Friday, February 6, 2009

ဇိမ်ခံကားနှင့် ဥက္ကဌ

အမျိုးသမီးကြီးတစ်ယောက် ဟာ ဇိမ်ခံကားကြီး တစ်စီး ဈေးကြီးကြီး ပေးဝယ်လိုက်တယ်..။

နှစ်ရက် လောက် အကြာမှာတော့ ရေဒီယို ကတ်ဆက် အလုပ် မလုပ်တော့ လို့ ကုမ္ပဏီ ကို သွား ပြီး တိုင် တယ်..။

မန်နေဂျာ ပြောလိုက်တယ်

"....ကျွန်တော် တို့ ကားရဲ့ ရေဒီယိုက အလိုအလျှောက် စနစ်တပ်ထားတဲ့ စက်ပါ...

ခင်ဗျားနားထောင် ချင်တဲ့ သီချင်း ဒါမှ မဟုတ် အဆိုတော် ကို ပါးစပ်က နေရွတ်လိုက်ရင် အလိုအလျှောက် ဆိုပေးပါလိမ့်မယ်..."

အမျိုးးသမီးကြီး ကားမောင်းထွက် သွားပြီး ပါးစပ်နေရေရွတ်လိုက်တယ်

"... သိန်းတန်..."

ရေဒီယိုက အသံကြားလိုက်ရတယ်

"...မြန်မာပြည် ..လား....တွံတေး ...လား..."

အမျိုးသမီးက တွံတေးသိန်းတန် လို့ ပြောလိုက်တာ့ တွန်တေးသိန်းတန် သီချင်းထွက်ပေါ်လာတယ်... သူမနှစ်ချိုက်သွားတယ်..။

ဒါနဲ့ ကား ကို အရှိန်မြှင့် မောင်းရင်း နားဆင်ရင်း စက်ကိုစမ်းရင်းပေါ့ ။ကိုင်ဇာ လို့ပြောလိုက်တာ့ ကိုင်ဇာသီချင်းထွက်လာတယ်......

အဆိုတော် တော်တော် များများပြောကြည့်တယ် အကုန် ရတယ် အပျော်လွန်ပြီး မီးပွိုင့်မှာ မီးနီ ဖြတ်လိုက်မိတယ်..

သိလိုက်တဲ့အချိန်မှာ ရဲကား တစ်စီး သူ့မနောက်လိုက်တာတယ် သူမကားကို ရပ်ပေးလိုက်ပြီး

ပါးစပ်ကနေရေရွတ်လိုက်မိတယ်....။

""....Shit! Stupid. !...."" (သေစမ်း..ငတုံး)

ရေဒီယိုက အသံထွက်လာတယ်

""......နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊

ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် ဒီနေ့မနက်...................................................

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်