Saturday, January 3, 2009

ဒီမိုကရက်တစ် ရဲဘော်ဟောင်းများ (မြန်မာနိုင်ငံ)ရဲ.့ သဘောထား

ရဲဘော်များ၊ မိတ်ဆွေများ ခင်ဗျား။
နှစ်သစ်မှာ အားလုံး ကျန်းမာရွှင်လန်းကြစေဘို. ဆုတောင်းမေတ္တာပို.သအပ်ပါတယ်။
မြန်မာ့လွတ်လပ်ရေး သက်တမ်း (၆၁) နှစ်ရှိပေမဲ့ မြန်မာနိုင်ငံ မလွတ်လပ်သေးပါဘူး။ လွတ်လပ်ရေးရဲ. ဒဏ်ရာဒဏ်ချက်တွေနဲ.အတူ၊ ပြည်တွင်းစစ်မီးက ဆက်လောင်နေပြီး၊ အခုဆိုရင် စစ်အာဏာရှင်စနစ်ရဲ. ဆိုးရွားရက်စက်တဲ့ ဖိနှိပ်မှုဒဏ်ကို မြန်မာပြည်သူတရပ်လုံး အနက်ရှိုင်းဆုံး ခံစား နေကြရတာပါ။ ဒီလိုကာလတွေမှာ ကျနော်တို.ဟာ တဦးနဲ.တဦး နားလည်မှုရှိစွာ လက်တွဲတိုက်ပွဲဝင်သွားကြရမှာ ဖြစ်ပါတယ်။

(၂၀၀၉) ခုနှစ် လွတ်လပ်ရေးနေ. အထိမ်းအမှတ် အနေနဲ. ဒီမိုကရက်တစ် ရဲဘော်ဟောင်းများ (မြန်မာနိုင်ငံ)ရဲ့ သဘောထား ကို တင်ပြလိုပါတယ်။
ဒီမိုကရက်တစ်ရဲဘော်ဟောင်းများ(မြန်မာနိုင်ငံ)အနေနဲ. နအဖရဲ. (၂၀၁၀) ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်မပြုပါဘူး။ ၀င်ပြိုင်မှာလဲ မဟုတ်သလို၊ ၀င်ပြိုင်ဘို.လဲ လုံးဝ မထောက်ခံပါဘူး။ နအဖကလိန်ကကျစ် အမျိုးသားညီလာခံက ဖွဲ.စည်းပုံ အခြေခံ ဥပဒေဆိုတာ ဘယ်လို ကလိန်ကကျစ် ရေးဆွဲထားသလဲ ဆိုတာ အားလုံးက သိကြပါတယ်။ အဲဒီတော့ ကလိန်ကကျစ် ညီလာခံက ကလိန်ကကျစ် ဖွဲ.စည်းပုံအခြေခံ ဥပဒေဆိုတာ ထွက်လာပြီး၊ ကလိန်ကကျစ်ရွေးကောက်ပွဲကို နအဖက ဆက်လုပ်ဘို. စိုင်းပြင်းတာစူနေပါပြီ။

ဒီလိုအခြေအနေမှာ နအဖရဲ. ကလိန်ကကျစ်ရွေးကောက်ပွဲကို ၀င်ဘို့ အချို.သော ပါတီ၊ အဖွဲ.အစည်းတွေ ပြောဆို ခတ်ကွင်းပြင်နေ တာကို ရဲဘော်များ၊ မိတ်ဆွေများ ကြားသိကြမှာပါ။ သူတို. ပြောဆိုနေတဲ့ စကားထဲမှာ၊ သူတို့ ဟာ တပ်မတော် အရာရှိဟောင်း တချို့ကို ဆက်သွယ်စည်းရုံးထားတယ်လို. ဆိုပါတယ်။ ပြည်တွင်း၊ ပြည်ပဆိုတာ သဲသဲကွဲကွဲ ပြောထားခြင်း မရှိပါ။

