ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကိုပုံမှန် စစ်ဆေးပေးနေကျ ဆရာဝန်ဒေါက်တာတင်မျိုးဝင်း အစား တခြားအမျိုးသမီးဆရာဝန် တဦးနဲ့အစားထိုး လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့မိမိကို နှစ်ရှည်လများ ပုံမှန်ကျန်းမာရေး ကြည့်ရှုပေးခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့ ပြန်လည်ကြည့်ရှုခွင့်ပြုရန် အာဏာပိုင်များထံ တောင်းဆိုထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
" ဒေါ်စုရဲ့ကျန်းမာရေး စစ်ဆေးတဲ့ ကိစ္စကတော့ ၁၁ရက်နေ့ ဒေါ်စုအိမ်ကိုပြန်ရောက်တဲ့ နေ့ကစပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက နေပြီးဒေါ်စုရဲ့ ကျန်းမာရေးပုံမှန် စစ်ဆေးဖို့ဆိုပြီး အမျိုးသမီး ဆရာဝန်တယောက်ကို ခေါ်လာပါတယ်။ ဒေါ်စုအနေနဲ့ မိမိရဲ့ကျန်းမာရေးကို ပုံမှန်နှစ်ရှည်လများ ကြည့်ရှုပေးလာတဲ့ ဒေါက်တာတင်မျိုးဝင်း ကိုပဲကျန်းမာရေး စစ်ဆေးခွင့်ပြုဖို့ သက်ဆိုင်ရာကို တောင်းဆိုထားပါတယ်။ မိမိကိုကြည့်ရှု့မယ့် ဆရာဝန်ကို မိမိအနေနဲ့ ရွေးချယ်ပိုင်ခွင့် ရှိရပါမယ်။ အခုထိတော့ ဒေါက်တာတင်မျိုးဝင်း သွားကြည့်ခွင့် ရတယ်လို့မကြားမိသေးပါဘူး။ မနေ့က ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့တဲ့အထိတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမပြောတဲ့ အတွက် သွားကြည့်ခွင့် မရသေးပါဘူး။ အန်ကယ်တို့ ရှေ့နေတွေနဲ့ နောက်တကြိမ်တွေ့ဖို့ ဒေါ်စုက တောင်းဆိုထားတယ် ပြောပါတယ်။ အခုထိတော့ တွေ့ခွင့်မရသေးပါဘူး။" ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ဒေါက်တာတင်မျိုးဝင်းဟာ ဒေါ်အောင်ဆန်းစုကြည် ယခင် နေအိမ်အကျယ်ချုပ် ကျခံရစဉ် တလတကြိမ် ပုံမှန်ကျန်းမာရေး စစ်ဆေးခွင့်ရခဲ့ပြီး အမေရိကန်နိုင်ငံသား မစ္စတာယက်တော ဒေါ်စုနေအိမ်သို့ ဝင်ရာက်ပြီး ဖမ်းဆီးခံရချိန်မှာ အာဏာပိုင်များရဲ့ ခေတ္တခေါ်ယူ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ ၂၀၀၈ခုနှစ် ပထမအကြိမ်မစ္စတာယက်တော ဒေါ်စုအိမ်သို့ ဝင်ရောက်လာစဉ်က ဒေါက်တာတင်မျိုးဝင်းမှ တဆင့် အသိပေး အကြောင်းကြားခဲ့သော်လည်း အာဏာပိုင်များမှ အရေးယူဆောင်ရွက်ပေးချင်း မရှိခဲ့ကြောင်းသိရှိရပါတယ်။
သတင်း၊......ဒီမိုဝေယံ
No comments:
Post a Comment