Friday, February 6, 2009

အော်..ဒီထိုင်ခုံ ရဖို့ များကြောက်စရာဗျာ

NCUB ယုတ်ကန်းပြီ
NCGUB ဖက်ဒရယ်ဝန်ကြီး ဦးခွန်းမားကိုဘန် ယမန်နေ့က NCUB အစည်းအဝေးသွားတက်ရာမှာ အဲဒီမှာကျွေးတဲ့ထမင်းထဲ အဆိပ်ခတ်လုပ်ကြံခံရလို့ အခု ဆေးကုသမှု ခံယူနေရတယ်လို့ သိရှိရပါတယ်။ ဦးခွန်းမားကိုဘန်ဟာ NCUB ကဦးဆောင်တဲ့ စိန်ခေါ်ရေးကိစ္စ၊ စင်ပြိုင်အစိုးရသစ်ကိစ္စတွေကို အဓိကနေရာက ဆန့်ကျင် ရပ်တည်ခဲ့လို့ အခုလို အဆိပ်ခတ် လုပ်ကြံခံရတာဖြစ်မယ်လို့ ယူဆရပါတယ်၊ အိုင်ယာလန်အစည်းအဝေးအတွင်းမှာလည်း "ခေါင်းမပါဘဲပြန်ရမယ်" လို့ ကြိမ်းဝါးခံခဲ့ရပါတယ်။ မကြာသေးခင်ကလည်း မိုးကြိုးသတင်းစာအယ်ဒီတာ ဦးသန်းထွဋ် ကို အမည်မသိတဦးက တယ်လီဖုံးထဲက ခြိမ်းခြောက်မှု ဖြစ်ခဲ့ပါသေးတယ်။

အစည်းအဝေးမတိုင်ခင်နေ့ ကတည်းက ဦးခွန်မားကိုဘန်း အစားမှားပြီးဝမ်းသွားနေကြောင်းသိရှိရပါသည် ။။
NCUB အစည်းအဝေးသို့ နှစ်ရက်ဆက်တိုက် တက်လိုက်ပြီး ပင်ပမ်းသွား၍ ယခုအခါ အိမ်တွင်အနားယူနေသည်ဟုသိရပါသည်။။
မေအိခင်၏ မှတ်ချက်ပါ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်