(ကိုဇာဂနာ ဖတ်ဖို့ ဟာသ)
ပျော်တော်ဆက် သာဂိ
ခင်ဗျားနဲ့ အဆက်ကပြတ်နေတော့ ပြက်လုံးတွေ မကြားရဘူး။ ကျုပ်တို့ဖက်ကပဲ ခင်ဗျား ရီရအောင် ပြက်လုံးတွေ လုပ်ကြံရတော့မှာပေါ့။ အခု ဒေါ်စုနဲ့ မိတ်ဆွေ ၂ ယောက်ကို အကျယ်ချုပ် ၁၈ လ ချလိုက်တယ်။ နေအိမ်ကို ပြန်နေကြဆိုပဲ။ နောက် လူစိမ်းတွေ ရေကူးပြီး မ၀င်နိုင်အောက် အင်းယားကန်က ရေတွေကို ဖောက်ထုတ်ပစ်ထားမယ်လို့လဲ အမိန့်ထုတ်ထားသော်လည်း ဟိုမျောက်လောင်းကလေး မော်တော်ဘုတ်စီးဖို့ ရေကန် မရှိမှာစိုးလို့ဆိုပြီး “ဆိုင်းငံ့” ထားသေးသတဲ့။
အဲ … ဟို အမေရိကန် ယက်တောကိုတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချလိုက်တယ်။ ချမယ့်ချ အနှစ် ၆၀၊ ၇၀
မချဘူးဗျ။ ၇ နှစ် ဆိုပဲ။ ပြီးတော့ မြစ်ကြီးနားထောင်လည်း မပို့ဘူး။ အမေရိကန်က သူ့မိသားစု ထောင်ဝင်စာ လာတွေ့ဖို့ ခက်မှာ စိုးသနဲ့ တူပါရဲ့။
ယုံကြည်စိတ်ချရတဲ့ အတွင်းသတင်းကတော့ မင်းတရားကြီး ဗိုလ်သန်းရွှေက ယက်တောကို လွှတ်ပေးဖို့ အကြံအစည်ရှိထားပြီးသားလို့ ဆိုတယ်။
အီရန်က ဖမ်းထားတဲ့ အမေရိကန်ဂျာနယ်လစ် မမတယောက်ကိုလည်း အမေရိကန်က “ကလင်တန်မ” နဲ့ အီရန်တို့ အခြားအာရပ်နိုင်ငံတွေ ကြားခံပြီး တွေ့ဆုံ ညှိနှိုင်းကြတဲ့နောက်ပိုင်းမှာ အီရန်က သဘောထားကြီးကြောင်းပြတဲ့အနေနဲ့ လွှတ်ပေးလိုက်ခဲ့တယ်လေ။
အဲ နောက်ပြီးတော့ ဗိုလ်သန်းရွှေ မဟာမိတ် မြောက်ကိုရီးယားခေါင်းဆောင်ကြီးကလည်း သူဖမ်းထားတဲ့ အမေရိကန်ဂျာနယ်လစ်ပေါက်စမလေး ၂ ယောက်ကို လွှတ်ပေးဖို့အရေး အိုက်တင်တွေ အိုက်စရင်တွေ ခံပြီးတော့ ဟိုအမေရိကန်က “ကလင်တန်ကောင်” နဲ့ တွေ့ချင်တယ်လို့ လုပ်ချပြလိုက်တယ် မဟုတ်လား။ ကလင်တန်ကောင်ကို ကင်ဂျုံအီက ငယ်ငယ်ကတည်းက ကြိတ်ပြီး ကြည်ညိုနေခဲ့တာလို့ အတွင်းသတင်း ဖြစ်နေတာကလား။ သူနဲ့ “ကလင်တန်ကောင်”တို့ ဓာတ်ပုံတွဲရိုက်ပြီး ကမ္ဘာမီဒီယာပေါ်မှာ ဟစ်တ် ဖြစ်သွားတာကို မြန်မာပြည်က ဗိုလ်သန်းရွှေကလည်း ကြိတ်ပြီး အားကျနေတာကိုး။
အခုတော့ အချက်ကောင်းတွေ့တာနဲ့ အမေရိကန်က ယက်တောကြီးကို ကမန်းကတန်း ဆေးရုံကနေ ထောင်ထဲ တန်းပို့ပြီး ထောင် ၇ နှစ် ချပစ်လိုက်တာဟာ မင်းတြားကြီး ဗိုလ်သန်းရွှေ အကြံကြီးကြီးနဲ့ အကွက်ချလိုက်တာပေါ့။
