Monday, August 31, 2009

နောင်ဆို အီးတောင် ပေါက်လို့ရမှာမဟုတ်ဘူး

ရန်ကုန်တိုင်း အတွင်း ယမ်းပေသီး၊ မီးပန်းနှင့် ဗြောက်အိုး ရောင်းချသူများအား လိုက်ခံ ဖမ်းဆီမှုစတင်

31/Aug/2009
ရန်ကုန်တိုင်းအတွင်း ယမ်းပေသီး၊ မီးပန်းနှင့် ဗြောက်အိုးများရောင်းချသူများရှိရာနေရာများကို
ဖမ်းဆီးမှု စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ မီးရှုးမီးပန်းဗြောက်အိုးများနှင့်ပတ်သက်၍သတိပေးတားမြစ်
ချက်များ၊ ထောင်ဒဏ် ကျခံရနိုင်သည်ဟု ကြေညာချက်များအား သီတင်းကျွတ်ကာလအနီးကပ်လာသည့် အချိန်
တွင် နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်ကြေညာလေ့ရှိရာ ယခုအခါ လသာမြို့နယ်အတွင်း ယမ်းပေသီး၊ မီးပန်းနှင့်
ဗြောက်အိုးရောင်းချသူများကို စတင် ဖမ်းဆီးရမိနေပြီဖြစ်ကြောင်း၊ လက်ရှိတွင်ဗြောက်အိုး ရောင်းချသူများရှိနေ
သည့်အပြင် ဗြောက်အိုးဖောက်သူများပါရှိနေကြောင်း မြို့နယ်များ အတွင်းမှ စုံစမ်းသိရှိရသည်။ ဖမ်းဆီးရမိပါက
ပြစ်မှုဆို်င်ရာ ဥပဒေပုဒ်မ ၂၈၆ အရပြစ်မှုထင်ရှားသူကို ထောင်ဒဏ် ၃နှစ်အထိ ချမှတ်ရမည့်အပြင်ငွေဒဏ်လည်း
ချမှတ်နိုင်ကြောင်း ၂၀၀၉ခုနှစ် စက်တင်ဘာလ ၂ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။

Rest of your post

တရုပ်ထုတ် F-7M


F-7M တိုက်လေယာဉ်သည် တရုပ်မှ ထုတ်လုပ်သောလေယာဉ်ဖြစ်ပြီး ရုရှားလုပ် MIG-21ကို ပုံတူကူးထားခြင်းဖြစ်သည်။ ၁၉၉၀ တွင် ဝယ်ယူရန်စခဲ့ပြီး ပထမ အသုတ်ဖြင့် အစင်း ၃ဝကို ၁၉၉၁ တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပါသည်။ ၁၉၉၄ တွင် ဒုတိယ အသုတ်အဖြင့် အစင်း ၃ဝ မှာယူခဲ့သော်လဲ တပ်မတော်လေမှ ရရှိခဲ့သော အရေအတွက်ကို တိတိကျကျ မသိ ရပေ။ မြန်မာ စစ်အစိုးရမှ ပေးရန်ရှိသော ကြွေးမှီကြောင့် တရုပ်နိုင်ငံမှ အပြည့်အဝ လေယာဉ်မပို့ခဲ့ပေ။ ၂ဝဝ၅ ခုနှစ်တွင် သက်တမ်းကုန်သော (အရေအတွက်မသိရ) အင်ဂျင်စက်များပြင်ရန်ု တရုတ်နိုင်ငံသို့ ပေးပို့ခဲ့ပါသည်။ မရှင်းရသော ကြွေးမှီများကြောင့် တရုပ်ဖက်မှ

၎င်းစက်များကို ပြန်လည်ပေးပို့ရန်ငြင်းဆန်ခဲ့ပါသည်။ ၁၉၉၇ တွင် အစ္စရေးကုမ္ပဏီတစ်ခုနှင့် ၄င်းတိုက်လေယာဉ် ၃၆
စင်းကို အဆင့်မြှင့်တင်မှု့များပြု လုပ်ခဲ့ပါသည်။ တပ်မတော်တွင် F-7M လေယာဉ် အစင်းပေါင်း ၄ဝ ရှိခဲ့ပြီး ပျံသန်းနိုင်သော အရေအတွက်မှာ ၁၈ စင်းဖြစ်ပါသည်။ ၁၉၉၆ တွင် လေယာဉ်မတော်တဆမှု့ဖြင့် ၄င်း တိုက်လေယာဉ်တချို့ ဆုံးရှုံးခဲ့ရပါသည်။ ၂ဝဝ၂ အောက်တိုဘာ (၁) ရက် တွင် လေ့ကျင့်ပျံသန်းနေစဉ် F-7M လေယာဉ်သည် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု့ကြောင့်
မထိန်းသိမ်းနိုင်ဘဲ တွံတေးမြို့ နားတွင် ပျက်ကျခဲ့ပါသည်။ ထိုစဉ်မှ လေယာဉ်မှူးသည် လေယာဉ်မောင်းခန်းထဲမှ မခုန်ထွက်ခဲ့သဖြင့် အသက်ဆုံးရှုံးခဲ့ရပါသည်။ တန်ဖိုးကြီးသော နိုင်ငံတော်ပိုင် လေယာဉ်မှ လေယာဉ်မှူးများသည် မည်သည့် အကြောင်းနဲ့မှ မခုန်ထွက်ရဆိုသော တပ်မတော်လေဧ။် စည်းကမ်းချက်များကို လိုက်နာခဲ့ခြင်းဖြစ်နိုင်သလို မသိမြင်နိုင်သော
အကြောင်းများကြောင့်လဲဖြစ်နိုင်ပါသည်။ ၂ဝဝ၄ သြဂုတ်လ ၁၄ ရက်နေ့တွင်လဲ မိတ္ထီလာ ရှမ်းတဲလေဆိပ်မှ ပျံတက်စဉ် စက်ချို့ယွင်းမှု့ကြောင့် ၄င်း တိုက်လေယာဉ် တစ်စင်း ပျက်ကျဆုံးရှုံးခဲ့ရပါသည်။ ထိုစဉ်က လေယာဉ်မှူးမှာ ခုန်ထွက်လွတ်မြောက်ခဲ့သော်လည်း လေးထီးမပွင့်သဖြင့် ဒဏ်ရာပြင်းထန်စွာ ရခဲ့ပြီး လေယာဉ်အပိုင်းအစကြောင့် မြေပြင်မှ
တစ်ဦးသေဆုံးခဲ့ရပါသည်။ ၂ဝဝ၁ မတ်လ (၃၁) ရက်နေ့တွင် အမေရိကန်လေတပ်မှာ
ထောက်လှမ်းရေးလေယာဉ် EP-3 နှင့် တရုပ် ပြည်သူ့တပ်မတော်မှ F 8 တိုက်လေယာဉ်လေထဲတွင်
မတော်တဆတိုက်မိပြီး EP-3 ထောက်လှန်းရေးလေယာဉ်မှ ဟိုင်နန်ကျွန်ပေါ် အရေးပေါ် ဆင်းသက်
နိုင်ခဲ့ပြီး F-8 တရုတ်ထုတ်လေယာဉ်မှာ ပင်လည်ထဲသို့ ပျက်ကျခဲ့ပါသည်။ ထိုစဉ်က
တရုပ်လေယာဉ်မှူးမှာ လေယာဉ်ထဲမှ ခုန်ထွက်နိုင်ခဲ့သောငြားလဲ လေထီးမပွင့် ဘဲ
ပင်လယ်ထဲကျသွားသည်ကို အခြား F-8 တရုပ်တိုက်လေယာဉ်မှ လေယာဉ်မှူးက
အနီးကပ်ကြည့်ခဲ့ရပါသည်။ ၄င်း F-8 တရုပ်လေယာဉ်မှူး Wang Wei လဲ မသေသင့်ဘဲ
သေခဲ့ရပါသည်။ တပ်မတော် လေမှ လေယာဉ်မှူးများသည် ညံ့ဖျင်းသော တရုပ်ပစ္စည်းများဧ။် ဓါးစာခံ
ဖြစ်နေရပါသည်။ ကျွမ်းကျင် သူများအဆိုအရ မြန်မာ့တပ်မတော်လေမှ လေယာဉ်မတော်တဆ
ဖြစ်မှု့များသည် ထုတ်ကုန် အရည်အသွေးညံ့ဖျင်းမှု့နဲ့ အပိုပစ္စည်းမလုံလောက်ခြင်း တို့ကြောင့်ဖြစ်ပါ
သည်။

F-7M ဧ။် ကြာအင်းလက္ခဏာ
စစ်သည် - တစ်ဦး
အလျား - ၁၄.၈၈၅ မီတာ (၄၈ ပေ ၁ဝ လက္မ)
တေင်ပံထိပ်နှစ်ခုအကွာအဝေး - ၁၈.၂ မီတာ (၂၇ ပေ ၄ က္မ)
အမြင့် - ၄.၁ဝ မီတာ (၁၃ ပေ ၅ က္မ)
အခွံအလေးချိန် - ၅၂၉၂ ကီလိုဂရမ် (၁၁၆၆၇ ပေါင်)
ပျံတက်နိုင်သော အများဆုံးအလေးချိန် - ၉၁ဝဝ ကီလိုဂရမ် ( ၂ဝဝဝဝ ပေါင်)
ဆီတိုင်ကီအရွယ်အစား -
ချိတ်ဆွဲအပိုဆီတိုင်ကီ -
စွမ်းဆောင်ရည်
အမြန်ဆုံးနှုန်း - အသံထက်နှစ်ဆ တစ်နာရီ ၂၁၂ဝ ကီလိုမီတာ
တိုက်ပွဲဝင်နိုင်သော အကွာအဝေး - ၈၅ဝ ကီလိုမီတာ
အမြင့်ဆုံးပျံနိုင်သော အမြင့် - ၁၈၈ဝဝ ကီလိုမီတာ (၆၁ဝဝဝ ပေ)
တက်နိုင်သောနှုန်း - တစ်မိနစ်လျှင် ၁၁၇ဝဝ မီတာ (၃၈၄ဝဝ ပေ)
အတောင်ပံတင်နိုင်အား - တစ်မီတာပတ်လည်တွင် ၃၇၉ ကီလိုဂရမ်
လက်နက်
သေနတ် - ၃ဝ မမ နှစ်လက် တစ်လက်လျှင်ကျည် ၆ဝ တောင့်
အလေးချိတ်ဆွဲနိုင်သော အမာခံနေရာ - ၅ နေရာ (အတောင်ပံအောက် ၄ နေရာနှင့်
ကိုယ်ထည်အလည် ၁ နေရာ)
ဒုံးကျည် (Rocket) - ၅၅ မ ဒုံးကျည် (၁၂ ခုပါဒုံးကျည်အုံ) ၉ဝ မမ
(ရတောင့်ပါဒုံးကျည်အုံ)
ဒုံးကျည် (Missile) - ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်PL- 2, PL- 5, PL- 7
PL8, PL9, MAGIC R-550, AIM 9
ဗုံး - ၅ဝ ကီလိုဂရမ် မှ ၅ဝဝ ကီလိုဂရမ် ပဲ့ထိန်းမဲ့ဗုံး
Avionic
Type 226 PD ရေဒါ
GEC MGCRON SUPER SKYRANGER ရေဒါ
FIRE GRIFO 7 MK II ရေဒါ
မှတ်ချက်။ ဖေါ်ပြထားသောလက်နက်များမှာ F-7M တိုက်လေယာဉ် မှာ တပ်ဆင်အသုံးပြုနိုင်သော
လက်နက်များ နှင့် ရေဒါဖြစ်ပြီး တပ်မတော်လေ ၏ ဘဏ္ဍာရေး မလုံလောက် မှု့ နှင့်
ကကကြည်း၏ လေတပ်ပေါ်လွမ်းမိုးခြင်းကြောင့်တပ်မတော်လေမှလေယာဉ်များသည်
သတ်မှတ်ထားသော လက်နက်၊ အင်္ဂါရပ်မစုံလင်ခြင်း၊ ကြံခိုင်မှု့ လျော့ခြင်း၊ လောင်စာဆီ
ခြွေတာရေးပေါ်လစီကြောင့် လေယာဉ်မှုးများ သတ်မှတ်ထားသော လေ့ကျင့်ချိန်မပြည့်မှီ
ခြင်း၊ အစရှိသည့်အားနည်းချက်များရှိနေပါသည်။ စစ်ပစ္စည်း ၀ယ်ယူသည့်အခါ ကကကြည်း
စစ်ဗိုလ်ချုပ်များ အပြိုင်အဆိုင် ကော်မရှင်ရယူခြင်း၏ အကျိုးရလဒ်လည်းဖြစ်ပါသည်။

Sunday, August 30, 2009

နာဇီဂျူးအကျဉ်းသားတွေ လို ဘဲ ဒို့ တွေသေကြရတော့မှာလား

မလေးရှားနိုင်ငံနိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းတွင် မြန်မာလူမျိုးတဦး အမျိုးအမည်မသိသော ရောဂါဖြင့်သေဆုံး

မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းတခုဖြစ်သော (KLIA CAMP) တွင် မြန်မာအကျဉ်းသားတဦး ထူးဆန်းသောရောဂါတမျိုးဖြင့် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းထူးဆန်းသောရောဂါမှာ ကိုယ်ပူ ခြင်း၊ အသားအရေများဖောယောင်၍ အနီကွက်များထပြီး အကြောဆွဲခြင်းတို့ဖြစ်ပြီး ထိုရောဂါသည်ရှိနေသူများ မှာ လူ(၆) ဦး ထက်မနည်းဖြစ်နေကြောင်းကို (၂၆.၈.၀၉) နေ့ကထဲက NLD(LA)MALAYSIA သို့ ဖုန်းဖြင့် သတင်းပို့လာသဖြင့် မြန်မာသတင်းဌာန ၀က်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ NLD မှ မလေးရှားရှိ UNHCR ဌာနသို့ ဆက်လက်တင်ပြပြီး လိုအပ်သည်များကို ဆောင်ရွက်နေဆဲမှာပင် (၃၀.၈.၀၉) ည (၁၁း၀၀) နာရီအချိန်၌ ထိုရောဂါသည်များထဲမှ ကိုစိုးသိန်းအမည်ရှိ အသဲအသန်ဖြစ်နေသူတဦးသည် ပူထရာဂျာရာ ဆေးရံ၌ (၂၉.၈.၀၉) စနေနေ့ တွင် သေဆုံးသွားခဲ့ပြီး အဆောင်တွင်ကျန်ရစ်ခဲ့သူများထဲမှ ကိုမင်းခိုင် ဆိုသူမှာလည်း (၃၀.၈.၀၉) ည ၁၁ နာရီတွင် ရုတ်တရက် ဆေးရုံသို့ပို့လိုက်ပြီဖြစ်ကြောင်း ဖုန်းသတင်းထပ်မံ ရောက်ရှိလာပါသည်။အထိမ်းသိမ်းခံထားရသော မြန်မာလူမျိုးများမှာ KLIA CAMP တွင် အယောက်(၅၀၀) ကျော်ရှိပြီး မလေးရှားတနိုင်ငံလုံးအတိုင်းအတာအရ CAMP များအားလုံးတွင် တသောင်းကျော်ရှိနေပြီးဖြစ်ပါ သည်။

အမေရိကန်အောက်လွှတ်တော်အရာရှိများ အန်အယ်လ်ဒီနှင့် တွေ့ဆုံ မြန်မာ့နိုင်ငံရေးအခြေအနေများ ဆွေးနွေး

NEJ / ၂၉ သြဂုတ် ၂၀၀၉


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာ ကော်မတီမှ အရာရှိ (၃) ဦးနှင့် ယမန်နေ့ ညနေပိုင်းတွင် အဖွဲ့ချုပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းသို့ဆွေးနွေးရာတွင် အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးခင်မောင် ဆွေ တို့နှင့်အတူ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနှင့် ရုံးအဖွဲ့မှူး ဦးလှမင်းတို့လည်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံလက်ရှိနိုင်ငံရေးအခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေနှင့် နိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိအခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

မြန်မာ့နိုင်ငံရေးဆွေးနွေးရာတွင် အမေရိကန်အောက်လွှတ်တော် အရာရှိများက ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိုက်တွန်းသည့် သဘော၊ ဆောင်ရွက်သင့်သည်ဆိုသည့်သဘောမျိုး ပြောဆိုဆွေးနွေးခြင်းမရှိကြကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

အန်အယ်လ်ဒီဘက်မှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မည်သို့သဘောထားရှိသည်၊ ရွေးကောက်ပွဲပြီးပါက မည်သို့ဖြစ်လာမည် ဆိုသည့်အခြေအနေနှင့် လက်ရှိအပစ်အခတ်ရပ်စဲရေးအဖွဲ့များနှင့် မပြေမလည်ဖြစ်နေသည့် အခြေအနေပေါ်တွင် အန်အယ်လ်ဒီ က ဆုံးဖြတ်နိုင်ခြင်းမရှိသေးသည့် အချက်များကို ရှင်းပြခဲ့ကြောင်း သိရသည်။

ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဦးစိုးမြင့်က ရှင်းပြပါတယ်။ လက်ရှိအားဖြင့် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ရင် နောက်ဆုံးဖြစ်ပေါ်နေတဲ့ နယ်စပ်မတည်မငြိမ်မှု၊ ဒါတွေကို ထည့်သွင်းသုံးသပ်ရမယ်။ နောက်တခုက ရက်ပိုင်းအတွင်းမှာ မြန်မာပြည်တချို့သောနေရာတွေမှာ ဥပဒေမပြဋ္ဌာန်းသေးဘဲနဲ့ တချို့သောပါတီတွေက ဆိုင်းဘုတ်ထောင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ကြွေးကြော်နေတယ်။ ဒီလိုအခြေအနေတွေကို သူတို့ကို ရှင်းပြတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ အန်အယ်လ်ဒီကသော်လည်းကောင်း၊ မစ္စတာဘန်ကီမွန်းကသော်လည်းကောင်း အားလုံးပါဝင်နိုင်ရေးလို့ ပြောပြီး ဒီလိုအခြေအနေဖြစ်ပေါ်နေတယ်။ အဲလိုဖြစ်ပေါ်နေတဲ့အခြေအနေမှာ အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဟာ ဆုံးဖြတ်ဖို့မဖြစ်နိုင်သေးဘူးဆိုတာကို သူတို့ကို ရှင်းပြခဲ့တာပါ” ဟု ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ လက်ရှိနေထိုင်ရသည့်အခြေအနေနှင့် ထိန်းသိမ်းထားသည့်အခြေအနေကိုလည်း အမေရိကန်အရာရှိများက မေးမြန်းကြသဖြင့် ယင်းအခြေအနေများကို ၎င်းကိုယ်တိုင်ရှင်းလင်းပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ကျနော်က ပြောပြလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်က (၃) နှစ်ထောင်ဒဏ်ကျတယ်။ အဲဒီထဲမှာ (၁) နှစ်ခွဲကို ပယ်ဖျက်လိုက်ပြီ၊ (၁) နှစ်ခွဲကျန်တယ်။ ကျန်တဲ့ အဲဒီ (၁) နှစ်ခွဲကို ဆိုင်းငံ့ထားတယ်။ ဆိုင်းငံ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဟာ လွတ်လပ်စွာနေထိုင်ခွင့်ရှိရမယ်၊ သို့သော်လည်းပဲ မလွတ်လပ်ဘူး၊ အကျဉ်းကျတယ်။ အဲလိုအကျဉ်းကျတာဟာ နအဖအစိုးရရဲ့အမိန့်ကြောင့်။ အဲဒီအမိန့်ကလည်း ဥပဒေမှာ ဒီလိုဆောင်ရွက်ခွင့်မရှိဘူးဆိုတာကို ကျနော်ရှင်းပြတယ်” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ (၂,၀၀၀) ကျော်ရှိနေသည်ကို အမေရိကန်အရာရှိများက သိနေပြီး ထိုအကျဉ်းသားများ၏ ထောင်တွင်းနေထိုင်ရသည့် အခြေအနေကိုမေးမြန်းကြောင်း၊ ယင်းအခြေအနေများကို ထောင်တွင်းအတွေ့အကြုံများသည့် ဦးခင်မောင်ဆွေနှင့် ဦးအုန်းကြိုင်တို့က ရှင်းပြခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ထို့အပြင် အန်အယ်လ်ဒီပါတီအတွင်း generation gap ဖြစ်နေသည့်ကိစ္စကိုလည်း မေးမြန်းခဲ့သဖြင့် အဖွဲ့ဝင်လူကြီးများက အဖွဲ့ချုပ်တွင် လူငယ်များသည် နဂိုကတည်းက စိတ်ဓာတ်ရှိပြီးသား လူငယ်များဖြစ်သည့်အတွက် new generation အင်အားများသည် ရှိပြီးသားဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ဆက်လက်ပြောကြားသည်။

အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အမေရိကန်အောက်လွှတ်တော် အရာရှိများမှာ ဒီမိုကရက်တစ်ပါတီမှ Lynne Weil နှင့် Jessica Lee၊ ရီပတ်ဘလီကန်ပါတီမှ Dennis Halpin တို့ဖြစ်ပြီး ၎င်းတို့သည် (၄) ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ် အန်အယ်လ်ဒီအဖွဲ့ချုပ်ဝင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့အရာရှိများ လာရောက်မေးမြန်းမှုနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “သူတို့ပြောတဲ့စကားတွေအရပဲ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေ လာရောက်စုဆောင်းတယ်ဆိုတာ ပေါ်နေတယ်။ ဘယ်အတွက်လဲဆိုတာက ကွန်ဂရက် အတွက်လား၊ မူဝါဒသစ်အတွက်လား ဒါတော့ ကျနော်တို့လည်းမသိပါဘူး” ဟု ပြောသည်။

ယခုကဲ့သို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ အရာရှိ (၃) ဦး၏ မြန်မာနိုင်ငံခရီးစဉ်သည် သြဂုတ် (၁၄) ရက်တွင် မြန်မာနိုင်ငံသို့ (၃) ရက်ကြာလာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ ခရီးစဉ် အပြီး လာရောက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆောင်းပါးတပုဒ်ကို သြဂုတ် (၂၆) ရက်ထုတ် New York Times သတင်းစာတွင် ရေးသားထားပြီး အဆိုပါဆောင်းပါးတွင် အတိုက်အခံ အန်အယ်လ်ဒီပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ဖို့စဉ်းစားစေချင်ကြောင်း တိုက်တွန်းထားသည်။

