နအဖ စေခိုင်းချက်ဖြင့် (ဒီကေဘီအေ)မှ ဖားအံခရိုင် တပ်မဟာ(၇)နယ်မြေအတွင်း မိုးရာသီ ထိုးစစ် ဆင်တိုက် ခိုက်နေခြင်းအပေါ် (ဒီကေ ဘီအေ)သို့  နယ်စပ်ကရင်သံဃာ့သမဂ္ဂမှ
နေ့ စွဲ၊ ၊ ၁၁။ ဝ၆။ ၂၀ဝ၉
နော်ဖော့ဂေ(KIC)
၁။ ကေအန်ယူ- ဖားအံခရိုင်င် တပ်မဟာ(၇)နယ်မြေအား (ဒီကေဘီအေ) မှ ၂၀ဝ၉ - ခုနှစ်။ ဇွန်လ ပထမ ပတ်မှစ၍ ယနေ့ထိတိုင် လက် နက် ကြီး-ငယ်မျိုးစုံဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ကို ကမ္ဘာသိပင် ဖြစ်သည်။
၂။ ထိုသို့ သော ကရင်လက်နက်ကိုင် အဖွဲ့ အစည်းအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေရခြင်းသည် အကယ်စင် စစ်အားဖြင့် ကရင်အမျိုး သားထုတရပ်လုံးအား မျိုးဖျောက်ကွယ်ပျောက်စေလိုသည့် စစ်အာဏာရှင် (နအဖ). နောက်ကွယ်မှ ကြိုးကိုင်။ သွေးခွဲလှုံဆော်။ လုပ်ဆောင်ချက်များမှ တစိတ်တပိုင်းမျှသာဟု အတိအလင်း မြင် သည်။
၃။ လက်ရှိအခြေအနေသည် ထိုးစစ်ဆင်တိုက်ခိုက်လာသည့် (ဒီကေဘီအေ) နှင့် တိုက်ခိုက်ဖျက်ဆီးခြင်း ခံရ သည့် ကေအန်ယူ- ဖားအံ ခရိုင်။ တပ်မဟာ(၇)တပ်မတော်သားများ ဘက်နှစ်ဖက်နှင့် ပြည်သူလူထု များစွာတို့ မှာ ထိခိုက်သေကြေ အနာတရကြုံတွေ့ ခံစားကြရ သည်သာမက ဒေသခံအပြစ်မဲ့ ကရင်အမျိုးသားထု ကျားမ ကြီးငယ်ထောင်ပေါင်းများစွာတို့ မှာလည်း အမှီအခို အမိုးအကာမဲ့၊ စားရမဲ့၊ သောက်ရမဲ့၊ ကူညီစောင့်ရှောက်သူ မဲ့ အခြေအနေတွင် ရောက်ရှိကြုံတွေ့  ခံစားနေကြရသည်မှာ မျက်မှောက်ပင်ဖြစ်ပြီး (နအဖ) အတွက်မူ အ ကျိုး အမြတ်များစွာပင် ရရှိခံစားရသည်မှာ အထင်အရှားပင် ဖြစ်သည်။
၎။ ကရင်အမျိုးသားထုအချင်းချင်း၊ အယူဝါဒ၊ အတွေးအမြင်အမျိုးမျိုး ကွဲပြားခြားနားနေသော် လည်းအမျိုးသားယဉ်ကျေးမှုနှင့် အမျိုးသားတည်တံ့ရေး ကြိုးပမ်းခြင်းများ၊ အမျိုးသားတောင့်တလိုလားသည့် ပန်းတိုင် ရောက်ရှိရေး မျှော်လင့်ချက်များသည် တထပ်တည်းကျသည် မှာလည်း ယုံမှားဘွယ် မရှိပါ၊
၅၊ သို့ ဖြစ်ပါ၍ ကရင် အမျိုးသားထုများသာ ဖြစ်ကြသည့် (ဒီကေဘီအေ) တပ်ဖွဲ့ ဝင်ထုအနေဖြင့် မေတ္တာတရား တော် ဦးထိပ်ထား ယခုကဲ့သို့ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကို ရပ်ဆိုင်းပါရန်နှင့် အမျိုးသားရေးသတိ၊ နိုင်ငံ ရေး အသိဖြင့် ဆင်ခြင်သုံးသပ်ပြီး ထိုကဲ့သို့  ဆင်ခြင်တုံမဲ့ ဆက်လက် လုပ်ဆောင်ပါက ကရင်အမျိုးသားထု တရပ် လုံးသာ ပျက်စီးဆုံးရှုံးခြင်းနှင့် ကြုံတွေ့ ခံစားကြရမည်ကို အသိပေး နှိုးဆော်လိုက်သည်၊
ကရင်သံဃာ့သမဂ္ဂ
ထိုင်း-မြန်မာနယ်စပ်။

No comments:
Post a Comment