ကလေး ၂၉ ယောက် ကြက်ဆူစေ့စားသဖြင့် အဆိပ်သင့်
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 02 2009
ခလေးတွေကတော့ဘာသိမှာလဲ ငတ်တော့စားမိမှာပေါ့ ဒီအသီးက အဆိပ်ရှိတာသိသိကြီးနဲ့ကျောင်းမှာဘာလို့သွားစိုက်ခိုင်းလဲ ကြက်ဆူပင်နဲ့ ကျောင်းနဲ့ဘာဆိုင်လဲ တော်တော်စောက်သုံးမကျတဲ့ကောင်တွေ
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း သာကေတမြို့နယ်အတွင်းက မူလတန်းနှင့် အလယ်တန်းကျောင်းသား ၂၉ ယောက်သည် ကြက်ဆူစေ့စားမိ၍ အစာအဆိပ်သင့်ခဲ့ကြောင်း မြို့နယ်ပညာရေးရုံးအဆိုအရ သိရသည်။
အခြေခံပညာ မူလတန်းကျောင်း (အမက) အမှတ် ၄၁၊ ၂၂၊ အလယ်တန်းကျောင်း (အလက) အမှတ် ၁ နှင့် ၇ တို့မှ ကျောင်းသားဦးရေ ၃ဝ ခန့်သည် ပြီးခဲ့သည်လ ၂၈ ရက်နေ့ ညနေ ကျောင်းဆင်းချိန်၌ ကျောင်းဝန်းအတွင်း စိုက်ပျိုးထားသော
ကြက်ဆူခင်းမှ ကြက်ဆူသီးခြောက်များကို အစေ့ထုတ်၍ အဆံလေးများကို ဝေမျှစားသုံးရာမှ မူးဝေအော့အန်ခဲ့ခြင်း ဖြစ်သည်။
"ကျောင်းသားတွေတော့ ၂၉ ယောက် ပါတယ်။ အပြင်ကလေးတွေလည်း ပါတယ်။ အမက ၄၁ ရယ်။ ၂၂ ရယ်။ အလက ၇ ရယ်။ အမက ၄၁ က အများဆုံးပေါ့နော်။ သူတို့က ကျောင်းဆင်းချိန်မှာ စားကြတာ။ မူးတာ၊ အန်တာ ဒီလောက်ပါပဲ" ဟု သာကေတမြို့နယ် ပညာရေးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
ကျောင်းသားမိခင်တဦးက "ကလေးတွေက ၀မ်းလျှောနေတော့ ကျမတို့မေးတော့ ကြက်ဆူစေ့ စားထားတယ်တဲ့။ တလမ်းလုံးက ကလေးတွေ စားကြတာ။ ဆေးခန်းပြတော့မှ အိမ်တိုင်းက ကလေးတွေပါမှန်း သိတယ်။ ဆေးရုံရောက်တော့ ကလေးက သွေးပေါင်အတော်ကျနေပြီ၊ ၅၀-၃၀ ပဲ ရှိတယ်။ သာကေတမှာ ဒရစ်တလုံး သွင်းတယ်။ ရန်ကုန်ရောက်တော့ သုံးလုံးသွင်းတယ်။ အခုတော့ တော်တော်ကောင်းနေပြီ" ဟု ပြောသည်။
ကြက်ဆူစေ့များသည် ဆိမ့်သောအရသာရှိပြီး စားနိုင်သည်ဟု ဆိုကြကာ ကလေးအချင်းချင်း ဝေမျှစားခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင် စားမိသူ ၄ တန်းကျောင်းသားလေးတဦးက ယခုလို ပြောသည်။
"သားတို့ကို ၁ လမ်းက ကောင်တွေက လာကျွေးတာ။ စားကြည့်တော့ ဆိမ့်တယ်။ အဲ့ဒါနဲ့ပဲ သားလည်း ကျွတ်ကျွတ်အိပ် ယူသွားပြီး ခူးတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ဝေစားတယ်။ နောက်ပြီးတော့ မူးပြီးအန်တယ်" ဟု ပြောသည်။
