၂၀၀၉ဒီဇင်ဘာလ၂၁ရက်။ ။
ယနေ့မွန်းလွဲ၃နာရီမှ၎နာရီအချိန်ဂျပန်နိုင်ငံတိုကျိုမြို့ရှီနာဂါဝါမြို့နယ် နအဖအခွန်ရုံးရှေ့တွင် ၇၁နှစ်မြောက် ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ
ဖမ်းဆီးထိမ်းသိမ်းထားခြင်း၂၈လမြောက် လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ ကျင်းပခဲ့ပါသည်။ဤပွဲကို ဂျပန်နိုင်ငံရောက်မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ပူးပေါင်းကျင်းပခဲ့ ကြောင်းသိရှိရပါသည်။အခမ်းအနားမှူးအဖြစ်ကိုမြတ်သူ(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)မှဆောင်ရွက်ခဲ့ပါသည်။ကိုထွန်းငြိမ်း -အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ``မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီ အင်္ဂလိပ်နယ်ချဲ့လက်အောက်ကျရောက်စဉ်အခါက ရေနံမြေအလုပ်သမားသပိတ်မှ စတင်ကာ မကွေးမြို့မှ ရန်ကုန်မြို့အထိ ကျောင်းသားများပါဝင်ဆန္ဒပြခဲ့ ရာမှ တက္ကသိုလ်ကျောင်းသား ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရပုံ ကိုရှင်းလင်း ပြောကြားခဲ့ပါသည်။
ကိုသက်လင်း(အဟာရစာစောင်) ၊ ကိုရဲငြိမ်း (အလင်းအိမ်မဂ္ဂဇင်း) ၊ကိုဖုန်းမြင့်ထွန်း (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်သားများသမဂ္ဂ)တို့ ကလည်း ဗိုလ်အောင်ကျော်နှင့် ကျောင်းသားသပိတ် အကြောင်းရေးသားထားသောကဗျာ ဖတ်ကြားခြင်း အပြင် မြန်မာပြည်တွင် ပထမဦးဆုံး ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ်နှင့် အာဇာနည် ဗိုလ်အောင်ကျော် ၏ အကြောင်းအရာအကျဉ်းချုပ်တို့ကို ရှင်းပြပေးခဲ့ကြပါသည်။၎နာရီ ကျော် တွင် ဒီမိုကရေစီအရေး တောင်းဆိုချက်များကို သံပြိုင်ရွတ်ဆို၍ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ ပါသည်။အခမ်းအနားတက်ရောက်သူအင်အား ၉၀ခန့်ရှိကြောင်းသိရှိရပါသည်။ဒီဇင်ဘာ၂၅ရက်အထိ နအဖအခွန်ရုံးရှေ့တွင် ပုံမှန်ဆန္ဒပြ
ပွဲများရှိပါမည်။၃၀ရက်နေ့ ဒီပဲယင်းအထိမ်းအမှတ်ဆန္ဒပြပွဲလဲရှိမည်ဖြစ်ပြီး ၂၀၁၀ဇန္ဓဝါရီလ၁၁ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်ဦးနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးဆန္ဒပြချီတက်ပွဲ ကို EBISU ပန်းခြံမှစတင်ထွက်ခွာရန် စီစဉ်ထားကြောင်း သိရှိရပြီး အသေးစိတ်အစီအစဉ် ဆက်လက်ကြေငြာပါမည် ဟုသိရပါသည်။
soe aung winအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ သတင်းနှင့်ပြန်ကြားရေး
No comments:
Post a Comment