Wednesday, June 24, 2009

ပြည်တွင်းသတင်း

ခေတ်လူငယ်

ပါမစ် ကြော်ငြာ ဘုတ်ကြီးများ သုံးနှစ်အထိ သက်တမ်းတိုး ငှားရမ်းခွင့် ပေးမည်
Wednesday, June 24, 2009

ပါမစ်ကြော်ငြာဘုတ်ကြီးများအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ သုံးနှစ်သက်တမ်းဖြင့် ငှားရမ်း"လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း YCDC အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သိရသည်။ ယင်းကြော်ငြာ"ဘုတ်ကြီးများကို ယခုနှစ်မှစ၍ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ တစ်နှစ်လေလံပေးခဲ့ရာမှ လာမည့်နှစ်မှစတင်၍ သုံးနှစ်"အထိ ပေးသွားမည်ဖြစ်ပြီးကြိုတင်ငွေကိုလည်းအရစ်ကျပေးချေသွားရန်စီစဉ်သွားမည်ဟုသိရသည်။၂၀၀၉-၂၀၁၀"ဘဏ္ဍာရေးနှစ်မှစတင်ပြီး ကြော်ငြာဘုတ် ၇၉ခုအားပုဂ္ဂလိကလုပ်ငန်းရှင်များကို ငှားရမ်း လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း"သိရသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နမိတ်အတွင်း၌ ပါမစ်ကြော်ငြာဘုတ်ပေါင်း ၁၈၂ခု"ရှိပြီး သုံးနှစ်နှင့်အထက် သက်တမ်းရှိသော ကြော်ငြာဘုတ်၇၉ခုကိုသာလေလံပေးခဲ့ကြောင်းသိရသည်။သက်တမ်း"မပြည့်သေးသောကြော်ငြာဘုတ်များမှ မူလလုပ်ငန်းရှင်၊ မူလကြော်ငြာများကိုသာ ခွင့်ပြုထားကြောင်းသိရသည်။"ပါမစ်နစ်ဘုတ်များကို ယခုနှစ်လေလံစနစ်မှစတင်ပြီး လေလံအောင်သောနှုန်းအတိုင်း ခြောက်လတစ်ကြိမ်ကြိုတင်"ငွေပေးသွင်း ခြင်းစနစ်ဖြင့် ပြုလုပ်ထားကြောင်းသိရသည်။ “ပါမစ်နစ်ဘုတ်တွေကိုမူလက လေလံစနစ်နဲ့ မလုပ်ဘဲ"ကုမ္ပဏီတွေကကြော်ငြာကိုစည်ပင်ကလက်ခံစိစစ်ခွင့်ပြုပေးတယ်။သုံးနှစ်တစ်ကြိမ်ခွင့်ပြုတယ်။အခုတော့ပုဂ္ဂလိက"လုပ်ငန်းရှင်တွေကို လေလံပစ်တဲ့အတွက် ယခင်ကသတ်မှတ်နှုန်းထက်ပိုရတယ်။လိုက်နာမှပဲခွင့်ပြုပေးတယ်။လေ"လံရတဲ့သူက အောင်တဲ့နှုန်းရဲ့ ခြောက်လစာကြိုတင်ငွေသွင်းပြီး ခြောက်လတစ်ကြိမ်ကြိုတင် ငွေသွင်းစနစ်နဲ့လုပ်"ပေးထားတယ်။