အဆိုပါ မစ္စတာဝက်ဘ်၏ တိုက်တွန်းချက်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ၏ သဘောထား မည်သို့ရှိသည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် သြဂုတ် (၂၇) ရက်တွင် အယူခံကိစ္စသွားရောက်တွေ့ဆုံခဲ့သည့် ဦးဉာဏ်ဝင်းအား ခေတ်ပြိုင်က မေးမြန်းခဲ့သည်။

၎င်းက “ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ခြုံငုံပြီးတော့ သုံးသပ်ချက်ပေးပါတယ်။ တခုချင်း တခုချင်းတော့ သူမပြောဘူး။ သူပြောတာက မစ္စတာဝက်ဘ်ရဲ့ ပြောဆိုရေးသားနေတဲ့ဟာတွေက အိုဘားမားမူဝါဒတွေလို့ သူမယုံကြည်ဘူးတဲ့” ဟု ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြန်လည်ပြောကြားခဲ့ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ အန်အယ်လ်ဒီသဘောထားကို ယခုကဲ့သို့ ရှင်းပြသည်။

“ကျနော်တို့ ရွေးကောက်ပွဲဝင်ရေးမ၀င်ရေး စဉ်းစားတာ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်က ပြည်သူလူထုအတွက် အကျိုးရှိလား၊ မရှိလားဆိုတာ ကျနော်တို့လိုချင်တာဖြစ်တယ်။ အဲဒါတွေ လုံးဝမှမရနိုင်ရင် ဘာမှလုပ်စရာမရှိတော့ဘူး” ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။
http://www.khitpyaing.org/news/Aug09/290809a.php

ချခြင်းချ..တရုတ်ကိုဘဲ လက်နက်ချမယ်။

ကိုးကန့် တပ်ဖွဲ့ဝင် ၇၀၀ ကျော် တရုတ်အစိုးရထံ လက်နက်ချSaturday, 29 August 2009 19:55 ရန်ပိုင်


ကိုးကန့်တပ်ဖွဲ့ဝင် အင်အား ၇၀၀ကျော်သည် ယနေ့နေ့လယ်ပိုင်းက တရုတ်နိုင်ငံယူနန်ပြည်နယ် အတွင်းသို့ ၀င်ရောက်သွားပြီး တရုတ်အစိုးရထံတွင် လက်နက်အပ်လိုက်ကြောင်း သိရသည်။

ထိုသို့ လက်နက်ချလိုက်သောကြောင့် တိုက်ပွဲများ ဆုံးခန်းတိုင်လု ဖြစ်သွားသည်ဟု တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ပြောဆိုသည်။

“ကိုးကန့်တပ် အင်အား ၇၀၀ လောက် ဒီနေ့နေလယ်က တရုတ်ဘက်ကို ၀င်သွားပြီး၊ တရုတ်အစိုးရဆီမှာ လက်နက်ချလိုက် တယ်၊ တပ်ဖွဲ့ငယ်လေးတွေပဲကျန်တော့တယ်၊ ညီနောင်တပ်ဖွဲ့တွေလည်း ဒီနေ့မနက်လေးနာရီမှာ ဆုတ်သွားပြီ”ဟု ၎င်း က ပြောသည်။


ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပသော ငြိမ်းချမ်းရေး ၂၀ မြောက် အခမ်းအနားတွင် စစ်ရေးပြနေ သည့် ကိုးကန့် တပ်ဖွဲ့ဝင်များ
စစ်အစိုးရတပ်က လက်နက်ကြီးများ၊ တင့်ကားများဖြင့် ထိုဒေသအတွင်းသို့ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း လည်း သိရသည်။

“မြန်မာပြည်သူများ မျက်နှာမထောက်ဘဲ ကုလသမဂ္ဂမှာ စစ်အစိုးရဘက်မှ လိုက်ခဲ့တဲ့တရုတ်နိုင်ငံကို စစ်အစိုးရက ဂရု မစိုက် ကြောင်း ပြသလိုက်တာပဲဖြစ်တယ်၊တရုတ်ကတိုက်ပွဲကြီး မဖြစ်ပါစေနဲ့ပြောတယ်၊ စစ်အစိုးရက လက်နက် ကြီးနဲ့ပစ် ပြလိုက် တယ်”ဟု ဦးအောင်ကျော်ဇော ကဆက်ပြောသည်။

ယခု ကိုးကန့်တပ်ဖွဲ့ဝင်များ လက်နက်ချသတင်းနှင့်ပတ်သက်ပြီး ဧရာဝတီက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေး ပေ။

ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်အစိုးရ တပ်က ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီး ကျည်များကျရောက်ပြီး တရုတ်လူမျိုးတဦး သေဆုံး၍ ၂ ဦးဒဏ်ရာရှိခဲ့သော်လည်း၊ ယနေ့တွင် လက်နက်ကြီးများနှင့် ဆက်လက်ပစ်ခတ်ခဲ့ သေးကြောင်း သိရသည်။

ယမန်နေ့ ကပင် တိုက်ပွဲများ ဖြစ်ပွားနေသော တရုတ်မြန်မာနယ်စပ် တည်ငြိမ်ရေး ကိုထိန်းသိမ်း ဆောင်ရွက်ရန် မြန်မာစစ် အစိုးရ ကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဌာနက တိုက်တွန်းပြောကြား ထားသည်။

“မြန်မာ့ပြည်တွင်းရေး ဖြစ်သောကြောင့် နိုင်နင်းစွာကိုင်တွယ်ရန်လိုကြောင်း၊ တရုတ်အစိုးရအနေဖြင့် နယ်စပ် ဒေသ တည်ငြိမ်ရေးကို လိုလားကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများအား နိုင်ငံသားအခွင့်အရေးများ နှင့် အကာ အကွယ်ပေးရန် တိုက်တွန်းကြောင်း” ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Jian Yu ကပြောကြား ခြင်းဖြစ်သည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းကမှု“ဗမာစစ်အစိုးရ ဆိုတာ ဘယ်သူမှဂရုမစိုက်ဘူး၊ ကိုယ့်ကိုယ်ကိုယ် သာအထင်ကြီး တယ်၊ တရုတ်ကိုလည်း ထည့်စဉ်းစားမယ် မထင်ပါဘူး” ဟု ဧရာဝတီသို့ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ကိုးကန့်ဒေသမှ ဒုက္ခသည် ၃၀၀၀၀ ခန့် ရှိလာသည့်အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်းတပ်စ်ကပြောဆိုသည်။

ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်နေ့က အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင် ၏ အိမ်တွင် လက်နက်စက်ရုံ ရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက်စီးနင်း ခဲ့သည်။

ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီကို အသစ် ဖွဲ့စည်းလိုက်ပြီး ၊ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်းသွားခဲ့ရာမှ စစ်အစိုးရတပ်များ နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1714:2009-08-29-12-56-38&catid=1:news&Itemid=2

Senator Webb interview - by Warner



The interviewer was good. Webb couldn't answer her questions with any specifics at all, and now just days after they met 30,000 refugees have fled from the country. Webb seemed quite confused about what his position was, and would offer no specifics. He also made some pretty audacious claims that Warner called him on.

- When Warner asked him about whether Than Shwe showed any interested in change, Webb said "Probably." Is there any evidence whatsoever of this?

- Webb held up Vietnam as an example of how to proceed, but then contradicted himself by saying that Vietnam is worse than Burma and that there are no opposition parties in Vietnam. Is that what he wants for Burma? Then, Webb said that the U.S. situation in Afghanistan is nothing like Vietnam. Eh? So, Burma is like Vietnam but Afghanistan is not. The dude should read some more history.

- Then, Warner asked Webb how Than reacted when he asked Suu Kyi to released and he wouldn't say anything.

The only thing he really said was that the Burmese could learn from Americans, of course the old colonialist view -- the Burmese area already struggling for democracy, probably know more about it than Americans! And, course, Webb's condescending view of Americans teaching Burmese was refuted in an op-ed by a leading Burmese Buddhist monk who said: "Webb claims that the Burmese people would benefit from interaction with the outside world, as if we need to be condescendingly "taught" by Americans about our rights and responsibilities." (read here:http://www.irrawaddymedia.com/opinion_story.php?art_id=16637)

I thought Warner did a decent job of showing that Webb doesn't know what he's talking about. Not a home run, but she didn't let him off easily either.

Will be interested to see what others think.

Online NewsHour PBS
Source: www.pbs.org


Rest of your post

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပ။..။


၃၀-၈-၂၀၀၉
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၃၀ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။


ဓါတ်ပုံ။ဗွီဒီယို။ ။ကိုပွား သတင်း။ ။ NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန

မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ

(၁) ဘာသာရေးအမြင်နှင့်သုံးသပ်ခြင်း

------------------------------------------------------------------------
(က)ငွေကြေးပေါများသောသူတော်တော်များများမှာတွေ့ရပါတယ်၊၊ငွေ ၃-၄-၅ သိန်းစသဖြင့်အကုန်ခံပြီး ချောင်းသာ ၊ ငပလီ၊ မောင်းမကန် တို့ကိုသွားပြီး ရေငံငံတွေရှီတဲ့ပင်လယ်ကိုသွားကြည့်ပါတယ်၊ ၊ဇိမ်ခံကြပါတယ်၊၊ ငါတော့မသေခင် ငါတို့ကိုးကွယ်တဲ့ဗုဒ္ဓ ဘုရားရှင်ပွင့်တော်မူခဲ့သောဗုဒ္ဓဂါယာကို သွားဖြစ်အောင်သွားပြီးတော့ကိုဖူးလိုက်ဦးမယ်ဟေ့ဆိုတာဒီနေ့အထိ မတွေဘူးသေးပါဘူး၊၊

(ခ) ခုခေတ် ဗုဒ္ဓဘာသာဝင်မိန်းကလေးများ ဖြစ်ပါတယ်၊၊ ခေတ်တွေတိုးတက်နေပါပြီဆိုပြီး ကလပ်တွေတက်ပါတယ်၊
အရက်-ဘီယာသောက်ပါတယ်၊၀ိုင်သောက်ပါတယ်၊ပန်းခြံတွေမှာ ရည်းစားသညာတွေနဲ့ချိန်းတွေ့ပြီး အကုန်ပေးပါ
တယ်၊၊ကိုယ့်ကိုကိုယ်မိန်းမဆိုတာကိုသတိမရကြပါဘူး၊၊သူတို့တွေရဲ့မြင်ကွင်းတွေဟာ INTERNET မှာVIDEOများ၊ဓါတ်ပုံများ
အဖြစ်နဲ့ပျံ့နှံ့နေပါတယ်၊၊စင်င်္ကပူ၊ဒူဘိုင်း၊အမေရိကား စတဲ့နိုင်ငံတွေကို ပညာသင်ကြားဖို့အတွက်ဖြစ်စေ၊ အလုပ်လုပ်ဖို့ဖြစ်စေ သွားရောက်နေသောမြန်မာ အမျိုးသမီးများ(မှတ်ချက်-ပျက်စီးနေသော မိန်းမဆိုးများကိုသာ ဆိုလိုပါသည်-သိက္ခာတရားနဲ့မိန်းမဂုဏ်ကို အသက်မကတန်ဖိုးထားစောင့်ထိန်းပြီး စာကိုပဲတစိုက်မတ်မတ်ကြိုးစားနေသည့် လေးစားဖွယ် မြင့်မြတ်သော
မိန်းကလေးများ၊မိမိအလုပ်ကိုသာ သန့်ရှင်းစွာဖြင့် အိနြေ္ဒသိက္ခာအပြည့်နှင့်ကြိုးစားလုပ်ကိုင်နေသော တန်ဖိုးထားဂုဏ်ယူထိုက်သည့်
မြန်မာအမျိုးသမီးကောင်းများ မပါ-ပါ၊၊အမှန်တကယ် ရှိပါတယ် အဲ့လိုမိန်းကလေးတွေ နာမည်နှင့်တပ်ပြောလျှင် သူတို့ရဲ့ personal ကိုထိခိုက်မှာ စိုးလို့ပါ၊၊)အဲ့ဒီမှာသင်္ကြန်-NEW YEAR စတဲ့ရက်တွေမှာ သောက်ကြ၊စားကြ၊ကကြခုန်ကြနဲ့ ပျက်စီးနေကြပါတယ်၊၊ ရည်းစားထားပြီး LIVING TOGETHER နေထိုင်ကြပါတယ်၊၊ တစ်ချို့သော ငွေကြေးမတတ်နိုင်သောအမျိုးသမီးများသည် အခကြေးငွေယူပြီး လုပ်ကိုင်စားသောက်ပါတယ်၊၊အဲ့လိုအကျင့်ပျက်မိန်းကလေး­တွေကြောင့်နိုင်ငံဟာတော်တော် သိက္ခာကျပါတယ်၊၊ passport ထပ်ရင်တောင် မြန်မာဆိုရင် နောက်ဆုံးကထားတယ်တဲ့ ၊၊ အဲ့ဒီစကားလေး ကို စင်္ကာပူက လူတစ်ယောက်ကိုယ်တိုင်ပြောတာပါ ၊၊ ၊ပြီးရင် ပြန်လာတဲ့အချိန်မှာ အဲ့ဒီရွှံပိတ်များအား မြန်မာအမျိုးသားများက ထမ်းကြရပါတယ်၊၊
သိပ်ပြီးရွံစရာကောင်းသောလုပ်ရပ်များဖြစ်ပါတယ်၊၊ သက်သေအနေနဲ့ဓါတ်ပုံပေါင်းများစွာ၊ video ပေါင်းများစွာရှိပါတယ်၊၊ဒါ့ကြောင့် မြန်မာ
အမျိုးသမီးကောင်းများစွာထဲက အဲ့ဒီအကျင့်ပျက်၊မိအုပ်ဖအုပ်မရှိသောအမျိုးသမီးဆိုးများ ထိန်းသင့်ပါပြီ၊၊ရှက်သင့်ပါပြီ၊၊
ကျွန်တော်တို့ Programming Lunguage နဲ့နမူနာယူပြီးစဉ်းစားကြည့်ရအောင်၊၊နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေး၊စစ်ရေး၊
လူအင်အား၊သိပံ့ပညာရပ်တွေဟာ Variables တွေနဲ့တူပါတယ်၊၊သူတို့ဟာပြောင်းလဲနိုင်ပါတယ်၊၊ပြင်နိုင်ပါတယ်၊၊အဲ.
ယဉ်ကျေးမှုကတော့ Data Typeလိုပဲ program ရဲ့အစမှာကြေငြာထားတဲ့အတိုင်းအမြဲတည်ရှိနေမှာဖြစ်ပါတယ်၊၊သူ
ဟာ Constant ပါ၊၊အော် ဒါဆို ကျွန်မတို့က ထမီနဲ့ ရင်ဖုံးအင်္ကျီဝတ်ပြီးအလုပ်လုပ်ကြရမှာလား လို့ဆိုဖွယ်ရာရှိပါတယ်၊၊ လာ
မရောပါနဲ့၊၊ တစ်ခြားစီပါ အဓိပါယ်ချင်း၊၊ သို့သော် အေးမြတ်သူလိုတော့ နောက်ကျောလိပ်ပြာမကပ်နဲ့ပေါ့ဗျာ၊၊ မိုးဟေကိုလောက်လဲ မပွင့်လင်းကြနဲပေါ့၊၊
ရေကူးတာလဲကူးပေါ့ သင်ဇာဝင့်ကျော်လိုတော့ ရေမကူးနဲ့ပေါ့၊၊ ရေခဲမှုန့်ကတော့ မြန်မာနိုင်ငံလိုပူအိုက်လွန်းတဲ့နိုင်ငံမှာ စားကြတာပါပဲ သို့သော် စန္ဒီမြင့်လွင်လို့တော့ ရေခဲမှုန့်မစားနဲ့ပေါ့၊၊ ဒါပါပဲ ၊၊ အရင်တုန်းက မိန်းကလေးတစ်ယောက်က ထမီပြင်ဝတ်ရင် လူမရှိတဲ့ဘက်ကို
လှည့်ပြီးလုံခြုံသေသပ်စွာနဲ့ဝတ်ပါတယ်၊၊အဲ့ဒါကိုများ ခိုးကြည့်မိရင် နှာဘူးကြီး ဘာကြီးဆိုပြီးတော့ မျက်စောင်းပေါင်းများစွာ အထိုးခံရပါတယ်၊၊ကျွန်တော်တို့မှာကြည့်ချင်သော်လည်း မကြည့်ရဲပါဘူး၊၊ကျွန်တော်တို့ ၉တန်း ၁၀ တန်းလောက်အထိပေါ့၊၊
ခုတော့ အဲ့လိုမဟုတ်ဘူး၊၊ ဟိုနားဖော် ဒီနားဖော်နဲ့၊၊ တစ်ချို့ဆို
ပေါင်အထက်မှာဝတ်တယ် ၊၊ သူတို့ကိုသူတို့တော့ ခေတ်မှီတယ်ပေါ့ ဆိုလိုချင်တာက၊၊ ရုပ်ရှင်ဗွီဒီယို သရုပ်ဆောင်များက ရှေ့ဆောင်လမ်းပြလုပ်နေကြတာလဲပါပါတယ်၊၊အရင်က မြန်မာကားမှာ နမ်းတယ်ဆိုရင် အဝေးကနေ ကင်မရာနဲ့ နှစ်ယောက်
ကိုထပ်ပြီးပြပါတယ် ဟက်ကက်နဲ့ဇင်ဇင်ဇော်မြင့်သရုပ်ဆောင်ထားတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ် အယ်လွန်းဝါဆိုတာလားတော့
မသိဘူး၊၊ ခု တော်တော်တိုးတက်လာပါပြီ၊၊ လူမင်း၊အိန္ဒြာကျော်ဇင်၊အေးမြတ်သူ၊ခရစ္စတီးနား ၊ညီနန္ဒ တို့ပါဝင်သရုပ်ဆောင်ထားတဲ့ " ပဉ္စမံအနမ်း "ဆိုတဲ့ဇာတ်ကားမှာ လက်လောက်တော့ နမ်းလို့ရလာပါပြီ၊၊

(ဂ) ယောင်္ကျားလေးများကလဲ ထိန်းသင့်ပါတယ်၊၊ကိုယ့်ရဲ့နှမများလိုသဘောထားပြီးစောင့်ထိန်းသင့်ပါတယ်၊၊တွေ့သမျ­ှမိန်းကလေးတွေကို
ကိုယ့်မြန်မာအမျိုးသမီးလေးတွေပါလား ဆိုတဲ့အသိနဲ့ ချက်တင်လောကထဲက ဆွဲထုတ်ရမဲ့အစား၊ပိုပြီးနစ်အောင်နှစ်နေတဲ့သူတွေက တစ်ပုံကြီးပါ၊၊ တစ်ချို့ဆို ရည်းစားထားပြီး ဟိုပစ္စည်းမှာ ဒီပစ္စည်းမှာနဲ့ ယောင်္ကျားမတန်မဲ့ ပိုင်းလုံးလုပ်နေတာတွေ သိပ်ပြီးရှက်ဖို့ ကောင်းပါတယ် သိပ်ပြီးအောက်တန်းကျပါတယ်၊၊လက်တော့ မှာတဲ့သူနဲ့ ၊ ဖုန်းမှာတဲ့သူနဲ့ ၊၊ ပါးရိုက်သတ်ဖို့ကောင်းတယ်၊၊ တစ်ချို့ကတော့ မိန်းကလေးတွေကို ပထမခင်အောင်ပြောတယ်။ ပြီးရင် sexyword တွေကိုလှည့်ပတ်ပြောပြီး မိန်းကလေးများစိတ်ပါအောင် ကြံဖန်ပြီးပြောတယ် ဖျက်စီးတယ် အဲ့လိုမျိုးတွေယုတ်မာရိုင်းစိုင်း အောက်တန်းကျကြပါတယ် ၊၊ " ငါတို့ကယောင်္ကျားတွေပဲ ဥပုဒ်စောင့်တဲ့ ကျားရှိလို့လား " ဆိုပြီး အကြောင်းပြချက်မပေးပါနဲ့ ၊၊ အဲ့ဒါ မိမဆုံးမ ဖမဆုံးမ လမ်းကြိုလမ်းကြားမှာ ပြည့်တန်ဆာနဲ့ အမည်မသိဘိန်းစားနဲ့
မျိုးစပ်ပြီးပေါက်ဖွားလာတဲ့ ကလေကချေတွေ ပေးတဲ့ အကြောင်းပြချက်တွေပါ ၊၊ တစ်ချို့သော မိန်းကလေးတွေဆိုရင် အဲ့ဒါတွေကြောင့်ပဲ ချက်တင်ကိုအစွဲကြီးစွဲပြီး ချက်တင်ဆိုတဲ့နွံက နှုတ်ခေါင်းမြုပ်နေတာ အများကြီးပါ၊၊အဲ့လိုလူမျိုးတွေကို ခွေးကမွေးတဲ့ အောက်တန်းစားများ အဖြစ်သတ်မှတ်ပြီး ရှောင်သင့်ပါတယ် မိန်းကလေးများအနေနဲ့၊၊ သို့သော် ပြောသာပြောရတာပါ
အဲ့လိုပြောစားလာတဲ့ယောက်ျားတွေကလဲ သဘာကရင့်နေပါပြီ ပြီးတော့ မိန်းကလေးတွေကလဲ အဲ့လိုပြောတဲ့သူတွေကိုမှ ပိုပြီးကြွေသလားတော့ မပြောတတ်ဘူးပေါ့ တော်တော်သဘောကျကြပါတယ် ၊၊ တစ်ချို့သော အမျိုးသမီးများ၏ ဟာလာဟင်းလင်း
ဓါတ်ပုံပေါင်းများစွာဟာ ကျွန်တော်တို့ရဲ့ကွန်ပျူတာတိုင်းမှာ ရှိပါတယ်၊၊
တော်တော်အရှက်နဲတဲ့ မိန်းမတွေပါ VZO ကနေတစ်ဖက်က ယောင်္ကျားလေးတစ်ယောက်ကို မျိုးစုံလုပ်ပြပါတယ် အကုန်ပြပါတယ် ကျွန်တော်ကတော့ အဲ့မိန်းမတွေရဲ့မျက်နှာကြီးတွေကို အပြင်မှာသာတွေ့လို့ကတော့ မျက်နှာကိုပြေးကန်မိမှာ အမှန်ပဲ ရွံလွန်းလို့ အော့နှလုံးနာလွန်းလို့ ၊၊ အဲ့ဒါလား မြန်မာဗုဒ္ဓဘာသာအမျိုးသမီး တွေ ဆိုပြီးတော့ စောင့်ကန်ပစ်ချင်တာ ၊၊ အဲ့တော့ မြင့်မြတ်တဲ့မြန်မာအမျိုးသမီးကောင်းများအနေနဲ့ အဲ့လိုပုပ်နေတဲ့ ငခုံးမတွေ(မိန်းမများ)ကိုလဲရှေင်ကြဉ်ပါ ၊၊ ပြီးရင်
ပုပ်နေတဲ့ငခုံးမ(အထီးတွေ)ကိုလဲ သတိထားပြီး ရှောင်ကြဉ်ပါ ၊၊အပေါင်းအသင်းမလုပ်ကြပါနဲ့ လို့ နှမရှိတဲ့ အကိုတစ်ယောက်အနေနဲ့ရော
မြန်မာနိုင်ငံကို ဘက်စုံမှာတိုးတက်စေချင်တဲ့သူတစ်ယောက်အနေနဲ့ရော သတိပေးပရစေ၊၊