သူလည်း ကမ္ဘာမှာ နံမယ်ကြီးအောင် အမေရိကန်က ဘယ်သူနဲ့ ခေါ်တွေ့ရင် ကောင်းမလဲလို့ ဗိုလ်သန်းရွှေတယောက် စိတ်ကူးယဉ်တော့တာကိုးလေ။ “ကလင်တန်မ” တို့ “ကလင်တန်ကောင်” တို့ကို အီရန်တို့ မြောက်ကိုရီးယားတို့က ခေါ်သုံးထားပြီးဆိုတော့ အမေရိကန်က ဘယ်သူ့ကို ဆင့်ခေါ်တွေ့ဆုံ၊ ဓာတ်ပုံတွဲ ရိုက် ရင် ကောင်းမလဲ ပေါ့။ အမေရိကန်သမ္မတ “အိုဘားမား” ကိုတော့ ဗိုလ်သန်းရွှေက မတွေ့ချင်ဘူး။ နံမယ်မှာ “ဘားမား” ပါနေတော့ … ဒါ သူ့ကို စော်ကားသလို ဖြစ်နေတယ်လေ။ မသကာ အမေရိကန်သမ္မတနံမယ်က “အိုဘားမား” မဟုတ်ဘဲ “အိုမြန်မာ” ဆိုရင် သူက ခေါ်တွေ့ချင် တွေ့မှာကိုး …။
ပြီးတော့ “မိမိ၏ လုပ်ပိုင်ခွင့်အာဏာအတွင်းမှ မောင်ယက်တောကို စာနာထောက်ထား သနားသက်ညှာသော အားဖြင့်” ဆိုတဲ့ စကားလုံးကြီး သုံးပြီး ပြန်လွှတ်ပေးလိုက်မယ်ဆိုရင် ဘယ်လောက်တောင် ကမ္ဘာမှာ ဟစ်တ် အကြီးအကျယ် ဖြစ်ပေလိမ့်မလဲ … လို့ စဉ်းစားခန်းဖွင့်နေတော့တယ် လို့ ဆိုပါတယ်။
ဗိုလ်သန်းရွှေ ဆိုတဲ့ ဘုရင်မှူးချုပ်ကြီးကလည်း ပြည်တွင်းမှာပဲ မျက်စိပိတ် နားပိတ်နေတာ သူ့တသက်လုံးဆိုတော့ အမေရိကန်က ဘယ်သူတွေကို ဆင့်ခေါ်ပြီး တွေ့ဆုံဆွေးနွေး ရရင် ကောင်းပေလိမ့်မလဲ ဆိုတာ သိပ် မတွေးခေါ်တတ်တော့ သူ့အနီးကပ် မိဖုရားကြီး ကြက်ဆူပင်ကြိုင်ကြိုင်နဲ့ မြေးတော်လေး စိန်မျောက်လောင်းဆီက အကြံတောင်းရတော့တာပေါ့လေ။
ဒါပေမယ့် ခက်ပုံက ကြက်ဆူပင်ကြိုင်ကြိုင်နဲ့ စိန်မျောက်လောင်းတို့ကလည်း တောင်ကိုရီးယားက ရုပ်သံဇာတ်လမ်းတွဲတွေလောက်သာ ကြည့်ဖူး၊ ကြိုက်ဖူး၊ အသည်းစွဲဖူးကြရှာတာ ဆိုတော့ တောင်ကိုရီးယား မင်းသား၊ မင်းသမီး အမည်တွေလောက်သာ ကြားဖူးနားဝ ရှိတာကလား။ အမေရိကန်က နံမယ်ကြီးတဲ့ ခေါင်းဆောင်တွေ၊ စတားတွေ၊ သတင်းစာဆရာကြီးတွေ မပြောနဲ့ဦး … ဆွိုင်းဖလူတို့၊ ၀က်စ်နှိုင်းဗိုင်းရပ်စ်တို့ကိုတောင် ဖွာလူဒါတို့၊ ဗီးဂတ်စ်စီးကရက်တို့လို မှတ်ပြီး အတင်း ခိုးဝှက်တင်သွင်းမိလို့ တိုင်းပြည်တောင် ကာလနာ တိုက်နေတာ ဆိုတော့ ဗိုလ်သန်းရွှေလည်း အကြပ်အတည်းဆိုက်နေရတာပေါ့ ခင်ဗျာ။
အဲတာနဲ့ ဗိုလ်သန်းရွှေကလည်း သူ့မှာ ရှိတယ်ထင်တဲ့ ရွှေဉာဏ်တော် တထွာ တမိုက်ကလေးနဲ့ပဲ ငါ့ဇာတ်ကို ငါ ကတော့မယ် ဆိုပြီး အကြံထုတ်တော့တယ်လို့ သိရပါတယ်။ အမေရိကန်က ဆီနိတ်တာ ဂျင်ဝက်ဆိုသူကလည်း လာဖို့ အချိန်ကနီးနေတော့ အချိန်မီ သူရဲ့ တောင်းဆိုချက်ကို ပို့ပေးနိုင်ဖို့ကလည်း ဖိအားဖြစ်နေတာကိုး။ ဗိုလ်သန်းရွှေက ဂျင်ဝက်တောင် သိပ်လာစေချင်တာ မဟုတ်ဘူး။ နံမယ်ထဲမှာ “၀က်” ပါနေတော့ တုတ်ကွေးတွေ ခေါ်လာမှာကို စိုးရိမ်နေတယ်လို့ ပြောသံကြားတယ်။