အခုလေလံပေးတဲ့ ပါမစ်နစ်ဘုတ်တွေမှာ ကြာပေမယ့် ကိုယ့်ပစ္စည်းကိုယ်ကြော်ငြာတဲ့ ဘုတ်တွေမ"ပါဘူး။ သုံးနှစ်သက်တမ်းမပြည့်သေးတဲ့ ဘုတ်တွေမပါဘူး” ဟုဆိုသည်။ပါမစ်ကြော်ငြာဘုတ်များကိုအမြင့်ဆုံးကျပ်"သိန်း ၃၅၀ကျော်မှ အနိမ့်ဆုံး ကျပ်သိန်း ၇၀ကျော်ဖြင့် လေလံအောင်ခဲ့ကြောင်းသိရသည်။ ပါမစ်နစ် ဘုတ်ကြီးများ"ကို ဧပြီ ၁ရက်တွင် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ နေရာငှားရမ်း လုပ်ကိုင်ခွင့်
ပြုခဲ့ကြောင်း ၂၀၀၉ခုနှစ် ဇွန်လ ၂၅ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြထားပါသည်။"

ဆန်အထူးပြု ကုမ္ပဏီများတွင် ထူးကုမ္ပဏီ ပါဝင်လာ
Wednesday, June 24, 2009

ထူး ထရေးဒင်းကုမ္ပဏီက ဧရာဝတီမြစ်ဝကျွန်းပေါ်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချခြင်း ကုမ္ပဏီလီမိ"တက် ဟူ၍ဆန်စပါးအထူးပြုကုမ္ပဏီတစ်ခု ထူထောင်ကာ ဘိုကလေးမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ"ကို ချေးငွေထုတ်ချေးပေးလျက်ရှိကြောင်း ထူးထရေးဒင်းကုမ္ပဏီအမှုဆောင်ဒါရိုက်တာဦးရဲမင်းဦးကပြောသည်။" အဆိုပါ ဆန်စပါးကုမ္ပဏီကို ထူးထရေးဒင်းကုမ္ပဏီကဦးဆောင်ကုမ္ပဏီအဖြစ် ၂၀၀၉ ခုနှစ် မေလမှစ"တင်တည်ထောင်ခဲ့ပြီး ကုမ္ပဏီတွင် ဒေသခံဆန်လုပ်ငန်းရှင်များ၊ ဆန်စက်ပိုင်ရှင်များ၊တောင်သူလယ်သမားများပါ"ဝင်ကြောင်းသိရသည်။ တခြားသောထူထောင်ပြီး ဆန်စပါးအထူးပြုကုမ္ပဏီများကဲ့သို့တောင်သူလယ်သမားများကို"ငွေကျပ် ၁၀၀ လျှင် ၂ ကျပ် အတိုးနှုန်း ဖြင့်လယ် တစ်ဧကလျှင် ငွေကျပ် ငါးသောင်းနှုန်း ထုတ်ချေးသွားမည်ဖြစ်"ကြောင်းသိရသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်စိုက်ပျိုးတင်ပို့ထုတ်လုပ်ရောင်းချခြင်းကုမ္ပဏီအနေဖြင့် မတည် ရင်းနှီး"ငွေကျပ်သိန်းပေါင်း ငါးသောင်းမတည်ထားပြီး၊ ထူးထရေးဒင် ကုမ္ပဏီက ငွေကျပ် သိန်းပေါင်း သုံးသောင်းမတည်"ကာဒေသခံလုပ်ငန်းရှင်များက မတည်ငွေကျပ် သိန်းနှစ်သောင်း ထည့်ဝင်မည်ဟု သိရသည်။ ထိုကုမ္ပဏီအနေဖြင့်"တောင်သူလယ်သမားများကို ချေးငွေထုတ်ချေးပေးခြင်းအပြင် မျိုးကောင်းမျိုးသန့်စပါးများလည်းထုတ်လုပ်နိုင်ရန်"တောင်သူ၁၅၅ဦးနှင့် ပူးပေါင်း၍ လယ်ဧကတစ်ထောင်ကို ဘိုကလေး-ဖျာပုံကားလမ်းဘေးရှိဟိုင်းစီနှင့်သကံကျေး"ရွာအုပ်စုများ တွင်စိုက်ပျိုးသွားရန်ရှိကြောင်း ၂၀၀၉ခုနှစ် ဇွန်လ၂၅ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြ"ထားပါသည်။

