
မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ လှုပ်ရှားမှုအဖြစ် ဗြိတိသျှအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ တရားဝင် အင်တာနက်စာမျက်နှာပေါ်မှာ ထင်ရှားတဲ့ မြန်မာနိုင်ငံရေး အကျဉ်းသားတွေရဲ့ ဓာတ်ပုံတွေနဲ့ သူတို့အကြောင်း မှတ်တမ်းအကျဉ်းကို စတင်ဖော်ပြနေပါတယ်။
ပထမဆုံးအနေနဲ့ မြန်မာအစိုးရက နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ထားတဲ့၊ အရှင်ဂမ္ဘီရ၊ မစုစုနွေး၊ မမီးမီး၊ ကိုမင်းကိုနိုင်၊ ကိုဇာဂနာတို့ရဲ့ ဓာတ်ပုံတွေကို မနေ့ကစတင်ပြီး အဲဒီအင်တာနက် စာမျက်နှာပေါ်မှာ တွေ့ရပါတယ်။
ဒီလှုပ်ရှားမှုကို ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်အတူ၊ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ Burma Campaign UK နဲ့ Human Right Watch အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပြီး၊ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အကြောင်းကို ဆက်တိုက် ဖော်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။
BBC Burmese
http://cmsmdy.blogspot.com/2009/12/sharing_12.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+cmsmdy+%28CMS%27s+WEB+DIARY%29
No comments:
Post a Comment