ဗိုလ်သန်းရွှေလည်း အမေရိကန်က နာမည်ကြီးလူပုဂ္ဂိုလ်တွေကို ပြည်တွင်းထုတ် ဂျာနယ်တွေ၊ စာစောင်တွေ တလစာလောက်ကို စုဆောင်း ဖတ်ရှုပြီး ရှာဖွေ စဉ်းစားတော့တယ်လို့ သိရပါတယ်။ ပြည်တွင်းက စာနယ်ဇင်းတွေကလည်း ဆင်ဆာတွေ မိုးလုံးပြည့်ဆိုတော့ နိုင်ငံခြားဘောလုံးသမားနံမယ်တွေလောက်သာ ဗိုနံမယ်တွေအဖြစ် ရှောရှောရှုရှု ပုံနှိပ်ဖော်ပြခြင်း ခံရတာဆိုတော့ ကိုယ့်ရှူး ကိုယ်ပတ်ပြီး အတော်ကြီးကို ချွေုးပြိုက်ပြိုက်ကျတော်မူရှာပါတယ်။
နောက်ဆုံးမှာတော့ “ငါဟဲ့ သန်းရွှေ … ခေသူမဟုတ်ပါတကား” ဆိုပြီး တမဟုတ်ချင်း ခုန်ထ၊ လက်ခမောင်း တဖြောင်းဖြောင်း ခပ်တဲ့ပြီးသကာလ ယက်တောကို ပြန်လွှတ်ပေးဖို့အရေး မဟာ့မဟာ ဖိုတိုအပေါ်ကျုနတီ ခေါ် ကမ္ဘာကျော်မယ့် ဓာတ်ပုံအခွင့်ကောင်းယူရန် တွေ့ဆုံဖို့ အမေရိကန်က နံမယ်ကြီးလူတဦးရဲ့ နံမည်ကို ထုတ်ဖော်ရရှိလိုက်ပါတော့ သတဲ့။
အဲသဟာနဲ့ အမေရိကန်သံရုံးထံကို ဗိုလ်သန်းရွှေက သံကြိုးရိုက်ပြီး ရာဇသံ ပေးလိုက်ပုံက …
“ဟေ့ ကလင်တန်မ …
နင်တို့လူ ယက်တောကောင်ကို လွှတ်ပေးစေချင်ရင် ငါကိုယ်တော်မြတ်ဆီကို နင်တို့ အမေရိကန်က အခုတလော အမည်ဟိုးဟိုးကျော်တဲ့ ဟိုတကောင်ကို အမြန်လွှတ်ပေးလိုက်။ သူနဲ့ ငါကိုယ်တော်မြတ် တွေ့ဆုံပြီးမှသာ ယက်တောကို လွှတ်ပေးနိုင်လိမ့်မယ် …”
လို့ ဆိုပါသတဲ့။
ဗိုလ်သန်းရွှေက အခုတလော အမေရိကန်မှာ နံမယ်အလွန်ကြီးတယ်ဆိုပြီး တွေ့ချင်တဲ့သူ နံမယ်ကြားလိုက်တဲ့အခါ အမေရိကန်ကအစိုးမင်းများခင်မျာ အလွန် အကြပ်ရိုက်ကုန်ကြရပါတယ်တဲ့ ခင်ဗျား …
ဗိုလ်သန်းရွှေ တွေ့ချင်သူက …
“မိုက်ကယ်ဂျက်ဆင် …”
(အဟိ …)
(စာကြွင်း - ကိုဇာဂနာရေ့ … အမေရိကန်အစိုးရအတွင်းသတင်းအရကတော့ ခုချိန်ထိ မိုက်ကယ်ဂျက်ဆင်အသုဘကြီးကို မြေမချသေးဘဲ ဒီအတိုင်းထိန်းသိမ်းထားတဲ့ နောက်ကွယ်က လျို့ဝှက်ချက်ဟာ ဗိုလ်သန်းရွှေကြောင့်ဆိုတာ ကျန်ရစ်သူမိသားစုတွေတောင် မသိကြသေးဘူး ဆိုပဲ။)
Wednesday, August 12, 2009
ယက်တောကို လွှတ်ပေးဖို့ ဗိုလ်သန်းရွှေ တွေ့ချင်တဲ့သူ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
