Monday, January 5, 2009

ဒေါ်အောင်ဆန်းစုကြည် ပို စတာတိုက်ပွဲ စတင်ဆင်နွဲနေပြီ။

လွတ်လပ်ရေးနေ ညသန်းကောင်ယံ မှာ ဒေါ်အောင်ဆန်းစုကြည် က ပိုစတာတခုကို ရေးပါတယ်။ ပိုစတာမှာတော့တိုင်းပြည်နဲ့ပြည်သူလူထုအကျိုးကရှေ့ရူ့ပြတ်ပြတ်သားသားဆောင်ရွက်ကြလို့ရေးသားထားပါတယ်။

သူမအဖေါ်အမျိုးသမီးသုံးယောက်အကူညီနဲ့  ပိုစတာကြီးကို အိမ်ရှေ့ မှာ ချိတ်ဆွဲလိုက်ပါတယ်။ ဒီတခါပိုစတာ တိုက်ပွဲကတော့ နအဖ ကို ဆန်ကျင်တဲ့ ပိုစတာ မဟုတ်ပါဘူး။ သူမ ရဲ့  လုပ်ဖေါ်ကိုင်ဖက် အလုပ်အမှုဆောင်အဖွဲ့ ကို ဦးတည်လိုက်တဲ့

ပိုစတာကန်ပိန်း ဖြစ်တယ်လို့  အတွင်းစည်းအဖွဲ့ ဝင်တဦးကပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကသူမရဲအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အလုပ်အမှုဆောင်အဖွဲ့ ကို အလွန်စိတ်ပျက် နေတယ် လို့ သိရပါတယ်။


ဦးအောင်ရွေ ဦးဆောင်တဲ့ အလုပ်အမှုဆောင်အဖွဲ့ ကို နှုတ်ထွက်စေချင်ပုံလည်းရပါတယ်။ သူ လွှတ်လာခါစက လည်း အလုပ်အမှုဆောင်အဖွဲ့ ကို ရှေ့ ကနေဦးဆောင်လျင်ဦးဆောင် မဦးဆောင်လျင် လူငယ်တွေ ကို နေရာပေးပါလို့ လည်း တိုက်တွန်းခဲ့ဘူး ပါတယ်။ ဦးအောင်ရွှေ ဦးဆောင်တဲ့အလုပ်အမှုဆောင်အဖွဲ့ က နေရာယူထားပြီး ဘာမှ ပြတ်ပြတ်သားသား ထိထိရောက်လုပ်ကိုင်နိင်စွမ်းမရှိခဲ့ပါဘူး။ မပြော- မလုပ်-မရှုပ်- မပြုတ်ဆိုတဲ့ '' မ " လေးလုံး ပေါ်လစီကို ကျင့်သုံးနေပါတယ်။

၁- ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အကောင်ထည်မဖေါ် နိင်ခြင်း
၂- ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေးအကျဉ်းသား များ လွတ်မြောက်ရေးအတွက်ဘာတခုမှ မလုပ်ကြခြင်း
၃- သံဃာလှုပ်ရှားမှုကြီး ဖြစ်ပွားလာစဉ်ကလည်း ရှေ့ ကထွက်ပြီး ဦးဆောင်မှု မပေးခြင်း။

၎- အဆိုးဆုံးကတော့ နာဂစ်မုန်တိုင်းဖြစ်ပွားစဉ်က အလုပ်အမှုဆောင် တဦးတယောက်က မှပြည်သူလူထုထံကို သွားရောက်အားမပေးခြင်း

တို့ ကို ကြည့် ခြင်းအားဖြင့် ဦးအောင်ရွေခေါင်းဆောင်တဲ့ အလုပ်အမှုဆောင်အဖွဲ့ ဟာ နှုတ်ထွက် ပြီးပြုပြင်ပြောင်းလဲမှုများကိုလုပ်သင့်နေကြောင်းထင်ရှားနေပါတယ်။ ၀ါရင့် နိင်ငံရေးသမား ကြီးများ အဖွဲ့ ကအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အလုပ်အမှုဆောင်အဖွဲ့ ထက်စာရင် ပို ပြီး ပြတ်ပြတ်သားသား ပြောဆိုတာကိုတွေ့ ရပါတယ်။ ကျနော်တို့လူငယ်များကလည်းအလုပ်အမှုဆောင်အဖွဲ့ ကိုပြုပြင်ပြောင်းလဲမှုတွေလုပ်ကြပါလို့  ဖိအားတွေ ပေးသင့်ပါတယ်။

မိုးသီးဇွန်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်