Saturday, May 23, 2009

ခြောင်းကြည့်သူရဲ့ အမှား(ကိုကြီးပေါ်)

မိုးသောက်ကြယ်အယ်ဒီတာမင်းတို့ရေ…
အယ်ဒီတာမင်းများ နားပူနားဆာလုပ်လွန်းလို့ ယက်တောအကြောင်း အမြန်ခြောင်းကြည့်လိုက်ပါပြီခင်ဗျား
အဆင်ပြေပါစေ

ခြောင်းကြည့်သူရဲ့ အမှား အမှတ်စဉ်(၁၆)

ဒီတပတ်တော့ ရွှေပြည်တော်ကြီးကို ဟိုချောင်ဒီချောင်ကနေ ခြောင်းကြည့်နေသူ ကိုကြီးပေါ်ရဲ့ အင်တာနက် မှန်ပြောင်းက `ပဉ္စလက်မှန်ပြောင်း´ဘ၀ကို ချက်ချင်း ပြောင်းသွားပုံ ရတယ် ခင်ဗျ။ အကြောင်းကတော့ မြင် တွေ့ ကြား သိ ရသမျှတွေက ဖြစ်ရိုးဖြစ်စဉ်တွေ မဟုတ်ဘဲ အလွန်ကို အဆန်းတကြယ် နိုင်လွန်းလို့ ဖြစ်ပါတယ်။ ရွှေပြည်တော်ကြီးမှာ ဆန်းဆန်းပြားပြားတွေ ဖြစ်တတ်တာ, ဖြစ်သမျှကိုလည်း ယုံကြည်တတ်တာ ဆိုတာမျိုးကတော့ သိပ်ထူးတဲ့ ကိစ္စ မဟုတ်ပါဘူး။ သို့သော်လည်း အစရှာတော့လည်း ဆန်းပြား၊ အဆုံးရှာတော့လည်း ရှုပ်ထွေး ဆိုတဲ့ ဒီဇာတ်လမ်းကတော့ … ပုဂံရာဇ၀င် တုတ်ထမ်းပြောရတဲ့ ကိန်းထက် ပိုသာနေပါတော့တယ်။

ယက်တောလုပ်ကြံမှု


အဟမ်း…။ မြန်မာအစကို တကောင်းက စရရင် ကောင်းမလား၊ ကျောက်ဆည်က စရရင် ကောင်းမလား၊ ကမ္ဘာဦးတည်စ မဟာသမ္မတမင်းက စရရင် ကောင်းမလား။ အဲသလိုပါပဲ ဒီဇာတ်လမ်းကိုလည်း ဘယ်က စရပါ့မလဲ။ မြန်မာအစက ရှာလို့ တွေ့နိုင်သေးရဲ့။ ယက်တော အစကတော့ ဘုရားသခင်တောင် မျက်စိလည်လောက်ပေရဲ့။
ကြည့်လေ။ ယက်တော ပေါ်လာပုံက ကောင်းကင်က ကျလာတဲ့ တမန်တော်လိုလို၊ ဟိမ၀န္တာက ကြွလာတဲ့ ၀ိဇ္ဇာဓိုရ်လိုလို ဘွားခနဲ ဥုံဖွဆို မဟုတ်လား။ မှန်တာ မမှန်တာ ခဏထား။ ဇာတ်လမ်းပေါ်ရုံ ကောက်ကြောင်းဆွဲ ကြည့်တော့ ဒီလို ရပါတယ်။

ယက်တော တယောက် ရေကူးတယ်ပဲ ဆိုဆို၊ ရေပေါ်က လမ်းလျှောက်လာတယ်ပဲ ပြောပြော၊ လှေနဲ့လာလာ၊ ခြေလျင်လာလာ၊ မြေလျှိုးလာလာ အဲဒီလုပ်ရပ်ဟာ ဘယ်တော့မှ အမှန်ပေါ်လာမယ်လို့ ကိုကြီးပေါ်တော့ မထင်မိပါဘူး။ တကယ် ရေကူးလာတာပါ ဆိုရင်လည်း ကိုကြီးပေါ်ကတော့ `ကူးပြပါ´လို့ပဲ တောင်းဆိုချင်ပါတယ်။ အမှုအခင်းတွေမှာ တရာခံက သူ ဘယ်လိုလုပ်ခဲ့ကြောင်း နမူနာ ပြန်လုပ်ပြရတာ ရှိတယ် မဟုတ်လား။ ခုလည်း ပြန်လုပ်ပြခိုင်းပေါ့။ အဲ တခုတော့ ရှိတယ်။ ခဏတော့ စောင့်ဦး။ တော်ကြာ ရေကူးရင်း သေသွားလို့ သက်သေ ပျောက်သွားမှ အခက်။

အကယ်၍ ယက်တောက ဒေါ်စု ခြံထဲ မရောက်ဘဲ ဟိုတဖက်က ဒေါ်စန္ဒာဝင်းခြံထဲ ရောက်သွားရင် ဘယ့်နှယ်လုပ်ကြမလဲ။ ဗိုလ်ချုပ်မင်းကြီး ခြံထဲ ရောက်သွားခဲ့ရင်ကော။ အကယ်၍ ယက်တောက လုပ်ကြံသတ်ဖြတ်လိုက်လို့ ဒေါ်စု သေသွားခဲ့ပြီ ဆိုပါစို့။ ဘယ်သူ့ကို တရားစွဲမလဲ။ ကလေးတယောက်တောင် အလွယ်တကူ သိမြင်နိုင်တဲ့ ကိစ္စကတော့ စည်းပေါက်တဲ့ တာဝန်ဟာ နအဖမှာပဲ ရှိတယ် ဆိုတာပါ။
ခုတော့ဖြင့် နိုင်ငံတော်ကို ကာကွယ်နေတဲ့ တပ်မတော်ကြီးက ရေကန်ကလေး တခု ခြံစည်းရိုးလေး တခုကိုတောင် လုံအောင် မကာကွယ်နိုင်ဘူး ဆိုတော့…။
ထပ်ဆင့်ဖော်ပြတာပါ

No comments:

Post a Comment