August
(236)
- နောင်ဆို အီးတောင် ပေါက်လို့ရမှာမဟုတ်ဘူး
- တရုပ်ထုတ် F-7M
- နာဇီဂျူးအကျဉ်းသားတွေ လို ဘဲ ဒို့ တွေသေကြရတော့မှာလား
- အမေရိကန်အောက်လွှတ်တော်အရာရှိများ အန်အယ်လ်ဒီနှင့် တေ...
- ချခြင်းချ..တရုတ်ကိုဘဲ လက်နက်ချမယ်။
- Senator Webb interview - by Warner
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည...
- မြန်မာနိုင်ငံ ၏ စစ်လက်နက်ထုတ်လုပ်မှု မဟာစီမံကိန်းများ
- မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ
- မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ
- ABSFU
- ပြည်သူအားနားလှည့် ပါးရိုက်တော့မယ့် အလံသူခိုးများ
- အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် ဗဟိုအလုပ်အမှုဆောင် အ...
- စစ်ခွေးတွေကတမျိုး ပြည်သူတွေကိုဒုက္ခပေး၊ကျောင်းအုပ်ေ...
- ပြည်သူ့ ဘဏ္ဍာ နှင့်ထင်ရာစိုင်းနေတဲ့ တိုင်းပြည်
- ပညာရေး၊စီပွားရေး ယို့ ယွင်းလာသည်နှင့်အမျှ လူ့ ယဉ်ေ...
- NDF Statement
- မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ကိုြ...
- Postcard of ABFSU
- မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေး မီဒီယာအားမီဒီယာဖြင...
- တပ်လှန့် မောင်းသံ
- ရဲဘော်စိုးချစ်ကတော့ ဒီလိုမြင်တယ်တဲ့
- MoeMaKa Daily e Newspaper - 26th August 2009
- မယုံ မယုံ မယုံဘူး
- အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ တွေ့မည်
- ဘယ်သူ့ စကားကိုယုံ ဘယ်ဆီကို စားရပါ့
- အတိုက်အခံများရဲ့ အဝါရောင် လှုပ်ရှားမှု
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပြေးပြိုင်ပွဲ ကျ...
- ရက်တောနှင့် ပတ်သက်၍ အမေရိကန် တို့ ရဲ့ အမြင်
- ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများအကြောင်း
- ရှစ်ကြီးခိုးတယ် ဆန်ရှင်ပြန်ဖွင့်
- ဂျင်ဝက်ဘ်တိုက်တွန်းမှု အမေရိကန်အစိုးရအလေးအနက်ထား
- NLD ရွေးကောက်ပွဲဝင်ဖို့ ဆီနိတ်တာ ဂျင်မ် ၀က်ဘ် တိုက...
- မခိုးဘဲနဲ့  ဒီလောက်ချမ်းသာတာ..ဘယ်သူ သားလေးတွေပါလည်း။
- ၀န်ခံပါတယ်..ကြံဖွတ်တွေ ကြောက်တာ အောင်ဆန်းစုကြည်တဲ့
- မြန်မာတွေ မျိုးများတုန်းတော့မလား..ကူုညီပေးကြပါ
- NLD လူငယ်မျာအား စာသင်ပေးနေသူ စစ်ကြောရေးတွင် ဖမ်းဆ...
