Monday, August 10, 2009

တာဝန်သိသူများ၏ စာ


သို့
အာဇာနည်

နျှုကလီးယားထုတ်သော နောင်လှိုင်ဆိုသည်မှာ အမှန်တစ်ကယ်တော့ရှမ်းပြည်မြောက်ပိုင်းမဟုတ်လောက်ပါဘူး။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီး ဟိုပုံးကြား ဘုရားကိုးဆူအနီးရှိရွာသာဖြစ်နိုင်ပါသည်။ ယင်းရွာ(ဒေသ)မှာ တောင်ကြီးမြို့နှင့်ခြောက်မိုင်သာကွာဝေးပါ သည်။ ယခင်အချိန်တော်တော်ကြာ တည်းက ယူရေနီယမ်သတတ္တုထွက်ကြောင်း သိရှိထားပါသည်။ ရုရှားနှင့်ဖက်စပ်ထုတ်လုပ်နေသည်ဟူသော သတင်းများသည်လည်းတောင်ကြီး မြို့တွင်လူတော်တော်များများသိသော ကိစ္စဖြစ်ပါသည်။ လည်းကောင်းဒေသရှိရွာများအားလည်းရွေ့ ပြောင်းခိုင်းပါသည် နောင်တွင်လည်းထပ် ပြောင်းခိုင်းအုံးမည့်ရွာများကျန်နေပါသေးသည်။ လည်းကောင်းဘုရားကိုးဆူ အနီး တောင်ကြီး ဟိုပုံးကြားတွင် သတ္တုကြောများ အလွန်များ ပြားသည်ဟု ကြားဖူးပါသည်။ လည်းကောင်းယူရေနီယမ် ထွက်သောနေရာတွင် ပေ 100 ပတ်လည် အနက်ပေ 100 ရှိသောရေကန်ပေါင်းမြောက်မြားစွာ တူးထားပါသည်။
ကြားမိသည်မှာ နူကလီးယားအားရေ၏သိပ်သည်းဆအတွင်း သိမ်းထားရသည်ဟုဆိုသည်။ ထိုစက်ရုံပတ်လည်ရှိ လမ်းများ စက်ရုံများ အိမ်များကို အဝေးပြေးကားလမ်းမပေါ်မှပင်ထင်ရှားစွာတွေ့မြင်ရပါသည်။ မြန်မာတွင် နျူကလီးယားထုတ်လုပ်နေသည်ကို သံသယမရှိစွာ ယုံကြည်ပါသည်။ ယခင်ကသိပ်စိတ်မ၀င်စားခဲ့သော်လည်း ယခုမြန်မာနျှူကလီးယားထုတ်နေ သည်ကိုအတော်စိတ်ဝင်စားလာခဲ့ပါသည်။ ကြားမိသမျှကို အာဇာနည်သို့ပြောပြခြင်းသာဖြစ်ပါသည်။

အာဇာနည်ကို အမြဲအားပေးတဲ့
တိုင်းပြည်ချစ်သူ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်