Wednesday, June 17, 2009

ဒေါ်အောင်ဆန်းစုကြည် သက်သေ ၂ဦး အယူခံ ဗဟိုတရားရုံးမှ ပထမအဆင့်လက်ခံ

ဗဟိုတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် သက်သေ ၂ဦး ဖြစ်တဲ့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး နဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် တို့၏ သက်သေ အယူခံကို ဗဟိုတရားရုံးမှာ ယနေ့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများက ၄၅မိနစ်ကြာ လျှောက်လဲချက် ပေးခဲ့ပြီး နေ့လည် ၂နာရီ ၃၀မှာ အမှုကို လက်ခံကြောင်း အကြာင်းပြန် လာကြောင်း အမှုကို လက်ခံလိုက်တဲ့ အတွက် နောက်ရုံးချိန်းမှာ ၂ဘက်ရှေ့နေများ အပြန်အလှန် လျှောက်လဲချက်ပေးပြီး သက်သေ ၂ဦး အင်းစိန် တရားခွင်မှာ သက်သေထွက်ဆိုခွင့် ရမရသိရှိရမှာ ဖြစ်ပါတယ်။ နောက်ရုံးချိန်းကတော့ ရက်သတ်မှတ် မပေးဘဲ သောကြာနေ့တိုင်း ထုတ်ပြန်တဲ့ အမှုရက်ချိန်း Notice Board မှာ ပါမပါ ကြည့်ရမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်း ကပြောပါတယ်။
သတင်း။…။ဒီမိုဝေယံ……

No comments:

Post a Comment