(၂)စိတ်ဓါတ်ရေးရာအရ သုံးသပ်ချက်

-------------------------------------------------------------------
(က)မြန်မာတွေဟာကိုယ်ပိုင်-ကိုယ်တိုင် အသစ်အဆန်းများအားတီထွင်လိုစိတ်မရှိခြင်း ၊
အခြားနိုင်ငံများရဲ့တီထွင်ပေးမှုများကိုသာအဆင်သင့် သုံးချင်ကြသော လူဖျင်းလူနုံလူအများဖြစ်နေခြင်း၊၊ ပျင်းရိခြင်း၊၊ တော်သည့်လူများ
ချွန်ထွက်လာပြီဆိုရင်လဲ အဲ့ဒီလူကိုဘယ်လို နှိပ်ကွပ်ရမလဲဆိုတာပဲ စဉ်းစားကြပါတယ်၊၊ နမူနာပြောပြမယ်၊၊ အိုင်းစတိုင်းဟာ ပန်းသီးလေးတစ်လုံး ကြွေကျတာကို ကြည့်ပြီး ထိုင်စဉ်းစားနေလို့ အင်မတန်အသုံးဝင်တဲ့ များစွာအကျိုးကျေးဇူးတွေ ဖြစ်လာစေမဲ့ formula တစ်ခုကို ရရှိခဲ့ပါတယ်၊၊ တို့ဆီမှာ တကယ်လို့များ လူတစ်ယောက်က အဲ့လိုထိုင်စဉ်းစားနေရင် ခုဒီစာကိုဖတ်နေတဲ့
လူကြီးမင်း ဘယ်လိုတေွးမလဲ၊၊ဂျက်လီဟာ ကွန်ဖူးကို တရုတ်ပြည်တစ်ပြည်လုံးမှာ ပထမရအောင် ယှဉ်ပြိုင်ခဲ့ပါတယ်၊၊ဒါ့ကြောင့် သူ့ကို မင်းသားတင်ရိုက်တယ်၊၊
နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်လာပါတယ်၊၊ဘရုစလီဟာ ဗိုက်ပေါ်ကို ကားနင်းတာခံပြခဲ့ပါတယ်၊၊အနီးကတ် ထိုးချက်ဆိုတဲ့ အဇုတ္တနဲ့ ဗဟိဒ္တ ပေါင်းစပ်ထားတဲ့ထိုက်ကျိကို အခြေခံတဲ့ သိုင်းပညာတစ်မျိုးနဲ့ အခြားတရုတ်ရိုးရာ သိုင်းပညာ များစွာကို ဖော်ထုတ်ပြသခဲ့ပါတယ်၊၊ ဒါ့ကြောင့်လဲ သိုင်းလို့ပြောရင် တရုတ်ကို လူတိုင်းသိကြပါတယ်၊၊အဲ့လိုမျိုး သူတို့ဆီမှာ အားပေးအားမြှောက်
ပြုကြပါတယ်၊၊ တို့နိုင်ငံမှာ သိုင်းသင်နေတဲ့ လူတစ်ယောက်ကို ငပေါကြီး ငရူးကြီး စသဖြင့်ပြောကြပါတယ် နှိမ့်ချချင်ကြပါတယ်၊၊တရုတ်ကားတွေထဲမှာ ပါတဲ့ အကြောပိတ်-အကြောနှိပ်ပညာဆိုတာ တကယ်ရှိပါတယ် အဲ့ဒါဟာ တို့မြန်မာ့ရိုးရာ
ဗန်တိုပညာ၊ ရှမ်းကြီးသိုင်း၊ပွဲကျောင်းသိုင်း ဆိုတဲ့ပညာရပ်တွေထဲမှာ ပါပါတယ်၊၊
တရုတ်က ဗောဓိဓမ္မ(တရုတ်လို ဆရာတော်တာမို)ဆိုတဲ့ဘုန်းတော်ကြီးတစ်ပါးက မြန်မာတို့ရဲ့ ပွဲကျောင်းသိုင်းနဲ့ နန်းသိမ်းခုံ(ယခု ရှမ်းကြီးသိုင်း)ကို တိဗက်မှာ သင်ယူခဲ့ပြီး သူ့နိုင်ငံကိုရောက်တဲ့အချိန်မှာ ကျန်းမာရေးနဲ့လဲညီညွတ်အောင်၊ဘုန်းကြီးတွေလဲ တရားကျင့်တဲ့အချိန်မှာ မငိုက်မြည်းအောင်ဆိုပြီး ပုံစံတစ်မျိုးနဲ့ထွင်ပါတယ် ၊၊သူ့ကျောင်းရဲ့နာမည်ကို အစွဲပြုပြီး အဲ့သိုင်းကို ရှောင်လင်လို့ခေါ်ပါတယ်၊၊ အဲ့တော့ တို့မြန်မာတွေ သိပ်ပြီးတော်ပါတယ်၊၊ အဲ့လို ကိုယ့်ဟာက သူများဟာဖြစ်သွားအောင်
တော်တဲ့သူတွေကိုနှိမ့်ချနိုင်စွမ်းရှိပါတယ်၊၊ ပြီးတော့ တစ်ခုရှိသေးတယ်၊၊ မင်းတုန်းမင်းခေတ်ကပါ၊၊ အဲ့ဒီအချိန်တုန်းက အင်္ဂလိပ်တွေက မြန်မာနိုင်ငံကို ကျူးကျော်နေတဲ့အချိန်ပါ၊၊ မြန်မာတွေအနေနဲ့ လက်နက်အင်အားနဲ့နည်းပညာမှာ အင်္ဂလိပ်ကိုမမှီလို့ သိပ်ပြီးအခက်အခဲတွေ့နေရတဲ့ အချိန်ပါ၊၊ အဲ့တုန်းက အင်္ဂလိပ်က မြန်မာနိုင်ငံထဲကိုဝင်ရင် ရေကြောင်းကပဲ ၀င်နိုင်ပါတယ်၊၊ အဲ့အချိန်မှာ
ယောအတွင်းဝန်ဦးဘိုးလှိုင်နဲ့ ကနောင်မင်းသားကြီးတို့ဟာ ရေမြှုပ်ဗုံးထွင်နေကြတဲ့အချိန်ပါ၊၊ သူတို့ ထွင်ထားတာပြီးသွားတဲ့အချိန်မှာ
အောင်ပင်လယ်ကန်ကို နှစ်ယောက်သားသွားပြီးစမ်းသပ်ကြပါတယ်၊၊ အရင်ဆုံး ကနောင်မင်းသားကြီးဟာ ဗုံးတစ်လုံးကို ကန်ထဲပစ်ချလိုက်တော့ ၀ုန်းဆိုတဲ့အသံကျယ်ကြီးနဲ့အတူ ပေါက်ကွဲထွက်သွားပါတယ် သူတို့အရမ်းကိုပျော်ပြီး ကနောင်က
ဦးဘိုးလှိုင်ကို " ကျုပ်တို့ အင်္ဂလိပ်ကိုချောင်ပိတ်ပြီးစိစိညက်ညက်ချေပစ်နိုင်ပြီ"လို့ ပြောလိုက်ပါတယ်၊၊ သူတို့
စမ်းသပ်နေတုန်းအချိန်က နန်းတွင်းထဲမှာ မင်းတုန်းမင်းကဘုန်းကြီးတွေကိုဆွမ်းဖိတ်ကျွေးနေတဲ့အချိန်ပေါ့၊၊ ကနောင်နဲ့ ဦးဘိုးလှိုင်တို့
ပျော်ရွင်စွာနဲ့ပြန်လာကြတဲ့အချိန်မှာ နန်းတော်တံခါးဝကိုရောက်တော့လှိုင်ထိပ်ခေါင်တင်နဲ့ တွေ့တယ် ၊၊ ကနောင်က " နှမတော် ခုဏက အသံတွေအကိုတော်ကြားလား သူဘာပြောလဲ" လို့ မေးလိုက်တယ်၊၊ သူကတော့ မင်းတုန်းမင်းကြီးလဲပျော်မယ်ထင်တာပေါ့၊၊ လှိုင်ထိပ်ခေါင်တင်ပြောတာက "
အဲ့အချိန်တုန်းက မင်းတရားကြီးက ဘုန်းကြီးဆွမ်းကျွေးလုပ်နေတာတဲ့၊ ဘုန်းကြီးတွေက အဲ့ဗုန်းကွဲသံကို ကြားတော့ ရေထဲကသတ္တ၀ါတွေဒုက္ခရောက်တော့မယ်ဆိုပြီးဆွမ်းစားတာချက်ချင်းရပ်ပြီး ပြန်ကြွသွားကြ တယ်တဲ့၊အဲ့ဒါနဲ့ မင်းတရားကြီးက ကနောင်နဲ့ဦးဘိုးလှိုင်ရဲ့ ရေမြှုပ်ဗုံးကိုတားမြစ်ပါမယ်ဆိုပြီး ကတိပေးလိုက်ရတယ်တဲ့"၊၊ အဲ့အခါမှ ကနောင်မင်းသားကြီးက
ဝမ်းနည်းစွာနဲ့ ဦးဘိုးလှိုင်ကို " ကျုပ်တို့တွေ သူ့ကျွန်ပဲ လုပ်ကြပါစိှု့ဗျာ" တဲ့၊၊ ၁၂၄၀ ခုနှစ် အင်္ဂလိပ်အရာရှိမှတ်တမ်းတွင် " သတင်းပေးသူမှတ်တမ်း "ဆိုတဲ့စာအုပ်မှာ မြန်မာတို့သည် ရိုင်ဖယ်သေနတ်များနှင့် တော်ပီဒိုရေမြှုပ်ဗုံးများ လုပ်ကိုင်နိုင်ပြီလို့ ဖော်ပြထားပါတယ်၊၊ဒါကို ကုန်းဘောင်ရှာပုံတော် ဆိုတဲ့စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်၊၊ အဲ့ဒီလို တို့မြန်မာတွေဟာ တော်တဲ့သူတွေကို အားပေးအားမြှောက်လုပ်မှု နည်းပါးကြပါတယ်၊၊
(ခ)မိမိကိုယ်ကိုအထင်သေးသိမ်ငယ်တတ်ပြီး တိုင်းတစ်ပါးကိုစွတ်အထင်ကြီးတတ်သော လူဖျင်းလူနုံများ၊ဆန်ကုန်
မြေလေးများ တစ်နေ့တစ်ခြားတိုးတက်များပြားလာခြင်း၊၊အဆိုတော်လောကမှာ စိုင်းစိုင်းခမ်းလှိုင်တို့၊ကြက်ဖတို့ ကျော်ထွဋ်ဆွေ
တို့ဆိုတဲ့ကောင်တွေဟာ အောက်တန်းစားတွေပါ၊၊စိုင်းစိုင်းခမ်းလှိုင်ဟာ သူများနိုင်ငံက သီချင်းတွေကို copy လုပ်ပါတယ်၊၊ပြီးရင် ဆိုတယ် ၊၊ဒီအထိအောင် ပြသာနာ မရှိသေးဘူး၊၊ ခုနောက်ပိုင်း သီချင်းတွေမှာ မိုက်ရိုင်းတဲ့ အထာတွေ၊ အောက်ပိုင်းစကားလုံးတွေ ပါလာပါပြီ၊၊ရွံစရာသိပ်ကောင်းတယ်၊၊ အဲ့ဒါကိုပဲ သူ့ရဲ့ show ပွဲလာကြည့်တဲ့ အောက်က မိန်းမတွေက လက်ကြီးတွေကို အပေါ်ထောင်ပြီး
ယမ်းနေကြရတာနဲ့၊တဟေးဟေးတဟားဟားနဲ့အော်ဟစ်နေလိုက်ကြတာကို၊၊နောက်တစ်ခုရှိသေးတယ်၊၊" ဒီထဲမှာဂျီဆွီးကြိုးဝတ်ထားတဲ့
စော် ဘယ်နှစ်ယောက်ပါလဲဆိုတာ" လေ၊၊အဲ့လိုပြောလိုက်တဲ့ အချိန်မှာ
အောက်ကကောင်မလေးတွေ အရမ်းသဘောကျသွားကြတာ တဟေးဟေးတဟားဟား နဲ့၊၊
ကြည့်စမ်း ဘယ်လောက်မိုက်ရိုင်းလဲ ၊၊ ကြက်ဖတို့ ကျော်ထွဋ်ဆွေတို့ဆိုတဲ့ကောင်တွေ ဆိုထားတာ တရားဝင်မဟုတ်တဲ့ခွေတွေ ပေါ့ ၊၊ တကယ်ကို ညစ်ညစ်စုတ်စုတ်တွေ သီချင်းလုပ်ဆိုထားတာပါ၊၊ သူတို့မှာ အဲ့ဒါကိုဆုံးမပေးမဲ့ အဖေတွေအမေတွေ မရှိဘူးလား၊၊ ရှိတယ်ဆိုရင်ရော သူတို့ရဲ့မိဘတွေက မဆုံးမလို့လား သူတို့မှာ နှမတွေအမေတွေမရှိဘူးလား၊၊
တော်တော်ပက်စက်တယ် အဲ့ကောင်တွေက လူကမွေးတဲ့ ခွေးတွေ၊၊ အဲ့တော့ အဲ့လိုလူကမွေးတဲ့ခွေးတွေဆိုတဲ့ show ပွဲတွေမှာများ သွားကြည့်ပြီး အောက်ကနေ လက်ကြီးတွေအပေါ်ကိုထောင်ပြီး ဝှေ့ယမ်းနေကြတာ၊ဟိုဘက်ကိုယိမ်းလိုက်၊ဒီဘက်ကို
ယိမ်းလိုက်နဲ့၊၊ဦးထုပ်ကို ရှေ့မကျ/နောက်မကျဆောင်းတယ် ဘောင်းဘီကိုအပွကြီးတွေဝတ်တယ် အိင်္ကျီက လက်ဇကောဇကနဲ့၊၊ လက်တွေ
လည်ပင်းတွေမှာပတ်ထားတာတွေက လမ်းဘေးမှာချရောင်းတဲ့ ၅ရာတန် ၆ရာတန်တွေ၊၊ သူများနိုင်ငံက ကောင်တွေက ကိုယ်လုံးကိုယ်ပေါက်က တောင့်တယ်၊၊
အဲ့ဒီရပ်ပါဆိုတဲ့ ကပလီကြီးတွေဘာတွေကိုကြည့်ပါလား၊၊ အားကစားလဲလုပ်တယ် သူတို့က၊၊ သူတို့ဆွဲတဲ့ သံဆွဲကြီုးတို့၊လက်
မှာပတ်တဲ့ လက်ပတ်တို့ဆိုတာတွေက အနည်းဆုံး ဒေါ်လာ၂၀၀၀ ကျော်တန်တယ်၊၊
အဲ့ဒါကိုလိုက်တုပြီး လမ်းဘေးကဟာကိုဝတ်ကြနဲ့၊၊ မရှိရင် မ၀တ်နဲပေါ့၊၊ Akon ဆွဲတဲ့သံဆွဲကြိုးကြီးမြင်ဖူးလား အဲ့ဒါ ဒေါ်လာထောင်နဲ့ချီတန်တယ်၊၊
အ၀တ်အစား၊တန်ဆာဆိုတာ ဈေးကြီးမှမဟုတ်ဘူး၊ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်အောင် ၀တ်ရတာ၊၊ပြီးရင် ကိုယ်က ဒီဇိုင်းတစ်မျိုးထွင်ပြီးဝတ်တယ်ဆိုရင်လဲ အဲ့ဒီ ဒီဇိုင်းနဲ့လိုက်အောင် ဆံပင်ကိုပြင်ရတာတွေရှိသေးတယ်၊ဘယ်ပုံစံဝတ်ရင် ဘယ်လိုမျိုးလမ်းလျှောက်မှ လိုက်တာဆိုတာရှိတယ်၊၊ ဥပမာ ဂျင်းထည်တွေကိုဝတ်ရင် ဂျင်းသည် အမာသဘောကိုဆောင်လို့ သူနဲ့တွဲရမဲ့ accessories တွေဆိုရင် ဆွဲကြိုးဆို သံထည် 925 မှ ဘာမှနဲ့ သတ်မှတ်ထားတာတွေရှိတယ်၊၊ ဖတ်ပါ fashion စာအုပ်တွေ၊၊
ဒါ့ကြောင့် အလိမ္မာ စာမှာရှိတဲ့၊၊ စာမှာ ဘာမဆိုရှိတယ်၊၊ fashion ဆိုတာ သူများမ၀တ်တာကိုဝတ်တာ fashion
မဟုတ်ဘူး၊၊ကိုယ်နဲ့လဲလိုက်ရမယ်၊ဆန်းလဲဆန်းသစ်ရမယ်၊အရောင် စပ်ဟပ်မှု၊accessories ချင်းဆက်စပ်ရာမှာ လိုက်ဖက်မှု ဒါတွေနဲ့ပေါင်းမှ fashionပါ၊၊အဲ့တော့ မြန်မာနိုင်ငံက ရပ်ပါတွေရဲ့ ၀တ်တာစားတာတွေဟာ အတုယူသင့်သလားဆိုတာကိုစဉ်းစားပါ၊၊ အကောင်းဆုံးက သူများကို လိုက်တုမဲ့အစားကိုယ်ပိုင် ထွင်တာပ်ုကောင်းပါတယ်၊၊သူများstyleကိုလိုက်တုတယ်ဆိုတာရှက်စရာကောင်းပါတယ်၊၊ ခုဆိုကြည့် အကယ်ဒမီမင်းသားချင်းအတူတူ လူမင်းက ဘောင်းဘီမှာ ကြိုးတပ်ဝတ်တာနဲ့ပဲ မင်းမော်ကွန်းကလိုက်တုပြီး ဘောင်းဘီမှာ ကြိုးတပ်ဝတ်တယ်၊၊ ကြိုးတပ်ဝတ်တဲ့ဘောင်းဘီက ဂျင်းရိုးရိုး၊အောက်က
ညှပ်ဖီနပ်၊အပေါ်ကြည့်လိုက်တော့ ဂျင်းဂျာကင်ကို လက်အဖျားခေါက်ဝတ်ထားတယ်၊၊မင်းသမီးဆိုရင် အိန္ဒြာကျော်ဇင်တို့
ဝတ်တာစားတာတွေကြည့်ပါ၊၊ သိပ်ပြီး fashion ကျတယ်၊၊ဒါ့ကြောင့် သူများ style တွေ သူများနိုင်ငံတွေကို နေရင်းထိုင်ရင်
အထင်ကြီးအတုယူနေမဲ့အစား ကိုယ်ပိုင် ကြိုးစားဖတ်မှတ်ပြီး သင်ယူကြပါ ပြီးရင် တီထွင်ကြပါ၊၊ပြီးရင် underground အက၊၊ဟိုက သူတို့ရဲ့
ပါရာနာဝေးသိုင်းနဲ့တွဲပြီးက သွားကြတာ၊၊ကြည့်ကောင်းတယ်၊၊တို့ဆီကဘိန်းစားလက်မောင်းနဲ့ ပုလွေရိုးခြေသလုံးပိုင်ရှင်တွေက လိုက်ကတာဘယ်လိုနေလဲ၊၊
(ဂ)ထက်မြက်ပြီးတော်သောလူငယ်များမှာစီးပွားရေးကြောင့်ဖြစ်စေ၊အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေ ပေါ်ထွက်လာနိုင်ခြင်းမရှိပဲ အလကားအကျိုးမရှိသော လူပိုများသာငွေဂုဏ်ကြောင့်ဖြစ်စေ၊ လာဘ်ထိုးပြီးဖြစ်စေ ပေါ်ထွက်လာခြင်း၊၊
(ဃ) ယနေ့ INTERNET ကိုတော်တော်များများသုံးနေကြပါပြီ၊၊ သို့သော် ၀မ်းနည်းစရာကောင်းသည်မှာ အကျိုးရှိ
သည့်နေရာတွင် အသုံးမချပဲ ရည်းစားရှာဖို့၊ Sexy Words တွေပြောပြီး ကျေနပ်ဖို့ စတဲ့မဟုတ်တဲ့နေရာတွေမှာ
အသုံးချနေကြတာပါပဲ၊၊မြန်မာရဲ့ အဓိကအားနည်းချက်က အဲ့ဒါပဲ၊၊မဟုတ်တဲ့နေရာမှာသိပ်ပြီး ချွန်တယ်၊၊ ၁ နာရီမှ ၂၀၀-၃၀၀လောက်ပေးရသော INTERNET ကိုအကျိုးရှိရှိအသုံးချမယ်ဆိုရင်ရတနာသိုက်ကြီးပါ၊၊ လိုချင်တာ လေ့လာချင်တာ အကုန်ရတယ်၊၊ ရှာစမ်းပါ GOOGLE ကနေ၊၊စာအုပ်တွေရှာ ဖတ်၊လေ့လာ၊၊လုပ်စမ်းပါ၊၊ အလိမ္မာ စာမှာရှိတဲ့၊၊ခုတော့အဲ့လိုမဟုတ်ဘူး၊၊ ၃-၄-၅ နာရီလောက် ထိုင်ပြီး တွေ့သမျှ(စော်-ဘဲ)နဲ့ထိုင်ချက်နေကြတယ်၊၊ အသက်အရွယ်ကြီးပြီးတောင်းစားနေတဲ့အဘိုးကြီးအဘွားကြီးတွေကိုကျတော့ လာတောင်းရင်မရှိဘူးပြောလွှတ်ရတာနဲ့၊အစုတ်ဆုံးနဲ့ တန်ဖိုးအသေးဆုံးပိုက်ဆံကိုရွေးပြီး ထည့်ရတာနဲ့ ၊၊ဘယ်နိုင်ငံမှာမှ အဲ့လိုမချက်ပါဘူး၊၊ ချက်ဖို့လဲ အချိန်မပေးပါဘူး၊၊အလုပ်ချိန်မှာ အလုပ်လုပ်တယ်၊၊ နားချိန်မှာ ကောင်းကောင်းနားတယ်၊၊
မြန်မာနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေမှာNET အရမ်းကောင်းပါတယ်၊၊ သို့သော် သူတို့တွေ ဒို့ဆီက မြန်မာတွေလို
မချက်ပါဘူး၊၊ လိုအပ်မှ သုံးပါတယ်၊၊ ဒို့မြန်မာတွေကတော့ အဲ့လိုမဟုတ်ပါဘူး၊၊
နားကြပ်ကြီးတွေ တပ်ပြီး တစ်နေကုန် ဖင်ပူအောင်ထိုင်၊ တွေ့သမျှ ဆန့်ကျင်ဘက်(gender ) များနဲ့ချက် နေလိုက်ကြတာကို
လေယဉ်မောင်းနေတဲ့ပိုင်းလော့ကြီးတွေ ကျနေတာပဲ၊၊ တစ်ချို့ဆိုရင် အဲ့ဒီ INTERNETဆိုင်ကရောင်းတာကိုစားပြီး တစ်နေကုန်ထိုင်ချက်ပါတယ်၊၊ လက်တွေ့နားနဲ့ဆက်ဆက်ကြားနေရတာတွေရှိပါတယ် နစ်ကိုကြိုက်တဲ့အချိန်ဖွင့် ၊အမြဲတမ်းအွန်လိုင်းပဲ၊ ၊ြ ပီးရင် စကားကို အကောင်းမပြောဘူး၊၊နှမရှိတဲ့ ကျွန်တော့်အနေနဲ့ ကိုယ့်နှမသာဆိုရင်ဆိုတာ
တွေးတောင်မတွေးရဲပါဘူး၊၊လူတစ်ယောက်ချက်တာကို ဘေးကနေနားထောင်နေတာ သူတို့မှာအွန်လိုင်းကနေ လေဥဥပြီးမွေးတာနဲ့ကို သားသမီးရတနာ ၁၀ ယောက်မကတော့ဘူး၊၊ကဲဘယ်လိုလုပ်ကြမလဲ ၊၊ မြန်မာတွေဟာ မဟုတ်တဲ့ဘက်မှာ သိပ်ချွန်နေကြတယ်၊၊
အချိန်တွေ ၊ အင်အားတွေ ဘယ်လောက်နှမြောစရာကောင်းလိုက်သလဲ ၊၊ ရှက်သင့် ကြပါပြီ ၊
ပြင်သင့်ကြပါပြီ ၊၊ ကျွန်တော်တို့လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မြန်မာလူမျိုးတွေကို ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်၊၊ ရိုင်းတယ်လို့တော့ မထင်ပါနဲ့၊၊ " ခင်ဗျားတို့ မြန်မာတွေ ဒီပုံအတိုင်းသာ ဆက်နေသွားမယ်ဆိုရင်
မြန်မာနိုင်ငံက ဖာနိုင်ငံကြီးဖြစ်သွားလိမ့်မယ်တဲ့"၊၊ဒီ Mail အတွက် ကျွန်တော့်ကို မုန်းချင်မုန်းကြပါ နာချင်ရင်နာကြနိုင်ပါတယ်၊ နာအောင်လဲ ရေးထားတာပါ၊၊ မှားနေကြတာတွေကို ပြင်စေချင်တဲ့စိတ်နဲ့၊အားလုံးကို ကိုယ့်နှမတွေလို မပေါင်းသင့်တဲ့သူတွေနဲ့မပေါင်းရအောင် ၊ အတုမယူသင့်တဲ့သူတွေကို အတုမယူမိအောင်၊အားလုံးကို ကြိုးစားချင်စိတ်ရှိကြဖို့တွေအတွက်
နာအောင်ရေးထားတာပါ၊၊ နာပြီးတော့ အဲ့ဒီလူမျိုးတွေ၊အဲ့လိုကိစ္စတွေကိုရှောင်ပြီး ဖြောင့် လာကြမယ်ဆိုရင် ကျွန်တော် အမုန်းခံရတာ တန်ပါတယ်၊၊ အားလုံးပဲ Good luck in
everything!
ဒီစာကို ထောက်ခံရင် မှန်တယ်ဆိုရင် သူငယ်ချင်းတွေကိုပါ ဖတ်ဖို့ပေးလိုက်ပါ၊၊ မမှန်ဘူးလို့ယူဆရင် ဒီစာရေးတဲ့သူကို မုန်းနိုင်ပါတယ်၊၊ တစ်ခုပြောစရာရှိတာက အဲ့ထဲမှာရေးထားတဲ့ မကောင်းသောယောင်္ကျားများ၊မိန်းမများဆိုတာ အကုန်လုံးကိုပြောတာမဟုတ်ပါ၊၊
အလွန်သိက္ခာရှိပြီး လေးစားဖွယ်၊ဂုဏ်ယူထိုက်သော့ မြန်မာအမျိုးသမီးကောင်းများစွာ၊အမျိုးသားကောင်းများစွာ ရှိပါသည်၊၊
နာမည်တပ်ပြီးပြောရန်မဖြစ်ဘူးဆိုတာကိုတော့ အားလုံးနာလည်ကြမှာပါ၊၊

