Friday, June 19, 2009

မြန်မာနိုင်ငံလူ့ အခွင့်အရေးအဖွဲ့ မှ အရှက်မရှိကြေငြာချက်


ယနေ့ ထုတ်မြန်မာ့အလင်းသတင်းစာတွင်မြန်မာနိုင်ငံလူ့ အခွင့်အရေးအဖွဲ့ မှ
သတင်းကြေငြာချက်ပါရှိလာသည်။ထိုသတင်းကြေငြာချက်တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေါ်ခင်ခင်ဝင်းတို့ သားအမိအား၎င်းတို့ 
ကျူးလွန်သည့်ပြစ်မှုများအပေါ်ဟုရေးသားထားသည်ကိုတွေ့ ရှိရသည်။
ထိုသည်မှာတရားရုံးမှအမိန့် မချရသေးပဲဒေါ်အောင်ဆန်းစုကြည်နှင့်ဒေါ်ခင်ခင်ဝင်းတို့ 
သားအမိအားပြစ်မှုကျူးလွန်သည်ဟုနိုင်ငံတော်သတင်းစာတွင်ရေးသားထားခြင်းမှာ
မြန်မာနိုင်ငံလူ့ အခွင့်အရေးအဖွဲ့ အတွက်၎င်းမြန်မာ့အလင်းအယ်ဒီတာ
အတွက်၎င်းအလွန်ရှက်စရာကောင်းပါသည်။

ထို့ နောက်၁၆ရက်နေ့ စွဲနှင့်ကုလသမဂ္ဂလူ့ အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာ
တင်သွင်းသူ(၅)၏အဆိုပြုလွှာကိုဝမ်းနည်းဖွယ်ရာတွေ့ ရှိရကြောင်းဖော်ပြထားသည်။
နိုင်ငံတကာမှဖိအားပေးပြောဆိုမှသာတရားရုံးအတွင်းသံတမန်များ၊
သတင်းထောက်များဝင်ခွင့်လေ့လာခွင့်ရခဲ့ခြင်း ဖြစ်ကြောင်းကိုတစ်ကမ္ဘာလုံးသိရှိနေပါသည်။
မြန်မာနိုင်ငံလူ့ အခွင့်အရေးအဖွဲ့ ကယ္ခုမှတရားစီရင်ရေး၏ပွင့်လင်းမှုရှိကြောင်းလူ့ 
အခွင့်အရေးကိုကြောင်းပြ၍နိုင်ငံရေးအသုံးချလာမှုကိုလက်မခံနိုင်ကြောင်း၎င်းပုဂ္ဂိုလ်(၅)ဦးတို့ 
၏တိုက်တွန်းချက်အားပယ်ချကြောင်းသတင်းထုတ်ပြန်ထားပါသည်။
မြန်မာနိုင်ငံတွင်လူ့ အခွင့်အရေးအပြည့်အဝရှိလျှင်ထိုသူများလည်းအဆိုတင်သွင်းစရာ
လိုအပ်မည်မဟုတ်ပေ။
ထို့ နောက်ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလည်းယ္ခုလို
ဖမ်းဆီးထားဖို့ လည်းမလိုအပ်ကြောင်းမြန်မာနိုင်ငံလူ့ အခွင့်အရေး
အဖွဲ့ အနေနှင့်ဟိုးအရင် ၁၉၅၈ ခုနှစ်လောက်ထဲက သိထားသင့်ရပေမည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်