တရုတ်သို့ လူကုန်းကူးခံရသည့် အမျိုးသမီးများ အတွက် မူဆယ်တွင် ယာယီ ဂေဟာဖွင့်
Wednesday, June 24, 2009

တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ မြန်မာအမျိုးသမီးငယ်များကို လူမှုဝန်ထမ်းဦးစီးဌာနက မူဆယ်မြို့"တွင် ယာယီစောင့်ရှောက်ရေးဂေဟာဖွင့်လှစ်၍ လက်ခံဆောင်ရွက်နေပြီဖြစ်ကြောင်းလူကုန်ကူးမှု တားဆီးနှိမ်နင်း"ရေးအဖွဲ့မှ ဒုရဲမှူးခင်မောင်လှက ပြောသည်။ ယခင်က လူကုန်ကူးခံရသူမြန်မာအမျိုးသမီးငယ်များကို လူကုန်ကူးမှု"တားဆီးနှိမ်နင်းရေးအဖွဲ့များက နှစ်သိမ့်ဆွေးနွေးခြင်း တရားစွဲဆိုပေးခြင်း၊ မိဘရပ်ထံပြန်လည် ပို့ဆောင်ခြင်းများ"တာဝန်ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။ “အရင်ကတော့မူဆယ်မြို့လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအထူးအဖွဲ့"ခေတ္တထိန်းသိမ်းစောင့်ရှောက်ထားပြီး လားရှိုးလူမှုဝန်ထမ်းဦးစီးဌာနကတစ်ဆင့် မိဘတွေထံပို့တယ်။လူကုန်ကူးမှု"တားဆီးနှိမ်နင်းရေးအဖွဲ့တွေက အရင်ကထိန်းသိမ်းစောင့်ရှောက်တာ၊ လွဲပြောင်းတာအပြင်မတရားခေါင်းပုံဖြတ်ခံ"ရရင် တရားစွဲတဲ့ အလုပ်ပါ လုပ်ရတဲ့အတွက် အလုပ်က သိပ်မတွင်ကျယ်ဘူး။ ဒါကြောင့်လူကုန်ကူးမှုတားဆီးကာ"ကွယ်ရေးဗဟိုအဖွဲ့အစီအစဉ်နဲ့ လူမှုဝန်ထမ်းဦးစီးဌာနက မူဆယ်မှာ ယာယီစောင့်ရှောက်ရေး ဂေဟာကို ဖွင့်လှစ်ခဲ့"တယ်။ နောက်ပိုင်းလူမှုဝန်ထမ်းကပဲ အမျိုးသမီးငယ်တွေကို စောင့်ရှောက်မယ်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး"အဖွဲ့တွေက တရားစွဲဆိုမှုအပိုင်းကို တာဝန်ယူသွားတယ်” ဟုလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့မှ တာဝန်ရှိသူ"တစ်ဦးက ဆက်လက်ပြောကြားသည်။ လူမှုဝန်ထမ်းဦးစီးဌာနမှ မေ ၁၈ရက်မှစ၍မူဆယ်မြို့မန်းဝိန်းရပ်ကွက်တွင်"ယာယီစောင့်ရှောက်ရေးဂေဟာကို တရားဝင်ဖွင့်လှစ်၍ တရုတ်နိုင်ငံမှ လွဲပြောင်းပေးသော မြန်မာအမျိုးသမီးငယ်"များကို လက်ခံကာ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းနှင့် မိဘရပ်ထံ ပို့ဆောင်ခြင်းများကို ဆောင်ရွက်နေပြီဖြစ်"ကြောင်းသိရသည်။ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေနှင့် လူကုန်ကူးခံရသူမြန်မာအမျိုးသမီးငယ်"နှင့် ကလေးငယ်များအား စောင့်ရှောက်ရေး ဂေဟာကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆောက်လုပ်သွားရန်ရှိ"ကြောင်း ၂၀၀၉ခုနှစ် ဇွန်လ ၂၅ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။"

No comments:

Post a Comment