ကျော် လွန်၍မသွားခြင်း၊ လေမုန်တိုင်း တိုက်ခတ်၍ လှိုင်းတံပိုး သည်းထန်ဖြစ်သော်လည်း ခြေတော်ရာအနီး၌ ၄င်း လှိုင်းတံပိုးများသည် ရေပန်းများအသွင် ပါဒခြေတော်ရာကို ဖူးမြောခြင်း၊ မကြခဏအဆိပ်ပြင်းထန်သော နီသောအဆင်းရှိသော မြွေကြီးများ ခြေတော်ရာသို့ လာရောက်ပတ်ခွေကာ အထင်အရှား ဖူးမြော်ခြင်းကိုတွေ့ရခြင်း၊ ပင်လယ်မှ စက်လှေသင်္ဘောများ ခုတ်မောင်းသွားသည့်အခါ ရေများကွဲပြီး လှိုင်းတံ ပိုးဖြစ်သကဲ့သို့ ခြေတော်ရာအနီး ၌ ဖြစ်ပေါ်လာပြီး သုံးနှစ်တစ်ကြိမ်ရေနဂါးများ မြူးထူးပျော်ပါးသည်ကို တွေ့မြင်ရခြင်း၊ မိမိ၏ခိုင်မြဲစိတ်ကြံ အဓိဌာန်ဖြင့်ယုံကြည်ချက်တစ်ခုကို အဓိဌာန်ပြုပါက အောင်မြင်ခြင်း စသည်တို့ဖြစ်သည်။
မုန်စဲကျွန်းပါဒခြေတော်ရာသို့ သင်္ဘောဖြင့် စစ်တွေမှ ရသေ့တောင် (၃နာရီဝန်းကျင်) ရသေ့တောင်မှတဆင့် မုန်စဲကျွန်းသို့ (သင်္ဘောဖြင့် တစ်နာရီကျော်) သွားနိုင်ကြောင်း၊ စစ်တွေ-ရသေ့တောင်ခရီစဉ်မှာ နေ့စဉ်ရှိသော် လည်း ရသေ့တောင်-မုန်စဲကျွန်းသင်္ဘောမှာ စနေနှင့် တနင်္ဂနွေသာပြေးဆွဲပြီး ထိုရက်တွင် စစ်တွေမှတဆင့် နေ့ချင်းပြန်ဖူးမြော်နိုင်ကြောင်းသိရသည်။http://alodawpyi.multiply.com/photos/album/20/20#4
No comments:
Post a Comment