Sunday, April 19, 2009

ထောင်ပိုင်က ဘူးသီးတောင် ထောင်တွင်းရှိ အကျဉ်းသားများကို မုန်တိုင်းကျ ချိန် အဆောင်နှင့်တိုက် ပြင်ပသို့ ထွက်ခွင့်မပေး

April 18, 2009 ·
Freedom News Grop
၁၈ ဧပြီ ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး

နိုင်ငံရေး အကျဉ်းသားတွေ ကို မောက်မာ ရိုင်းပျစွာဆက် ဆံလေ့ရှိ သည့်ရခိုင်ပြည်နယ်ဘူးသီး
တောင် ထောင်ပိုင် က သောကြာနေ့ မှစပြီး မုန်တိုင်းသတင်းကြောင့် တစ်ထောင် လုံးကို လုံခြုံရေးတင်းကျပ်ထားသည် ဟု သိရသည်။ထောင်ပိုင် က မုန်တိုင်းကျချိန် ငြိမ်သက်မှုမရှိလျှင် အစောင့်များအား ပစ်မိန့် ပေးထားသည် ဟု သိရသည်။

နိုင်ငံရေးအကျဉ်းသားများ အပြင် အခြားအကျဉ်းသားများ အား ၎င်းတို့ နေ ထိုင်ရာ အဆောင်နှင့်

တိုက်များမှ လုံးဝထွက်ခွင့် မပေးဟု သိရှိရသည်။မောင်တော မြို့ နယ် မှ ထောင်ဝင်စာ သွားတွေ့ သူ
တစ်ဦးက “အဒေါ်သား နဲ့ လုံးဝ ထောင် ၀င်စာတွေ့ ခွင့် မပေးဘူး ထောင်ပိုင်အမိန့် လို့ ပြောတယ်”
ဟု Freedom News Group သို့ ပြောသည်။

ဘူးသီးတောင် ထောင်မှာ ထောင်ကျ အကျဉ်းသားများကို အဓမ္မလုပ်အားပေးစေခိုင်းရာတွင် နာမည် ကြီးသော ထောင်ဖြစ်သည်။နိုင်ငံရေး အကျဉ်းသားများကို လည်း စကားပြောခွင့် မပေး
ခြင်းတိုက် ပိတ်ထားခြင်းများပြုလုပ်သည်။

ဘူးသီးတောင် ထောင် တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကို ဌေးကြွယ်နှင့် တောင်ကုတ်မြို့ မှ နိုင်ငံရေးလှုပ်ရှားသူ ကိုမိုးကျော် အပါအ၀င် နိုင်ငံရေး အကျဉ်းသား
သုံးဆယ်နီးပါးရှိသည်။

မနှစ်က ဆိုင်ကလုန်းနာဂစ် မုန်တိုင်း တိုက် ခတ်ချိန် အစောင့် များက ချမ်း၍မီးလှုံနေသော အကျဉ်း
သားများအား ပစ်ခတ်မှုကြောင့် အင်းစိန်ထောင် တွင် အကျဉ်းသား သုံးဆယ်ကျော် သေဆုံးခဲ့သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်