Thursday, September 17, 2009

မိုက်ရိုင်းစော်ကားတဲ့ DJ JAY!! အများသိအောင် ဖြန့် ပေးကြပါ။ပါ။

Burmese DJ singer
ဘာသာရေးစော်ကားတာ အခု အနုပညာသမားလို့ ကိုယ့်ကိုယ့်ကိုပြောနေကြတဲ့သူတွေရဲ့ Fashion စတန့်ထွင်တာများဖြစ်နေသလားပဲ။

စတန့်ကသိပ်ထွင်လွန်းရင်မကောင်းဘူးနော်။ အတိုင်းအတာပဲကောင်းတယ်။ သူ့မိဘက ဘယ်လိုများဆုံးမထားသလဲမသိဘူး။ မိမနိုင် ဖမနိုင်ပဲလား။ ဒါမှမဟုတ် မိဘကိုယ်တိုင်ကိုက မြှောက်ပေးနေတဲ့ မိမဆုံးမ ဖမဆုံးမပဲ ဖြစ်နေလို့ပဲလား။ ကိုယ့်လုပ်ရပ်က ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်အဆင့်အတန်းကို ဖော်ပြတယ်ဆိုတာ အမှန်ပဲ။ အခုဒီကောင် ဘယ်လိုကောင်စားမျိုးလဲဆိုတာ ထင်ထင်ရှားရှားပဲ သိရပြီးပေါ့။ ဗုဒ္ဓဘာသာမွ မဟုတ္ပါဘူး။ တခြား အစ္စလမ်၊ ခရစ်ယာန်၊ ဟိန္ဒူ စတဲ့ တခြားဘာသာတွေကို စော်ကားလည်း သည်းခံစရာမဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ခံယူချက် ရှိကြတာချည်းပဲ၊ ကိုယ့်ဘာသာမဟုတ်လို့ သူများဘာသာကို စော်ကားတာမျိုးလည်း မဖြစ်သင့်ပါဘူး၊ မဖြစ်ရပါဘူး၊ ဒါလူတွေ လုပ်ရမယ့် လုပ်ရပ်မျိုးမဟုတ်ပါဘူး။ ဘယ်ဘာသာမှ မကိုးကွယ်လို့ ဘာသာမဲ့ဖြစ်နေလည်း မလုပ်သင့်တဲ့ကိစ္စပါပဲ။ မြန်မာ့အနုပညာလောကမှာ သိုးရေခြုံထားတဲ့ မြေခွေးတွေ တစ်နေ့တစ်ခြား တိုးတိုးလာတာ ၀မ်းနည်းစရာပါပဲ။ နာမည်ကျော်ရင်ပြီးရော မွေးထားတဲ့ ဖအေကို သိက္ခာချတဲ့လူမရှား၊ မိန်းကလေးအရှက်တရားကို ရောင်းစားတဲ့လူမရှား၊ ကိုယ့်အဖေအမေကိုဆဲတဲ့သူမရှား၊ ကိုယ့်ပါးစပ်ကို ဖိနပ်ဖြစ်အောင် ပေါက်ပန်းဈေး မကြားဝံ့မနာသာ လျှောက်ဆိုတဲ့ ကောင်စားမျိုးမရှား ဒီလိုငါးခုံးမလိုကောင်စားမျိုးတွေကြောင့် ကျန်တဲ့ တကယ့်အနုပညာ၊ ဂီတပညာရှင်တွေ အစစ်အမှန်တွေသိက္ခာကျရပါတယ်။ မြန်မာ့အနုပညာလောက ဂုဏ်သရေညှိုးနွမ်းရပါတယ်။ မြန်မာတွေ သိက္ခာကျပါတယ်။ ပါးစပ် ကြီးကြီးကျယ်ကျယ် အမြင့်ကြီးတွေ လျှောက်ပြောနေကြတဲ့၊ သူတို့လောက်တော်ပြီး ကြီးကျယ်ခမ်းနားတဲ့ သူမျိုးမရှိတော့သယောင် ပြောနေကြတဲ့ ဒီကောင်တွေဟာ တကယ်တမ်းတော့ စိတ်ဓာတ်က ဟိုးအ၀ီစိ ချိုးကပ်နေတဲ့ အောက်တန်းစား ဆန်ကုန်မြေလေးတွေ ပဲဖြစ်ပါတယ်။ မြန်မာလူငယ်တွေ အတုယူမှားပြီး ပေါက်လွှတ်ပဲစားတွေ ဖြစ်ကုန်မှာ စိုးရိမ်ရပါတယ်။

2 comments:

  1. ဒီလို မိမဆုံးမ ဖမဆုံးမ ကောင်မျိုးတွေ ဘာဖြစ်လို့ရှင်သန်နေရတာလဲ... သေသွားတာပဲကောင်းတယ်...

    ReplyDelete
  2. အဲဒါငရဲကိုဘယ်လမ်းကနေသွားရင်အမြန်ဆုံးရောက်
    မလဲဆိုတာလမ်းရှာနေတာ

    ReplyDelete