မှတ်ချက်..
သန်းရွှေကို ဘယ်သူ အဖက်လုပ် သူ့ မျက်နှာပုပ်ကြီးကို ကျော်ငြာပါလိမ့်မလည်း။ ခွေးဘီလူးတောင် အဘအော်..ကြောက်လို့ ပြေးမဲ့ ကြက်သရေမဲ့ရုပ်။
ကား ကုပ္ပဏီက သူ့ ကို သောက်ဖက်လုပ်တောင် လှည့်မကြည့်ဖူး။
သူသေ မှ ကျော်သူ့  အသုဘယာဉ်ကျော်ငြာ မှာ..
“ငရဲသွားရန် ရွေးချယ်ခြင်းခံထားရသော မြန်မာနိုင်ငံ လူယုတ်မာ နအဖခေါင်းဆောင် သန်းရွှေ အယုတ်တမာကောင် အတွက် ရည်ရွယ်သည်” ဟူသော နောက်ခံအသံပါ စာတမ်းကျနော်ထိုးပေးမယ်ဗျာ။
ကိုကျော်သူရေ...မေတ္တာရိ ကူညီမယ်ဗျို့  ပိုက်ပိုက်ပေးရန်မလို..
ဝီရ/ ၉ ဒီဇင်ဘာ ၂၀၀၉
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထောက်ခံအားပေးသည့် အနေဖြင့် Facebook အဖွဲ့ဝင်တို့၏ ကိုယ်ရေးဓာတ်ပုံအစား ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ မနက်ဖြန်တွင် အလိုအလျောက် အစားထိုးပေးမည်ဖြစ်၍ ပါဝင်ဆင်နွှဲကြရန် အမေရိကန်ကားကုမ္ပဏီ chrysler က ၎င်းတို့၏ ဝက်ဘ်ဆိုက် စာမျက်နှာများတွင် ကြော်ငြာထားသည်။
“လွတ်လပ်ခြင်းအတွက် Facebook စာမျက်နှာတွင် သင့်မျက်နှာဖြင့် တဖက်တလမ်းမှ ပါဝင်ဆင်နွှဲကြရန်” တိုက်တွန်းထားပြီး ပါဝင်လို သူတိုင်း၏ ကိုယ်ရေးဓာတ်ပုံအား ဒေါ်အောင်ဆန်းစုကြည်အတွက် အရင် လှူဒါန်းရ မည်ဖြစ်ပြီး ယနေ့အထိ ပါဝင်ဆင်နွှဲသူပေါင်း (၁,၁၀၀) ကျော်ရှိပြီဖြစ်သည်။
ဆင်နွှဲလိုသူများအနေဖြင့် http://www.yourfaceforfreedom.org/ (သို့မဟုတ်) http://www.chrysler.com/en/ စာမျက်နှာမှတဆင့် ဝင်ရောက်နိုင်ပြီး ပါဝင်လှူဒါန်းသူတို့၏ ဓာတ်ပုံကိုလည်း အဖြူအမဲပုံအဖြစ် အရောင်ပြောင်းလဲ ပေးမည်ဖြစ်ပြီး မိမိအမည်နှင့်တကွ ထိုဝက်ဘ် ဆိုက်တွင် ဖော်ပြပေးမည် ဖြစ်သည်။
အမေရိကန် Chryler ကားကုမ္ပဏီသည် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုထားသည့် ၎င်းတို့၏ကားကြော်ငြာ ကို ပြီးခဲ့သည့် ကြာသပ တေးနေ့က စတင်ပြသခဲ့ပြီး youtube စာမျက်နှာများတွင် ပြသထားသည့် အဆိုပါ ကြော်ငြာ အား တပတ်အတွင်း လာရောက်ကြည့်ရှုသူ ပေါင်း (၁၃,၀၀၀) ကျော် ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရည်စူး၍ ပြသထားသည့် Chrysler 300 Sedan ကား ကြော် ငြာသည် လွန်ခဲ့သည့် နိုဝင်ဘာ (၁၀-၁၁) ရက်များက ဘာလင်တွင် ကျင်းပပြီးစီးသွားသည့် (၁၀) ကြိမ် မြောက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် နိုဘယ်လ်ဆုရှင်များကို အခြေခံ ထား ပြီး မိမိတိုင်းပြည်တွင် အကျဉ်းကျနေသည့် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်လာနိုင်ခြင်း မရှိကြောင်းကို သရုပ်ပြထားသည်။
အဆိုပါကြော်ငြာတွင် နိုဘယ်လ်ဆုရှင်များဖြစ်သည့် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား၊ ပိုလန် သမ္မတဟောင်း Lech Walesa ၊ ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခေးလ် ဂေါ်ဘာချော့နှင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှ မိုဟာမက် ယူနွတ်တို့က ဆွေးနွေးပွဲသို့ Chrysler ကားနက်များဖြင့် တယောက်ပြီးတယောက် ရောက်ရှိလာပြီးနောက် Chrysler ကားအဖြူရောင်တစီးက ဘာလင်တံတိုင်းကို ဖောက်ကာ အုတ်နံရံများက ဂျိုးဖြူအဖြစ် ပြောင်းလဲသွားကြပြီး ခန်းမရှေ့သို့ ရပ်နားကာ တံခါးဖွင့်လိုက်ချိန်တွင် နောက်ခန်း၌ စီးသူမဲ့နေ သည်ကို ပြသထားပြီး “ရွေးချယ်ခြင်းခံထားရသော မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်ရွယ်သည်” ဟူသော နောက်ခံအသံပါ စာတမ်းဖြင့် အဆုံးသတ်ထားသည်။ http://www.khitpyaing.org/news/Dec09/091209a.php
No comments:
Post a Comment