ထို.အတွက် နအဖ ရွေးကောက်ပွဲဝင်ဘို. ပြင်ဆင်နေတဲ့ ပါတီ၊ အဖွဲ.အစည်းထံသွားပြီး ဒီမိုကရက်တစ်ရဲဘော်ဟောင်းများ (မြန်မာနိုင်ငံ) အနေနဲ. သွားရောက်ဆက်သွယ်၊ အကူအညီ တောင်းခံတယ်ဆိုတာ မရှိကြောင်း မိတ်ဆွေများ သံသယ ရှင်းအောင် တင်ပြအသိပေး ရခြင်းသာ ဖြစ်ပါတယ်။ ကျနော့်တဦးတည်း သဘောကို ဆက်လက် တင်ပြရမယ်ဆိုရင် မြန်မာပြည်မှာ နအဖ သက်ဆိုးရှည်အောင် အထောက်အကူ ပေးနေတဲ့ တရုပ်အစိုးရဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်း အခုလိုကာလတွေမှာ အများကြီးတာဝန်ရှိတယ်လို. ခံယူထားပါတယ်။ ဒီအတွက် တရုပ်ကို ဆရာတင်ပြီး၊ နောက်ကွယ်က တရုပ်အလိုကျ ကပြမဲ့ တရုပ်နောက်မြီးဆွဲ ပါတီ၊ အဖွဲ.အစည်းတွေ ကို ကျနော် မထောက်ခံပါ။ သို.သော် လူတိုင်းဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတာမို.၊ တရုပ်ကို ထောက်ခံဘို.၊ မထောက်ခံဘို. ကျနော် အငြင်းမပွားလိုပါ။ ကိုယ့်သမိုင်းကို ရေးကြတာဘဲ ဖြစ်ပါတယ်။ ကိုယ့်လမ်းကို လွတ်လွတ်လပ်လပ် လျှောက်နိုင်ကြပါတယ်။

နအဖက ဒီမိုကရေစီလိုလားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေချ၊ မြန်မာပြည် အစွန်ဆုံး အင်မတန် ဝေးလံတဲ့ထောင်တွေကို ခွဲပို.ပြီး၊ မိသားစုတွေကို ဒုက္ခပေးတဲ့ အပြင်၊ ထောင်ထဲမှာ၊ နေရောင်မထိအောင်၊ ပြင်ပလေဆိုတာ ကောင်းစွာ မရှူရအောင် တိုက်ပိတ်ထားပါ တယ်။ အခြား အကျဉ်းသားတွေနဲ. စကားပြောခွင့် မရအောင်လဲ အဆက်ဖြတ် တယောက်တည်း တိုက်ပိတ်ထားတာပါ။ ချထားတဲ့ ထောင်ဒဏ် တွေကလဲ တကယ်တမ်း ထောင်ထဲမှာ နေရမယ်ဆိုရင်၊ ဒီတသက် ထွက်ရဘို. မရှိတော့ပါဘူး။ အပြင်မှာလဲ ပြည်သူလူထုဟာ နအဖ ဖိနှိပ်မှု ဒဏ်ကို ရက်ရက်စက်စက် ခံနေရတာပါ။ ဒီလိုအခြေအနေမှာ နအဖ ကလိန်ကကျစ် ညီလာခံ၊ ကလိန်ကကျစ် ဖွဲ.စည်းပုံ၊ ကလိန်ကကျစ် ရွေးကောက်ပွဲကို ကျနော့် အနေနဲ့ကော၊ ကျနော်ပါဝင်နေတဲ့ ဒီမိုကရက်တစ် ရဲဘော်ဟောင်းများ မြန်မာနိုင်ငံအနေနဲ. လုံးဝ ဆန့်ကျင်တယ် ဆိုတဲ့ အကြောင်း တင်ပြ အသိပေးလိုပါတယ်။

လေးစားစွာဖြင့်၊
စိုင်းဝင်းကျော်
ဒီမိုကရက်တစ် ရဲဘော်ဟောင်းတဦး
ဒီမိုကရက်တစ် ရဲဘော်ဟောင်းများ (မြန်မာနိုင်ငံ)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်