ကလေးများမှာ ရပ်ကွက်ဆေးခန်းများနှင့် သာကေတဆေးရုံကြီးသို့ အပို့ခံရပြီးနောက် အခြေအနေ ပြင်းထန်သော ကလေး ၆ ဦးကို ရန်ကုန် ကလေးဆေးရုံသို့ ညတွင်းချင်း ပို့ပေးခဲ့ရသော်လည်း သာကေတဆေးရုံမှ ကလေးအများစုမှာ နောက်တရက်တွင် ကောင်းမွန်စွာပင် နေအိမ်သို့ ပြန်ရောက်လာကြသည်။
"ကလေးတွေ အကုန်လုံး ပြန်ဆင်းလာပြီးတော့ အိမ်ကို ပြန်ရောက်လာကြပါပြီ။ အခြေအနေ ကောင်းပါတယ်။ ရန်ကုန် ဆေးရုံတက်နေတဲ့ ကလေးတွေကလည်း ပြန်ဆင်းလာပါပြီ။ မနေ့က တနင်္ဂနွေနေ့ကလည်း အခြေခံ ဦးစီးချုပ်က လိုက်ကြည့်တာ တော်တော် အခြေအနေကောင်းပါပြီ" ဟု ပညာရေးရုံးမှ တာဝန်ရှိသူက ပြောသည်။
ကြက်ဆူစေ့တွင် အဆိပ်ဖြစ်စေသော ဓာတ်နှစ်မျိုးပါဝင်ပြီး စားမိပါက မူးဝေအော့အန်ခြင်း၊ ၀မ်းဗိုက် နာကျင်ခြင်း၊ သွေးပေါင်ကျခြင်းနှင့် အဆက်မပြတ် ၀မ်းသွားခြင်းကြောင့် အားအင်ကုန်ခမ်းရပြီး၊ ဆေးကုသမှုခံယူပါက ၄၈ နာရီအတွင်း ပုံမှန်အခြေအနေအတိုင်း ပြန်လည်ကောင်းမွန်ကြောင်း ရန်ကုန်မှ ထိပ်တန်း ဆရာဝန်တဦးက ဆိုသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း အမက ၃၈ မှ ကျောင်းသား ၂ ဦးမှာ ကြက်ဆူစေ့ စားမိသဖြင့် အစာအဆိပ်သင့်ခဲ့ရာ နှစ်ရက်ကြာ ဆေးကုသခဲ့ရသေးသည်။
၂၀၀၇ ခုနှစ်အတွင်း ကြက်ဆူစေ့စားမိ၍ အဆိပ်သင့်သူ ကလေး ၂၇ ဦးရှိခဲ့ပြီး၊ ၆၉ ရာခိုင်နှုန်းမှာ ကျောင်းနေအရွယ် ကလေးငယ်များတွင် အဖြစ်များခဲ့သည်။
လောင်စာဆီ ဖူလုံရေး စီမံကိန်းအရ ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ နိုင်ငံတ၀ှမ်းရှိ မြေဧက ၇ သန်း၌ ကြက်ဆူပင်များ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
(ရန်ကုန်မှ သတင်းပေးပို့ချက်ကို ဖနိဒါက ဖြည့်စွက်ရေးသားသည်။)
Tuesday, February 3, 2009
လူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ သေနာကောင်တွေ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
February
(379)
- အမိမြေ
- ဟီးဟီး နိုင်တော့ကော..တကယ်အာဏာ ပေးမလား အရင်မေးပြီး...
- “ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်...
- Myanmar's refugees struggle for asylum - 28 Feb 2009
- တရုပ်လုပ်သေနတ်နဲ့ အပါးဝတဲ့ နအဖတပ်မတော်
- ကြည့် သာယုံ..ဘယ်သူက..အကောင်..ဘယ်သူကအချောင်
- သူ့ သား ကိုယ့်သား ဘယ်သွားသွားမှမလုံခြုံတဲ့ နိုင်ငံ
- တော်လှန်ရေးမှာ..လိုအပ်တဲ့ အရာ
- အလင်းရနံ့ ဂျာနယ် ဖေဖော်ဝါရီ ၂၀၀၉
- ဘန်ကီမွန်း၊ အင်အယ်လ်ဒီ၊ ဆန်ရှင်နှင့် မြေခွေးမြီးပြ...
