Friday, June 26, 2009
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအဖမ်းခံရ (နောက်ဆက်တွဲသတင်း)
အမေ (သို့) အနှိုင်းမဲ့မေတ္တာရှင် သီဆိုသူ ထက်အောင်ရှိုင်းနှင့် ရေခဲ (ခ) အောင်ကျော် သူတို့လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ၌ အဖမ်းခံရသည့်မြန်မာများထဲတွင် ပါဝင်ခဲ့သည်။
ယခုအခါ အဖမ်းခံရသူများအား မလေးရှားနိုင်ငံရှိ Damansara ရဲစခန်းတွင်လေးယောက်၊ Kalana Jaya ရဲစခန်း တွင် ဆယ်ယောက် ခွဲချုပ်ထားလျက်ရှိပြီး ၁၄-ရက်အတွင်း မည်သူနှင့်မျှတွေ့ဆုံခွင့်မပေးသေးပေ။ ၁၄-ရက်ကျော်သွားသည့် အခါမှသာ တရားရုံးတင် စစ်ဆေးပြီး ထောင်သို့ပြောင်းလဲချုပ်နှောင်ထားမည်ဖြစ်ကြောင်း သိရှိရသည်။
မလေးရှားအာဏာပိုင်များအနေနှင့်လည်းဖမ်းဆီးထားသူများအား မည့်သည့်ဥပဒေပုဒ်မနှင့် တရားစွဲဆိုမည်ဆိုသည်ကို တိတိကျကျပြော
ကြားခြင်းမရှိပေ။ မလေးရှားနိုင်ငံရှိ UNHCR ရုံးသို့ အကူအညီတောင်းခံစာတင်ထားသော်လည်း ဖမ်းဆီးခံရသူများနှင့် တွေ့ဆုံခွင့်မရ သေးသည့်အတွက် UNHCR နေနှင့် မည်သို့မျှ ကူညီနိုင်ခြင်း မရှိသေးပေ။
No comments:
Post a Comment