နီသောရဲသော ဒေါင်းတစ်ကောင်

Friday, August 28, 2009

ပြည်သူအားနားလှည့် ပါးရိုက်တော့မယ့် အလံသူခိုးများ

ရိုးရိုးသူခိုး မဟုတ်ပါ အလံသူခိုးပါ (ချမ်း-အောင်)

မကွေးတိုင်း၊ ပခုက္ကခရိုင် အတွင်း နအဖ ရဲ့ ဘက်တော်သားများက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ တရားဝင် အမှတ်တံဆိပ် အမှတ်အသားတခုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အလံ နှစ်ခု တို့ အား အလွဲသုံးစားလုပ် ဘမ်းပြ၍ “ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ ချုပ် “ဟု ဆိုကာ ရုံးခန်းဖွင့် လှစ်ခြင်း ၊ အစည်းအဝေး ခေါ်ယူခြင်းများကို ပြည်သူလူထုသို့  တရားဝင်ပါတီများ ဖွဲ့ စည်းခွင့် နှင့် ဆိုင်းဘုတ် တင်ခွင့် ရှိပြီ ဖြစ်ကြောင်း တရားဝင် မကြေငြာပါဘဲ နှင့်  ယခုကဲံသို့  မြို့ လည် ခေါင်တွင် ဗြောင်ကျကျ လုပ်ဆောင်လျှက် ရှိနေပါတယ်။



အဆိုပါ “ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ ချုပ် “ ဖွင့် လှစ်သည့်နေရာမှာ ဦးဝင်းဇော် ဆိုသူ၏ နေအိမ် ဖြစ်ပြီး ၁၇ -လမ်း ၊ အမှတ် ( ၁၁ ) ရပ်ကွက် ၊ ပခုက္ကူမြို့ မှာ ဖြစ်ပါတယ်။ ၎င်း ဦးဝင်းဇော် ဟာ အမတ်အဖြစ် အရွေးခံမည့် သူ ဖြစ်ပြီး ရွာပေးကျောင်းဆရာ အဖြစ်လည်းကောင်း၊ ဆီစက် ပဲခွဲစက်များတွင်လည်းကောင်း ၀င်ရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး အခြေအနေမကောင်းရာကနေ ယခုအခါတွင် ဘောလုံးပွဲ ၂ - ၃ လုံးထီ ဒိုင်ဖွင့် လှစ်ကာ နအဖများနှင့် ပူးပေါင်းကာ စီးပွားရေးသောင်းကျန်းနေသူ ဖြစ်ပါတယ်။



ဓါတ်ပုံထဲတွင် မတ်တပ်ရပ် စကားပြောနေသူမှာ ဦးတင်မြိုင် ဆိုသူ ဖြစ်ပြီး တ စ ည ပါတီဝင်ဟောင်းတဦး ဖြစ်ပါတယ်။

အဲ့ဒီ နအဖဘက်တော်သားများရဲ့  အခမ်းအနားမှာ တက်ရောက်ခဲ့သူတွေကို ကြည့်ရင် ၂ လုံးထီ ချဲ စသည် လက်ခွဲ ရောင်းချနေသော ရပ်ကွက်ထဲမှ ရဲများနှင့် မလွတ်ကင်းကြသည့် သူများသာ ဖြစ်ပါတယ်။

နအဖဘက်တော်သားများက အခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  တရားဝင် အမှတ်တံဆိပ် အမှတ်အသားတခု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ အလံ နှစ်ခု တို့ ကို အလွဲသုံးစားလုပ်ခြင်း၊ “ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ ချုပ် “ ဟု ဆိုကာ ရုံးခန်းဖွင့် လှစ်ခြင်း ၊ အစည်းအဝေး ခေါ်ယူခြင်း၊ ဆိုင်းဘုတ်တင်ခြင်းတို့ ကို တရားမ၀င်ပြုလုပ်နေခြင်းကို နအဖက မသိကျိုးကျင် မမြင်ခြင်ယောင်ဆောင်ကာ အရေးယူမှု လုံးဝမရှိဘဲ ဗြောင်ကျကျ လုပ်ဆောင်နေခြင်းသည် နအဖဘက်တော်သားများနှင့် နအဖတို့ ၏ ထင်ရာစိုင်းသည့် ဥပဒေအထက်မှ လုပ်ရပ်များ ဖြစ်ပါတယ်။

အခြားတစ်ဘက်တွင်မူ နအဖမှ တရားဝင်ပါတီဖြစ်သည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးများကိုမူ အကြောင်းပြချက်မရှိဘဲ အချိန်ကာလ ကြာမြင့်စွာ ပိတ်ထားခဲ့ခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ပွင့်ဖြူမြို့ နယ် စည်းရုံးရေး အဖွဲ့  ဆိုင်းဘုတ်အား ဖြုတ်ချခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ တရားဝင်ထုတ်ပြန်သော ကြေငြာချက်များ စာရွက်စာတမ်းများကို ဖြန့် ဝေခြင်းမပြုရန် ပိတ်ပင်တာဆီးခြင်းတို့ ပြုလုပ်နေမှုကို ယခု နအဖဘက်တော်သားများ၏ တရားမ၀င် လုပ်ဆောင်နေမှုများအား ခွင့်ပြုထားမှုများနှင့် နှိုင်းယှဉ်ကြည့်ပါက နအဖဟာ သိက္ခာမဲ့သော၊ ဥပဒေအား လိုရာ၌သာ လိုသလို သုံးသော၊ တရားမျှတမှု လုံးဝ မရှိသော၊ အာဏာတည်မြဲရေးအတွက် ထင်ရာစိုင်းနေသော ဥပဒေအထက်မှ ဖောက်ပြန်သူများသာ ဖြစ်ပါတယ်။

အဆိုပါ အလံသူခိုး နအဖဘက်တော်သားများအား ပြည်သူအပေါင်းမှာ ၀ိုင်းဝန်းရှုတ်ချ ဆန့် ကျင်ကြပါရန် တိုက်တွန်းလိုက်ရပါတယ်။

Rest of your post

အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လူကြီးများ နှင့်အမေရိကန် ကွန်ကရက်ရဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ။...။


ယနေ့ ညနေ၄နာရီမှ ၅နာရီ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ အဖွဲ့ချုပ်CEC အဖွဲ့ဝင်လူကြီးများနဲ့ အမေရိကန်ကွန်ကရက်မှ ဝန်ထမ်းများ ၁နာရီခန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ အဖွဲ့ချုပ်ရုံးမှာ CEC အဖွဲ့ဝင် လေးဦး၊ပြန်ကြားရေးအဖွဲ့ဝင် အန်ကယ်အပါအဝင်နှစ်ဦး၊ ရုံးအဖွဲ့ဝင် တစ်ဦး တို့နဲ့ အမေရိကန်ကွန်ကရက် အမျိုးသားတဦး၊ အမျိုးသမီးနှစ်ဦး၊ ဒီကဋ္ဌာနေ နှစ်ဦးပေါင်းငါးဦး ၁နာရီလောက် တွေ့ဆုံခဲ့ပါတယ်။ အဓိကကတော့ သူတို့က မေးခွန်းတွေ အချက်အလက်တွေ လာရောက်မေးမြန်းတာပါ။

ပထမဦးဆုံး မေးတာကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ၂၀၀၀ကျော်ရှိတယ်လို့ သိရပါတယ်တဲ့။
အကျဉ်းထောင်ထဲက နိုင်ငံရေးသမားတွေရဲ့ နေထိုင်ရတဲ့အခြေနေတွေ သိချင်ပါတယ်လို့ မေးပါတယ်။ အဲ့ဒီ့မေးခွန်းကိုတော့ ဦးခင်မောင်ဆွေနဲ့ ဦးအုန်းကြိုင်တို့က ထောင်တွင်း အစားအသောက်၊ ကျန်းမာရေး လွတ်လပ်ခွင့် စတဲ့အခြေအနေတွေကို ရှင်လင်းပြောပြပါတယ်။

ဒုတိယ မေးခွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ အခြေအနေကို မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေထိုင်ရတဲ့ အခြေအနေ၊ ထိန်းသိမ်းထားတဲ့ ဥပဒေကို အန်ကယ်က ရှင်းပြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခုလိုနေအိမ် အကျယ်ချုပ်နေရတာ ဥပဒေအရ ထိန်းသိမ်းခံရတာ မဟုတ်ဘူး အမိန့်အာဏာအရ ထိန်းသိမ်းခံရတာ ဖြစ်ကြောင်း အန်ကယ် သေသေချာချာ ရှင်းပြတော့ သူတို့တော်တော် အံ့သြကြပါတယ်။

နောက်တခုက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ သဘောထားကို မေးပါတယ်။ လက်ရှိအခု နယ်စပ်ကတိုင်းရင်းသားတွေနဲ့ ပြဿနာဖြစ်နေတဲ့ကိစ္စ၊ ဒီရက်အတွင်းမှာ တချို့အဖွဲ့ အစည်းတွေက ရွေးကောက်ပွဲဥပဒေလည်းမရှိသေး၊ ပါတီဖွဲ့ဖို့ ကော်မရှင်ဖွဲ့ဖို့ ဥပဒေလည်း မထွက်သေးပဲနဲ့ ဆိုင်းဘုတ်တွေတင်နေတာကို အစိုးရက ဘာကြောင့်ခွင့်ပြုထား တယ်ဆိုတာ စဉ်းစားစရာတွေ ဖြစ်နေတဲ့ အကြောင်းတွေ ရှင်းပြပါတယ်။ ဒီလိုအခြေအနေတွေမှာ NLD အနေနဲ့ Yes Or No ပြောလို့မရသေးကြောင်း ဆရာဦးညွန့်ဝေက ဖြေကြားခဲ့ပါတယ်။

နောက်တချက်က လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေပေးဖို့ အချက်အလက်တွေ စုဆောင်းနေတာဖြစ်ပါတယ်။ နောက် Sanction နဲ့ပတ်သတ်တဲ့ သဘောထားကို မေးပါတယ်။ အဲ့ဒါကို NLD ရဲ့ရှိပြီးသားပေါ်လစီ ဖြစ်တဲ့ ရိုးသားပွင့်လင်းရမယ်၊ တာဝန်ယူမှုရှိရမယ် စတာတွေကို ရှင်းပြပါတယ်။

အမေရိကန် အစိုးရရဲ့မူဝါဒ အပြောင်းအလဲရှိမရှိ အန်ကယ်တို့က မေးပါတယ်။ သူတို့က အမေရိကန် အစိုးရနဲ့မသက်ဆိုင်ဘူး ကွန်ကရက်နဲ့တာ သက်ဆိုင်တယ်လို့ပြောပါတယ်။ မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံခြာရေး မူဝါဒ ပြောင်းလဲရေးအတွက် OBAMA အစိုးရက အလေးအနက်ထားတဲ့ အကြောင်း ဒါပေမယ့် အချိန်တို အတွင်းမှာတော့ ခပ်မြန်မြန် ပြောင်းလဲတဲ့မူဝါဒချစရာ မရှိသေးဘူးလို့ ပြောပါတယ်။

အဓိကကတော့ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေပေးဖို့ မြန်မာနိုင်ငံရေး အချက်အလက်တွေ စုဆောင်းနေတာဖြစ်တယ်လို့ အန်ကယ်မြင်ပါတယ်။

မစ္စတာဂျင်မ်ဝက်ဘ် ကိစ္စနဲ့ပတ်သတ်ပြီး မစ္စတာဂျင်မ်ဝက်ဘ်ဟာ အိုဘားမားအစိုးရရဲ့ ကိုယ်စားလှယ် မဟုတ်ကြောင်း၊ အစိုးရရဲ့တာဝန်ခံ ပြောနေတာမဟုတ်ကြောင်း အဲ့ဒီလိုပုံစံမျိုးပြောပါတယ်။

ဒီကနေ့တွေ့ဆုံပွဲသို့ NLD CEC မှ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်၊ ဦးခင်မောင်ဆွေ၊ ပြန်ကြားရေးမှ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင် နဲ့ ရုံးအဖွဲ့မှ ဦးလှမင်းတို့ တက်ရောက်ခဲ့ပြီး အမေရိကန်ဘက်မှ ဒီမိုကရက်တစ် ကိုယ်စားလှယ် ၂ဦး၊ ရီပါပလေကန် ၁ဦးနဲ့ ဋ္ဌာနေကိုယ်စာလှယ် ၂ဦး တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။
ဆက်သွယ်မေးမြန်းချက်......ဒီမိုဝေယံ

စစ်ခွေးတွေကတမျိုး ပြည်သူတွေကိုဒုက္ခပေး၊ကျောင်းအုပ်တွေက တဖုံ ကျောင်းသားတွေကို ဥပါဒ်ပေး

သောကြာနေ့၊ သြဂုတ်လ 28 ရက် 2009 ခုနှစ် 18 နာရီ 01 မိနစ် မဇ္ဈိမ သတင်း
ပိုက်ဆံမပေးရင် စာမေးပွဲ ပေးမဖြေဘူးရှင့်
သို့

အယ်ဒီတာရှင့်

ပဲခူးမြို့ အမှတ် ၂ အထက ကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားရွှေက ဒီလကစပြီး ကျောင်းသားတွေဆီမှာ ကျောင်းအိမ်သာ ပြင်ဖို့ဆိုပြီး ပိုက်ဆံကို မတော်မတရား ကောက်ခံနေပါတယ်။

အိမ်သာပြင်ဖို့က သိန်း ၂၀ ကျော် ကုန်ကျမယ်လို့ဆိုပြီးတော့ ၉-၁၀ တန်း ကျောင်းသားတယောက်ကို ကျပ် ၄၀၀၀ကောက်ပါတယ်။ ၈ တန်းကနေ အငယ်တန်းတွေအထိ တယောက်ကို ကျပ် ၃၀၀၀ စီပါ။ မပေးနိုင်တဲ့ ကျောင်းသားတွေကို စာမေးပွဲ ပေးမဖြေဘူးလို့လည်း ဆိုပါတယ်ရှင့်။

အတန်းပိုင်ဆရာမ တယောက် ပြောပြတာက အထက်ကနေ အိမ်သာပြင်ဖို့အတွက် ၂၂ သိန်း ချပေးတယ်တဲ့။ ဒါကို တခြား ကျောင်းသားမိဘတွေလည်း သိပါတယ်။ သူတောင်းတဲ့ပိုက်ဆံ မပေးနိုင်တဲ့ ကျောင်းသားမိဘတွေကို ရုံးခန်းမှာ ခေါ်ဆူတာလည်း ရှိပါတယ်။

မပေးနိုင်တဲ့ ကျောင်းသားတွေကတော့ အတန်းထဲမှာ မျက်နှာငယ်ပြီး၊ တနေ့တနေ့ ဆရာတွေကတဆင့် အပြောခံနေရလို့ စိတ်မချမ်းသာကြရပါဘူး။

မခံမရပ်နိုင်ဖြစ်နေတဲ့

မိခင်တဦး

ပဲခူးမြို့

ပညာရေး၊စီပွားရေး ယို့ ယွင်းလာသည်နှင့်အမျှ လူ့ ယဉ်ကျေးမှု အဆင့် အတန်းလည်း ပျက်သုံးလာသည်။

မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ ( ပေးပို့ သူ - ကိုဒေါင်းနီ )
(၁) ဘာသာရေးအမြင်နှင့်သုံးသပ်ခြင်း
---------------------------------------------------------
(က)ငွေကြေးပေါများသောသူတော်တော်များများမှာတွေ့ရပါတယ်၊၊ငွေ ၃-၄-၅ သိန်းစသဖြင့်အကုန်ခံပြီး ချောင်းသာ၊ ငပလီ၊မောင်းမကန် တို့ကိုသွားပြီး ရေငံငံတွေရှီတဲ့ပင်လယ်ကိုသွားကြည့်ပါတယ်၊၊ဇိမ်ခံကြပါတယ်၊၊ငါတော့မသေခင်
ငါတို့ကိုးကွယ်တဲ့ဗုဒဘုရားရှင်ပွင့်တော်မူခဲ့သောဗုဒ္ဓဂါယာကိုသွားဖြစ်အောင်သွားပြီးတော့ကိုဖူးလိုက်ဦးမယ်ဟေ့ဆို တာဒီနေ့အထိမတွေဘူးသေးပါဘူး၊၊
(ခ)ခုခေတ် ဗုဒ္ဓဘာသာဝင်မိန်းကလေးများ ဖြစ်ပါတယ်၊၊ ခေတ်တွေတိုးတက်နေပါပြီဆိုပြီး ကလပ်တွေတက်ပါတယ်၊
အရက်-ဘီယာသောက်ပါတယ်၊၀ိုင်သောက်ပါတယ်၊ပန်းခြံတွေမှာ ရည်းစားသညာတွေနဲ့ချိန်းတွေ့ပြီး အကုန်ပေးပါ
တယ်၊၊ကိုယ့်ကိုကိုယ်မိန်းမဆိုတာကိုသတိမရကြပါဘူး၊၊သူတို့တွေရဲ့မြင်ကွင်းတွေဟာ INTERNET မှာVIDEOများ၊ဓါတ်ပုံများ
အဖြစ်နဲ့ပျံ့နှံ့နေပါတယ်၊၊စင်င်္ကပူ၊ဒူဘိုင်း၊အမေရိကား စတဲ့နိုင်ငံတွေကို ပညာသင်ကြားဖို့အတွက်ဖြစ်စေ၊ အလုပ်လုပ်ဖို့ဖြစ်စေသွားရောက်နေသောမြန်မာ အမျိုးသမီးများ(မှတ်ချက်-ပျက်စီးနေသော မိန်းမဆိုးများကိုသာ
ဆိုလိုပါသည်-သိက္ခာတရားနဲ့မိန်းမဂုဏ်ကို အသက်မကတန်ဖိုးထားစောင့်ထိန်းပြီး စာကိုပဲတစိုက်မတ်မတ်ကြိုးစားနေသည့် လေးစားဖွယ် မြင့်မြတ်သော မိန်းကလေးများ၊မိမိအလုပ်ကိုသာ သန့်ရှင်းစွာဖြင့် အိနြေ္ဒသိက္ခာအပြည့်နှင့်ကြိုးစားလုပ်ကိုင်နေသော တန်ဖိုးထားဂုဏ်ယူထိုက်သည့် မြန်မာအမျိုးသမီးကောင်းများ မပါ-ပါ၊၊အမှန်တကယ် ရှိပါတယ် အဲ့လိုမိန်းကလေးတွေ
နာမည်နှင့်တပ်ပြောလျှင် သူတို့ရဲ့ personal ကိုထိခိုက်မှာ စိုးလို့ပါ၊၊)အဲ့ဒီမှာသင်္ကြန်-NEW YEAR စတဲ့ရက်တွေမှာ
သောက်ကြ၊စားကြ၊ကကြခုန်ကြနဲ့ ပျက်စီးနေကြ ပါတယ်၊၊ ရည်းစားထားပြီး LIVING TOGETHER နေထိုင်ကြပါတယ်၊၊ တစ်ချို့သော ငွေကြေးမတတ်နိုင်သောအမျိုး သမီးများသည်အခကြေးငွေယူပြီးလုပ်ကိုင်စားသောက်ပါတယ်၊၊
အဲ့လိုအကျင့်ပျက်မိန်းကလေး­တွေကြောင့် နိုင်ငံဟာ တော်တော်သိက္ခာကျပါတယ်၊၊passport ထပ်ရင်တောင် မြန်မာဆိုရင် နောက်ဆုံးကထားတယ်တဲ့ ၊၊ အဲ့ဒီစကားလေးကို စင်္ကပူက လူတစ်ယောက်ကိုယ်တိုင်ပြောတာပါ ၊၊ မယုံရင်
mr.styl...@gmail.com မှာ တောင်းယူလို့ရပါတယ်၊၊ပြီးရင် ပြန်လာတဲ့အချိန်မှာ အဲ့ဒီရွှံပိတ်များအား မြန်မာအမျိုးသားများက ထမ်းကြရပါတယ်၊၊ သိပ်ပြီးရွံစရာကောင်းသောလုပ်ရပ်များဖြစ်ပါတယ်၊၊ သက်သေအနေနဲ့
ဓါတ်ပုံပေါင်းများစွာ၊ video ပေါင်းများစွာရှိပါတယ်၊၊ဒါ့ကြောင့် မြန်မာ အမျိုးသမီးကောင်းများစွာထဲက
အဲ့ဒီအကျင့်ပျက်၊မိအုပ်ဖအုပ်မရှိသောအမျိုးသမီးဆိုးများ ထိန်းသင့်ပါပြီ၊၊ရှက်သင့်ပါပြီ၊၊ ကျွန်တော်တို့ Programming Lunguage
နဲ့နမူနာယူပြီးစဉ်းစားကြည့်ရအောင်၊၊နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေး၊စစ်ရေး၊ လူအင်အား၊သိပံ့ပညာရပ်တွေဟာ Variables
တွေနဲ့တူပါတယ်၊၊သူတို့ဟာပြောင်းလဲနိုင်ပါတယ်၊၊ပြင်နိုင်ပါတယ်၊၊အဲ. ယဉ်ကျေးမှုကတော့ Data Typeလိုပဲprogram
ရဲ့အစမှာကြေငြာထားတဲ့အတိုင်းအမြဲတည်ရှိနေမှာဖြစ်ပါတယ်၊၊သူဟာ Constant ပါ၊၊အော် ဒါဆို ကျွန်မတို့က ထမီနဲ့ ရင်ဖုံးအင်္ကျီဝတ်ပြီး အလုပ်လုပ်ကြရမှာလား လို့ဆိုဖွယ်ရာရှိပါတယ်၊၊ လာ မရောပါနဲ့၊၊ တစ်ခြားစီပါ အဓိပါယ်ချင်း၊၊ သို့သော် အေးမြတ်သူလိုတော့ နောက်ကျောလိပ်ပြာမကပ်နဲ့ပေါ့ဗျာ၊၊ မိုးဟေကိုလောက်လဲ မပွင့်လင်းကြနဲပေါ့၊၊
ရေကူးတာလဲကူးပေါ့ သင်ဇာဝင့်ကျော်လိုတော့ ရေမကူးနဲ့ပေါ့၊၊ ရေခဲမှုန့်ကတော့ မြန်မာနိုင်ငံလိုပူအိုက်လွန်းတဲ့နိုင်ငံမှာ စားကြတာပါပဲ သို့သော် စန္ဒီမြင့်လွင်လို့တော့ ရေခဲမှုန့်မစားနဲ့ပေါ့၊၊ ဒါပါပဲ ၊၊ အရင်တုန်းက မိန်းကလေးတစ်ယောက်က ထမီပြင်ဝတ်ရင် လူမရှိတဲ့ဘက်ကို လှည့်ပြီးလုံခြုံသေသပ်စွာနဲ့ဝတ်ပါတယ်၊၊အဲ့ဒါကိုများ ခိုးကြည့်မိရင် နှာဘူးကြီး
ဘာကြီးဆိုပြီးတော့ မျက်စောင်းပေါင်းများစွာအထိုးခံရပါတယ်၊၊ကျွန်တော်တို့မှာ ကြည့်ချင်သော်လည်း မကြည့်ရဲပါဘူး၊၊ကျွန်တော်တို့ ၉တန်း ၁၀ တန်းလောက်အထိပေါ့၊၊ ခုတော့ အဲ့လိုမဟုတ်ဘူး၊၊ ဟိုနားဖော် ဒီနားဖော်နဲ့၊၊ တစ်ချို့ဆို
ပေါင်အထက်မှာဝတ်တယ် ၊၊ သူတို့ကိုသူတို့တော့ ခေတ်မှီတယ်ပေါ့ ဆိုလိုချင်တာက၊၊ ရုပ်ရှင်ဗွီဒီယို သရုပ်ဆောင်များက ရှေ့ဆောင်လမ်းပြလုပ်နေကြတာလဲပါပါတယ်၊၊အရင်က မြန်မာကားမှာ နမ်းတယ်ဆိုရင် အဝေးကနေ ကင်မရာနဲ့ နှစ်ယောက်
ကိုထပ်ပြီးပြပါတယ် ဟက်ကက်နဲ့ဇင်ဇင်ဇော်မြင့်သရုပ်ဆောင်ထားတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ် အယ်လွန်းဝါဆိုတာလားတော့
မသိဘူး၊၊ ခု တော်တော်တိုးတက်လာပါပြီ၊၊ လူမင်း၊အိန္ဒြာကျော်ဇင်၊အေးမြတ်သူ၊ခရစ္စတီးနား ၊ညီနန္ဒ တို့ပါဝင်သရုပ်ဆောင်ထားတဲ့
" ပဉ္စမံအနမ်း "ဆိုတဲ့ဇာတ်ကားမှာ လက်လောက်တော့ နမ်းလို့ရလာပါပြီ၊၊ (ဂ) ယောင်္ကျားလေးများကလဲ
ထိန်းသင့်ပါတယ်၊၊ကိုယ့်ရဲ့နှမများလိုသဘောထားပြီးစောင့်ထိန်းသင့်ပါတယ်၊၊တွေ့သမျ­ှမိန်းကလေးတွေကို ကိုယ့်မြန်မာအမျိုးသမီးလေးတွေပါလား ဆိုတဲ့အသိနဲ့ ချက်တင်လောကထဲက ဆွဲထုတ်ရမဲ့အစား၊ပိုပြီးနစ်အောင်နှစ်နေတဲ့သူတွေက တစ်ပုံကြီးပါ၊၊ တစ်ချို့ဆို ရည်းစားထားပြီး ဟိုပစ္စည်းမှာ ဒီပစ္စည်းမှာနဲ့ ယောင်္ကျားမတန်မဲ့ ပိုင်းလုံးလုပ်နေတာတွေ သိပ်ပြီးရှက်ဖို့ကောင်းပါတယ် သိပ်ပြီးအောက်တန်းကျပါတယ်၊၊လက်တော့ မှာတဲ့သူနဲ့ ၊ ဖုန်းမှာတဲ့သူနဲ့ ၊၊
ပါးရိုက်သတ်ဖို့ကောင်းတယ်၊၊တစ်ချို့ကတော့ မိန်းကလေးတွေကို ပထမခင်အောင်ပြောတယ် ပြီးရင် sexyword တွေကိုလှည့်ပတ်ပြောပြီး မိန်းကလေးများစိတ်ပါအောင် ကြံဖန်ပြီးပြောတယ် ဖျက်စီးတယ် အဲ့လိုမျိုးတွေယုတ်မာရိုင်းစိုင်း
အောက်တန်းကျကြပါတယ် ၊၊ " ငါတို့ကယောင်္ကျားတွေပဲ ဥပုဒ်စောင့်တဲ့ ကျားရှိလို့လား " ဆိုပြီး အကြောင်းပြချက်မပေးပါနဲ့ ၊၊ အဲ့ဒါ မိမဆုံးမ ဖမဆုံးမ လမ်းကြိုလမ်းကြားမှာ ပြည့်တန်ဆာနဲ့ အမည်မသိဘိန်းစားနဲ့ မျိုးစပ်ပြီးပေါက်ဖွားလာတဲ့ ကလေကချေတွေ ပေးတဲ့ အကြောင်းပြချက်တွေပါ ၊၊တစ်ချို့သော မိန်းကလေးတွေဆိုရင် အဲ့ဒါတွေကြောင့်ပဲ ချက်တင်ကိုအစွဲကြီးစွဲပြီး
ချက်တင်ဆိုတဲ့နွံက နှုတ်ခေါင်းမြုပ်နေတာ အများကြီးပါ၊၊အဲ့လိုလူမျိုးတွေကို ခွေးကမွေးတဲ့ အောက်တန်းစားများအဖြစ်သတ်မှတ်ပြီး ရှောင်သင့်ပါတယ် မိန်းကလေးများအနေနဲ့၊၊ သို့သော် ပြောသာပြောရတာပါ အဲ့လိုပြောစားလာတဲ့ယောက်ျားတွေကလဲ သဘာကရင့်နေပါပြီ ပြီးတော့ မိန်းကလေးတွေကလဲ အဲ့လိုပြောတဲ့သူတွေကိုမှ ပိုပြီးကြွေသလားတော့ မပြောတတ်ဘူးပေါ့
တော်တော်သဘောကျကြပါတယ် ၊၊ တစ်ချို့သော အမျိုးသမီးများ၏ ဟာလာဟင်းလင်း ဓါတ်ပုံပေါင်းများစွာဟာ ကျွန်တော်တို့ရဲ့ကွန်ပျူတာတိုင်းမှာ ရှိပါတယ်၊၊ တော်တော်အရှက်နဲတဲ့ မိန်းမတွေပါ VZO ကနေတစ်ဖက်က ယောင်္ကျားလေးတစ်ယောက်ကို မျိုးစုံလုပ်ပြပါတယ် အကုန်ပြပါတယ် ကျွန်တော်ကတော့ အဲ့မိန်းမတွေရဲ့မျက်နှာကြီးတွေကို အပြင်မှာသာတွေ့လို့ကတော့ မျက်နှာကိုပြေးကန်မိမှာ အမှန်ပဲ ရွံလွန်းလို့ အော့နှလုံးနာလွန်းလို့ ၊၊ အဲ့ဒါလား မြန်မာဗုဒ္ဓဘာသာအမျိုးသမီး တွေ ဆိုပြီးတော့ စောင့်ကန်ပစ်ချင်တာ ၊၊အဲ့တော့ မြင့်မြတ်တဲ့မြန်မာအမျိုးသမီးကောင်းများအနေနဲ့ အဲ့လိုပုပ်နေတဲ့ ငခုံးမတွေ(မိန်းမများ)ကိုလဲရှေင်ကြဉ်ပါ ၊၊ ပြီးရင် ပုပ်နေတဲ့ငခုံးမ(အထီးတွေ)ကိုလဲ သတိထားပြီး ရှေင်ကြဉ်ပါ
၊၊အပေါင်းအသင်းမလုပ်ကြပါနဲ့ လို့ နှမရှိတဲ့ အကိုတစ်ယောက်အနေနဲ့ရော မြန်မာနိုင်ငံကို ဘက်စုံမှာတိုးတက်စေချင်တဲ့သူ တစ်ယောက်အနေနဲ့ရော သတိပေးပရစေ၊၊

