



၅.၁၂.၂၀၀၉ မြောက်ဒဂုံ ၄၉ ရပ်ကွက် ဘုရင့်နောင်လမ်း အိမ်အမှတ် ၁၃၀၈ တွင် အင်္ဂါမိသားစုမှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဘုန်းကြီး ငါးပါး ဆွမ်းဆက်ကပ်ခဲ့ပါသည်။
ဤ အခန်းအနားတွင် ဒေါ်စု အပါအ၀င် နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ဖို့ ဆုတောင်းပွဲ ပြုလုပ်၍ အစီအစဉ် (၇)ရပ်နဲ့ကျင်းပခဲ့ပြီး
ဦးဝင်းတင် ဦးအုန်းမောင် သခင်ဖေသန်း ဦးချို ဖျာပုံနီလုံဦး အစရှိသော ထင်ရှားသူများ အပြင် အခြား အင်အားစုတွေလည်းတက်ရောက်ခဲ့ပါသည်။
ကျင်းပချိန် မနက် ၉ နာရီကနေ ၁၂ နာရီ အတွင်း အစီအစဉ်တွေကတော့
ဘုန်းကြီးဆွမ်းကပ်ခြင်း။ ကဗျာရွတ်ဆိုခြင်း ။ ဦးဝင်းတင် နှင့် ဦးအုန်းမောင်တို့ မှ သြ၀ါဒ စကားပြောတာ ထောင်အတွေ့အကြုံပြောကြားခြင်း တက်ရောက်တဲ့ လူတွေကို ကျေးဇူးတင်စကားပြောကြားခြင်းစသော အစီအစဉ်များပါဝင်ပါသည်။
အကြွေးအမွေးမှာ ထမင်း၊ ချဉ်ရေဟင်း၊ ငါးသလောက်ပေါင်း ငါးပိချက် နှင့် သရက်ချဉ်သုတ်တို့ ဖြစ်ပြီး.
။အိမ်ရှေ့နဲ့ အိမ် မရောက်ခင် ဖိတ်ကြားမခံရသော SB နဲ့ ကြံဖွတ်များ.ငသလောက်ပေါင်းအကျန် ရလိုရညားဖြင့် လမ်းမှာ ဓာတ်ပုံရိုက်
သတင်းယူနေသူ အများကြီးရှိကြောင်း သတင်းကြားသိရပါတယ်ခင်ဗျား
No comments:
Post a Comment