ရန်ကုန်တိုင်း အတွင်း ယမ်းပေသီး၊ မီးပန်းနှင့် ဗြောက်အိုး ရောင်းချသူများအား လိုက်ခံ ဖမ်းဆီမှုစတင်
31/Aug/2009
ရန်ကုန်တိုင်းအတွင်း ယမ်းပေသီး၊ မီးပန်းနှင့် ဗြောက်အိုးများရောင်းချသူများရှိရာနေရာများကို
ဖမ်းဆီးမှု စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ မီးရှုးမီးပန်းဗြောက်အိုးများနှင့်ပတ်သက်၍သတိပေးတားမြစ်
ချက်များ၊ ထောင်ဒဏ် ကျခံရနိုင်သည်ဟု ကြေညာချက်များအား သီတင်းကျွတ်ကာလအနီးကပ်လာသည့် အချိန်
တွင် နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်ကြေညာလေ့ရှိရာ ယခုအခါ လသာမြို့နယ်အတွင်း ယမ်းပေသီး၊ မီးပန်းနှင့်
ဗြောက်အိုးရောင်းချသူများကို စတင် ဖမ်းဆီးရမိနေပြီဖြစ်ကြောင်း၊ လက်ရှိတွင်ဗြောက်အိုး ရောင်းချသူများရှိနေ
သည့်အပြင် ဗြောက်အိုးဖောက်သူများပါရှိနေကြောင်း မြို့နယ်များ အတွင်းမှ စုံစမ်းသိရှိရသည်။ ဖမ်းဆီးရမိပါက
ပြစ်မှုဆို်င်ရာ ဥပဒေပုဒ်မ ၂၈၆ အရပြစ်မှုထင်ရှားသူကို ထောင်ဒဏ် ၃နှစ်အထိ ချမှတ်ရမည့်အပြင်ငွေဒဏ်လည်း
ချမှတ်နိုင်ကြောင်း ၂၀၀၉ခုနှစ် စက်တင်ဘာလ ၂ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။
Rest of your post
No comments:
Post a Comment