Thursday, August 6, 2009

ဘယ်တော့မှမမေ့တဲ့ နေ့

အဲဒီတုန်းက ကျွန်တော်တတိယတန်းကျောင်းသားဘ၀ ဆရာမတွေက အိမ်ပြန်ကြဖို့ပြောတယ်
ကျောင်းတံခါးဟာ အဲဒီကစလို့ တစ်နှစ်ကျော်ကျော်ပိတ်ထားခဲ့တယ်
လမ်းပေါ်မှာလူတွေ ၊ သွေးထဲကအသံနဲ့ အော်ဟစ်နေကြတယ်
ခေတ်ပြောင်းဖို့တာဝန်ကို ယူရဲခဲ့ကြတာ ငါတို့ ပြည်သူတွေ
အသက်အသေခံတယ်
ဘ၀ကိုပေးဆက်တယ်
သြော်...အဲဒါ ငါတို့ နိုင်ငံအတွက်တဲ့လား

ငါတို့ နိုင်ငံကို ဒီလောက်ချစ်ကြသတဲ့လား ချစ်ခဲ့ကြတာ အဲဒီတုန်းက
ကျွန်တော့်အမေလည်း လက်သီးလက်မောင်းတန်းလျှက်
ကျွန်တော်လည်း သံယောင်လိုက် အော်ဟစ်လျှက်
အစိုးရဆိုး နဲ့ ပြည်သူ ဗြောင် တိုက်ပွဲဖြစ်တဲ့နေ့
လက်နက်မဲ့တွေ သေနတ်ရှေ့ ရင်ကော့ထွက်လာတဲ့နေ့
ပြီးတော့ အဲဒီတုန်းက
ကျွန်တော်တို့မြို့လေးကိုေ၇ာက်လာတဲ့ အမေစုကိုလည်း
စောင့်ကြိုခဲ့ကြတယ် ၊ ခေါင်းဆောင်တစ်ယောက်တွေ့ပြီလေ
ကျွန်တော် အမေစုကို မြင်ရတယ်ဆိုရုံကလေးပဲ
လူတွေကြားထဲလဲပြိုကျခဲ့
မှတ်မိသေးတယ်
အဲဒီနေ့တွေ
ပြည်သူတွေက အပိုင်စားရတဲ့နေ့တွေ
ရှစ်လေးလုံးအော်သံတွေ
ဒီမိုကရေစီ ရရှိရေး ဒို့အရေး

ဘယ်တော့မှမမေ့
ရှစ်လေးလုံး သွေးများ အမြဲတမ်း စိုရဲ
ဘယ်တော့မှမမေ့
မြန်မာပြည်ကို အရမ်းချစ်တဲ့ ငါတို့ အဘိုးအဘွား အဖေအမေ အစ်ကို အစ်မ တွေ
လမ်းပေါ်ထွက် အသက်ပေးခဲ့တဲ့နေ့ .......။

နိုင်းစစ်တူး

No comments:

Post a Comment