
21/10/2009
လာမည့် အောက်တိုဘာ (၂၃) ရက်၌ စတင်ကျင်းပမည့် (၁၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ နှင့် အာဆီယံဒေသတွင်း လူထုအခြေပြု အဖွဲ့အစည်းကိုယ်စားလှယ်တို့ တွေ့ဆုံပွဲသို့ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် တက်ရောက် ရန် မြန်မာအတိုက်အခံတဦးကို ရွေးချယ်လိုက်သည်။
ယမန်နေ့က ပြီးဆုံးသွားသည့် အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းများ ညီလာခံတွင် နိုင်ငံ့ကိုယ်စားပြု လူထုကိုယ်စားလှယ်အဖြစ် အာရှပစိဖိတ်ဒေသဆိုင်ရာ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့မှ အဖွဲ့ဝင် ဒေါ်ခင်ဥမ္မာအား ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကြီးမှူး သည့် အာဆီယံ ဦးဆောင်ကော်မတီက ဒုတိယအကြိမ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ဒေါ်ခင်ဥမ္မာက “အခု ရွေးချယ်တာက ဒေသတွင်းမှာသာမက နိုင်ငံတကာနဲ့ သတင်းဌာနတွေမှာလည်း အခြေခံပြည်သူလူထု ကိုယ်စား အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို တင်ပြနိုင်မယ့်သူကို ရွေးတာဖြစ်တယ်။ ဒါကြောင့် ပြည်တွင်းက လူတွေက စစ်အစိုးရကို ထောက်ပြပြောဆိုရမယ့် ဒီလိုဆွေးနွေးမှုတွေအတွက် အခက်အခဲအမျိုးမျိုးရှိနေတာကြောင့် ကျမကို ပြန်ရွေးတာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
No comments:
Post a Comment