၂၆.၈.၀၉) နေ့တွင် ရရှိသော ဖုန်းသတင်းအရ မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားထိမ်းသိမ်းရေး စခန်းတစ်ခု ဖြစ်သော KLIA CAMP တွင် ထူးဆန်း၍ အမည်မဖေါ်နိုင်သေးသော ကူးစက်ရောဂါတမျိုးဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ ရောဂါလက္ခာဏာများမှာ ကိုယ်ပူပြီး ဖျားနေခြင်း၊ အသားအရေများဖောယောင်ခြင်း၊ အနီကွက်များဖြစ်ပေါ်၍ အကြောဆွဲခြင်း တို့ဖြစ်ပေါ်ပြီး လက်ရှိခံစားနေရသော လူ(၆)ဦးထဲမှ မင်းခိုင်နှင့် စိုးသိန်း အမည်ရှိ (၂) ဦးမှာ အကြောဆွဲပြီး လုံးဝမထနိုင်တော့ကြောင်း အသဲအသန်ဖြစ်နေကြောင်း ခိုင်လုံစွာသိရှိရ ပါသည်။ အာဏာပိုင်များမှ ၎င်းတို့အား သက်ဆိုင်ရာ ဆေးရုံးဆေးခန်းသို့ မပို့သေးသဖြင့် အဆိုပါဝေဒနာရှင် များ၏ ကျန်မာရေးအတွက် အထူးစိုးရိမ်ရကြောင်း သတင်းလက္ခံရရှိပါသည်။
No comments:
Post a Comment