မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ် 14 နာရီ 31 မိနစ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် အင်းစိန်ထောင်အတွင်း အပြီးသတ် လျှောက်လဲချက်ပေးနေရာ၊ ထောင်ရှေ့တွင် အန်အယ်ဒီ ပါတီဝင်များနှင့် ထောက်ခံအားပေးသူများ စုဝေးရောက်ရှိနေသလို၊ အာဏာပိုင်များကလည်း လုံခြုံရေး ထူထပ်စွာ တိုးမြှင့်ချထားသည်။
မျက်မြင်သက်သေတဦးအဆိုအရ တရုတ်လုပ် FAW ထရပ်ကား အနည်းဆုံး ၁ဝ စီးခန့်တွင် ယူနီဖောင်းဝတ်ကာ၊ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားးသည့် ရဲသားများ တင်ဆောင်ထားပြီး၊ ထောင်အနီးရှိ လမ်းထောင့်တနေရာတွင်လည်း အနည်းဆုံး အချုပ်ကား နှစ်စီး ရပ်ထားကြောင်း သိရသည်။
ထောင်သို့ သွားရာလမ်းတလျှောက်တွင်လည်း ရဲများက သံဆူးကြိုး အတားအဆီးများ ချထားသည်။Summary
Rest of your post
No comments:
Post a Comment