- ကိုးကန့်တပ်ဖွဲ့အား နအဖ ထောက်ခံမှုဖြင့် အသစ်ဖွဲ့မည်
- Children on the Edge
- Burma refugees
- ကရင် မျိုးချစ်များ၏ လွတ်လပ်ရေး.လှုပ်ရှားမှု
- ကလေးစစ်သား..ကိစ္စနှင့် ပတ်သက်၍
- US senator lashes Myanmar sanctions
- ဘယ်တော့ မှ လက်နက်မချဖူး..
- Yettaw on Myanmar detention
- ကျနော်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ ...
- ပတ္တနိကုဇ္ဖန "PATTANIKKUJJANA"
- သံဃာတပ်ပေါင်းစု ပဲခူတိုင်း (ဝေါမြို့နယ်) ဖွဲ့စည်းပုံ။
- သံဃာတပ်ပေါင်းစု ဧရာဝတီတိုင်း (ဖွဲ့စည်းပုံ)။..။
- ကြံ့ဖွတ် အတွင်းရေးမှုးဋ္ဌေးဦး တည်းခိုရာ Hotel ရှေ့ က...
- သာသနာ့ဥသျှောင် ရွှေဝါရောင် နှစ်ပတ်လည် ပြုလုပ်မည် ။..။
- ကိုးကန့်သတင်း
- ရွေဝါရောင်နှစ်ပတ်လည် မေတ္တာပို့ ဆုတောင်းပွဲ
- သိပ်ရက်စက်ယုတ်ညံ့လွန်းသော အနဖ (သို့ ) စစ်အာဏာရှင်စ...
- ကြေးမုံအွန်လိုင်းသတင်းစာပါ အဝေးရောက်စင်ပြိုင် အစို...
- ဂျပန်နိုင်ငံခြားရေးရုံးရှေ့ ကြံ့ဖွတ်အတွင်းရေးမှုးဋ္ဌေ...
- MoeMaKa Daily e Newspaper - 23rd August 2009
- ဂျပန်ရောက်နေတဲ့ ဒီပဲယင်း တရားခံဌေးဦး တည်းခိုတဲ့ ဟ...
- သဲတောင်ရောင်းစားနေရတဲ့ မြန်မာ
- ဖြစ်ပျက်နေသော ဖြစ်စဉ်များ
- ဒီပဲယင်း တရားခံ ကြံ့ဖွတ်အတွင်းရေးမှုးအား ဆန္ဒပြမည့် ...
- ငရဲလားမဲ့ သူတွေ လက်ထက် တိုးတက်လာတဲ့ အဓမ္မ၀ါဒီ
- ပုညကာရီမွန်အမျိုးသားအသင်း(ဂျပန်)ကပြုလုပ်သည့် (၆၂)န...
- အမှန်တရားအတွက် အသက်ဖက်နှင့်ထုပ်ပါသည်
- တိုးတိုးတိတ်တိတ် လူပုံအလယ်
- တရွေ့ ရွေ့ 
- ၂၃-၈-၂၀၀၉ ဂျပန်ရောက်ဒီမိုကရေစီလှုပ်ရှားသူများမှချီ...
- နအဖ မီဒီယာတွေ ကိုသပိတ်မှောက်ကြ
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ေ...
- ၂၃-၈-၂ဝဝ၉ (တနင်္ဂနွေနေ့)တွင် ကျင်းပမည့် “ဒေါ်အောင်ဆန်...
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆရာဝန်ဒေါက်တာတင်မျိုးဝင်းအစား...
- ရာဇဝတ်မှုများ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ကင်ပိန်းလ...
- ဖျက်မြင်း ကို တန်ပြန် ဖျက်မြင်းနဲ့ ပြန်ရင်ဆိုင်စို့ 
- သူတို့ ကတော့ ရယ်ဒီ လုပ်နေပြီ..ဘာဆက်လုပ်မလဲ ကိုယ့်လ...
- ၈-၈-၈၈ တွင် ပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီအ...
- မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးရန် ဦးရဲထွဋ် ဂ...
- တိုက်ပွဲဝင်ဖို့ နိုင်ငံသားတွေ နှိုးထလော့၊
- ဗိုလ်မှူး အောင်လင်းထွဋ်၏ သြဂုတ်လ အစီရင်ခံစာ
- တိုက်ဆိုင်သူများသို့ 
- သံဃာတော်များ၏
- Subject: ဧည့်သည်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် ရှ...
