အောက်တိုဘာ ၁၃ ရက်၊ ၂၀၀၉
တပ်မဟာ (၃) ညောင်လေးပင်ခရိုင်
် ကျေက်ကြီးမြို့နယ် ၄/၉/၀၉ ရက်တွင် နအဖ တပ် ခလရ (၆၀/၃၀) နှင့် ခလရ (၃၅၁) တို့ပူးပေါင်းပြီး
မှော်ဘီခီး ကိုတက်လာကာ သေ့ဂေါဒဲ ရွာသားများဖြစ်သော စောစိုးနိုင်၊ မောင်နဲ၊ ၀င်းနိုင်၊ စောလေးဝါး
စောတင်အေးတို့ကို လမ်းပြပို့ဆောင်ခိုင်းပြီးမှိုင်းရျင်းခိုင်းပါသည်။ ၄င်းနောက် စောစိုးနိုင်ထံမှ ၀က်သား
(၃) ပိသာတောင်းစားပြီး မှော်ဘီခီး နှင့် သေ့ဂေါဒဲ ရွာထံမှ စုစုပေါင်းငွေ (၄၅၀ ၀၀၀) ကျပ်ကို အတင်း
အဓမ္မတောင်းယူသွားပါသည်။
( စစ်တက္ကသိုလ်မှာ မှိုင်းရှာနည်း နဲ့ Navigation ကိုမသင်ပေးလိုက်ဘဲနဲ့ တောင်းစားနည်းကိုသင်ပေး
လိုက်တယ်နော်)
၁၁/၉/၀၉ ရက်တွင် မူသဲတွင်ရှိသော နအဖ တပ် ခမရ (၅၀၄) သည် ရွာသားများကို မြို့တက်ပြီး
ဈေးဝယ်ခွင့်ကို ပိတ်ပင်ထားသည်။
၁၁/၉/၀၉- နအဖ တပ် ခလရ (၃၅၁)၊ ခလရ (၆၀/၃၀) စက်လဲ၊ ကျွဲကျည် နှင့် ပေတူး ရွာ များတွင်
တစ်ရွာလျှင် ငွေ (၁၀၀ ၀၀၀) ကျပ်ဆီတောင်းစားခဲ့။ ကျောက်ကြီးမြို့နယ်ရှိ နအဖ ရဲ (ပြည်သူ့ရဲမ
ဟုတ်ရပါ) များသည် မှော်ဘီခီး/ သေ့ဂေါဒဲ ရွာမှ တစ်အိမ်လျှင် ငွေ (၁၆ ၀၀၀) ကျပ်ဆီတောင်းစား၊
ရဲစခန်းစောင့်ရန် ရွားသားတွေကို တစ်လ (၁၀ ၀၀၀) ကျပ်ပေးမည်ဆိုပြီး ပြန် ငှါး။
(သူတောင်းစားညီလာခံကြနေတာဘဲ)
မုန်းမြို့နယ်၊ တပ်ရင်း (၈)၊ ၇/၁၀/၀၉- တွင် ညာမူခီးရွာသို့ ခမရ (၅၉၉)၊ ခလရ (၆၀/၃၀/၇၃/၃၉)
တို့ ၁၇း၀၀ တွင်ဝင်ရောက်ပြီး လူမရှိသော လယ်တဲကို ဘိုဖာ ဖြင့်ပစ်ခတ်သွား၊ အထိအခိုက်မရှိ။
( အဲဒါအကြံအဖန်လို့ခေါ်တယ်၊ ပြီးရင် ကကကြည်းစစ်ရုံးချုပ်ကို သတင်းပို့မှာက ဇင်ရော်မှ လဒ
ဇင်ရော်မှ လဒ xxxx တွင်ရန်သူနှင့်ရင်ဆိုင်တိုက်ပွဲဖြင့်၊မိမိဖက်မှ အထိအခိုက်မရှိ၊ တိုက်ပွဲအတွင်း
ဗိုဖာကျည် ၄၂၀ နှင့် ဗုံးသီး လေးလုံး၊ xxxx သုံးခဲ့)
၇/၁၀/၀၉ နေ့တွင်၎င်း နအဖ တပ်ဖွဲ့သည် တယ်နာထာ ရွာသို့ဝင်ရောက်ပြီး ရွာသူရွာသားပိုင်
ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့။
၇/၁၀/၀၉ နေ့တွင်၎င်း နအဖ တပ်ဖွဲ့သည် ကျောက်ပွေထ တွင်ညအိပ်စဉ် နွားလေးခို၊ မြစ်ဆုံ၊
စိုဖိုးထာ ကျေးရွာအုပ်စုများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်။
(ရပ်ရွာအေးချမ်းသာယာရေးနှင့် စည်ပင်ဝပြောရေးတွက်ဆောင်ရွက်ခြင်းဖြစ်)
တပ်မဟာ (၆) ဒူးပလာယာခရိုင်
၆/၁၀/၀၉- တပ်ရင်း (၁၈) ဂွင်တွင် တပ်ရင်းမှုး မိုးမင်းသိန်း ဦးဆောင်သော ခမရ (၃၅၆)
သည် ရွာသားများကို ရဲတခွန်ထိ အထုတ်ထမ်းပို့ရန် အတင်းအဓမ္မစေခိုင်းခဲ့။ ရွာသားများ
မှာ အုန်းတောရွာမှ (၁၇)ရောက် နှင့် ဖါးယာရွာမှ (၂၁) ရောက်။
