-ကေသွယ်(လန်ဒန်)-
တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကြားဘောင် ဗြိတိန်နိုင်ငံ ကမ်းဘရစ်ခ်ျတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားစဉ် လူအခွင့်အရေး တက်ကြွစွာလှုပ်ရှားသူ ကျောင်းသားတဦး က ရှုးဖိနပ်နဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ရှုးဖိနပ်ဟာ ၀န်ကြီးချုပ် ၀မ်ကြားဘောင် ရဲ့ အနား မီတာအကွာအဝေးတော်တော် အလှမ်းမှာ ကျရောက်ခဲ့တယ်လို့ မျက်မြင်သက်သေ ကျောင်းသားတဦး ကပြောဆိုသွား ပါသည်။ ရှုးနဲ့ပြစ်ပေါက်ခဲ့တဲ့ ကျောင်းသားကို လုံခြုံရေးရဲ တွေက အလျင်အမြန်ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ မေးမြန်စုံစမ်းလျှက်
Summary
ရှိနေပါတယ်။ ရှုးဖိနပ်ပြစ်ပေါက်ခဲ့သူဟာ “မတ်တပ်ရပ်ပြီး ပြည့်တဆာမ လို လာလိမ်မနေပါနဲ့ ” လို့ ဟစ်အော်ရင်းပြစ်ပေါက် ခဲ့တယ်လို့ဆိုပါတယ်။ ကမ်းဘရစ်ခ်ျ တက္ကသိုလ်ရဲ့ ပြဌာန်းထားသော ဥပဒေအရ ရှုးဖိပြစ်ပေါက်ခဲ့သူ ကျောင်းသားရဲ့ အမည်နှင့် သူနဲ့ပက်သက်သော အကြောင်းအရာကို တက္ကသိုလ် တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုခွင့်မရှိပါဘူး။
ဒီလို ပြစ်ပေါက်မှုကြောင့် ဟောပြောပွဲ မပျက်သွားပါဘူးလို့ အခမ်းအနားကျင်းပ စီစဉ်သူ တာဝန်ရှိသူတွေက ပြောဆိုခဲ့တယ်။ တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကြားဘောင် ဟာ ကမ္ဘာ့ စီးပွားရေး အကျပ်အတည်း အပေါ် တရုတ်အစိုးရဲ့ ပြင်ဆင်နေမှုတွေ၊ နိုင်ငံ တကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် ဟောပြော ပြောဆိုနေခြင်း ဖြစ်ပါတယ်။ ဒီဟောပြောပွဲကို လူပေါင်း ၅၀၀ ကျော် တက်ရောက် ခဲ့ပြီး၊ ဟောပြောပွဲ ခန်းမငယ်မှာ ပြည့်ကျပ် နေတယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရ ကတော့ ၀န်ကြီးချုပ် ၀မ်းကြားဘောင် ရှုးဖိနပ်နဲ့ ပြစ်ပေါက်ခံခဲ့ရတာနဲ့ ပက်သက်ပြီး၊ ဘာမှ ပြောဆိုခြင်း၊ မှတ်ချက်ပေးခြင်း မရှိခဲ့ပါဘူး။
တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကြားဘောင် ၏ ခရီးစဉ် ကို တိဗက်လူမျိုး ရာပေါင်းများစွာဟာ ဗြိတိန်နိုင်ငံတရုတ် သံရုံးရှေ့မှာ ကန့်ကွက်ဆန္နပြ နေကြပါတယ်။ တရုတ် အစိုးရဟာ တိဗက် မှာ ဘာသာရေး၊ နိုင်ငံရေး၊ လွတ်လပ်စွာပြောဆိုနိုင်ခွင့် စတဲ့ လူအခွင့်အရေးချိုးဖောက်မှု ကိစ္စနဲ့ပက်သက်ပြီး၊ နိုင်ငံတကာ လူအခွင့်အရေးဖွဲ့ တွေရဲ့ ပြစ်တင်ဝေဖန်ခြင်းခံနေရပါတယ်။
http://komoethee.blogspot.com/2009/02/blog-post_907.html
No comments:
Post a Comment