Sunday, May 17, 2009

ပြည်သူများ ဝိုင်းကူညီကြပါ

အဖမ်းအဆီးစနေပြီ။ အနဲဆုံး ငါးယောက်လောက်ပါသွားတယ်လို့ပြောတယ်။ ရွေပြည်သာက လူငယ် ကိုထွေးသိန်း တစ်ယောက်ပဲ နာမည်သိရသေးတယ်။
ဒေါ်စုတိုက်ပွဲ ၀င်နေပြီ
ဝန်ထမ်းတွေက ဒေါ်စုကြည် လို လာခေါ်ပါတယ်။ ဒေါ်စုကြည် ရုံးထုတ်ရင် ထွက်ခဲ့ပါလို့ ဆိုပါတယ်။
ဒေါ်စု က ပြန်ပြင်ခေါ်ပါ။ ဒေါ်အောင်ဆန်းစုကြည်လို ခေါ်မှာ ထွက်နိင်မယ်လို့ ဆိုတဲ့အတွက် သန်းရွှေ စည်းစိမ်စောင့် ခွေးများနဲ့
အခြေအတင်ဖြစ်နေကြောင်းသိရပါတယ်။ ဒေါ်စု ကိုအတင်းအကြပ်ရုံထုတ်ရန် ကြိုးပန်းနေကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သတ္တိရှိစွာဖြင့် ကုလားထိုင်ပေါ်တွင်ထိုင်နေပြီး လာခေါ်သော ထောင်ဝင်ထမ်းများကို
မလိုက် ဟု ရာ ဇသံပေးလိုက်ကြောင်းသိရပါတယ်။ ဒီသတင်းကို တပြည်လုံးကိုဖြန့် ပေးပါ။
ဒေါ်အောင်ဆန်းစုကြည် တိုက်ပွဲကို စတင်လိုက်ပါပြီ။ အားလုံး လက်ပိုက်ကြည် မနေကြပါနဲ့  ။

ထောင် အာဏာ ပိုင်များက အင်စိန်ထောင် ထဲ မှာထောင်ထဲမှာ ထောင်သားတွေအားလုံး ကို အလုပ်မချပဲ ပုံစံထိုင်ခိုင်းထားတယ်။ ထောင်ထဲမှာ ဆူမဲ့ နေအထား ကိုရောက်နေပြီ။

ငါသွားလိုက်အုံးမယ် နောက်ပြန်လာခဲ့မယ်
စိုးမျိုး

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်