တောင်ငူခရိုင် - တပ်မဟာ(၂)
ကရင်ပြည်နယ် သံတောင်မြို့ နယ် ၁၁၊ ၁၂၊ ၂၀၀၉ ရက်နေ့  ၁၃း၄၅ နာရီ အချိန်၌ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ် မတော် တပ်မဟာ(၂) တပ်ဖွဲ့ ဝင်များက နအဖ စစ်တပ်အား မော်ကိုးဒါးနှင့် ဘောဂလိကြီး ရွာကြားတွင် ပစ်ခတ်ရန် နအဖ စစ်တပ်မှ (၇)ဦးသေ၊ (၃)ဦးဒဏ်ရာ ရရှိကြောင်း သတင်းရရှိပါသည်။ သေဆုံးသူများထဲတွင် နအဖ တပ်မှ တပ်ခွဲမှူး ဗိုလ်ကြီးတစ်ဦးပါဝင် ကြောင်း ကေအဲန်ယူ သတင်းထုတ်ပြန်ချက်မှ ဖေါ်ပြထားပါသည်။ သည့်ပြင် 9 mm ၁လက်၊ K-3 မော်တာ တလက်၊ K-3 ၃လက်၊ စုစုပေါင်း(၅)လက်၊ ကျဉ်ကပ် ၁၁ ကပ် နှင့် ကျည်တောင့် ၁၅၀ ကို ကေအဲန်အယ်လ်အေ ကရင့်အမျိုးသားလွတ် မြောက်ရေးတပ်မတော်မှ သိမ်းဆည်းရမိသည် ဟုဖေါ်ပြထားပါသည်။
ဖားအံခရိုင်- တပ်မဟာ (၇)
တပ်မဟာ ၇ မှ ၇.၁၂.၂ဝဝ၉ နေ့ ထီးလာဒို မှာ ခမရ ၂ဝ၃ က နှစ်ကောက်ကို ဘဝပြောင်းပေးလိုက်ပါတယ်။
၈.၁၂.၂ဝဝ၉ နေ့မှာတော့ ခမရ ၂ဝ၄ က တစ်ယောက် ဒါဏ်ရာရသွားပြီး ၁၃.၁၂.၂ဝဝ၉ နေ့မှာတော့ DKBA တစ်ယောက် ဒဏ်ရာရသွားပါတယ်။
Summary
Rest of your post
No comments:
Post a Comment