- ၾကားၾကားသမ်ွ ေ၀ေနယ်...
- ဖေဖော်ဝါရီ ၂၆ ၂၀၀၉ သတင်း
- ကဲ လူမဆန်ချင်ဦးလေ..နောက်ဆုံးတော့...ဒီလိုဖြစ်မယ်..
- လှေစီးပြေး ရိုဟင်ဂျာ( သို့ ) ဘင်္ဂါလီ တွေ မြန်မာနိုင...
- စစ်အစိုးရကို နိုင်ငံတကာခုံရုံးတင်နိုင်ရန် နာဂစ်မုန...
- ရန်ကုန်သားတွေ ၂၄ နာရီလုံ့း  အမှောင်ထဲ မှာ နေရတော့မ...
- ဒီဇယ်ဆီ အံ့မခန်း ကျဆင်းပြန်၊ တစ်ဂါလန် ၁၅၀၀ ကျပ်ရောက်
- မျောနေပြီ..မျောနေပြီ
- နိဗ္ဗါန်ယဉ်မလိုတဲ့ အသုဘတွေ
- ရခိုင်.သတင်းစာ ဖေဖော်ဝါရီ ၂၀၀၉
- ၈၈၈၈ သတင်းစာစောင် မတ်လ..၂၀၀၉
- နာဂစ်အလွန် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူ...
- သူ့  ပထွေးပစ္စည်း ကျနေတာဘဲ ရောင်းစားနေကြတာ
- ကျောင်းသားဆိုတာ နိုင်ငံရေးသမိုင်းရဲ့သော့ချက်
- ဘာမှတ်လဲ မြန်မာကွ ဒီလိုနာမည်ကြီးတာ
- ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်
- Rohingyas in japan Demonstrating infront of Burma ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်း...
- တပ်တွင်းပုန်ကန်မှု
- ပြောင်းချင်တယ်ဆို လွယ်ပါတယ်...
- ပထွေးမြှောက်လို့  အပါးဝနေတဲ့ လူတွေ..
- သတ်ပစ်မလား..သင်းပစ်မလား..ဒုက္ခပါဘဲ
- နိုင်ဟံသာ (မွန်ပြည်သစ်ပါတီရဲ့ ထူးခြားထက်မြက်တဲ့ခေါ...
- လိမ်ပုံများကတော့ ဒီလိုကို သတင်းစာထဲထည့်ပြီးလိမ်တာ
- လှောင်ချိုင့်ထဲကလူ
- မီးမပေးဘဲ..မီတာခယူတာ..ရှက်ဖူးလား
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်
- UN Chief Urges the Regime to Release All Political...
- ရှင်သန်အောင် ကြိုးစားခြင်း
- စာပေဟောပြောပွဲ
- တရားအလှူ
- မဲဆောက်မြို့တွင် ဖမ်းဆီးမှု စတင် ၊ တရားမ၀င်သူ ၆၀၀ေ...
- DVBtelevisionသတင်း
- မြန်မာနိုင်ငံသားတဦးဝင်ငွေ ၂၀၀၈ ခုနှစ်မှာ တဦးကျပ်...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည...
- စိန်လိုချင်လို့ ..လူကို သတ်တဲ့ လူယုတ်တွေ..
- ကမ္ဘာ့အဆင့်မီ ပညာတတ်များရဲ့ မြန်မာပြည်က ကမ္ဘာ့အဆင့်မ...
- မုန်တိုင်းထဲက ရှိုက်သံများ.
- ကြံဖွတ် နဲ့ သူငယ်ချင်း မလုပ်ချင်..
- လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့...
- သံဃာဥသျှောင်၏ကျေညာချက် (၂။၂၅။၂၀၀၉)
-့ မပြောမရှိနဲ့ ..ကာလနာတိုက်နေတဲ့ စိန်တွေ..
- အရပ်က လည်းခဲနဲပေါက်ချင်လှုပြီ။
- မြန်မာပြည် လူ့အခွင့်အရေးကို စိန်ခေါ်ခြင်း (မစ္စတာ ကွ...
