Thursday, October 29, 2009

အော်..မရှိလည်း မနေရ..

Summary
မန္တလေးမြို့တွင်ဘုရားပွဲကြေးအတွက်ဘုရားလူကြီးများမှအလှူငွေများကိုအတင်းဓမ္မလိုက်လံကောက်ခံခြင်း။
10.29.2009

မန္တလေးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရပ်ကွက်ဘုရားပွဲများအတွက် သက်ဆိုင်ရာ ရပ်ကွက်သူ၊ ရပ်ကွက်သားများမှ စေတနာ ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းကြမြဲဖြစ်ပါသည်။ သို့သော် ယခုနှစ်တွင် ကုန်ဈေးနှုန်းမြင့်မားခြင်း၊ စီးပွါးရေးကျပ်တည်းခြင်းတို့ကြာင့် ရပ်ကွပ်သူ၊ ရပ်ကွပ်သားတိုင်းလိုလိုမှာ ယခင်နှစ်များကဲ့သို့ အလှူအတန်းပြုလုပ်ရန် အအခက်ခဲများ ရှိနေပေသည်။

သို့ရာတွင် ပြည်သူလူထု၏ အခက်အခဲကို မစာနာ၊ မထောက်ထားဘဲ မန္တလေးမြို့၊ ပြည်လုံးချမ်းသာရပ်ကွက်ရှိ၊ အရာတော်ဝင်း ဘုရားပွဲ အတွက် အကွက်(၅၇)မှဘုရားလူကြီးများသည် အလှူငွေများကိုအိမ်တိုင်းစေ့ မထည့်မနေရစနစ်ဖြင့် လိုက်လံကောက်ခံ လျက်ရှိသည်။ အဆိုပါရပ်ကွပ်သူတဦးက 'ကျနော်တို့ရပ်ကွက်မှာအရင်ကဒီလိုမဟုတ်ဘူးဗျ....အရင်ကဆို ကိုယ့်စေတနာ၊ သဒ္ဓါတရား အလျောက် ထည့်ရတာ။ မဖြစ်မနေ သဘောမျိုးဆိုရင်လည်း ထည့်ရတာနည်းတယ်..အခုဟာကအဲ့ဒီလိုမဟုတ်ဘူးဗျ...တစ်အိမ်ကိုဝေယာဝစ္စကြေး(၄၀၀၀)ကျပ်ထည့်ရတယ်..အဲ့ဒါမထည့်မနေရအိမ်တိုင်းထည့်ရတာ..ဒါကဘုရားသပိတ်ဖိုးမပါသေးဘူးဗျ..အရင်နှစ်တွေက ဘုရားဝေယာဝစ္စကြေးက(၁၀၀၀)၊သပိတ်ဖိုးက(၃၀၀၀)နဲ့ပြီးရော....အခုဟာကသူတို့ဝေယျာဝစ္စကြေးကြီးဘဲ ကိုကျနော်တို့ကပေးရတာ...မဖြစ်သင့်ဘူးလေဗျာ...လူအများစားဝတ်နေရေးကျပ်တည်းနေတဲ့အချိန်မှာ ဒီလိုအတင်းဓမ္မကောက်ခံတာဘယ်ကောင်းမလဲဗျာ.... အကုန်လုံးကို ကုသိုလ်တပဲ၊ ငရဲတပိဿာ ဖြစ်အောင်လုပ်တာနဲ့ အတူတူပဲ''ဟု ဆိုပါသည်။

ရပ်ကွပ်ထဲမှ အမျိုးသမီးကြီးတဦးကလည်း ''ကျွန်မတို့ဖြင့် တခါမှ မကြားဖူး ပေါင်.....တခါတည်း(၄၀၀၀)ကျပ်မထည့်နိုင်ရင် တပတ်ကို(၁၀၀၀) ခွဲထည့်ရမယ်တဲ့ ....မကြားဖူးပါဘူး တော်''လို့ပြောဆိုနေတာကိုလည်းကြားသိခဲ့ရပါသည်။

2 comments:

  1. အဲဒီဘုရားပွဲကို ပိတ်ပြစ်လိုက်ပါ ဆက်မလုပ်တော့နဲ့  လူထုအဲဒီလောက်ကြပ်တည်းနေတာကို ဘုရားကသိပါလိမ့်မယ် ဘုရားသိသလို ဘုရားသားတော်ဖြစ်တဲ့ ရဟန်းတော်တွေကလည်း လူတွေရဲအခက်အခဲကို နားလည်တယ် သောပေါက်တယ် ဘုရားက ပွဲမလုပ်လို့ ဘာမှဖြစ်မသွားပါဘူး ကျေတောင်ကျေနပ်နေအုံးမယ်

    ReplyDelete
  2. ဘုရားကိုအကြောင်းပြုပြီးတော့ ပိုက်ဆံရှာတဲ့သူဟာ
    ပစ္စုပ္ပန်မှာလည်း မချမ်းသာနိုင်သလို သံသရာမှာလည်း မချမ်းသာနိုင်ဘူးဆိုတာကို သိစေချင်ပါတယ်

    ReplyDelete