Sunday, May 17, 2009

မတရား တရားစီရင်ပွဲရဲ့ အခြေအနေ

လမ်းကြိုလမ်းကြားတွေလည်း ပိတ်ထားတယ် အရပ်ဝတ်ရဲတွေနဲ့ စွမ်းအားရှင်တွေကတော့ ရှိနေပေမယ့် လာကြည့်တဲ့လူတွေလည်း ပိတ်ထားတဲ့နေရာကနေ လှမ်းကြည့်နေကြရပါတယ်။ အင်းစိန်ဈေးထဲကို ၀င်လို့ မရပါ။
မီးပွိုင့်ကနေ ပိတ်ထားပါတယ်။
ယခုအခါမှာ အင်းစိန်ထောင်အတွင်းသို့  ရှေ့ နေ (၄) ဦးနဲ့  အမေရိကန်သံရုံးမှသူများ ၀င်ရောက်သွားပါပြီ။ စောင့်ကြည့်နေကြသူများ ဆက်လက်ရှိနေကြပါတယ်။
ပြည်သူလူထုအပြင် ကျောင်းသားများနဲ့  သံဃာတော်များပါ အင်းစိန်ထောင်ဈေးဘက်နေရာတွေမှာ ရောက်ရှိနေကြပါတယ်။
ဒီ့အတွက် ကျန်သော ပြည်သူလူထုကြီးတစ်ရပ်လုံးမှ ၀ိုင်းဝန်းအင်အားဖြည့်ပေးကြဖို့  အနူးအညွတ် မေတ္တာရပ်ခံကြောင်း အင်းစိန်ထောင်ရှေ့ ရောက်နေသူများမှ တောင်းပန်မေတ္တာရပ်ခံနေပါတယ်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်