၇/၁၀/၀၉-၁၀း၃၀ တွင် စောကဲဦးဆောင်သော တပ်ရင်း (၁၇) သည် ကျော်နိုင်ဦး ခေါင်း
ဆောင်သော ခလရ (၂၄) ကို လေးဝါဆူ နှင့် လေးလော်စော ကြားတွင် ပစ်ခတ်ခဲ့၊ ရန်သူ
ဖက်မှ (၂) ဦးသေ။
ကော့ကရိတ်မြို့နယ် ၇/၁၀/၀၉- မောင်ညိုရွှေဦးဆောင်သော DKBA 904 ပိန္နဲတော ရွာ
သို့ဝင်၍ တန်ဖိုး (၁၀၀၀၀) ရှိ ဆိတ်တစ်ကောင်ကို ပစ်ခတ်ယူစား။
( DKBA က ဘာသာရေးကိုင်းရှိုင်းပြီး သက်သတ်လွှတ်စားတယ်ဆို၊ ဖုန်းကြီးတွက်ပစ်တယ်မပြောနဲ့နော်)
၇/၁၀/၀၉ အကျုတွင်နေသော်ဘီးကြီးဦးဆောင်သည့် DKBA 904 သည် DKBA နေ့အတွက်နယ်စပ်/ လော်ပါ
နှင့် အကျု ရွာများသို့ အတင်းအဓမ္မငွေတောင်း၊ မပေးနိုင်ပါက ရွာသူကြီးကိုသတ်မည်ဟုခြိမ်းခြောက်။ တရက်ထဲ ၄င်းတပ်ရင်းမှ
မောင်ညိုရွှေ ဦးဆောင်ဖွဲ့သည် လာအေးနော်ရွာမှ သစ်စက်ပိုင်ရှင် မောင်ဝင်းထံမှ ငွေကျပ် (၁၀၀ ၀၀၀) ကိုတောင်းယူသွား။
၁၁/၁၀/၀၉- ဖါးထောဦးဆောင်သော DKBA 908 သည် ခူဒေါ ရွာသား စောဒီပေါ် ၏ တဲကိုမီးရှို့သွား၊
တပ်ရင်း (၂၀၁)
၁၁/၁၀/၀၉- မယ်ပေါမူကြိုးတွင်နေသော DKBA 901 မှ တပ်သားစောခဲအူး အသက် (၁၆) နှစ်သည်
KNU တပ်ကိုပြန်လာပူးပေါင်း၊ လက်နက်မပါ။
တပ်မဟာ (၇) ဖားအံ ခရိုင်
် ၉/၁၀/၀၉- DKBA 999 တပ်ရင်း (၅)မှ တပ်သားများဖြစ်သော (၁) အအေး အသက် (၂၀) နှစ်(၂) ချစ်လို
အသက် (၁၇) နှစ်(၃) အကျော် အသက် ( ၁၆) နှစ် တို့သည် KNU ဖက်သို့လာရောက်အလင်းဝင်။
၁၀/၁၀/၀၉- ၁၀း၃၀ ချိန် နော်တ တွင် DKBA (၁) ဦးကို ပစ်ခတ်ဒဏ်ရာရစေခဲ့။၁၂/၁၀/၀၉- ၁၆း၃၀ ချိန်
ဆိုးထ တွင် DKBA (၁) ဦးကို ပစ်ခတ်ဒဏ်ရာရစေခဲ့။
၁၃/၁၀/၀၉- DKBA 999 တပ်ရင်း(၅) တပ်စိတ် (၄) မှ (၁၀) ဦး KNU ထံသို့
အောက်ပါလက်နက်များနှင့်အတူ လာရောက်အလင်းဝင်။
(၁) AR (၅) လက
် (၂) AK (၂) လက်
(၃) AK စက်လတ် (၁) လက
် (၄) M 79 (၁) လက်
(၅) ကာဘိုင် (၁) လက်
(၆) RPG (၂) လက်
(၇) 9-mm (၁) လက်
(၈) ဆက်သွယ်ရေးဆက် (၂) လုံး၊ Equipment (၁၀) စုံ
လာရောက်ပူးပေါင်းသည့်နံမည်စာရင်းများမှာ-
(၁) ဗိုလ် စောဆာဖိုး (၃၀) နှစ်
(၂) ဒုဗိုလ် စောဆာဟဲ (၂၈)နှစ်
(၃) ဒုဗိုလ်စော စိုးညင်း (၂၄) နှစ
် (၄) တပ်ကြပ်ကြီး စောအယ်ဆူး (၂၇) နှစ်
(၅) တပ်သား လားထူး (၂၅) နှစ
် (၆) တပ်သား မဲကိုး (၁၈) နှစ်
(၇) တပ်သား လှထွန်း (၂၇) နှစ
် (၈) တပ်သား ဒီယိုး (၂၅) နှစ
် (၉) တပ်သား သန်းအောင် (၂၅) နှစ်
(၁၀) တပ်သား စောသန်းလှ (၂၆) နှစ်
မှတ်ချက်၊ KNU ရုံးမှ သတင်းထုတ်ပြန်ချက် ကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။
အနီရောင်စာလုံးသည် ဘာသာပြန်သူ၏အာဘော်ဖြစ်ပါသည်။
No comments:
Post a Comment