- သံဃာတပ်ပေါင်းစုအဖွဲ့ခွဲများဖွဲ့စည်းပုံ
- အရူးဌေးဦး အကြောင်းသိကောင်းစရာ
- သြဂုတ် ၁၉ ရက် ၂၀၀၉ သတင်းများ..
- MoeMaKa Daily e Newspaper - 19th August 2009
- မိတ်ဆွေ၊ သင် - စ, လုံး ပြောင်းပြီးသွားပြီလား?
- ကြံ့ဖွံ့ အတွင်းရေးမှူးဂျပန်ရောက်ပြီ -ခေါင်းဆောင်တွေ...
- US man says no regrets about Myanmar jailing
- ယက်တော.ရဲ့ အိမ်အပြန်
- တတိယအကြိမ်သပိတ်အဆုံးသတ်တိုက်ပွဲ
- ကျွန်ဟာကျွန်ပါပဲ(သို့မဟုတ်)ဘယ်ဘက်ဖိနပ်ကြိုက်လား ညာ...
- ရက်စက် ယုတ်မာတဲ့ စစ်အာဏာရှင် ပြုတ်ကျရေး အတွက် ပြည်...
- ဟေ့ဟေ့ အမေ့ခံမနေနဲ့လေ..
- လုပ်ကြံပြောတဲ့ မျောက်ဖြူအတွက်ဖြေရှင်းချက်
- အဖြူရောင် လှုပ်ရှားကြစို့ 
- မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသော နိုဘယ်လ်...
- သြဂုတ် ၁၈ ၂၀၀၉ သတင်းစုံ
- တရားမဲ့သူ ကို တရားဥပဒေနဲ့ တိုက်မဲ့ပွဲ
- သူ့ ကိုသိသူ.ဆက်သွယ်ပေးပါ
- 8888 People Power - Vol 3 No 7 - August 2009
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ချီတက်ဆန္ဒပြပ...
- ၂၀၁၀ ကြိုးကွင်းစွပ်ပွဲနှင့် လူထုတိုက်ပွဲ
- Webb: New push to secure Suu Kyi's release
- 17th August 2009 - MoeMaKa Online Newsletter
- ညီညွတ်ကြဖို့  အချိန်တန်ပြီ
- Secretary-General's Response to Aung San Suu Kyi's...
- ရဲသတင်း တပ်ဖွဲ့ဝင် လင်မယား နှစ်ဦး၏ ပူးပေါင်း လိမ်...
- ရှယ်ဗရွန် Out Out..
- တွေဝေရမဲ့အချိန် မဟုတ်..အလုပ်သက်သေပြသင့်ပြီ
- မိသားစုပါငတ်သွားချင်လားတဲ့
- American Leaves Myanmar After Prison Release
- U.S. Senator Jim Webbနဲ့ Yettawတို့ထိုင်းနိုင်ငံစစ...
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တ...
- ဒေါ်အောင်ဆန်းစုကြည်အား မတရားပြစ်ဒဏ်ချမှတ်ခြင်းအပေါ် ...
- ယက်တော ဘန်ကောက်ရောက်ပြီ
- American leaves Myanmar after release from jail
- ရမ်ဘို ကတော့ ရက်တောကို ကယ်သွားပြီ
- ပြီးတော့ လည်း သူဘဲ ခြေဖက်ရတာဘဲ
- ဦးဝင်းတင် ဆေးရုံတင်ထားရပါတယ်တဲ့
- အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် CEC လူကြီးများ မစ္စတ...
- သြဂုတ် လ ၁၅ ရက် ၂၀၀၉ သတင်း
- ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်စီရင်ခြင်း နှင့်ပတ်သက...
- US senator meets Myanmar's democracy leader
- အမြဲမှားတော့ အမှားမြဲ
- Security Council Statement on Myanmarမြန်မာ့ဒီမို...
- သိပ်ကြောက်မနေပါနဲ့ နအဖရယ်..
- အမေရိကန် အထက်လွှတ်တော် အမတ် နှင့် ဗိုလ်ချုပ်မှူးကြီး...
- MoeMaKa Online e Newspaper - 13th August 2009
-
▼
August
(236)
No comments:
Post a Comment