Wednesday, January 7, 2009

ကျွန်းသစ်နှင့်သစ်မာများကို ခိုးထုတ်ရောင်းချမူကြောင့် ကျောက်တော်နယ်မှ သစ်တောများ ပြုန်းတီးရန် အခြေအနေသို့ ဆိုက်ရောက်

1/7/2009

ခိုင်မင်းမူ(နိရဉ္စရာ) ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်အတွင်း ဒေသခံ သစ်လုပ် ထုတ်လုပ်သည့် ပုဂ္ဂလိက သစ်သမားများနှင့် စစ်တပ်မှ ပူးပေါင်းပြီး သစ်များ အကြီးအကျယ် ခိုးယူ ထုတ်လုပ်ရောင်းချနေသဖြင့် သစ်တောများ ပြုန်းတီးရန် အနေအထားသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

၎င်းအပြင် ကျောက်တော် အခြေစိုက် စကခ ၅ မှူးမှလည်း ငွေကြေးယူပြီး သစ်ထုတ်လုပ်သည့် ပါမိတ်များ ထုတ်ပေးနေသဖြင့်

ဒေသအတွင်း သစ်သမားများမှ သစ်များကို နေ့စဉ် မပြတ် ခိုးထုတ်နေသည်ဟု ကျောက်တော်က ပေးပို့သော သတင်းတရပ်တွင် ဖေါ်ပြသည်။

ကျောက်တော် မြို့နယ် မြောက်ဘက်တွင် တည်ရှိသော မင်းသားတောင် တောင်တန်း. ပီချောင်းတောင်၊ မီးလက်ဝတောင် စသည့်တောင်တန်းများတွင် ကျွန်းသစ်နှင့် သစ်မာများ အထူး ဖြစ်ထွန်းကြောင်း သိရသည်။

သို့သော်လည်း ယခုအခါ သစ်များ မရှိသလောက် နည်းပါးသွားပြီ ဖြစ်ကြောင်း သတင်းတရပ်တွင် ဖေါ်ပြသည်။

ဒေသခံ ပြည်သူသူ တဦးက တရားမ၀င် ခုတ်လှဲပြီး ရောင်းချသော သစ်များမှာ အပြင် ပေါက်ဈေးထက် သုံးပုံ တစ်ပုံ သက်သာ သဖြင့် ၀ယ်ယူသူ များကြောင်း ပြောသည်။

၎င်းအပြင် တလတွင် အနည်းဆုံး သစ်တန်ချိန် ၁၅ တန်မှ ၂၀ စကခ ၅ မှူးထံမှ အပြင်သို့ ရောင်းချပြီး အဆိုပါ သစ်များမှာ သစ်ထုတ်လုပ်ခွင့် ပါမိတ်ရသော သစ်ထုတ်လုပ်သူများက စကခမှူးကို လက်ဆောင်ပေးသော သစ်များ ဖြစ်ကြောင်း သိရသည်။

ကျွန်းသစ်များကိုလည်း စကခမှူးထံမှ ၀ယ်ယူနိုင်ပြီး ဈေးပိုပေးသူများနှင့် စစ်တပ်ကို ထောက်ခံသော အလိုတော်ရိများကိုသာ ၀ယ်ယူခွင့် ပြုကြောင်း သိရသည်။

စစ်တပ်အတွက် သစ်များကို သယ်ယူရန်အတွက် စပါးဆိပ်၊ မဟာမုနိ၊ သရက်တပင်၊ ညောင်ပင်လှ၊ တိမ်ညို စသည့် ကျေးရွာများမှ လူနှင့် ကျွဲ၊နွား များကို မကြာခဏ ပေးပို့ရသည်ဟု သိရှိရသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်