(၂)စိတ်ဓါတ်ရေးရာအရ သုံးသပ်ချက်
-------------------------------------------------------------------
(က)မြန်မာတွေဟာကိုယ်ပိုင်-ကိုယ်တိုင် အသစ်အဆန်းများအားတီထွင်လိုစိတ်မရှိခြင်း ၊
အခြားနိုင်ငံများရဲ့တီထွင်ပေးမှုများကိုသာအဆင်သင့် သုံးချင်ကြသော
လူဖျင်းလူနုံလူအများဖြစ်နေခြင်း၊၊ ပျင်းရိခြင်း၊၊ တော်သည့်လူများ
ချွန်ထွက်လာပြီဆိုရင်လဲ အဲ့ဒီလူကိုဘယ်လို နှိပ်ကွပ်ရမလဲဆိုတာပဲ
စဉ်းစားကြပါတယ်၊၊ နမူနာပြောပြမယ်၊၊ အိုင်းစတိုင်းဟာ ပန်းသီးလေးတစ်လုံး
ကြွေကျတာကို ကြည့်ပြီး ထိုင်စဉ်းစားနေလို့ အင်မတန်အသုံးဝင်တဲ့
များစွာအကျိုးကျေးဇူးတွေ ဖြစ်လာစေမဲ့ formula တစ်ခုကို ရရှိခဲ့ပါတယ်၊၊
တို့ဆီမှာ တကယ်လို့များ လူတစ်ယောက်က အဲ့လိုထိုင်စဉ်းစားနေရင် ခုဒီစာကိုဖတ်နေတဲ့
လူကြီးမင်း ဘယ်လိုတေွးမလဲ၊၊ဂျက်လီဟာ ကွန်ဖူးကို တရုတ်ပြည်တစ်ပြည်လုံးမှာ
ပထမရအောင် ယှဉ်ပြိုင်ခဲ့ပါတယ်၊၊ဒါ့ကြောင့် သူ့ကို မင်းသားတင်ရိုက်တယ်၊၊
နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်လာပါတယ်၊၊ဘရုစလီဟာ ဗိုက်ပေါ်ကို
ကားနင်းတာခံပြခဲ့ပါတယ်၊၊အနီးကတ် ထိုးချက်ဆိုတဲ့ အဇုတ္တနဲ့ ဗဟိဒ္တ ပေါင်းစပ်ထားတဲ့
ထိုက်ကျိကို အခြေခံတဲ့ သိုင်းပညာတစ်မျိုးနဲ့ အခြားတရုတ်ရိုးရာ
သိုင်းပညာများစွာကို ဖော်ထုတ်ပြသခဲ့ပါတယ်၊၊ဒါ့ကြောင့်လဲ သိုင်းလို့ပြောရင်
တရုတ်ကို လူတိုင်းသိကြပါတယ်၊၊အဲ့လိုမျိုး သူတို့ဆီမှာ အားပေးအားမြှောက်
ပြုကြပါတယ်၊၊ တို့နိုင်ငံမှာ သိုင်းသင်နေတဲ့ လူတစ်ယောက်ကို ငပေါကြီး ငရူးကြီး
စသဖြင့်ပြောကြပါတယ် နှိမ့်ချချင်ကြပါတယ်၊၊တရုတ်ကားတွေထဲမှာ ပါတဲ့
အကြောပိတ်-အကြောနှိပ်ပညာဆိုတာ တကယ်ရှိပါတယ် အဲ့ဒါဟာ တို့မြန်မာ့ရိုးရာ
ဗန်တိုပညာ၊ ရှမ်းကြီးသိုင်း၊ပွဲကျောင်းသိုင်း ဆိုတဲ့ပညာရပ်တွေထဲမှာ ပါပါတယ်၊၊
တရုတ်က ဗောဓိဓမ္မ(တရုတ်လို ဆရာတော်တာမို)ဆိုတဲ့ဘုန်းတော်ကြီးတစ်ပါးက
မြန်မာတို့ရဲ့ ပွဲကျောင်းသိုင်းနဲ့ နန်းသိမ်းခုံ(ယခု ရှမ်းကြီးသိုင်း)ကို
တိဗက်မှာ သင်ယူခဲ့ပြီး သူ့နိုင်ငံကိုရောက်တဲ့အချိန်မှာ
ကျန်းမာရေးနဲ့လဲညီညွတ်အောင်၊ဘုန်းကြီးတွေလဲ တရားကျင့်တဲ့အချိန်မှာ
မငိုက်မြည်းအောင်ဆိုပြီး ပုံစံတစ်မျိုးနဲ့ထွင်ပါတယ် ၊၊သူ့ကျောင်းရဲ့နာမည်ကို
အစွဲပြုပြီး အဲ့သိုင်းကို ရှောင်လင်လို့ခေါ်ပါတယ်၊၊ အဲ့တော့ တို့မြန်မာတွေ
သိပ်ပြီးတော်ပါတယ်၊၊ အဲ့လို ကိုယ့်ဟာက သူများဟာဖြစ်သွားအောင်
တော်တဲ့သူတွေကိုနှိမ့်ချနိုင်စွမ်းရှိပါတယ်၊၊ ပြီးတော့ တစ်ခုရှိသေးတယ်၊၊
မင်းတုန်းမင်းခေတ်ကပါ၊၊ အဲ့ဒီအချိန်တုန်းက အင်္ဂလိပ်တွေက မြန်မာနိုင်ငံကို
ကျူးကျော်နေတဲ့အချိန်ပါ၊၊ မြန်မာတွေအနေနဲ့ လက်နက်အင်အားနဲ့နည်းပညာမှာ
အင်္ဂလိပ်ကိုမမှီလို့ သိပ်ပြီးအခက်အခဲတွေ့နေရတဲ့ အချိန်ပါ၊၊ အဲ့တုန်းက အင်္ဂလိပ်က
မြန်မာနိုင်ငံထဲကိုဝင်ရင် ရေကြောင်းကပဲ ၀င်နိုင်ပါတယ်၊၊ အဲ့အချိန်မှာ
ယောအတွင်းဝန်ဦးဘိုးလှိုင်နဲ့ ကနောင်မင်းသားကြီးတို့ဟာ
ရေမြှုပ်ဗုံးထွင်နေကြတဲ့အချိန်ပါ၊၊ သူတို့ ထွင်ထားတာပြီးသွားတဲ့အချိန်မှာ
အောင်ပင်လယ်ကန်ကို နှစ်ယောက်သားသွားပြီးစမ်းသပ်ကြပါတယ်၊၊ အရင်ဆုံး
ကနောင်မင်းသားကြီးဟာ ဗုံးတစ်လုံးကို ကန်ထဲပစ်ချလိုက်တော့ ၀ုန်းဆိုတဲ့
အသံကျယ်ကြီးနဲ့အတူ ပေါက်ကွဲထွက်သွားပါတယ် သူတို့အရမ်းကိုပျော်ပြီး ကနောင်က
ဦးဘိုးလှိုင်ကို " ကျုပ်တို့ အင်္ဂလိပ်ကို
ချောင်ပိတ်ပြီးစိစိညက်ညက်ချေပစ်နိုင်ပြီ"လို့ ပြောလိုက်ပါတယ်၊၊ သူတို့
စမ်းသပ်နေတုန်းအချိန်က နန်းတွင်းထဲမှာ မင်းတုန်းမင်းက
ဘုန်းကြီးတွေကိုဆွမ်းဖိတ်ကျွေးနေတဲ့အချိန်ပေါ့၊၊ ကနောင်နဲ့ ဦးဘိုးလှိုင်တို့
ပျော်ရွင်စွာနဲ့ပြန်လာကြတဲ့အချိန်မှာ နန်းတော်တံခါးဝကိုရောက်တော့
လှိုင်ထိပ်ခေါင်တင်နဲ့ တွေ့တယ် ၊၊ ကနောင်က " နှမတော် ခုဏက အသံတွေ
အကိုတော်ကြားလား သူဘာပြောလဲ" လို့ မေးလိုက်တယ်၊၊ သူကတော့
မင်းတုန်းမင်းကြီးလဲပျော်မယ်ထင်တာပေါ့၊၊ လှိုင်ထိပ်ခေါင်တင်ပြောတာက "
အဲ့အချိန်တုန်းက မင်းတရားကြီးက ဘုန်းကြီးဆွမ်းကျွေးလုပ်နေတာတဲ့၊ ဘုန်းကြီးတွေက
အဲ့ဗုန်းကွဲသံကို ကြားတော့ ရေထဲကသတ္တ၀ါတွေဒုက္ခရောက်တော့မယ်ဆိုပြီး
ဆွမ်းစားတာချက်ချင်းရပ်ပြီး ပြန်ကြွသွားကြ
တယ်တဲ့၊အဲ့ဒါနဲ့ မင်းတရားကြီးက ကနောင်နဲ့ဦးဘိုးလှိုင်ရဲ့ ရေမြှုပ်ဗုံးကို
တားမြစ်ပါမယ်ဆိုပြီး ကတိပေးလိုက်ရတယ်တဲ့"၊၊ အဲ့အခါမှ ကနောင်မင်းသားကြီးက
ဝမ်းနည်းစွာနဲ့ ဦးဘိုးလှိုင်ကို " ကျုပ်တို့တွေ သူ့ကျွန်ပဲ လုပ်ကြပါစိှု့ဗျာ"
တဲ့၊၊ ၁၂၄၀ ခုနှစ် အင်္ဂလိပ်အရာရှိမှတ်တမ်းတွင် " သတင်းပေးသူမှတ်တမ်း
"ဆိုတဲ့စာအုပ်မှာ မြန်မာတို့သည် ရိုင်ဖယ်သေနတ်များနှင့်
တော်ပီဒိုရေမြှုပ်ဗုံးများ လုပ်ကိုင်နိုင်ပြီလို့ ဖော်ပြထားပါတယ်၊၊ဒါကို
ကုန်းဘောင်ရှာပုံတော် ဆိုတဲ့စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်၊၊ အဲ့ဒီလို
တို့မြန်မာတွေဟာ တော်တဲ့သူတွေကို အားပေးအားမြှောက်လုပ်မှု နည်းပါးကြပါတယ်၊၊
(ခ)မိမိကိုယ်ကိုအထင်သေးသိမ်ငယ်တတ်ပြီး တိုင်းတစ်ပါးကိုစွတ်အထင်ကြီးတတ်သော
လူဖျင်းလူနုံများ၊ဆန်ကုန်
မြေလေးများ တစ်နေ့တစ်ခြားတိုးတက်များပြားလာခြင်း၊၊အဆိုတော်လောကမှာ
စိုင်းစိုင်းခမ်းလှိုင်တို့၊ကြက်ဖတို့ ကျော်ထွဋ်ဆွေ
တို့ဆိုတဲ့ကောင်တွေဟာ အောက်တန်းစားတွေပါ၊၊စိုင်းစိုင်းခမ်းလှိုင်ဟာ
သူများနိုင်ငံက သီချင်းတွေကို copy လုပ်ပါတယ်၊၊ပြီးရင် ဆိုတယ် ၊၊ဒီအထိအောင်
ပြသာနာ မရှိသေးဘူး၊၊ ခုနောက်ပိုင်း သီချင်းတွေမှာ မိုက်ရိုင်းတဲ့ အထာတွေ၊
အောက်ပိုင်းစကားလုံးတွေ ပါလာပါပြီ၊၊ရွံစရာသိပ်ကောင်းတယ်၊၊ အဲ့ဒါကိုပဲ သူ့ရဲ့
show ပွဲလာကြည့်တဲ့ အောက်က မိန်းမတွေက လက်ကြီးတွေကို အပေါ်ထောင်ပြီး
ယမ်းနေကြရတာနဲ့၊တဟေးဟေးတဟားဟားနဲ့
အော်ဟစ်နေလိုက်ကြတာကို၊၊နောက်တစ်ခုရှိသေးတယ်၊၊" ဒီထဲမှာဂျီဆွီးကြိုးဝတ်ထားတဲ့
စော် ဘယ်နှစ်ယောက်ပါလဲဆိုတာ" လေ၊၊အဲ့လိုပြောလိုက်တဲ့ အချိန်မှာ
အောက်ကကောင်မလေးတွေ အရမ်းသဘောကျသွားကြတာ တဟေးဟေးတဟားဟား နဲ့၊၊
ကြည့်စမ်း ဘယ်လောက်မိုက်ရိုင်းလဲ ၊၊ ကြက်ဖတို့ ကျော်ထွဋ်ဆွေတို့ဆိုတဲ့ကောင်တွေ
ဆိုထားတာ တရားဝင်မဟုတ်တဲ့ခွေတွေ
ပေါ့ ၊၊ တကယ်ကို ညစ်ညစ်စုတ်စုတ်တွေ သီချင်းလုပ်ဆိုထားတာပါ၊၊ သူတို့မှာ
အဲ့ဒါကိုဆုံးမပေးမဲ့ အဖေတွေအမေတွေ မရှိဘူးလား၊၊ ရှိတယ်ဆိုရင်ရော
သူတို့ရဲ့မိဘတွေက မဆုံးမလို့လား သူတို့မှာ နှမတွေအမေတွေမရှိဘူးလား၊၊
တော်တော်ပက်စက်တယ် အဲ့ကောင်တွေက လူကမွေးတဲ့ ခွေးတွေ၊၊ အဲ့တော့
အဲ့လိုလူကမွေးတဲ့ခွေးတွေဆိုတဲ့ show ပွဲတွေမှာများ သွားကြည့်ပြီး အောက်ကနေ
လက်ကြီးတွေအပေါ်ကိုထောင်ပြီး ဝှေ့ယမ်းနေကြတာ၊ဟိုဘက်ကိုယိမ်းလိုက်၊ဒီဘက်ကို
ယိမ်းလိုက်နဲ့၊၊ဦးထုပ်ကို ရှေ့မကျ/နောက်မကျဆောင်းတယ်
ဘောင်းဘီကိုအပွကြီးတွေဝတ်တယ် အိင်္ကျီက လက်ဇကောဇကနဲ့၊၊ လက်တွေ
လည်ပင်းတွေမှာပတ်ထားတာတွေက လမ်းဘေးမှာချရောင်းတဲ့ ၅ရာတန် ၆ရာတန်တွေ၊၊
သူများနိုင်ငံက ကောင်တွေက ကိုယ်လုံးကိုယ်ပေါက်က တောင့်တယ်၊၊
အဲ့ဒီရပ်ပါဆိုတဲ့ ကပလီကြီးတွေဘာတွေကိုကြည့်ပါလား၊၊ အားကစားလဲလုပ်တယ် သူတို့က၊၊
သူတို့ဆွဲတဲ့ သံဆွဲကြီုးတို့၊လက်
မှာပတ်တဲ့ လက်ပတ်တို့ဆိုတာတွေက အနည်းဆုံး ဒေါ်လာ၂၀၀၀ ကျော်တန်တယ်၊၊
အဲ့ဒါကိုလိုက်တုပြီး လမ်းဘေးကဟာကိုဝတ်ကြနဲ့၊၊ မရှိရင် မ၀တ်နဲပေါ့၊၊ Akon
ဆွဲတဲ့သံဆွဲကြိုးကြီးမြင်ဖူးလား အဲ့ဒါ ဒေါ်လာထောင်နဲ့ချီတန်တယ်၊၊
အ၀တ်အစား၊တန်ဆာဆိုတာ ဈေးကြီးမှမဟုတ်ဘူး၊ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်အောင်
ဝတ်ရတာ၊၊ပြီးရင် ကိုယ်က ဒီဇိုင်းတစ်မျိုးထွင်ပြီးဝတ်တယ်ဆိုရင်လဲ အဲ့ဒီ
ဒီဇိုင်းနဲ့လိုက်အောင် ဆံပင်ကိုပြင်ရတာတွေရှိသေးတယ်၊ဘယ်ပုံစံဝတ်ရင်
ဘယ်လိုမျိုးလမ်းလျှောက်မှ လိုက်တာဆိုတာရှိတယ်၊၊ ဥပမာ ဂျင်းထည်တွေကိုဝတ်ရင်
ဂျင်းသည် အမာသဘောကိုဆောင်လို့ သူနဲ့တွဲရမဲ့ accessories တွေဆိုရင် ဆွဲကြိုးဆို
သံထည် 925 မှ ဘာမှနဲ့ သတ်မှတ်ထားတာတွေရှိတယ်၊၊ ဖတ်ပါ fashion စာအုပ်တွေ၊၊
ဒါ့ကြောင့် အလိမ္မာ စာမှာရှိတဲ့၊၊ စာမှာ ဘာမဆိုရှိတယ်၊၊
fashion ဆိုတာ သူများမ၀တ်တာကိုဝတ်တာ fashion
မဟုတ်ဘူး၊၊ကိုယ်နဲ့လဲလိုက်ရမယ်၊ဆန်းလဲဆန်းသစ်ရမယ်၊အရောင်
စပ်ဟပ်မှု၊accessories ချင်းဆက်စပ်ရာမှာ လိုက်ဖက်မှု ဒါတွေနဲ့ပေါင်းမှ
fashionပါ၊၊အဲ့တော့ မြန်မာနိုင်ငံက ရပ်ပါတွေရဲ့
ဝတ်တာစားတာတွေဟာ အတုယူသင့်သလားဆိုတာကိုစဉ်းစားပါ၊၊ အကောင်းဆုံးက သူများကို
လိုက်တုမဲ့အစားကိုယ်ပိုင်
ထွင်တာပ်ုကောင်းပါတယ်၊၊သူများstyleကိုလိုက်တုတယ်ဆိုတာရှက်စရာကောင်းပါတယ်၊၊
ခုဆိုကြည့် အကယ်ဒမီမင်းသားချင်းအတူတူ လူမင်းက ဘောင်းဘီမှာ ကြိုးတပ်ဝတ်တာနဲ့ပဲ
မင်းမော်ကွန်းကလိုက်တုပြီး ဘောင်းဘီမှာ
ကြိုးတပ်ဝတ်တယ်၊၊ ကြိုးတပ်ဝတ်တဲ့ဘောင်းဘီက ဂျင်းရိုးရိုး၊အောက်က
ညှပ်ဖီနပ်၊အပေါ်ကြည့်လိုက်တော့ ဂျင်းဂျာကင်ကို
လက်အဖျားခေါက်ဝတ်ထားတယ်၊၊မင်းသမီးဆိုရင် အိန္ဒြာကျော်ဇင်တို့
ဝတ်တာစားတာတွေကြည့်ပါ၊၊ သိပ်ပြီး fashion ကျတယ်၊၊
ဒါ့ကြောင့် သူများ style တွေ သူများနိုင်ငံတွေကို နေရင်းထိုင်ရင်
အထင်ကြီးအတုယူနေမဲ့အစား ကိုယ်ပိုင် ကြိုးစားဖတ်မှတ်ပြီး
သင်ယူကြပါ ပြီးရင် တီထွင်ကြပါ၊၊ပြီးရင် underground အက၊၊ဟိုက သူတို့ရဲ့
ပါရာနာဝေးသိုင်းနဲ့တွဲပြီးက သွားကြတာ၊၊ကြည့်ကောင်းတယ်၊၊တို့ဆီက
ဘိန်းစားလက်မောင်းနဲ့ ပုလွေရိုးခြေသလုံးပိုင်ရှင်တွေက လိုက်ကတာဘယ်လိုနေလဲ၊၊
(ဂ)ထက်မြက်ပြီးတော်သောလူငယ်များမှာ
စီးပွားရေးကြောင့်ဖြစ်စေ၊အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေ
ပေါ်ထွက်လာနိုင်ခြင်းမရှိပဲ အလကားအကျိုးမရှိသော လူပိုများသာ
ငွေဂုဏ်ကြောင့်ဖြစ်စေ၊ လာဘ်ထိုးပြီးဖြစ်စေ
ပေါ်ထွက်လာခြင်း၊၊
(ဃ) ယနေ့ INTERNET ကိုတော်တော်များများသုံးနေကြပါပြီ၊၊ သို့သော်
ဝမ်းနည်းစရာကောင်းသည်မှာ အကျိုးရှိ
သည့်နေရာတွင် အသုံးမချပဲ ရည်းစားရှာဖို့၊ Sexy Words တွေပြောပြီး ကျေနပ်ဖို့
စတဲ့မဟုတ်တဲ့နေရာတွေမှာ
အသုံးချနေကြတာပါပဲ၊၊မြန်မာရဲ့ အဓိကအားနည်းချက်က အဲ့ဒါပဲ၊၊မဟုတ်တဲ့နေရာမှာ
သိပ်ပြီး ချွန်တယ်၊၊ ၁ နာရီမှ ၂၀၀-၃၀၀လောက်ပေးရသော INTERNET ကို
အကျိုးရှိရှိအသုံးချမယ်ဆိုရင်
ရတနာသိုက်ကြီးပါ၊၊ လိုချင်တာ လေ့လာချင်တာ အကုန်ရတယ်၊၊ ရှာစမ်းပါ GOOGLE ကနေ၊၊
စာအုပ်တွေရှာ ဖတ်၊လေ့လာ၊၊လုပ်စမ်းပါ၊၊ အလိမ္မာ စာမှာရှိတဲ့၊၊ခုတော့
အဲ့လိုမဟုတ်ဘူး၊၊ ၃-၄-၅ နာရီလောက် ထိုင်ပြီး တွေ့သမျှ
(စော်-ဘဲ)နဲ့ထိုင်ချက်နေကြတယ်၊၊ အသက်အရွယ်ကြီးပြီးတောင်းစားနေတဲ့
အဘိုးကြီးအဘွားကြီးတွေကိုကျတော့ လာတောင်းရင်မရှိဘူးပြောလွှတ်ရတာနဲ့၊
အစုတ်ဆုံးနဲ့ တန်ဖိုးအသေးဆုံးပိုက်ဆံကိုရွေးပြီး ထည့်ရတာနဲ့ ၊၊
ဘယ်နိုင်ငံမှာမှ အဲ့လိုမချက်ပါဘူး၊၊ ချက်ဖို့လဲ အချိန်မပေးပါဘူး၊၊
အလုပ်ချိန်မှာ အလုပ်လုပ်တယ်၊၊ နားချိန်မှာ ကောင်းကောင်းနားတယ်၊၊
မြန်မာနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေမှာ
NET အရမ်းကောင်းပါတယ်၊၊ သို့သော် သူတို့တွေ ဒို့ဆီက မြန်မာတွေလို
မချက်ပါဘူး၊၊ လိုအပ်မှ သုံးပါတယ်၊၊ ဒို့မြန်မာတွေကတော့ အဲ့လိုမဟုတ်ပါဘူး၊၊
နားကြပ်ကြီးတွေ တပ်ပြီး တစ်နေကုန်
ဖင်ပူအောင်ထိုင်၊ တွေ့သမျှ ဆန့်ကျင်ဘက်(gender ) များနဲ့ချက် နေလိုက်ကြတာကို
လေယဉ်မောင်းနေတဲ့
ပိုင်းလော့ကြီးတွေ ကျနေတာပဲ၊၊ တစ်ချို့ဆိုရင် အဲ့ဒီ INTERNET
ဆိုင်ကရောင်းတာကိုစားပြီး တစ်နေကုန်ထိုင်ချက်ပါတယ်၊၊လက်တွေ့
နားနဲ့ဆက်ဆက်ကြားနေရတာတွေရှိပါတယ် နစ်ကို
ကြိုက်တဲ့အချိန်ဖွင့်၊အမြဲတမ်းအွန်လိုင်းပဲ၊၊ပြီးရင် စကားကို အကောင်းမပြောဘူး၊၊
နှမရှိတဲ့ ကျွန်တော့်အနေနဲ့ ကိုယ့်နှမသာဆိုရင်ဆိုတာ
တွေးတောင်မတွေးရဲပါဘူး၊၊လူတစ်ယောက်ချက်တာကို ဘေးကနေနားထောင်နေတာ သူတို့မှာ
အွန်လိုင်းကနေ လေဥဥပြီးမွေးတာနဲ့ကို သားသမီးရတနာ ၁၀ ယောက်မကတော့ဘူး၊၊ကဲ
ဘယ်လိုလုပ်ကြမလဲ ၊၊ မြန်မာတွေဟာ မဟုတ်တဲ့ဘက်မှာ သိပ်ချွန်နေကြတယ်၊၊
အချိန်တွေ ၊ အင်အားတွေ ဘယ်လောက်နှမြောစရာကောင်းလိုက်သလဲ ၊၊ ရှက်သင့် ကြပါပြီ ၊
ပြင်သင့်ကြပါပြီ ၊၊ ကျွန်တော်တို့လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်
မြန်မာလူမျိုးတွေကို ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်၊၊ ရိုင်းတယ်လို့တော့
မထင်ပါနဲ့၊၊ " ခင်ဗျားတို့ မြန်မာတွေ ဒီပုံအတိုင်းသာ ဆက်နေသွားမယ်ဆိုရင်
မြန်မာနိုင်ငံက ဖာနိုင်ငံကြီးဖြစ်သွားလိမ့်မယ်တဲ့"၊၊ဒီ Mail အတွက်
ကျွန်တော့်ကို မုန်းချင်မုန်းကြပါ နာချင်ရင်နာကြနိုင်ပါတယ်၊ နာအောင်လဲ
ရေးထားတာပါ၊၊ မှားနေကြတာတွေကို ပြင်စေချင်တဲ့စိတ်နဲ့၊အားလုံးကို
ကိုယ့်နှမတွေလို မပေါင်းသင့်တဲ့သူတွေနဲ့မပေါင်းရအောင် ၊ အတုမယူသင့်တဲ့သူတွေကို
အတုမယူမိအောင်၊အားလုံးကို ကြိုးစားချင်စိတ်ရှိကြဖို့တွေအတွက်
နာအောင်ရေးထားတာပါ၊၊ နာပြီးတော့ အဲ့ဒီလူမျိုးတွေ၊အဲ့လိုကိစ္စတွေကိုရှောင်ပြီး
ဖြောင့်
လာကြမယ်ဆိုရင် ကျွန်တော် အမုန်းခံရတာ တန်ပါတယ်၊၊ အားလုံးပဲ Good luck in
everything!
ဒီစာကို ထောက်ခံရင် မှန်တယ်ဆိုရင် သူငယ်ချင်းတွေကိုပါ ဖတ်ဖို့ပေးလိုက်ပါ၊၊
မမှန်ဘူးလို့ယူဆရင် ဒီစာရေးတဲ့သူကို မုန်းနိုင်ပါတယ်၊၊ တစ်ခုပြောစရာရှိတာက
အဲ့ထဲမှာရေးထားတဲ့ မကောင်းသောယောင်္ကျားများ၊မိန်းမများဆိုတာ
အကုန်လုံးကိုပြောတာမဟုတ်ပါ၊၊
အလွန်သိက္ခာရှိပြီး လေးစားဖွယ်၊ဂုဏ်ယူထိုက်သော
့မြန်မာအမျိုးသမီးကောင်းများစွာ၊အမျိုးသားကောင်းများစွာ ရှိပါသည်၊၊
နာမည်တပ်ပြီးပြောရန်မဖြစ်ဘူးဆိုတာကိုတော့ အားလုံးနာလည်ကြမှာပါ၊၊

Rest of your post

တပ်လှန့် မောင်းသံ

ချစ်လှစွာသော စာဖတ်ပရိဿတ်သူငယ်ချင်းတို့...
အရေးကြီးတဲ့အချိန်တော့ရောက်လာပြီ။
အရေးကြုံရင်သွေးနီးကြပါစို့။
ငါတို့ရဲ့ နောင်လာမယ့်မျိုးဆက်တွေ ငါတို့လို မနိမ့်ပါးစေဖို့ ဘာတွေကို လုပ်ရလုပ်ရ
သမိုင်းကို ရေးကြပါစို့

မယုံ မယုံ မယုံဘူး

အမေရိကန် အထက်လွှတ်တော် အမတ်ဂျင်မ်ဝက်ရဲ့ ပြောဆိုချက်တွေဟာ အိုဘားမားအစိုးရရဲ့ ပေါ်လစီလို့ ဒေါ်စုမယူဆ။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဥပဒေအကျိုးဆောင် ရှေ့နေလေးဦး ယနေ့နေ့လည် ၁၂နာရီခွဲမှ ၂နာရီခွဲအထိ ၂နာရီခန့် ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်မှာ တွေ့ဆုံခွင့်ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" အန်ကယ်တို့ ဒီနေ့ နေ့လည် ၁၂နာရီခွဲကနေ ၂နာရီခွဲအထိ ၂နာရီလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေခွင့်ရတယ်။ အဓိကက ဒေါ်စုအမှုကို အယူခံဝင်ဖို့ ဖြစ်တယ်။ အားလုံးစာရိုက်ပြီးရင် နောက်တပတ် တနင်္လာ သို့မဟုတ် အင်္ဂါနေ့လောက် တင်ဖြစ်ပါမယ်။

ဒေါက်တာတင်မျိုးဝင်းနှင့် ပြန်လည်ဆေးစစ်ခွင့် ရဖို့အတွက် ဒေါ်စုက အာဏာပိုင်တွေကို ထပ်ခါထပ်ခါတောင်းဆို ထားပါတယ်။ အခုထိအကြောင်း မပြန်သေးပါဘူး။ ဒေါက်တာတင်မျိုးဝင်းက ဒေါ်စုရဲ့ကျန်းမာရေးရာဇ၀င်ကို သိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အမျိုးသမီးဆရာဝန်ကိုတော့ တစ်ခါ ခေါ်လာတယ်လို့ ပြောပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က NLD ကို ရွေးကောက်ပွဲဝင်ဖို့ ပြောတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မစ္စတာဂျင်မ်ဝက်ဘ် ပြောနေတဲ့ဟာတွေဟာ အိုဘားမားအစိုးရရဲ့ ပေါ်လစီလို့ ဒေါ်စုက မယူဆဘူးလို့ ပြောဆိုပါတယ်။

