သမိုင်းဆိုတာ လိမ်လို့ မရပါဘူး သန်းရွှေရယ်
Eye-witnesses from Depayin miscared - Interview with Ko Naing
...........................................
........................................
Eye-witnesses from Depayin miscared - Ko Min Thein
သက်သေများ
၂၀၀၃ ခုနှစ် မေ ၃၀ ရက်နေ့ညတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်း ဆောင်သည့်အဖွဲ့ မြန်မာပြည် အလယ်ပိုင်း စကိုင်းတိုင်းအတွင်း လူထုစည်းရုံးရေးခရီး လှည့်လည်စဉ် မောင်းနှင်လာကြသည့် သူမ၏ ယာဉ်တန်းကို ဒီပဲယင်း မြို့အနီး ကျည်ရွာအရောက်တွင် စစ်တပ်နှင့်ကြံ့ဖွံ့အဖွဲ့တို့ ပူးပေါင်း၍ စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး အကြမ်း ဖက် တိုက်ခိုက်ခဲ့ကြသည်။
အောင်ဆန်းစုကြည်သည် သူစီးနင်းလာသည့် ကား၏ ကားမောင်းသူ ကိုကျော်စိုးလင်း အကူအညီဖြင့် ထိုဖြစ်စဉ်နေရာမှ လွတ်မြောက်ခဲ့သော်လည်း၊ ရေဦး သို့ အရောက်တွင် အဖမ်းခံခဲ့ရသည်။ သူမကို ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် ထိမ်းသိမ်းထားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင် သူမ၏ အထောက်အခံ အဖွဲ့သားများ အမြောက်အများ ရာနှင့်ချီ၍ သေကြေဒဏ်ရာရှိခဲ့သည်ဟု သတင်းများထွက်ခဲ့သော် လည်း မြန်မာစစ်အစိုးရက သတင်းစာရှင်းလင်းပွဲတွင် လူလေးဦး သေဆုံးပြီး ၅၀ ကျော် ဒါဏ်ရာရခဲ့သည်ဟုသာ ပြောဆိုခဲ့သည်။ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဖေါ်ထုတ်အရေးယူပေးခြင်း မရှိသည့်အပြင် အဖွဲ့ချုပ် ခေါင်းဆောင် များဖြစ်ကြသည့် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အား ယနေ့အထိ နေအိမ်များတွင် အကျယ်ချုပ်ဖြင့် ဆက်လက် ဖမ်းဆီးထားသည်။
No comments:
Post a Comment