စင်ကာပူကုမ္ပဏီ ကော့သောင်းအနီး ပင်လယ်သဲ တစ်နှစ် တန်နှစ်သန်းကျော် ထပ်မံ ဝယ်ယူမည်
22/Aug/2009
E-Mail this article Printable Version
မြန်မာနိုင်ငံထွက်ပင်လယ်သဲများကို လွန်ခဲ့သော၂၀၀၈ခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး တရားဝင်စာချုပ် ချုပ်ဆို၍
ဝယ်ယူနေသော စင်ကာပူ အခြေစိုက် Star High Asia Pacific Pte. Ltd. သည် လာမည့် စက်တင်ဘာလမှ စတင်၍
ကော့သောင်းမြို့အနီး မြန်မာ့ရေပိုင်နက်တွင်းမှပင်လယ်သဲ ကုဗမီတာ ၁.၅သန်း (တန်ချိန် ၂.၂၅)သန်း ထပ်မံဝယ်ယူ
ရန်ရှိကြောင်း မြိတ်မြို့တွင် အခြေစိုက်သည့် အဆိုပါ ကုမ္ပဏီ၏ တာဝန်ခံတစ်ဦးက ပြောကြားသည်။
အဆိုပါ ကုမ္ပဏီသည် ယင်းကဲ့သို့ကော့သောင်းမြို့အနီးမှ ပင်လယ်သဲများ ထုတ်ယူနိုင်ရန် မြန်မာအစိုးရထံမှ တရားဝင်ခွင့်ပြုချက်ရရှိ
ထားပြီး အဆိုပါ ပင်လယ်သဲများကို တစ်ကုဗမီတာလျှင် သုံးဒေါ်လာ ဝယ်ယူရန် စာချုပ် ချုပ်ဆိုထားကြောင်း ၄င်းက
ဆက်လက် ပြောကြားသည်။ အဆိုပါ Star High Asia Pacific ကုမ္ပဏီသည် ၂၀၀၈ ခုနှစ်အတွင်းမှ စတင်၍ မြိတ်မြို့
အနီး သမုတ်မြစ်နှင့် ကျောက်ဖျာမြစ်ဝတို့တွင် ပင်လယ်သဲများ ဝယ်ယူခဲ့ပြီး ကော့သောင်းမြို့အနီးတွင် စင်ကာပူနိုင်ငံ
မှ SBC, S. marine - Sing Liang Huta စသည့် ကုမ္ပဏီများကလည်း ပင်လယ်သဲများကို ခွင့်ပြုချက်ဖြင့် ထုတ်ယူ
လျက်ရှိကြောင်း ၂၀၀၉ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။ http://www.khitlunge.org.mm/news/news_detail.aspx?info_id=15705
No comments:
Post a Comment