လူသားချင်းစာနာတဲ့ အကူအညီ NLD မှာ ပေါ်လစီရှိပြီးသားဖြစ်ပါတယ်။ ရိုးသားပွင့်လင်းရမယ်၊ တာဝန်ယူမှုရှိရမယ်၊ ဒီဟာတွေမရှိရင် အကူအညီတွေဟာ ခံစားရတဲ့လူဆီကို တိုက်ရိုက် မရောက်နိုင်ဘူးလို့ ပြောပါတယ်။ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်ဖို့ ယခင်ကလည်း တင်ပြခဲ့ဖူးတာတွေ ရှိပါတယ်။ မနက်ဖြန် NLD ရုံးချုပ်မှာ အမေရိကန် အထက်လွှတ်တော်အမတ်တွေရဲ့ PROFESSIONAL STAFF တွေနဲ့ အန်ကယ်တို့ NLD CECအဖွဲ့တွေ ညနေပိုင်းမှာ တွေ့ဆုံဖို့ရှိပါတယ်ဟု" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ကိုနန္ဒကပေးပို့ တာပါ။ကျေးဇူးပါ။

အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ တွေ့မည်

27 August 2009
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရာရှိ ၃ ဦးဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်ပြောင်းသုံးသပ်နေရာမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ထားကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ် Drake Weisert က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် Howard Berman ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ Lynne Weil နဲ့ ကျွမ်းကျင်သူ အရာရှိ Jessica Lee နဲ့ ဖလော်ရီဒါပြည်နယ် ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Ros-Lehtinen ရဲ့ ကျွမ်းကျင်သူ အရာရှိ Dennis Halpin တို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

အခုခရီးစဉ်အတွင်း မနက်ဖြန် သြဂုတ်လ ၂၈ ရက် နေ့မှာတော့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့လည်း တွေ့ဆုံဖို့ ရှိတဲ့အကြောင်းနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။ အမေရိကန် အရာရှိတွေဟာ မပြန်ခင်မှာ နာဂစ် ဆိုင်ကလုန်း လေဘေးဒဏ်သင့်ရာ မြစ်ဝကျွန်းပေါ်ဒေသဘက်ကို သွားရောက်ဖို့ ရှိပါတယ်။

ဒါဟာဆိုရင် ဗာဂျီးနီးယားပြည်နယ်က အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) မြန်မာနိုင်ငံက ပြန်သွားပြီး သီတင်းနှစ်ပတ်တောင် မရှိသေးတဲ့ အချိန်အတွင်းမှာပဲ အမေရိကန် အထက်လွှတ်တော်နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

ဘယ်သူ့ စကားကိုယုံ ဘယ်ဆီကို စားရပါ့

ဘာတွေ လည်းဗျာ.. ဒေါက်တာတွေ က မစားရတဲ့။။ စီးပွါးရေးလုပ်သူတွေ က စားသာစားတဲ့.. ပြည်သူတွေ ကတော့ သွေးကြော အဆီပိတ်သေကုန်ပြီ..ကြည့်လည်း လုပ်ကြပါ

ကျန်းမာရေးက ပိတ်ထားသော စားသုံးဆီများကို စည်ပင်သာယာက ရောင်းခွင့်ပြု Thursday, 27 August 2009 19:20 ရန်ပိုင်
စားသုံးရန် မသင့်ဟု ဆိုကာ ပိတ်ပင်ထားသော စားသုံးဆီ ၁၁ မျိုးထဲမှ ၇ မျိုးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြန်လည် ရောင်းချခွင့် ပြုလိုက်သည်ဟု သတင်းရရှိ သည်။

ရန်ကုန်မြို့ ဘုရင့်နောင်ဈေးမှ ဆီလုပ်ငန်းရှင်တဦးက “မနေ့ကတော့ 7 Day ဂျာနယ် မှာဖတ်ရတယ်။ ဘာတံဆိပ်တွေလဲ၊ ပြန်ပြီးသွင်းခွင့်ပြုမှာလား ဆိုတာတော့မပါဘူး၊ တရားဝင်လည်း ဆိုင်တွေကို မပြောသေးဘူး” ဟု ဧရာဝတီသို့ပြောသည်။

ပြီးခဲ့သည် ဇူလိုင်လ အတွင်း ဆီကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အာဏာပိုင်များက စားသုံးရန်မသင့်ဟုဆိုသော ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းသည့် စားသုံးဆီ အမှတ်တံဆိပ် ၁၁ မျိုးကို လိုက်လံသိမ်းဆည်းခဲ့သော်လည်း ယခုအခါ ၇ မျိုးကို ညောင်ပင်လေးဈေး ဆီအရောင်း ဈေးကွက်တွင် ပြန်လည် ပေးအပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

“လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတော့ သိမ်းသွားတဲ့ ပုစွန် ၂ ကောင်ဆီ ၁ လီတာ ဘူးနဲ့ ၅ လီတာ ဘူးတွေကို ညောင်ပင်လေး ဈေးဘက်မှာ ပြန်ပေးပြီး ရောင်းခွင့်ပြုခဲ့တယ်” ဟု ဘုရင့်နောင် ဆီကုန်သည်ကပြောသည်။

အဆိုပါဆီများပိတ်ပင်သည်ဟု ကြေညာချက် ထွက်ပေါ်မလာခင်က စားအုန်းဆီဈေးမှာ တပိဿာ ၁၇၀၀ ကျပ်ရှိပြီး ၎င်းကြေညာချက် ထွက်ပေါ်၍ အဖမ်း အဆီးများရှိခဲ့ပြီးနောက်ပိုင်းတွင် တပိဿာ ၂၂၀၀ ကျပ်ဈေးအထိ တက်ခဲ့သည်ဟု သိရသည်။

“ဆီတွေဖမ်းတော့ ဈေးတက်သွားတယ်၊ တပိဿာကို ၅၀၀ ကျပ်တက်တယ်၊ အခုလိုရောင်းရပြီဆိုတော့ ဈေးကျတယ်၊ တပိဿာကို ၁၀၀ ကျပ်ပြန်ကျသွားတယ်” ဟု ၎င်းဆီကုန်သည်ကဆိုသည်။

စားသုံးရန်မသင့်ဟုဆိုကာပိတ်ပင်လိုက်သော ဆီအမှတ်တံဆိပ်များနှင့် ပတ်သက်၍ ၎င်းအမှတ်တံဆိပ်များ တင်သွင်း နေသော ထူး ကုမ္ပဏီပိုင်ရှင် ဦးတေဇနှင့် တခြားအမှတ်တံဆိပ်များ အပြိုင် တင်သွင်းလျက် ရှိသော စီးပွားရေးဦးပိုင် လီမိတက်တို့ ယခင်လအတွင်းက အချင်းများခဲ့ကြသည်ဟု ကြားသိရသည်။

စီးပွားရေးဦးပိုင် လီမိတက်က ဦးတေဇ တင်သွင်းနေသော ဆီများပိတ်ပင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ဆောင်သည်ဟူသော အတည်မပြုနိုင်သည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ဦးတေဇပိုင် ထူးကုမ္ပဏီမှ တာဝန်ရှိသူတဦးက စားသုံးဆီတင်သွင်းရာမှ ရရှိသည့်အမြတ်ငွေနှင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းကို ပံ့ပိုးရန်ရှိကြောင်း ပြောပြသည်။

ယခုအခါ ဦးတေဇက ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းနှင့် ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနက ပိတ်ပင်ထားသော ၎င်းတင်သွင်းနေသည့် ဆီအမှတ်တံဆိပ်များကို ပြန်လည်ရောင်းချနိုင်ကြောင်း ကြေညာခြင်း ဖြစ်မည်ဟု ရန်ကုန် စီးပွားရေးအသိုင်းအ၀န်းက သုံးသပ်သည်။

ယခုအကြောင်းအရာနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လင်း ၏ ရုံးသို့ ဆက်သွယ်ခဲ့သော်လည်း တာဝန်ကျ အမျိုးသမီးတဦးက ယင်း အကြောင်းအရာနှင့်ပတ်သက်ပြီး သိရှိလိုပါက ရန်ကုန်မြို့ အဆိုပါရုံးသို့ လာရောက်မေးမြန်းနိုင်သည်ဟု ပြောဆိုခဲ့သည်။

ရန်ကုန်မြို့စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနသို့ မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျန်းမာရေး ၀န်ကြီးဌာနက အများပြည်သူစားသုံးရန်မသင့်သော ဆီအမှတ်တံဆိပ် များ ပိတ်ပင်တားမြစ်ချက်ကို ထုတ်ပြန်ခဲ့သည်။

တားမြစ်ခံထားရသည့် ဈေးကွက်အတွင်းရှိ အဆိုပါ ဆီများမှာ sakura၊ Golding oil၊ ပုစွန်တကောင်၊ ပုစွန် ၂ ကောင်၊ ကြယ်ဝါ၊ ကြယ်စိမ်း၊ ကဏန်း၊ ငါးကြော်၊ ရေနဂါး၊ ကြယ်နီ ၊ တံငါ စသည့် အမှတ်တံဆိပ် များဖြစ်သည်။ http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1699:2009-08-27-12-22-38&catid=1:news&Itemid=2

အတိုက်အခံများရဲ့ အဝါရောင် လှုပ်ရှားမှု

အတိုက်အခံများက အဝါရောင် လှုပ်ရှားမှုစတင်
မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 26 ရက် 2009 ခုနှစ် 20 နာရီ 01 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ရန်ကုန်ရှိ အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၁၀ ဦးက အဝါရောင် လှုပ်ရှားမှုတခုကို ယမန်နေ့မှ စတင်လိုက်ပြီး လွန်ခဲ့သော ၂ နှစ်က စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့သည့် မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြရာတွင် ပါဝင်ခဲ့သော သံဃာတော်များကို ဂုဏ်ပြု လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပတ်စဉ်နီးပါး ရွှေတိဂုံဘုရားတွင် ဘုရားရှိခိုး ဆုတောင်းမှုပြုသည့် အင်္ဂါနေ့ဝတ်ပြု အဖွဲ့မှ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများသည် အဝါရောင်သင်္ကေတများ ဝတ်ဆင်ကာ ဝတ်ပြုဆုတောင်းခဲ့ခြင်း ဖြစ်သည်။

“အခုဆိုလို့ရှိရင် စက်တင်ဘာက နီးလာပြီဆိုတော့လေ။ အင်္ဂါဝတ်ပြု ဆုတောင်းအသင်းက ရွှေဝါရောင် တော်လှန်းရေးရဲ့ သင်္ကေတဖြစ်တဲ့ အဝါရောင် ခေါင်းစည်း၊ ဆံထိုး၊ ပန်း၊ အင်္ကျီတွေဝတ်ပြီး ရွှေတိဂုံစေတီမှာ တက်ရောက်ဆုတောင်းခဲ့ကြတယ်” ဟု ဝတ်ပြုဆုတောင်းပွဲတွင် ပါဝင်ခဲ့သူ ဒေါ်နော်အုန်းလှက မဇ္ဈိမကို ပြောသည်။

လူစုလူဝေးဖြစ်လာနိုင်ခြေရှိသော အတိုက်အခံများ၏ လှုပ်ရှားမှုမှန်သမျှကို ဒေါက်ထောက်ကြည့်ပြီး သည်းခံနိုင်စွမ်းနည်းသည့် စစ်အစိုးရ လက်အောက်တွင် ယခုလုပ်ရပ်မှာ စိန်ခေါ်မှုတခု ဖြစ်နေသည်။

နိုင်ငံရေးအမှတ်အသားဖြင့် စုဝေးကာ ဘုရားရှိခိုးသူများက လာမည့်လ ၂၅ ရက်နေ့အထိ အင်္ဂါနေ့များတွင် အဝါရောင်များ ဝတ်ဆင်ကာ ဝတ်ပြုပွဲများ ကျင်းပသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

ဒေါ်နော်အုန်းလှက “ရန်ကုန်က စလုပ်တယ်။ နယ်တွေလည်း အားလုံး ပါဝင်နိုင်တယ်။ ဒါတွေ ဝတ်ဆင်လို့၊ သုံးဆောင်လို့ ဘာမှလုပ်လို့မယ့်အရာ မဟုတ်ဘူးလေ။ ပါဝင်လာကြဖို့လည်း မေတ္တာရပ်ခံတယ်။ ကိုယ့်ဘာသာ၊ သာသနာကို မမေ့ဖို့ ဆိုတာကိုလည်း ပြောချင်တယ်” ဟု ပြောသည်။

ထောင်ပေါင်းများစွာသော သံဃာတော်များသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၏ လမ်းမများပေါ်၌ ကြွချီ၍ မေတ္တာပို့ဆုတောင်းသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။
ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP အဆိုအရ ဆန္ဒပြမှုနှင့်ပတ်သက်၍ သံဃာတော် ၂၀၀ ကျော် အဖမ်းခံရသည်ဟု ဆိုသည်။

သံဃာတော်များအပါအဝင် လူ ၁ဝ ဦးသာ သေဆုံးပျံလွန်ခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။ သို့သော် သေဆုံးသူမှာ အဆများစွာ ပိုနိုင်ကြောင်း အတိုက်အခံများက ပြောသည်။
အလားတူလှုပ်ရှားမှုတခုကို ယမန်နေ့ကပင် မန္တလေးမြို့၊ မိတ္ထီလာ၊ ရမည်းသင်း၊ ရေနံချောင်းနှင့် ပဲခူးမြို့တွင် တက်ကြွလှုပ်ရှားသူများက ဒေါ်အာင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။

ဒေါ်နော်အုန်းလှ ဦးဆောင်သည့် အင်္ဂါ ဝတ်ပြုဆုတောင်းအဖွဲ့က ကုသိုလ်ပြုသည့် ဘုန်းကြီးကျောင်းတိုက်များကို ဒေသအာဏာပိုင်များက လိုက်လံပိတ်ပင်ရန် ကြိုးစားခဲ့သည်ဟု စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူကာ တိုင်ကြားစာ ပေးပို့တိုင်ကြား ထား ကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် လေးတောင့်ကန် ရပ်ကွက်မှ ရွာဦးဘုန်းကြီးကျောင်း၌ အဖွဲ့က ဆွမ်းကပ်တရား နာသဖြင့် မြို့နယ်အာဏာပိုင်များက ကျောင်းတိုက်ချိတ်ပိတ်ခံရနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု စာထဲတွင် ပါရှိသည်။

ထို့အပြင် သြဂုတ်လ ၈ ရက်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်း မကွေး စာသင်တိုက်၌ အင်္ဂါဝတ်ပြုအဖွဲ့က အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ခဲ့ပြန်ရာ အလားတူပြောဆိုခဲ့သည်ဟု ဆက်လက်ရေးသားထားသည်။ http://www.mizzimaburmese.com/news/inside-burma/3669-2009-08-26-13-44-09.html

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပြေးပြိုင်ပွဲ ကျင်းပမည်

နန်းဒေဝီ ကြာသပတေးနေ့၊ သြဂုတ်လ 27 ရက် 2009 ခုနှစ် 19 နာရီ 31 မိနစ်

နယူးဒေလီ (မဇ္စျိမ)။ ။ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီရှိ ဒေါ်အောင်ဆန်းစုကြည် ပညာသင်ယူခဲ့သော ကျောင်းတော်ကြီးတခုမှ ကျောင်း သူ ၆၀၀ က သူမလွတ်မြောက်ရေး တာတို အပြေးပြိုင်ပွဲကို မနက်ဖြန်တွင် ကျင်းပသွားမည်။

၁၉၆၄ ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် တက်ရောက်သင်ကြားခဲ့သည့် လေဒီရှရီရမ်ကောလိပ် (Lady Shri Ram) က ၃ ဒဿမ ၃ ကီလိုမီတာ အကွာအဝေးရှိ အပြေးပြိုင်ပွဲကို သူမ လွတ်မြောက်ရေး ရည်ရွယ်ကာ ကျင်းပရန် စီစဉ်လိုက်ကြခြင်း ဖြစ်သည်။

“အပြေးပြိုင်ပွဲ လုပ်ရတာဟာ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်ပြီး လွတ်မြောက်မှု ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၄ နှစ်ကြာ နေအိမ်အကျယ်ချုပ် ချထားပြီးနောက် ၁၈ လ ထပ်ချလိုက်တာဟာ လူသားမဆန်တဲ့ လုပ်ဆောင်ချက်လို့ပါ” ဟု ကောလိပ်မှ ခန္ဓာဗေဒဆိုင်ရာ ပညာပေးဌာနက တာဝန်ရှိသူတဦးဖြစ်သည့် မီနာ့ရှ်ပဟူဂျာ (Menaksh Pahuja) က မဇ္စျိမကို ပြောသည်။

“အရင်ကတည်းက နှစ်တိုင်းမှာ ဒီလို အပြေးပြိုင်ပွဲ လုပ်ပေမယ့် ဒီနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို အားပေး ထောက်ခံတဲ့အတွက် သီးသန့် လုပ်ဆောင်တာပါ” ဟု သူက ဆက်ပြောသည်။

နေအိမ်တွင် ထိန်းသိမ်းခံနေရသည့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၏ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီလိုအချိန်မှာ ဒေါ်စုလွတ်မြောက်ရေး လုပ်ဆောင်မှုတွေ အားလုံးကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒေါ်စုနဲ့ တွေ့ရင်လည်း ပြောလိုက်ပါမယ်” ဟု သူက ပြောသည်။

လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံ သံရုံးတွင် သံတမန်အဖြစ် အမှုထမ်းနေစဉ် LSR ကောလိပ်၌ ပညာဆည်းပူးခဲ့ခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/news/regional/3678-2009-08-27-13-13-54.html

ဂျင်ဝက်ဘ်တိုက်တွန်းမှု အမေရိကန်အစိုးရအလေးအနက်ထား

27 August 2009

အမေရိကန်ပြည်ထောင်စုအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအစီအစဉ်တွေကတဆင့် စပြီး မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးစသင့် တယ်လို့ မြန်မာနိုင်ငံကို မကြာခင်သွားရောက်ခဲ့တဲ့ အထက်လွှတ်တော်အမတ် Jim Webb က သြဂုတ်လ ၂၆ရက်နေ့ထုတ် New York Times သတင်းစာမှာ သူ့ရဲ့အယူအဆ အကြံပြုချက်ကို ရေးသားခဲ့ ပါတယ်။ အခုလို မြန်မာနိုင်ငံ သွား ရောက်ခဲ့တဲ့ မစ္စတာ Webb ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြင် အယူအဆတွေနဲ့ပတ်သက်လို့ဆွေးနွေးဖို့  Mr Webb နဲ့  နိုင်ငံခြားရေးဝန်ကြီးကလင်တန်တို့  မကြာခင် တွေ့ဆုံဖို့ ရှိပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ian Kelly က ပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ အထက်လွှတ်တော်အမတ် မစ္စတာဝက်ကို တွေ့ဆုံပြီးတော့ သူ့ မြန်မာနိုင်ငံ ခရီးစဉ်ကိစ္စ ဆွေး နွေးကြဖို့ ရှိပါတယ်။ ဘယ်တော့ဖြစ်မလဲတော့ အသေအချာ မပြောနိုင်သေးပါဘူး။ သူ့ရဲ့ အမြင်အယူအဆတွေကို ကျွန်တော်တို့ သိရှိဖို့ မျှော်လင့်ထားပါတယ်။ နယူးယောက်တိုင်းမှာ ရေးသားတဲ့ သူ့အမြင်အယူအဆတွေကို ကျွန်တော်တို့ အလေးအနက် ထားပါတယ်။”

မြန်မာနိုင်ငံ အပေါ်ထားတဲ့ အမေရိကန် အစိုးရ မူဝါဒကို Obama အစိုးရသစ်က ပြန်သုံးသပ်နေတာဟာ မကြာခင်မှာ အဖြေထွက်လာဖွယ် ရှိနေပါတယ်။ ဒီလို သုံးသပ်နေချိန်မှာ အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုကြောင့် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အပေါ် စီးပွားရေးနဲ့ နိုင်ငံရေးအရ ပိုပြီး သြဇာလွှမ်းမိုး လာတယ်လို့ အထက်လွှတ်တော်အမတ် Jim Webb က နယူးယောက်တိုင်း သတင်းစာထဲမှာ သုံးသပ်ရေးထားပါတယ်၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ် ရေနံ သဘာဝဓါတ်ငွေ့နဲ့ သတ္တုတွင်း လုပ်ငန်းတွေမှာ အတော်များများ ရင်းနှီးမြုပ်နှံ ထားသလို၊ ဒေါ်လာ ၂.၉ ဘီလီယံတန်ဖိုးရှိတဲ့ တရုတ် မြန်မာ ရေနံ ပိုက်လိုင်းတည်ဆောက်ရေး လုပ်ငန်းကိုလည်း ရရှိထားတယ်လို့ ဆိုပါတယ်။ တရုတ်အနေနဲ့ အခုလို မြန်မာနိုင်ငံအပေါ် စီးပွားရေး သြဇာလွှမ်းနေဦးမယ်ဆိုရင် နောက်ပိုင်းမှာ စစ်ရေးအရလည်း မြန်မာနဲ့ ပတ်သက်လာနိုင်တယ်ဆိုပြီး သတိပေးရေးထားပါတယ်။

ဒါကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအချို့ကို ဖယ်ရှားပြီး မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံဆက်ဆံရေး သစ်ကို ထူထောင်ဖို့ အကြံပြုထားပါတယ်။ တဖက်မှာ မြန်မာနိုင်ငံအရေးကိစ္စဟာ ဒေသတွင်းအင်အားကြီးနိုင်ငံ ဖြစ်တဲ့ တရုတ်မှာလည်း တာဝန်ရှိတာကြောင့် မြန်မာနိုင်ငံရေးနဲ့ ပတ်သက်လို့ တရုတ်အစိုးရက ပါဝင်ပြောဆိုတာတွေလုပ်လာဖို့ အမေရိကန်အနေနဲ့ တရုတ်ကို တွန်းအားပေးသွားဖို့ မကြာခင်က မြန်မာနိုင်ငံကို သွားခဲ့ တဲ့  အမေရိကန် အထက်လွှတ်တ်ေအမတ် Jim Webb က NY Times သတင်းစာကြီးထဲမှာ တိုက်တွန်း ရေးသားထားပါတယ်ရှင်၊
http://www.voanews.com/burmese/2009-08-26-voa10.cfm

