Monday, June 15, 2009

သန်းရွှေလက်ထက် မြန်မာ့Thug မတော်ရဲ့ ဆောင်ပုဒ် "တရုတ်သာအမိ၊ တရုတ်သာ အဖ"


NEJ / ၁၅ ဇွန် ၂၀၀၉

မြန်မာနအဖ ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တရုတ်ဒု-သမ္မတ မစ္စတာရှီကျင်းဖျင်၏ ဖိတ်ကြားချက်အရ (၆) ရက်ကြာခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ထွက်ခွာလာပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ယနေ့ဖော်ပြသည်။
ယင်းခရီးစဉ်သည် (၆) နှစ်တာကာလအတွင်း ဒု-ဗိုလ်ချုပ်ကြီးမောင်အေး၏ တတိယမြောက် ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့အတွက်ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

Rest of your post
အဆိုပါသတင်းတွင် နအဖစစ်ခေါင်းဆောင်များနှင့် တရုတ်ခေါင်းဆောင်များ၏ ယခင်ခရီးစဉ်များကို ပြန်လည်ဖော်ပြ ထားပြီး တရုတ်နှင့် မြန်မာစီးပွားရေးဆိုင်ရာ စပ်ယှက်မှုအချို့ကို ထည့်သွင်းဖော်ပြထားသည်။

တရုတ်၏ တရားဝင်စာရင်းဇယားများအရ ယမန်နှစ်က တရုတ်-မြန်မာကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ (၂.၆၂၆) ဘီလီယံအထိ ရှိခဲ့ပြီး တရုတ်က မြန်မာဘက်သို့ ပို့ကုန် အမေရိကန်ဒေါ်လာ (၁.၉၇၈) ဘီလီယံဖိုးအထိ ယမန်နှစ်က တင်ပို့နိုင်ခဲ့သည်။

၂၀၀၈ နှစ်ကုန်ပိုင်းအထိ တရုတ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ (၁.၃၃၁) ဘီလီယံဒေါ်လာရှိပြီး အဓိကအားဖြင့် သတ္တုရှာဖွေရေး၊ လျှပ်စစ်ထုတ်လုပ်ရေး၊ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေပြဇယားတွင် တရုတ်သည် အဆင့် (၆) နေရာမှ အဆင့် (၄) သို့ မြင့်တက်ရောက်ရှိလာသည်။
ရည်ညွှန်း။ ။ http://www.khitpyaing.org/news/june_09/15-6-09c.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်