ကမ္ဘာကျော် တိုင်းမ် (TIME) မဂ္ဂဇင်းက ယခုနှစ်အတွက် ရွေးချယ်လိုက်သည့် “လျှပ်တပြက် နာမည်ကြီးသူ” ဆယ်ဦးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခြံသို့ လျှို့ဝှက် သွားရောက်ခဲ့သူ မစ္စတာ ဂျွန် ဝီလျံ ယက်ထော ပါဝင်နေသည်။
[အင်းလျားကန် ရေကူးသမား ဂျွန် ဝီလျံ ယက်ထော (ဓာတ်ပုံ - AFP)]ယခုနှစ် မေလက မစ္စတာ ယက်ထော ထိုသို့ စွန့်စား သွားရောက်ခဲ့ခြင်း နှင့် နောက်ဆက်တွဲ သတင်းများကို နိုင်ငံတကာ စာနယ်ဇင်းများတွင် ဖော်ပြခဲ့ကြသည်။
“ဖိတ်ခေါ်ထားခြင်းမရှိသည့် သူ့ကို နေအိမ်တွင် ရက်အနည်းငယ် နေထိုင်ခွင့်ပြုခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ်အကျယ်ချုပ် သက်တမ်း ၁၈ လ ထပ်မံ တိုးမြှင့်ခံလိုက်ရသည်” ဟု တိုင်းမ်မဂ္ဂဇင်းက ဒီဇင်ဘာ ၈ ရက်နေ့တွင် ရေးသားထားသည်။
ထိုဖြစ်ရပ်ကြောင့် မစ္စတာ ယက်ထောသည် “နိုင်ငံတကာက ဝိုင်းဝန်း အထင်သေးကြသည့်၊ ထင်ကြေးပေး သုံးသပ်ကြသည့် ပုဂ္ဂိုလ်တဦး” ဖြစ်လာသည်ဟု မဂ္ဂဇင်းက ဆိုသည်။
အာဏာပိုင်တို့က တားမြစ်နယ်မြေသို့ သွားရောက်ခဲ့သော သူ့ကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သည်။ ၃ လကြာ ထိန်းသိမ်းခံရအပြီးတွင် မစ္စတာ ယက်ထော ပြန်လည် လွတ်မြောက်သွားသည်။ ဗိုလ်ချုပ်ကြီးများက နေပြည်တော်သို့ လာရောက်ခဲ့သော အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်၏ အပြန်ခရီးတွင် မစ္စတာ ယက်ထောကို ထည့်ပေးလိုက်ခြင်း ဖြစ်သည်။
“သူက ကူညီဖို့ ကြိုးစားခဲ့တာပါ။ သူက ကောက်ကျစ် စဉ်းလဲတဲ့ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး” ဟု အထက်လွှတ်တော်အမတ်က မစ္စတာ ယက်ထော၏ “နောင်တရဖွယ်” စွန့်စားမှုကို ကာကွယ် ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသို့ ပြန်ရောက်သွားသည့် မစ္စတာ ယက်ထောသည် သတင်းထောက်များနှင့် တွေ့ဆုံရာ တွင် “(ဒေါ်အောင်ဆန်းစုကြည်ရဲ့) အသက်ကို ကယ်ဖို့အတွက် ကျနော် အကြိမ် ၁ဝဝ ထပ်ပြီး စွန့်စားပါဦးမယ်” ဟု ပြောလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရဖွယ်ရှိသည်ဟု သူ၏ အာရုံတွင် ပေါ်လာသဖြင့် ကူညီ ကယ်တင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း မစ္စတာ ယက်ထောက တရားရုံးတွင် အမှုရင်ဆိုင်ရစဉ် ကာလအတွင်း ထွက်ဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် တိုင်းမ် မဂ္ဂဇင်းက ယခုနှစ်အတွက် ရွေးချယ်လိုက်သည့် “လျှပ်တပြက် နာမည်ကြီးသူ” ဆယ်ဦးတွင် အဆိုတော် မိုက်ကယ်ဂျက်ဆင်၏ သံသယဖြစ်ဖွယ် သေဆုံးမှုနှင့် ပတ်သက် နေသည့် ဆရာဝန် မစ္စတာ ကွန်ရက် မာရေ လည်း ပါဝင်သည်။ ထို့အပြင် မကြာသေးမီက ပြုလုပ်ခဲ့သည့် သမ္မတ အိုဘားမား၏ နိုင်ငံတော် အဆင့် ညစာစားပွဲကြီးသို့ မဖိတ်ခေါ်ဘဲ သွားရောက်နိုင်ခဲ့သူ ဗာဂျီးနီးယားပြည်နယ်မှ မစ္စတာ ထာရိခ် နှင့် မစ္စ မီရှဲလ်ဆာလာဟီတို့ ဇနီးမောင်နှံလည်း ပါဝင်သည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2293:2009-12-17-06-07-44&catid=1:news&Itemid=2
Top 10 Fleeting Celebrities
1. Octomom
2. Susan Boyle
3. Miss California
4. Orly Taitz
5. Dr. Conrad Murray
6. Stephanie Birkitt
7. The White House Gate Crashers
8. John Yettaw
9. Tiger Woods' Alleged Mistress
10. Edgar (Patient Zero) Hernandez
Read more: http://www.time.com/time/specials/packages/completelist/0,29569,1945379,00.html#ixzz0Zxqt5YyI
No comments:
Post a Comment