အမေရိကန်နိင်ငံမှာ Stem Cell (ဇီဝမူလဆဲ ) ကို သုတေသနမလုပ်ဖို့  ဥပဒေနဲ ပိတ်ပင်ထားတာကြာပါပြီ။ သမတဂျော့ဘုရှ် လက်ထက် မှာလည်း ၂၀၀၁ခုနစ်သြဂုတ်လ ၁ရက်နေ့ ကစပြီးဒီသုတေသနလုပ်ငန်းကို မလုပ်ဖို့  ဥပဒေနဲ့ တားမြစ်ခဲ့ပါတယ်။
အခု သမတ အိုဘားမားက တော့ StemCellကိုသုတေ သနပြုလုပ်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ဒီသတင်းကို နိင်ငံတကာ မီဒီယာ တွေမှာအရေးတကြီးဖေါ်ပြ လာကြပါတယ်။
Stem Cell ဆိုတာကတော့ မိခင်ဝမ်းထဲမှာ အမိမျိုးဥနဲ့ အဖ မျိုးပိုးတို့ တွေ့ ဆုံပြီးနောက် ပထမဆုံးဖြစ်လာ တဲ့ဆဲလ်ဖြစ်ပါတယ်။ ဒီဆဲလ်က နေ တခြားအင်္ဂါအစိတ်အပိုင်းဖြစ်စေနိင်တဲ့ဆဲလ်တွေ ထပ်မံပွားလာတာဖြစ်ပါတယ်။
ဒီဆဲလ်ကို ပြုလုပ်နိင်ရင် ဆိုးဝါးလှတဲ့ရောဂါတွေကို ကုသလာနိင်မယ်လို့ သုတေသနပညာရှင်တွေက ယုံ ကြည်ကြပါတယ်။
ဒီဆဲလ်တွေ ကိုကိုယ်ဝန်ဖျက်ချတဲ့အခါမှာ သန္ဒေသားကနေ ရယူနိင်သလို မိခင်နဲ့ ဖခင် မျိုးဥနဲ ပိုးကိုအပြင်မှာဖန်ပြွန်ကနေ
မွေးမြူပြီးတော့လည်းရယူနိင်ပါတယ်။
အမေရိကန်မှာ ခရစ်ယန် ကွန်ဆာဗေးတစ်များက ဒီသုတေနသပြုချက် ကိုတလျောက်လုံးကန့်ကွက်ခဲ့ကြပါတယ်။ ကန့် ကွက်ကြတဲ့ အကြောင်းကတော့ StemCellဟာအသက်ရှိနေပြီဆိုတဲ့ အကြောင်းပြချက်ကြောင့်ဖြစ်ပါတယ်။အသက်ရှိနေပြီ ၊မရှိနေသေးဘူး ဆိုတာအငြင်းပွားနေတဲ့အချက်ဖြစ်ပါတယ်။
No comments:
Post a Comment