NLD ရွေးကောက်ပွဲဝင်ဖို့ ဆီနိတ်တာ ဂျင်မ် ၀က်ဘ် တိုက်တွန်း

26 August 2009
မြန်မာစစ်အစိုးရက ကျင်းပမယ့် လာမယ့်နှစ်၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၀င်ရောက်ဆင်နွှဲဖို့ မြန်မာပြည်ကို မကြာခင်က ရောက်လာခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) က တိုက်တွန်းလိုက် ပါ တယ်။

NLD ပါတီအနေနဲ့ ရေရှည် နိုင်ငံရေး မဟာဗျူဟာ တခုအဖြစ် ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ စဉ်းစားသင့်တယ်လို့လည်း ဆိုပါတယ်။ မနေ့က ထုတ်တဲ့ NEW YORK TIMES သတင်းစာမှာ အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်က ဆောင်းပါးတစောင်ရေးပြီး သူ့အမြင်ကို ထုတ် ပြောလိုက်တာပါ။

NLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက အနိုင်ရထားခဲ့တဲ့ပါတီ ဖြစ်ပေမဲ့လည်း ရွေးကောက်ပွဲရလဒ်ကို အခုထိ ငြင်းပယ်ခံ နေရ တာပါ။ အမေရိကန် အစိုးရကလည်း မြန်မာပြည်က ရွေးကောက်ပွဲတွေကို အကူအညီပေးဖို့ ကမ်းလှမ်းသင့်တယ်လို့လည်း အထက်လွှတ် တော် အမတ် ဂျင်မ် ၀က်ဘ်က ဆိုပါတယ်။ http://www.voanews.com/burmese/2009-08-26-voa9.cfm

မခိုးဘဲနဲ့  ဒီလောက်ချမ်းသာတာ..ဘယ်သူ သားလေးတွေပါလည်း။

၂၀၁၀ နောက်ပိုင်း အာဏာာအရှိဆုံးဖြစ်လာမည့် ဦးအောင်သောင်း မြန်မာနိုင်ငံ၏ အချမ်းသာဆုံးစာရင်းတွင် ပါဝင်နေ သည့်ပြင် မီဒီယာ လုပ်ငန်းတစ်ခု တည်ထောင်ရန် စီစဉ်

၂၆ုသဂုတ် နေပြည်တော် ၊ ၊ညွန့် သက်ထားဦး

Myanmar New Tycoon Seek Media Mogul

စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရြှေနှင့် ရင်းနှီး သူ တစ်ဦးဖြစ်သည့်စက်မှု (၁) ဝန်ကြီးဌာန ၀န်ုကီးဖြစ်သူ ဦးအောင်သောင်းမှာ နိုင်ငံ၏ အချမ်းသာဆုံး ဆယ်ဦး စာရင်းတွင် ပင်ပါဝင်နေနိုင်ေုကာင်း ရန်ကုန် မြို့ ရှိ ထိပ်တန်းစီးပွားရေးလုပ်ငန်း ရှင်တစ်ဦး က Freedom News Group သို့ ပြောသည်။

ုကံ့ဖွံ့ဟုခေါ်တွင်ပြီးနာမည်ဆိုးဖြင့်ကျော်ကြားလှသည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး တစ်ဦး လည်းဖြစ်သူ တောင်သာ မြို့ နယ် ၀ဲလောင် ရွာသား ဦးအောင်သောင်းမှာမြန်မာနိုင်ငံ၏ သစ်နှင့် ဆန်စပါး ရောင်းဝယ်ရေးလုပ်ငန်းကို ချုပ်ကိုင်ထားသူသာမက အိမ်ဆောက်ပစ္စည်း ဈေးကွက် နှင့် ဘိလပ်မြေ စက်ရုံ ၊စက္ကူစက်ရုံ တို့ ကို ပါပိုင်ဆိုင်သူ တစ်ယောက်ဖြစ်သည်။

ကွန်ပြူတာနှင့်လျှပ်စစ်ပစ္စည်းများ တင်သွင်းသည့် လုပ်ငန်းများကိုလည်း လက်ဝါးကြီး အုပ်ထားပြီး ထိုင်းနိုင်ငံ ဘန်ကောက် နှင့် စင်္ကာပူ နိုင်ငံ တို့ တွင်ပါ ၎င်း ၏ကုမ္ပဏီများဖွင့် လှစ်ထားသည် ဟု သိရသည် ရန်ကုန်မြို့ တွင် အောရီဖြိုး ကုမ္ပဏီ အပါအ၀င် လုပ်ငန်း တစ်ဒါဇင် ထက် မနည်း ပိုင်ဆိုင်သည်။ရန်ကုန် မြို့ တွင် အိမ်ခြံမြေ နှင့် မန္တလေးတိုင်း နှင့် မကွေး တို့ တွင် မြေကွက် နှင့် စက်ရုံများ အများအပြား ပိုင်ဆိုင်သည်။

မကြာခင် MRTV 4 ကဲ့သို့ ရုပ်သံ မီဒီယာ လုပ်ငန်း တစ်ခုတည်ထောင်ရန် စိုင်းပြင်းနေပြီး ထိုသို့ လုပ်ရခြင်းမှာ မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သူဝင်ရောက်ယှဉ်ပြိုင်စဉ် ၀ါဒဖြန့် ချိရန် ရည်ရွယ်သည် ဟု သူ၏ သားနှင့် နီးစပ် သူ တစ်ဦးက Freedom News Group သို့ ပြောသည်။

ဦးအောင်သောင်း မည်ရွေ့ မည်မျှချမ်းသာကြောင်း မသိနိုင်သော် လည်း အချို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု များနှင့် စာချုပ်ပြီးသည့် နေ့ များဆို လျှင် သူ ၏ ၀င်ငွေမှာ တစ်ရက်တည်း သိန်း နှစ်ထောင်မက ပင် ရှိနိုင်ကြောင်း သူနှင့် အဆက်အသွယ်ရှိသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကပြောသည်။

ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့ ခေါင်းဆောင် နှစ်ယောက် ဖြစ်သည့် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဌေးဦး နှင့် ဦးအောင်သောင်း တိုကြား တွင် အာဏာလွန်ဆွဲမှုများရှိနေပြီး ယခုသီတင်းပတ် အတွင်း ဗိုလ်ချုပ်ဌေးဦး ၏ ဂျပန်ခရီးစဉ် သွားရောက်ရခြင်းကို သူက မနှစ်မြို့ ဟု သိရသည်။

မြန်မာနိုင်ငံ၏ အချမ်းသာဆုံး Top Ten စာရင်းဝင်များ (ခန့် မှန်း)
၁ ။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေမိသားစု
၂။ဒုတိယ ဗိုလ်ချုပ်ကြီးမောင်အေး မိသားစု
၃။ဗိုလ် ချုပ်ကြီး သူရရွှေမန်း မိသားစု
၎။ထူး ထရေဒင်း ဦးတေဇ
၅။အယ်ပိုင်း သောက်ရေသန့် ပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း
၆။ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ
ရ။မြန်မာ ဘောလုံးအဖွဲ့ ချုပဥက္ကဌ Max ဦးဇော်ဇော်
၈။ယုဇန ဦးဌေးမြင့်
၉။Asia World အုပ်စု
၁၀။ ဇေကမ္ဘာ ဦးခင်ရွှေ နှင့်ဦးသောင်း

ဝန်ခံပါတယ်..ကြံဖွတ်တွေ ကြောက်တာ အောင်ဆန်းစုကြည်တဲ့

“ဂျပန်နိုင်ငံခြားရေးဝန်ကြီးနာကဆိုနေ နှင့်မြန်မာလယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌေးဉီးတို့ တွေ့ဆုံဆွေးနွေးခြင်း ”
( ၂၀ဝ၉-ဝ၈-၂၅ )
ယနေ့ ၂၅ ရက်နေ့ဂျပန်နိုင်ငံခြားရေးဝန်ကြီးနာကဆိုနေကဂျပန်မှာရောက်ရှိနေတဲ့မြန်မာလယ်ယာစိုက်ပျိုးရေးဝန်ကြီး
ဌေးဉီးနှင့် မိနစ်(၂၀) ခန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ။
အကြောင်းအရာက အောက်ပါအတိုင်းဖြစ်ပါတယ်။
“ဂျပန်နိုင်ငံခြားရေးဝန်ကြီးနာကဆိုနေ ကအောက်ဖြော်ပပါအတိုင်း မေးမြန်းခဲ့ပါတယ။် ”
(၁) ဂျပန်နိုင်ငံကို လာရောက်တဲ့အတွက် ဝမ်းမြောက်ပါတယ်။
(၂) ဂျပန်နိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးနည်းပညာတွေနဲ့ မြန်မာနိုင်ငံကို အထောက်အကူပြုသွားပါမယ်။ ဒီအပြင်
နာဂစ်ဆိုင်း ကလုံး နဲ့ ပျက်စီး သွားတဲ့ နေရာဒေသတွေပြန်လည်ဖွံ့ဖြိုးဖို့အတွက်အထောက်အကူပြုသွားပါမယ်။ ။
(၃) ခင်ဗျားတို့ နိုင်ငံမှာ နောက်နှစ်ရွှေးကောက်ပွဲကိုနိုင်ငံတကာကသဘောတူလက်ခံပြီးမြန်မာဒီမိုကရေစီလိုလားတောင်း
ဆိုနေကြသောသူများနှင့် အတူတကွ လုပ်ဆောင်သွားနိုင်ဖို့အတွက် ပြင်းပြင်းထန်ထန်မျှော်လင့်တောင့်တနေပါတယ်။
ဒီအပြင်ခင်ဗျားတို့နိုင်ငံကဒေါ်အောင်ဆန်းစုကြည်ကိုအမြန်ဆုံးလွတ်ပေးရန်ပြောဆိုဆွေးနွေးပေးဖို့အတွက်အထူးအာရုံစိုက်
မျှော်လင့်ဂရုပြုနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို အမြန်ဆုံးလုပ်ဆောင်ပေးပြီး ဒီမိုကရေစီနိုင်ငံဖြစ်ထွန်းလာရေးတွင်
ဒေါ်အောင်ဆန်းစုကြည်ပါ အတူတကွပါဝင်လာလျှင် နိုင်ငံတိုးတက်လာမယ်ဆိုတာ ဂျပန်နိုင်ငံက ယုံကြည်ပါတယ်။ ။

“ ဒီအပေါ်က ဂျပန်ဝန်ကြီး နာကဆိုနေ မေးမြန်းထားတာကို ဌေးဉီးက အောက်ပါအတိုင်းပြန်ဖြေဆိုတာက----”
(၁) ယခု ကျွှန်တော်ဂျပန်ကို ပထမဆုံးလာတဲ့ ခရီးစဉ်အတွက် ဝမ်းမြောက်ပါတယ်။ ဂျပန်-မြန်မာ နှစ်နိုင်ငံက မိရိုးဖလာ
ထုံးတမ်းစဉ်လာအရ ချစ်ကြည်ရေးရှိခဲ့ပြီး တိုင်းသူပြည်သားများအချင်းချင်းလည်း ချစ်ကြည်ရင်းနှီးခဲ့ကြပါတယ်။ ။
(၂) မနှစ်က ဖြစ်သွားခဲ့တဲ့ နာဂစ် ဆိုင်ကလုံးမုန်တိုင်းမှာ ဂျပန်နိုင်ငံက အများဆုံးအကူအညီ ထောက်ပံ့ပေးတဲ့အတွက်ကို
ကျေးဇူးတင်ပါတယ်။
(၃) ဒေါ်အောင်ဆန်းစုကြည် ကိစ္စက ဉပဒေအရ လုပ်ဆောင်ခြင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ဒီအမူကို ဆုံးဖြတ်
လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးတွင် မပါဝင်ဘဲ ရိုးရိုးသားသား နေသွားမယ်ဆိုရင် အမြန်ဆုံးလွတ်
ပေးဖို့အတွက် စဉ်းစားနေပါတယ်။ ။

Wednesday, August 26, 2009

မြန်မာတွေ မျိုးများတုန်းတော့မလား..ကူုညီပေးကြပါ

၂၆.၈.၀၉) နေ့တွင် ရရှိသော ဖုန်းသတင်းအရ မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားထိမ်းသိမ်းရေး စခန်းတစ်ခု ဖြစ်သော KLIA CAMP တွင် ထူးဆန်း၍ အမည်မဖေါ်နိုင်သေးသော ကူးစက်ရောဂါတမျိုးဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ ရောဂါလက္ခာဏာများမှာ ကိုယ်ပူပြီး ဖျားနေခြင်း၊ အသားအရေများဖောယောင်ခြင်း၊ အနီကွက်များဖြစ်ပေါ်၍ အကြောဆွဲခြင်း တို့ဖြစ်ပေါ်ပြီး လက်ရှိခံစားနေရသော လူ(၆)ဦးထဲမှ မင်းခိုင်နှင့် စိုးသိန်း အမည်ရှိ (၂) ဦးမှာ အကြောဆွဲပြီး လုံးဝမထနိုင်တော့ကြောင်း အသဲအသန်ဖြစ်နေကြောင်း ခိုင်လုံစွာသိရှိရ ပါသည်။ အာဏာပိုင်များမှ ၎င်းတို့အား သက်ဆိုင်ရာ ဆေးရုံးဆေးခန်းသို့ မပို့သေးသဖြင့် အဆိုပါဝေဒနာရှင် များ၏ ကျန်မာရေးအတွက် အထူးစိုးရိမ်ရကြောင်း သတင်းလက္ခံရရှိပါသည်။

NLD လူငယ်မျာအား စာသင်ပေးနေသူ စစ်ကြောရေးတွင် ဖမ်းဆီးချုပ်နှောင်ထားတာ ၂ လပြည့်ခဲ့ပြီ

ဗထူး၊ ရိုးမ ၃ / အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ်များအား အင်္ဂလိပ်စာသင်ကြားပေးနေသူ ရန်ကုန်တိုင်း၊ ဒေါပုံ မြို့မှ ကိုနိုင်ငံလင်းအား စစ်အစိုးရအာဏာပိုင်များက ဖမ်းဆီးချုပ်နှောင်ထားခဲ့ရာ နှစ်လကြာမြင့်ခဲ့ပြီဖြစ်သည်။

ကိုနိုင်ငံလင်းအား စစ်အစိုးရအာဏာပိုင်များက ယခုနှစ် ဇွန်လ (၂၆) ရက်နေ့ ဖမ်းဆီးခဲ့ရာ သူနှင့်အတူ ကိုကျော်ကျော်ဆိုသူတဦးလည်း အပါအ၀င်ဖြစ်ပြီး မိသားစုအနေဖြင့် အဆိုပါ ဖမ်းဆီးခံရခြင်းကို ရက်အနည်းငယ်ကြာမှသာ သိရှိခဲ့ရသည်။

“အဲ့ဒီ (၂၆) ရက်နေ့က မသွားပါနဲ့ ယောကျာင်္းရယ်လို့ ပြောတော့၊ ကျမကလည်း ကိုယ်ဝန်ကြီးနဲ့လေ၊ (၂၆) ရက်နေ့က ဖမ်းတယ်ဆိုတာကို မသိသေးပါဘူး။ အဲ့ဒီနေ့ သူပြန်မလာဘူး။ (၂၈) ရက်နေ့လောက်ကျတော့ ကျော်ကျော်တို့အိမ်မှာ SB တွေက ကင်မရာသွားသိမ်းတယ်လို့ ပြောတယ်၊ ကိုကျော်ကျော်သတင်းကို မီဒီယာကနေ အောင်သပြေမှာ ရှိနေတယ်ဆိုတဲ့အသံကြားတော့ ညီမလည်း စစ်ကြောရေးကို သွားတဲ့အခါကျတော့ ပေးမတွေ့ဘူး၊ မရှိဘူးလို့ပြောတယ်။ နောက်ထပ်သွားတော့လည်း မဖမ်းထားဘူးလို့ ပြောတယ်” ဟု ကိုနိုင်ငံလင်း၏ ဇနီးဖြစ်သူ မခင်စန္ဒာဝင်းက ပြောသည်။

ယင်းကဲ့သို့ အာဏာပိုင်များက အကြိမ်ကြိမ် လိမ်ညာခဲ့ပြီးနောက်တွင် ဒေါပုံမြို့နယ်မှ ရဲသတင်းအထူးတပ်ဖွဲ့(SB) မှ အိမ်သို့လာရောက်ပြီး ကိုနိုင်ငံလင်းအတွက် ပေးစရာရှိလျှင် ပေး၍ရကြောင်း အကြောင်းလာမှသာ ယောင်္ကျားဖြစ်သူအား အောင်သပြေစစ်ကြောရေးစခန်းတွင် ချုပ်နှောင်ထားသည်ကို တိတိကျကျ သိခဲ့ရပြီး ကိုယ်တိုင်သွားရောက်ခဲ့သော်လည်း လူချင်းမတွေ့ရဘဲ စာအဆက်အသွယ်သာ ရခဲ့သည်ဟု ဇနီးဖြစ်သူက ဆက်လက်ပြောဆိုသည်။

၁ လနှင့် ၇ ရက်ကြာမှ ချုပ်နှောင်ထားသည့် ယောင်္ကျားဖြစ်သူအား တွေ့ခွင့်ရခဲ့သည့် အခြေအနေနှင့်ပတ် သက်၍ ဇနီးဖြစ်သူ မခင်စန္ဒာဝင်းက “ကျမ စစ်ကြောရေးမှာ တခေါက် ထပ်တွေ့ရပါတယ်၊ စစ်ကြောရေးမှာ (၈) လပိုင်း (၇) ရက်နေ့က တွေ့ခဲ့ရတယ်။ အောင်သပြေ စစ်ကြောရေးစခန်းမှာပါ။ သူ့နဲ့အတူတူ ဖမ်းခံရတဲ့ ကိုကျော်ကျော်နဲ့ သူ့ကို ခွဲထားထားတယ်။ စကားလည်း လွတ်လွတ်လပ်လပ် ပြောရတယ်။ ရိုက်နှက်တာလည်း မရှိဘူး၊ စစ်တာပြီးသွားပြီလားလို့မေးတော့ ဖမ်းပြီး သုံးရက်လောက်ကတည်းက စစ်ပြီးတော့ အခု ဘာမှမစစ်တော့ဘူးလို့ ပြောတယ်။ အခုက အမှုလည်းမဖွင့်ထားဘူး၊ ဘာမှလည်း မလုပ်ထားပါဘူး” ဟု ပြောဆိုသည်။

ကိုနိုင်ငံလင်းသည် ဒဂုံတက္ကသိုလ်တွင် သချာင်္ဘာသာရပ် သင်ကြားနေသည့် တတိယနှစ်ကျောင်းသားဖြစ်ပြီး NLD လူငယ်များအား အင်္ဂလိပ်စာ စကားပြောသင်တန်း သင်ကြားနေပြီး ပညာဒါနအဖြစ် မိသားစုရပ်တည်ရေးအတွက် ရန်ကုန် ကျောက်မြောင်းဘက်တွင်လည်း မိတ်ဆွေသူငယ်ချင်းများနှင့်အတူ စာသင်ကြားပေးနေသူတဦး ဖြစ်သည်။

ယမန်နေ့က ကိုနိုင်ငံလင်းအား မည်သည့်အကြောင်းပြချက်မှမရှိဘဲ ဖမ်းဆီးထားသည်မှာ ၂ လပြည့်ခဲ့ပြီဖြစ်ပြီး ယင်းကိစ္စအား NLD ဗဟိုဌာနချုပ်သို့ အကြောင်းကြားထားသော်လည်း အမှုမဖွင့်သေးသဖြင့် ဘာမှဆောင် ရွက်ခြင်းမရှိကြောင်း ဇနီးဖြစ်သူက ပြောသည်။

အာဏာပိုင်များက ဇနီးဖြစ်သူအား ကိုနိုင်ငံလင်းတွင် အပြစ်မရှိကြောင်း၊ လွှတ်ပေးမည်ဟုသာ အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး မေးစရာရှိသေးသည်ဟုဆိုကာ ယခုတိုင် ချုပ်နှောင်ထားသည်ကို နားမလည်းနိုင်ကြောင်း၊ အကယ်၍ အမှုဖွင့်ပါက ချုပ်ရက်နှင့် စစ်ဆေးနေသည့်ကာလအတွက် တရားမ၀င်ဖြစ်မည်ဟု အာဏာပိုင်များကို သူမက ပြောဆိုခဲ့သည်။

မခင်စန္ဒာဝင်းသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် အဆိုပါနှစ်တွင် ကျိုက္ကဆံစစ်ကြေားရေးစခန်းနှင့် အင်းစိန်အကျဉ်းထောင်တို့တွင် ၇ လကြာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရဖူးသူ တယောက်ဖြစ်ပြီး ယခုအခါ ကိုယ်ဝန် ၈ လဖြင့် အမှတ် (၂)၊ ဗိုလ်အောင်ကျော်လမ်းမြောက်ဘက်၊ ဗိုလ်ထွန်းဇံရပ် ကွက်၊ ဒေါပုံမြို့တွင် နေထိုင်လျက်ရှိသည်။

“ကျမက မေးစရာရှိတာလည်း မပြီးနိုင်ဘူးလားလို့၊ ကျမမှာလည်း ဒုက္ခရောက်နေတာလို့ ပြောလိုက်တယ်။ ဘာလို့ အပြစ်ရှိမှာလည်း သူစာသွားသင်တဲ့အချိန်မှာ စာအုပ်နဲ့ ဘောပင်တချောင်းပဲ ပါသွားတယ်၊ ကျန်တာ ဘာပစ္စည်းမှလည်း မပါဘူးလို့။ အပြစ်ရှိတယ်လို့ ယူဆလို့ရှိရင်လည်း NLD လူငယ်တွေကို စာသင်တာကလွဲလို့ ကျန်တာ အပြစ်မရှိဘူးလို့ ကျမက ပြောတယ်။ အဲ့အတိုင်းပြောတော့လည်း အပြစ်မရှိဘူးလို့ပဲ ပြန်ပြောပေမဲ့ အခုအချိန်ထိကို မလွှတ်ပေးသေးပါဘူးရှင်” ဟု မခင်စန္ဒာဝင်းက ပြောဆိုသွားခဲ့သည်။
www.yoma3.org မှ ရယူသည်။