Tuesday, December 29, 2009

ကောင်မလေးတွေသာ ချွတ်တာမဟုတ်ဖူး..သူတို့ လည်း ကျွတ်ကုန်ပြီ..



အင်္ကျီမပါဘဲ မန္တလေးမှာ ဖျော်ဖြေခဲ့တဲ့ ထွန်းထွန်း2009/12/29

ဒီဇင်ဘာလ ၁၃ ရက်နေ့က မန္တလေး ဆီဒိုးနားဟိုတယ်မှာ KOSE အလှကုန်က ကျင်းပပေးခဲ့တဲ့ Nice to Meet You ဖျော်ဖြေပွဲမှာ ပါဝင် ခဲ့တဲ့ အဆိုတော် ထွန်းထွန်း Exmaplz ရဲ့ အင်္ကျီမ၀တ် ဖျော်ဖြေခဲ့တဲ့ ဖျော်ဖြေမှု စတိုင် အသစ်တဲ့ဗျား။ ဒီပွဲမှာ သဇင်၊ ယုန်လေး၊ ဂျောက်ဂျက် နှင့် အေသင်ချိုဆွေ တို့ပါ ဖျော်ဖြေ ခဲ့ကြပါတယ်။ ထွန်းထွန်းရဲ့ အပေါ်ပိုင်း ကိုယ်တုံးလုံး ဖျော်ဖြေမှု စတိုင်အသစ် ကို ပရိသတ်ကြီးကြည့်ရင်။ ဒါဟာထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတော်ကြီးရှိမြန်မာလူမျိုးနဲ့ဘာသာယဉ်ကျေးမှုတွေကိုဖျက်ဆီးမှူကြီးတစ်ခုပါပဲ၊
ယနေ့ခေတ်ရေစီးကြောင်းက တော့ အတော်ရင်လေးစရာပါဘဲဗျာ။

ဖျော်ဖြေနေစဉ်မှာလည်းတက်ရောက်လာသောလူကြီးလူကောင်း တွေကိုဂရုမစိုက်ရကောင်းမှန်မသိတဲ့ ယနေ့ခေတ်အဆိုတော်တွေကို မြန်မာနိုင်ငံရှိအနုပညာလောကအသိုင်းအ၀ိုင်းမှလည်းးဒီလိုဘဲလက်ပိုက်ကြည့်မနေသင့်ပါ၊ န အ ဖ လက်ထက်မှာ ခေတ်ပျက်, အကျင့် ပျက်နဲ့, ပျက်ဆီးနေပြီးဆိုတာ ကိုတော့ န အ ဖ စစ်ဗိုလ်ချုပ်ကြီးတွေဒီအတိုင်းဘဲ ကြည်နေကြတော့မှာလား?။ ဒါကြောင့် ဟိရီ,သြတ္တပ ဆိုတဲ့ တရားနဲ့ ကိုယ်လူမျိုး,ကိုယ့်ဘာသာ,ကိုယ့်အသိုင်းအ၀ိုင်းပတ်ဝန်းကျင်ကိုယ့်ယဉ်ကျေးမှုတွေကို ယနေခေတ် အဆိုတော် တွေအား လုံး လေးစားဖို့ သင့်ကြောင်း ရေးသားတင်ပြရင်း ယနေ့ခေတ်ကမ္ဘာကြီးဟာလည်း ရွာကြီးသဖွယ်ဖြစ်နေပြီဖြစ် သောကြောင့် ပြည်တွင်း ပြည်ပမှ အမိမြန်မာပြည် လွတ်မြောက်ရေး တိုက်ပွဲဝင်နေကြကုန်သော မီဒီယာများသို့ သိစေရန် ရေးသားတင်ပြလိုက်ပါတယ် ခင်ဗျား …………..

အီးမေးကရပါတယ်..

No comments:

Post a Comment