- ခမရ ၂၃၄ ခွေးပါးဝနေတယ်
- ဘင်္ဂလာနယ်စပ် အနီးရှိ ကျေးရွာပေါင်း ၂၇ ရွာတွင် ပြည်သ...
- ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပအိုဝ်းလက်နက်ကိုင...
- ငွေ ၅၀၀ တန် အတု နှင့်ပတ်သက်၍
- မြန်မာလုပ်သား ၃၀၀ ခန့် အလုပ်ထုတ်ခံရ
- ငွေပေါတဲ့ သူတွေ အတွက် ကျမ်းမာရေးဝန်ဆောင်မှု
- ရေ တောင် ကုန်နေတဲ့ ရန်ကုန်
- “အန္တရာယ်ကို သတိပြုပါ” တဲ့ အောင်သောင်းကတော့ ပြောနေပြီ
- ကြပ်ပြေးအရှုပ်တော်ပုံ ဆောင်းပါးများ (၁၁ -၁၈)
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်PART 2
- Japan news agency awards jailed Burmese female rep...
- လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့မှ ...
- အမှားပြင်ဆင်ချက်..
- ဘယ်သွားသွား မလုံခြုံတဲ့ မြန်မာအမျိုးသမီးဘဝ
- Media Statement – for immediate release24 February...
- UDP ကို....မဲသွားမထည့်နဲ့ မွဲသွားမယ်..
- လူတိုင်းပြောနေကြပြီ..မတရားဖမ်းတဲ့ လူယုတ်မြန်မာစစ်အ...
- ဒုံရင်း..ဒုံရင်းဘဲ အထဲထဲမှာ..
- ဆိုက်ကားသမားတွေ ကိုဒသျှို လုပ်ခိုင်းနေခြင်း..
- အကုန်လွှတ်မလား...မလွှတ်ဖူးလား..(ရာဇသံ)
- Inside the Kachin Independendence Army
- ကောင်းရာသုဂတိလားပါစေ။ ဒေါက်တာလှိုင်နီ
- ဗေဒင်..နက္ခတ်...မင်းဆက်ပြတ်ချိန်..........
- ၀ ခေါင်းဆောင်တွေ မြန်မာစစ်တပ်ကို မူးယစ်ဆေးရောင်းရေ...
- မိမိတို့ ကိုယ်တိုင်ကြိုးစားယူရန်မှတပါးအခြားမရှိပြီ
- နယ်စပ်ဖြတ်ကျော် တောမီးအား တရုတ်မှ လူအင်အား ၂၅၀၀ ကေ...
- လက်ချင်းချည်ကာ ညီတဲ့ အာဆီယံ.. :)
- ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်မြန်မာနိုင်ငံရေးအကျဉ်းသာ...
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်
- Naypyidaw, the new capital of Myanmar(ミャンマー新首都ネピドー)
- ရန်တိုက်ပေးလို့မရတော့ အချင်းချင်း ချတော့မယ်
- ချင်းတို့ ၏အသံ
- ဟစ်ဟော့ ကိုမတိုက်ခင် နအဖကို အရင်တိုက်ပါ
- Black Device ကိုသတိထားပါ။
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် အမေရိကန်ပြည်ထော...
- နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ နိုင်ငံ...
- တရားမဝင်နည်းဖြင့်ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများေ...
- (၆၁) နှစ်မြောက် ချင်းအမျိုးသားနေ့ 
- လူ့ လူချင်းစာနာ ထောက်ထားပါ။
- NLD (LA( Japan Branch) INVITATION
- ခင်ဗျားတို့ သားသမီး၊မြေး ချင်းကိုယ်ချင်းမစာ အောက်တ...
- ပဒိုမန်းရှာကို ဘယ်သူသတ်သလဲ
- ဖေဖေါ်ဝါရီ လ ၂၁ရက် ၂၀၀၉ သတင်းများ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အထူးကြေငြာချက်အမှတ် ၃
- ဒုက္ခနဲ့ ဘ၀များ
- ဂုဏ်ယူပါတယ် မအိမ့်ခိုင်ဦး
-
▼
February
(379)
No comments:
Post a Comment